02/07/2024
ဒီတခါ မိတ်ဆက်ပေးမှာက YouTube မှာ Number Blocks ကြည့်တတ်ကြတဲ့
ဘေဘီလေးတွေအကြိုက်တွေ့စေမယ့် Linking Cubes လေးပါ။
🌈 အရောင်လေးတွေသင်မယ်။
1-100 numbers လေးတွေ သင်လို့ရမယ်။
❇️ Count by 2's , 3's , 5's
2/4/6/8
3/6/9/12
5/10/15/20 skip counting သဘောတရားလေးတွေ မျက်လုံးထဲ မြင်အောင် ပြရင်း သင်ပေးလို့ရပါသေးတယ်။
❇️ အခြေခံအားဖြင့် အပေါင်း ၊ အနှုတ် သင်လို့ရသလို တဆင့်တက်ပြီး သင်နိုင်မယ်ဆို
အမြှောက် ၊ အစား လည်း သင်လို့ရပါတယ်။
❇️ Shape လေးတွေ ပုံဖော်မယ်။
🌈 Color Patterns လေးတွေ ရှေ့က ပြပြီး ကလေးကို ပြန် ဆက်ခိုင်းမယ်။
Linking Cubes လေးတွေက သင်ကြားရေးတခုတည်းအတွက်မဟုတ်ဘဲ စိတ်ကြိုက် ပုံဖော်ဆက်လို့လည်း ရတာမို့ လူငယ်လေးတွေပါ စိတ်ဝင်စားမယ့် cubes လေးတွေပါနော်။
ကိုယ့်ကလေးအတွက် ငြိမ်ဆေးအနေနဲ့ပဲ ဝယ်ဝယ်
သင်ကြားရေးအတွက်ပဲဖြစ်ဖြစ်
မူကြို မူလတန်း အလယ်တန်း ကျောင်းတွေမှာဆို မဖြစ်မနေရှိသင့်တာလေးပါနော်။
တထုတ်မှာ အရောင် ၁၀ ရောင်ပါပါတယ်။
အရောင်တရောင်မှာ cubes ၁၀ တုံးပါဝင်တာမလို့
စုစုပေါင်း အတုံးရေ ၁၀၀ ပါပါတယ်ရှင်။
တထုတ် 10000 ကျပ်ပါ။
၅ ထုတ်အထက်ဆို လက်ကားဈေးနဲ့ရပါမယ်နော်။