Digital Marketing - For Your Life Channel - 2

Digital Marketing - For Your Life Channel - 2 Quality first

10/08/2026

လူသုံးများတဲ့ Online ဈေးရောင်းနည်း


Marketing
03/08/2026

Marketing

27/07/2026

ရောင်းအားကောင်းအောင်ကြော်ငြာစာရေးနည်း...✍️

ကြော်ငြာတော်တော်များများမှာ မှားနေတဲ့အချက်လေးတစ်ခုတွေ့ရပါတယ် အဲ့ဒါက ကျွန်တော်တို့ကြော်ငြာစာကို Customer တွေမဖတ်ခင် အရင်တွေ့ရမယ့် ခေါင်းစဥ်မှာ

" မင်္ဂလာပါ "
" Zawgyi "
" Unicode "

ဒါမျိုးလေးတွေနဲ့စရေးတာတွေ တွေ့ဖူးကြမှာပါ မိတ်ဆွေကိုယ်တိုင်လည်းရေးဖူးရင် ရေးဖူးပါလိမ့်မယ် ဒီအချက်လေးကိုပြင်ပေးပါ ဘာလို့လဲဆိုတော့
ကြော်ငြာတစ်ပုဒ်လုံးကိုဖတ်ဖြစ်အောင် ဆွဲဆောင်တဲ့နေရာမှာ ဒီခေါင်းစဥ်လေးက အရေးကြီးလို့ပါ
See more လေးနှိပ်ပြီး စာကိုမဖတ်ခင် ဒီခေါင်းစဥ်မှာ
ကတည်းက Customer တွေ ဒီစာကိုဖတ်ရင် ဘာရမယ်ဆိုတာကို မြင်သာအောင်ရေးရမယ့်နေရာလေးဖြစ်ပါတယ်

ကျွန်တော်အပေါ်ဆုံးမှာရေးထားသလိုပေါ့ ဒီစာကိုမိတ်ဆွေဖတ်နေပြီဆိုရင် ကြော်ငြာစာရေးတတ်ချင်လို့
ဖတ်နေတာဖြစ်ပါလိမ့်မယ် ဒီလိုပဲ မိတ်ဆွေရဲ့ကြော်ငြာမှာလည်း ဒီစာတစ်ပုဒ်လုံးကိုဖတ်ရင် Customer တွေအတွက် ဘာရမယ်ဆိုတာကို မြင်သာအောင် ခေါင်းစဥ်မှာ ရေးပေးလိုက်ပါ တနည်းအားဖြင့် Attention ရအောင်ရေးတာပေါ့

Attention ရရုံနဲ့မပြီးသေးဘူးနော် သူတို့စာကို ဆက်ဖတ်ချင်အောင် စိတ်ဝင်စားအောင် ကိုယ့် Product ကိုသုံးလိုက်ရင် ဘာကောင်းကျိုးတွေရမလဲ တခြားသူတွေထက် ဘာတွေပိုကောင်းလဲဆိုတာကို ရေးပေးပါ ( တချို့တွေရှိတယ် ဒါရှိပါတယ် ဒီဈေးပါ ဝယ်ချင်ရင် CB လာပါ ဆိုတာမျိုး မိတ်ဆွေ ဘယ်တော့မှမလုပ်ပါနဲ့ဗျ ရောင်းရကောင်းရောင်းရနိုင်ပါတယ် ဒါပေမယ့် ကြော်ငြာစာသေချာရေးထားတဲ့သူလောက် မရောင်းရနိုင်ပါဘူး )

ပြီးရင်တော့ မိတ်ဆွေဆီကဝယ်ရင် ဘာအာမခံချက်တွေပေးနိုင်မလဲ အရင်ကသူတို့ကြုံဖူးတဲ့ အခက်အခဲတွေကို လုံးဝမဖြစ်စေရဘူး တကယ်ဖြေရှင်းပေးနိုင်တယ်ဆိုတာလေးရေးပေးပါ ကိုယ်ဆိုရင်လည်း အာမခံချက်ပေးနိုင်တဲ့သူဆီမှာပဲ ပိုဝယ်ချင်တာမလား တကယ်တော့ဖြစ်အောင်လုပ်ပေးပေါ့နော်

ပြီးရင်တော့နောက်ဆုံးအနေနဲ့ဒီကြော်ငြာစာကိုဖတ်ပြီးတာနဲ့ ဝယ်ဖြစ်သွားအောင် Action ယူရပါမယ် ဒီ Product က ဘယ်နှစ်ခုပဲရှိတော့တယ် ဒါကုန်ရင်ဝယ်မရတော့ဘူး
Promotion ပေးထားတယ်ဆိုလည်း ဘယ်နေ့နောက်ဆုံးဆိုတာမျိုးထည့်ရေးထားပေးပါ ဒါမှအချိန်မဆွဲတော့ပဲ ချက်ချင်းဝယ်ဖြစ်သွားမှာဖြစ်ပါတယ်

ဒီအချက်တွေပြည့်စုံတယ် Boost တဲ့အခါမှာလည်း ရွေးထားတဲ့ Target က မှန်တယ်ဆိုရင်တော့ မိတ်ဆွေအရင်ကထက်ပိုရောင်းရပါလိမ့်မယ်ခင်ဗျာ စမ်းကြည့်လိုက်ပါ

အားလုံးပဲဈေးတွေရောင်းကောင်းကြပါစေ

ကျေးဇူးပါခင်ဗျာ...


🥰🥰
24/07/2026

🥰🥰

17/07/2026
10/07/2026

အောင်မြင်ချင်တယ်ဆိုရင်မှားမှာမကြောက်ပါနဲ့...💪

အောင်မြင်တယ်ဆိုတဲ့နေရာမှာကောက်ရိုးမီးလိုအောင်မြင်မှုမျိုးကိုပြောချင်တာမဟုတ်ပါဘူး ကိုယ့်လုပ်ငန်းမှာလုပ်ဖို့လိုအပ်တာမှန်သမျှကိုကိုယ်တိုင်စနစ်တကျလုပ်တတ်ပြီး ရေရှည်ရပ်တည်နိုင်တာကိုဆိုလိုတာပါ ကိုယ့်လုပ်ငန်းအောင်မြင်ဖို့ တခြားတစ်ယောက်အပေါ်မှာမူတည်နေတာမျိုးအဖြစ်မခံပါနဲ့...

ပိုပြီးမြင်သာအောင် ဥပမာလေးနဲ့ပြောပြပါမယ် ကျွန်တော့်မိတ်ဆွေများလာတိုင်ပင်လေ့ရှိတဲ့အကြောင်းအရာလေးတွေပါပဲ...

" ကိုရန်လ‌င်းဦးရေ ကျွန်မကို Boost လုပ်ပေးနေတဲ့အကိုက သူမအားသေးလို့တဲ့ Reply လည်းမပြန်ဘူး ကျွန်မရဲ့ ကြော်ငြာတွေရပ်ထားရတယ် ကျွန်မကိုယ်တိုင်လုပ်ရင်လည်း အဆင်မပြေမှာ တစ်ခုခုမှားသွားမှာကြောက်လို့ပါ သူ့ကိုစောင့်နေရတာ အဆင်ပြေမနေဘူး အကြံလေးပေးပါအုံး "

" ကျွန်တော် Page management အပ်ထားတဲ့သူကလည်း အလုပ်ကများ ကျွန်တော့်အလှည့်ကိုမရောက်နိုင်ဘူး ကိုယ်တိုင်လုပ်ရင်လည်းတစ်ခုခုမှားသွားမှာစိုးလို့မလုပ်ရဲဘူးဖြစ်နေတယ် " ဆိုတာမျိုးတွေ အစရှိသဖြင့်ပေါ့ဗျာ လာတိုင်ပင်ကြတာပေါ့ တချို့ကျတော့လည်း အကိုလုပ်ပေးပါလားပေါ့ ကျွန်တော်အကြံပေးဖြစ်တာကတော့...

အပေါ်ကပြောခဲ့သလိုပဲ ကိုယ်တိုင်လုပ်တတ်အောင်ကြိုးစားပါ သင်ယူပါ တခြားတစ်ယောက်လုပ်ပေးမှ အဆင်ပြေတာမျိုးမဖြစ်မခံပါနဲ့ပေါ့ သူတို့ကိုယ်တိုင်လည်းသင်တန်းတွေတက်ပြီးသင်ယူပြီးမှ ပြန်ပြီး Service ပေးနေတယ်ဆိုတာကိုမေ့မထားပါနဲ့ ကိုယ့်လုပ်ငန်းအကြောင်းကို ကိုယ်တိုင်ကအသိဆုံးပဲဖြစ်ပါတယ် ဒါကြောင့်ကိုယ်တိုင်လုပ်တတ်မယ်ဆိုရင် ကိုယ့်ရဲ့ Strategy ကောင်းရင်ကောင်းသလို အကျိုးအမြတ်များမှာဖြစ်ပါတယ်...

ဝန်ထမ်းခန့်ထားမယ်ဆိုရင်တောင် ကိုယ်မအားလို့ခန့်ထားတာမျိုးပဲဖြစ်ပါစေ ကိုယ်မလုပ်တတ်လို့ခန့်ထားတာမျိုးမဖြစ်ပါစေနဲ့...

ပေးချင်တဲ့ Message လေးရမယ်လို့ထင်ပါတယ် စာအရမ်းရှည်သွားမှာစိုးလို့ဒီလောက်နဲ့ပဲဖြတ်လိုက်ပါမယ်ဗျ...

နောက်ဆုံးအနေနဲ့ မှားမှာကိုမကြောက်ပါနဲ့မိတ်ဆွေ ကျွန်တော်ကိုယ်တိုင်လည်းအမှားများစွာကိုလုပ်ပြီးမှ မိတ်ဆွေတို့မှန်ကန်တဲ့နည်းလမ်းတွေလေ့လာနိုင်အောင် သင်တန်းလေးတွေဖွင့်ပြီး ပြန်လည်ဝေမျှနိုင်တာဖြစ်ပါတယ်ခင်ဗျာ

ကျေးဇူးပါ


06/07/2026

တကယ်တိုးတက်အောင်မြင်ချင်တဲ့သူတွေက ပညာရပ်တစ်ခုကို အလုပ်ရရုံ Certificate ရရုံပဲလေ့လာတာမျိုး ဘယ်တော့မှမလုပ်ပါဘူး…
--------------------
ဘယ်ပညာရပ်ပဲဖြစ်ဖြစ် သေချာထဲထဲဝင်ဝင်လေ့လာပြီး တစိုက်မှတ်မှတ်လုပ်မယ်ဆိုရင် တကယ်တိုးတက်အောင်မြင်နိုင်ပါတယ်ခင်ဗျာ
အမြဲတမ်းလည်း ကိုယ့် Professional နဲ့ ပတ်သက်တာကို မျက်စိဖွင့် နားစွင့်ပြီး လေ့လာနေဖို့လိုပါတယ်
အခုက သင်တန်းတက်လိုက်တယ် သင်တန်းပြီးလို့ Certificate ရတယ်ဆို အလုပ်လျှောက် သူများအလုပ်မှာ တမေ့တမော လုပ်လိုက်ကြတာ ကိုယ့်ရှေ့ရေးကိုယ်မတွေးမိတော့တဲ့အထိပဲ အသစ်အသစ်တွေ ဘာမှထပ်မလေ့လာတော့ဘူး
တချို့ဆို လုပ်သက် { ၁၅ } နှစ် ၊ နှစ် { ၂၀ } လောက်အထိသူများအလုပ်မှာ လုပ်နေတာတွေ့ရတယ်
ကိုယ့်အတွက်ကိုယ်အလုပ်လုပ်ရမယ့် အချိန်တွေအရမ်းနှမြောဖို့ကောင်းတယ်ဗျာ
သူများအလုပ်လုပ်ရင် ပုံမှန်လစာတစ်ခုရနေတော့
ကိုယ်ပိုင်အလုပ်လုပ်တဲ့သူတွေလောက် အာရုံနောက်မခံရတာတော့ သာတာပေါ့
ဒါပေမယ့် ကျွန်တော်ကတော့ ကိုယ့်အတွက်ကိုယ်အလုပ်လုပ်ပြီး အာရုံနောက်ခံရတာမျိုးကိုပဲရွေးလုပ်ဖို့ အကြံပေးချင်ပါတယ်ဗျ ပြဿနာများများကိုဖြေရှင်းနိုင်လာရင် Experience များလာမယ် Experience များလေလေ ပိုအောင်မြင်လေပါပဲ ဒါကြောင့်ကိုယ့်အတွက်ကိုယ် အာရုံနောက်ခံရတာ အရမ်းတန်ပါတယ်ခင်ဗျာ
ကျွန်တော်လည်းဝန်ထမ်းဘဝမှာ { ၅ } နှစ်လောက်နေခဲ့ဘူးတော့ ဘာကြောင့်ကိုယ်ပိုင်အလုပ်စမလုပ်ဖြစ်လဲကောင်းကောင်းသိပါတယ်
သူများအလုပ်ပဲသေချာလုပ်ပေးခဲ့ပြီး ကိုယ့်အတွက်ကိုယ်စဉ်းစားဖို့မေ့နေခဲ့တာ
တချို့က ကိုယ်ပိုင်အလုပ်လုပ်ဖို့စိတ်ကူးရှိတယ် ဘာလုပ်ရမှန်းမသိခဲ့တာ
တချို့ကြတော့လည်း တကယ်လို့မအောင်မြင်ခဲ့ရင် ရှိတာလေးကုန်သွားမှာကြောက်လို့ မလုပ်ဖြစ်ပြန်ဘူး
အသက်ကြီးသွားလို့ ဘာဖြစ်လို့ ညာဖြစ်လို့ Reason တွေအရမ်းများပါတယ်
စလုပ်ကြည့်ပါ မလုပ်ကြည့်ပဲ ဘယ်လိုရလဒ်ထွက်လာမလဲ စဥ်းစားမနေပါနဲ့ ဘယ်သူမှအနာဂါတ်ကို ကြိုမမြင်ရပါဘူး ကျရှုံးမယ်ဆိုတာပဲတွေးမနေပါနဲ့ဗျ ဘာလိုအခက်အခဲပဲတွေ့တွေ့ မရရအောင်ကြိုးစားဖြေရှင်းမယ်ဆိုတဲ့စိတ်နဲ့စလုပ်ပါ တကယ်တိုးတက်အောင်မြင်နိုင်ပါတယ်ခင်ဗျာ

အားလုံးပဲအဆင်ပြေကြပါစေ ကျေးဇူးပါခင်ဗျာ


30/06/2026

ကျွန်တော်တို့ ဘဝမှာ အောင်မြင်ချင်ရင် ကိုယ်ပိုင်အလုပ် စလုပ်ရဲဖို့တကယ်လိုအပ်ပါတယ်

ဝန်ထမ်းဘဝမှာဘယ်လောက် ရာထူးကြီးကြီး ၊ ဝန်ထမ်းအလုပ်ဘယ်လောက်ကောင်းကောင်းသူများစိတ်နဲ့ ကိုယ့်ကိုယ်လုပ်ရတာမို့ ကျွန်တော်ကတော့ အားမပေးပါဘူး

ကိုယ်ပိုင်လုပ်ငန်းပဲလုပ်စေချင်တယ် သေးသေးလေးကပဲစလုပ်ကြည့်စေချင်တယ်

ပြည်စုံသွားမှစလုပ်မယ်ဆိုရင် တော်တော်နောက်ကျသွားပါလိမ့်မယ်

ဝန်ထမ်းဘဝမှာ လစာက Limit ရှိတယ် ကိုယ်ပိုင်အလုပ်မှာမရှိပါဘူး

ကိုယ်ကြိုးစားရင်ကြိုးစားသလောက်ရပါတယ်

ဒီခေတ်မှာ ကြိုးစားဖို့ ပိုလွယ်လာပါတယ် Digital ခေတ်လေ

ဝန်ထမ်းဘဝက လစာပုံမှန်ရနေဖို့သိပ်စဉ်းစားစရာမလိုဘူး

ကိုယ်လုပ်ရမယ့်တာဝန်တွေပြီးသွားရင် အေးအေးဆေးဆေးသက်သက်သာသာနေလို့ရတယ် ဒါပေမယ့် ဘဝရှေ့ရေးအတွက် ကြည့်မယ်ဆို ကျွန်တော်တို့က သက်သက်သာသာနဲ့လစာပုံမှန်ရနေတာကိုပဲ ရောင့်ရဲတင်းတိမ်နေလို့ အဆင်မပြေဘူးဗျ

လုပ်ငန်းရှင်တွေကတော့ Business idea ကောင်းတစ်ခုလောက်ပဲ စဉ်းစားလို့ရရင်တောင်

ဝင်ငွေက သောက်သောက်လဲပါ ( စဉ်းစားတတ်အောင်တော့ အရင်လေ့လာသင်ယူဖို့လိုတာပေါ့ စာအုပ်တွေထဲမှာဖြစ်ဖြစ် သင်တန်းတွေမှာဖြစ်ဖြစ် အင်တာနက်ပေါ်မှာပဲဖြစ်ဖြစ် တကယ်လေ့လာချင်ရင် အများကြီးပါ )

ကိုယ်ပိုင်အလုပ်စလုပ်လိုက်လို့

တကယ်အောင်မြင်သွားရင်တော်တော်ကွာခြားသွားတယ်ဆိုတာ

အားလုံးလည်းသိပြီးသားပါ ဆိုတော့ ဒီစာက

ကိုယ်ပိုင်အလုပ်လုပ်ပြီးအောင်မြင်ချင်တဲ့သူတွေအတွက်ပါ

အခက်အခဲတွေကတော့ကြုံရမှာပါပဲ လုပ်ငန်းရှင်တိုင်းကြုံရတာပါ

​ဒီအခက်အခဲတွေကို လုံးဝအရှုံးမပေးဘူးဆိုတဲ့စိတ်နဲ့

ကြိုးစားပြီးဖြေရှင်းမလား သို့မဟုတ်

လက်လျော့လိုက်မလား

ဒါကိုရွေးချယ်တဲ့နေရာမှာလည်း အရမ်းအရေးကြီးပါတယ်

အခက်အခဲလေးနည်းနည်းကြုံတာနဲ့ လက်လျော့လိုက်တဲ့သူမျိုးတော့ မဖြစ်စေချင်ဘူး​ပေါ့ဗျာ

ဒီအလုပ်ဆက်မလုပ်ချင်တော့ဘူး အရမ်းပင်ပန်းလာပြီ

ဘယ်လိုလုပ်လုပ်အဆင်မပြေနိုင်တော့ပါဘူး ဆိုတဲ့သူမျိုးတွေပေါ့

ဒီလိုလူတွေထဲ မိတ်ဆွေမပါရင် အောင်မြင်ဖို့နီးစပ်လာပါပြီ

ဒီလိုတွေရေးရတာလွယ်တယ် တကယ်လုပ်ရင်ခက်တယ်ဆိုတာလည်းသိပါတယ်

ဒါပေမယ့် ကျွန်တော်လုပ်ကြံပြီးရေးနေတာတစ်ခုမှမပါပါဘူး

ဒီနေရာမှာဘာကြောင့်ဒီစာလေးရေးဖြစ်တယ်ဆိုတာသိရအောင်

ကျွန်တော့်ဘဝနဲ့ပဲ ဥပမာပေးပြီးပြောပေးပါမယ်

ကျွန်တော်က ဘာဆိုဘာမှမရှိတဲ့ လခစားဝန်ထမ်းဘဝကနေ ကြိုးစားလာတာပါ

ကျွန်တော်ငယ်ငယ်က အလုပ်ကိုစွန့်စားပြီးလုပ်တဲ့သူတွေအကြောင်းရေးထားတဲ့

စာအုပ်တွေဖတ်ရတာအရမ်းသဘောကျပါတယ်

ဇာတ်ကောင်တွေရဲ့နေရာကိုဝင်ခံစားပြီး တကယ်ဖြစ်နိုင်မဖြစ်နိုင်

စဉ်းစားလေ့ရှိပါတယ် ဖြစ်နိုင်တယ်ထင်ရင်တော့ လုပ်ကြည့်ပါတယ်

ထင်ကြေးတစ်ခုတည်းနဲ့ပဲစလုပ်ပါတယ် ခဏခဏလည်းကျရှုံးပါတယ်

ဘယ်သူမှမသိပါဘူး သိဖို့လည်းမလိုပါဘူး

ဒါပေမယ့်

​ပုံမှန်ရမယ့် လစာ ၂ သိန်းခွဲဝန်းကျင်ထက် ပိုများတဲ့အကျိုးအမြတ်ကိုပဲ

ခေါင်းထဲထည့်ပြီး လုပ်ပါတယ် တကယ်လို့မအောင်မြင်ရင်တောင်

တစ်လ ၂ သိန်းခွဲလောက်က ဘယ်မှာလုပ်လုပ်ရတယ်ဆိုတဲ့စိတ်နဲ့လုပ်ပါတယ်

အခုဆိုရင်တော့ ကျွန်တော်က အလတ်စားစီးပွားရေးလုပ်ငန်းလေးတွေကို

ဦးစီးလုပ်ကိုင်နိုင်နေပါပြီ ဒါကြွားဝါခြင်းလုံးဝမဟုတ်ရပါ

ကြိုးစားချင်စိတ်လေးရှိလာအောင် ရေးပေးခြင်းသာဖြစ်ပါတယ်

ကိုယ်တိုင်လည်းဝန်ထမ်းဘဝကလာတာဆိုတော့ ကိုယ်ချင်းစာပါတယ်

ခံစားချက်တွေကို ထုတ်မပြောဖြစ်အောင်

ဘယ်လောက်ထိဟန်ဆောင်ထားရလဲဆိုတာကအစပေါ့

တစ်ယောက်ချင်းစီကကြိုးစားလာရင် ကျွန်တော်တို့နိုင်ငံလည်း

ပိုတိုးတက်လာမှာပါ ( အခုချိန်မှာတော့မဟုတ်ဘူးပေါ့ )

အားလုံးကိုအောင်မြင်အောင် ကြိုးစားစေချင်တာပါပဲဗျာ

ဒီစာလေးဖတ်ပြီး တစ်ယောက်လောက်ပဲ အကျိုးရှိသွားရင်

စာအရှည်ကြီးရေးရကျိုးနပ်ပါပြီ

စလုပ်ကြည့်စမ်းပါဗျ အောင်မြင်သွားတဲ့အချိန်ခံစားရတဲ့ ခံစားချက်က

ဘာနဲ့မှမတူပါဘူး ကိုယ့်ကိုယ်ကို ကျရှုံးမယ်လို့လည်းဘယ်တော့မှမထင်တော့ပါဘူး

ဘယ်အရာကိုမှမကြောက်တော့တာမျိုး

စေတနာလေးကိုမြင်မယ်ထင်ပါတယ်

ကျေးဇူးပါခင်ဗျာ


27/06/2026

ကိုယ့် Brand ကို လူတွေစိတ်ထဲမှတ်မိနေဖို့ဆိုတာ အချိန်ခဏလေးနဲ့မရပါဘူး

တချို့ Online shop စလုပ်တဲ့သူတွေရှိတယ် ကိုယ်ကအခုမှ ( ၁ ) ကစလုပ်တာကို ကိုယ့်ထက်အရင်ရောင်းနေတဲ့သူတွေလိုရောင်းရမှဆိုတာမျိုး သူတို့အရမ်းရောင်းရလို့အားကျလိုက်တာ ငါလည်း OS လေးလုပ်အုံးမှဆိုပြီး ခဏလုပ်ကြည့်လိုက်တယ် လုပ်ကြည့်လို့အဆင်မပြေရင် လုပ်ချင်စိတ်တွေပျောက် စိတ်ဓါတ်တွေကျပြီး နောက်ဆုံးမလုပ်ဖြစ်တော့တဲ့အထိဖြစ်သွားတတ်ကြပါတယ်

ဒါကြောင့် အရမ်းအောင်မြင်ချင်တဲ့စိတ်လေးကို ခဏလေးထိန်းထားလိုက်ပါ ကိုယ်ကအခုမှစလုပ်တာကို တခြားသူတွေလိုမရောင်းရသေးလို့ စိတ်ဓါတ်ကျစရာမလိုပါဘူး

သူတို့လဲ ဒိီလိုပဲ ( ၁ ) ကစခဲ့ကြတာပါ တဖြည်းဖြည်းချင်းအချိန်ယူပြီး ကိုယ့် Brand ရဲ့ ကောင်းကျိုးတွေ ၊ ဒီ Brand ကိုသုံးလိုက်ရင် တခြား Brand နဲ့လုံးဝမတူတဲ့ စိတ်ကျေနပ်မှုရသွားကြတာတွေ ၊ လက်ရှိအနေအထားထက် ပိုကောင်းအောင် အသစ်အသစ်တွေအမြဲဖန်တီးပေးနေတာတွေ ၊ Customer အတွက်ဘယ်လိုအကောင်းဆုံးလုပ်ပေးရမလဲဆိုတာအမြဲတွေးပေးနေမှ အောင်မြင်စွာနဲ့ရေရှည်ရပ်နိုင်မှာပါခင်ဗျာ ဒီလိုရပ်တည်နိုင်ဖို့ဆိုတာအချိန်ခဏလေးနဲ့မရပါဘူး

ကိုယ်ကရေရှည်ရပ်တည်ချင်တဲ့အတွက် ကိုယ့်ရဲ့ကြိုးစားမှုကလည်း ရေရှည်လုပ်နိုင်မှရမှာပါ အပေါ်ကအချက်တွေကို Customer တွေစိတ်ထဲစွဲနေအောင်လုပ်နိုင်ရင် မိတ်ဆွေရဲ့ Brand က ဈေးကြီးနေလည်း ဝယ်ကြမှာပါပဲ

Customer တွေက Price ထက် Value ကိုပိုကြည့်ကြတာပါ ( မြင်သာအောင် ဥပမာ ပေးရရင် i phone ကိုပဲကြည့်ပါခင်ဗျာ )

ရေရှည်ရပ်တည်ချင်တယ်ဆိုရင် Customer တွေကိုဘယ်လိုပိုကောင်းအောင်လုပ်ပေးရမယ်ဆိုတာကိုအမြဲတွေးပေးနေမှအစဥ်ပြေမှာပါ နည်းလမ်းတစ်ခုစဥ်းစားမိရင် ချက်ချင်းအကောင်အထည်ဖော်ရပါမယ် ထပ်ပြီးလည်းစဥ်းစားနေရပါမယ် ဒီလိုကြိုးစားမှပဲ ရေရှည်ရပ်တည်နိုင်မှာပါခင်ဗျာ ဒီတစ်ခုအဆင်ပြေသွားလို့ ရပြီ ဆက်မလုပ်တော့ဘူးဆိုရင် တခြားကိုယ့်ထက်ပိုကောင်းတဲ့သူဆီကို ရောက်သွားမှာပါပဲ

ဒါကြောင့်ရေရှည်အောင်မြင်ချင်ရင် လောလို့မရပါဘူး အချိန်လေးပေးလိုက်ပါခင်ဗျာ...


24/06/2026

ရောင်းအားကောင်းဖို့ ဒီအချက် { ၆ } ချက်ကတော့ အခြေခံပဲဗျ

No.1
ကိုယ့် Customer ဖြစ်နိုင်ခြေရှိတဲ့သူတွေက ဘယ် Platfrom တွေမှာရှိနေလဲသိရမယ် ဥပမာ မြန်မာနိုင်ငံမှာဆိုရင် Facebook,TikTok,YouTube,Telegram,Viber ✅

No.2
Customer တွေရှိတဲ့ Platform မှာ မိမိ Business ကို Professional ဆန်ဆန်နေရာယူတတ်ရမယ် ✅

No.3
Content creation skill ကောင်းရမယ် { Content Marketing,Copywriting } ✅

No.4
Boost ကိုဖုန်းနဲ့ရော Laptop နဲ့ပါ အခြေခံကနေ Professional level အထိ စနစ်တကျလုပ်တတ်ရမယ် ဒါမှ ကိုယ့်ရဲ့ Strategy ကောင်းရင်ကောင်းသလောက် အကျိုးအမြတ်များများရမှာဖြစ်ပါတယ် ✅

No.5
Marketing ကိုသိရမယ် လုပ်ငန်းကိုအောင်မြင်စွာနဲ့ရေရှည်ရပ်တည်နိုင်အောင် ဆောင်ရွက်ပေးတာက Marketing ဖြစ်ပါတယ် လုပ်ငန်းတစ်ခုစလုပ်ပြီဆိုတာနဲ့ Marketing ကို မလေ့လာလို့ကိုမရပါဘူး ✅

No.6
Customer service ကောင်းရမယ် Customer တွေကို မဝယ်သေးခင်မှာရော ဝယ်ပြီးသွားတဲ့အချိန်မှာရော သေချာဂရုစိုက်ပေးဖို့လိုပါတယ် ဘယ်လုပ်ငန်းမဆို Customer အသစ်တွေပဲ အမြဲမရှာနိုင်ပါဘူး ကိုယ့်လုပ်ငန်းကို တကယ်သဘောကျပြီး ယုံကြည်နေတဲ့ အမာခံ Customer တွေရှိဖို့ မဖြစ်မနေကြိုးစားရပါမယ်ခင်ဗျာ ဒါကြောင့် Customer care ကောင်းကောင်းလုပ်ရပါမယ် Customer တွေနဲ့ Relationship ကောင်းကောင်းတည်ဆောက်ထားနိုင်မှ ကိုယ့်လုပ်ငန်းကလည်း ရေရှည်ရပ်တည်နိုင်မှာပါခင်ဗျာ ✅

ဒီအချက် { ၆ } ချက်ကို စနစ်တကျနဲ့ရေရှည်ကြိုးစားသွားရင် ရောင်းအားကောင်းတဲ့လုပ်ငန်းတစ်ခုဖြစ်လာပါလိမ့်မယ်ခင်ဗျာ ✅

ကျေးဇူးပါ


Address

Yangon

Opening Hours

Monday 08:00 - 23:00
Tuesday 08:00 - 23:00
Wednesday 08:00 - 23:00
Thursday 08:00 - 23:00
Friday 08:00 - 23:00
Saturday 08:00 - 23:00
Sunday 08:00 - 23:00

Telephone

+959783571534

Alerts

Be the first to know and let us send you an email when Digital Marketing - For Your Life Channel - 2 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Digital Marketing - For Your Life Channel - 2:

Shortcuts

Share