Clean & Calm - Professional Organizing Services

Clean & Calm - Professional Organizing Services If you are looking for some help to organize your spaces, we offer professional organizing services

ကြည်လင်သောဘူးများဖြင့် ပစ္စည်းများကို စနစ်တကျသိမ်းဆည်းမည်ဆိုလျှင် သေသပ်လှပပြီး ပြန်လည်ရှာဖွေရာတွင်လည်း အချိန်ကုန်သက်သာစေ...
08/09/2024

ကြည်လင်သောဘူးများဖြင့် ပစ္စည်းများကို စနစ်တကျသိမ်းဆည်းမည်ဆိုလျှင် သေသပ်လှပပြီး ပြန်လည်ရှာဖွေရာတွင်လည်း အချိန်ကုန်သက်သာစေပါတယ်။ ✨

Tip of the Day: Use clear bins to store items so you can easily see what’s inside. It saves time and keeps things neat!

၇ရက်တာ စုပုံရှုပ်ပွမှု ရှင်းလင်းတဲ့ စိန်ခေါ်မှုလေးရဲ့ နောက်ဆုံးနေ့အတွက် ရှင်းလင်းရမယ့် ပစ္စည်းအမျိုးအစားကတော့ ဒစ်ဂျစ်တယ်...
09/07/2023

၇ရက်တာ စုပုံရှုပ်ပွမှု ရှင်းလင်းတဲ့ စိန်ခေါ်မှုလေးရဲ့ နောက်ဆုံးနေ့အတွက် ရှင်းလင်းရမယ့် ပစ္စည်းအမျိုးအစားကတော့ ဒစ်ဂျစ်တယ်ပစ္စည်းများဘဲ ဖြစ်ပါတယ်။ 💻📱🖥️💾📸

👉🏻မိမိရဲ့ကွန်ပျူတာ၊ ဖုန်း၊ တက်ဘလက်တဲ့ ဒစ်ဂျစ်တယ်ပစ္စည်းများထဲက ဒေတာများ၊ ဓာတ်ပုံနဲ့ အချက်အလက်များကို
❓ ဆက်သိမ်းထားမှာလား
❓ ဖျက်ပစ်မှာလား
❓ အရံသိမ်းဆည်းမှာလား
❓ အမျိုးအစားအလိုက်စနစ်တကျ ပြန်စီစဉ်မှာလား
အစရှိသဖြင့် အပိုင်း ၄ပိုင်း ခွဲခြားကာ ရှင်းလင်းနိုင်ပါတယ်။

👉🏻ဆုံးဖြတ်ရာတွင် အထောက်အကူဖြစ်စေရန် ဒီမေးခွန်းများကို မေးပြီလည်း ဆုံးဖြတ်နိုင်ပါတယ်။

✅ အရေးကြီးလား ဒါမှမဟုတ် ငါ့အလုပ်အတွက်ရော အသုံးဝင်လား?
✅ ကြည့်ရတာ (သို့) နားထောင်ရတာ နှစ်သက်လား။
✅ လက်ရှိအခြေအနေ သို့မဟုတ် ကိုယ့်ရဲ့အခြေအနေနှင့် သက်ဆိုင်ပါသလား။
✅ စိတ်ကူးယဉ်ဆန်သောတန်ဖိုး သို့မဟုတ် ကိုယ်ပိုင်အဓိပ္ပါယ်ရှိပါသလား။

✨ အထက်ပါ ဖော်ပြချက်များအတိုင်း လိုက်နာနိုင်သလို လိုအပ်ချက်များနှင့် ကိုက်ညီတဲ့ဆုံးဖြတ်ချက်များလည်းစိတ်ကြိုက်ပြင်ဆင်နိုင်ပါသေးတယ်။

🎯 အဓိကအချက်ကတော့ ကိုယ့်ကိုယ်ကို ချုပ်နှောင်ထားတဲ့ အရှုပ်အထွေးတွေနဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့ပါဘဲ။

✨ဒီလို ရှင်းလင်းလိုက်ခြင်းအားဖြင့် သင့်အိမ်ရော ဘဝမှာပါ နေရာလွတ်များသာမက၊ စွမ်းအင်နှင့် ငြိမ်းချမ်းမှုများကိုပါ ပိုမိုဖန်တီးနိုင်လာမှာ ဖြစ်ပါတယ်။

✨ဒီ တစ်ပတ်တာ ၇ရက် စုပုံရှုပ်ပွမှု ရှင်းလင်းတဲ့ စိန်ခေါ်မှုလေးက သင့်အတွက် စိတ်လှုပ်ရှားတက်ကြွစေပြီး အေးချမ်းပျော်ရွှင်စေတဲ့လှုံ့ဆော်မှုအချို့ကို ပေးစွမ်းနိုင်မယ်လို့လဲ မျှော်လင့်မိပါတယ်။

✨ဒီ challenge လေးကနေ သင့်အတွက် အကျိုးထူးတစ်စုံတစ်ရာရရှိခဲ့တယ်ဆိုရင်လည်း comment မှာ တခြားသူများပါ အားကျအတုယူနိုင်စေဖို့ share ပေးခဲ့နိုင်ပါသေးတယ်နော် ။ 🥳

သူငယ်ချင်းတွေကိုလည်း Join ဖို့ ဖိတ်ခေါ်နိုင်ပါသေးတယ်။

ကဲ ပျော်ပျော်ပါးပါး အတူတူရှင်းလင်းကြရအောင်! 💪

✨အသုံးမဝင်တော့တဲ့ အရာတွေကို ရှင်းထုတ်စွန့်လွှတ်လိုက်ခြင်းက လိုအပ်တဲ့နေရာနဲ့ ရှင်းလင်းမှုဘယ်လောက်ရနိုင်တယ်ဆိုတာကို အမှန်တကယ် အံ့ဩခံစားမိစေနိုင်မှာပါ။☺️☺️☺️

Day seven: digital items. 💻📱🖥️💾📸

👉🏻You could go through your computer, phone, tablet, etc. and sort your digital items into four categories:
❓keep,
❓delete,
❓backup or
❓organize.

👉🏻You could ask yourself these questions to help you decide:
✅Is it important or useful for me or my work?
✅Do I enjoy looking at it or listening to it?
✅Is it current or relevant to my situation?
✅Does it have sentimental value or personal meaning?

✨You can follow them as they are or modify them according to your needs and preferences.

🎯The main goal is to get rid of the clutter that is holding you back and keeping you stuck.

✨By doing so, you will create more space, energy and peace in your home and life.

✨I hope these examples give you some inspiration and motivation to join the challenge.

✨If you do, don’t forget to comment below with and invite your friends to join too.

The more the merrier! Let’s do this together! 💪

🍀harmony with C&C🍀

ခြောက်ရက်မြောက်နေ့ အတွက် ရှင်းလင်းရမှာကတော့ အထွေထွေပစ္စည်းများ ဖြစ်ပါတယ်။ 🔩💿💾  🖇️👉🏻 ကားဂိုဒေါင်၊ မြေအောက်ထပ်၊ ထပ်ခိုး၊ သ...
08/07/2023

ခြောက်ရက်မြောက်နေ့ အတွက် ရှင်းလင်းရမှာကတော့ အထွေထွေပစ္စည်းများ ဖြစ်ပါတယ်။ 🔩💿💾 🖇️

👉🏻 ကားဂိုဒေါင်၊ မြေအောက်ထပ်၊ ထပ်ခိုး၊ သိုလှောင်ခန်း အစရှိတဲ့ နေရာတွေမှာ ရှိတဲ့ အထွေထွေပစ္စည်းများကို အပိုင်း၄ပိုင်း ခွဲခြားရှင်းလင်းနိုင်ပါတယ်။

❓ ဆက်ထားမှာလား
❓လှူမှာလား
❓ရောင်းမှာလား
❓ ပစ်မှာလား

👉🏻ဆုံးဖြတ်ရာတွင် အထောက်အကူဖြစ်စေဖို့ ဒီမေးခွန်းလေးတွေ မေးပြီးလည်း ဆုံးဖြတ်နိုင်ပါတယ်။

✅ ငါ့အိမ်မှာ ဒီပစ္စည်းအတွက်သီးခြားနေရာနဲ့ အသုံးဝင်မှုရှိပါသလား။
✅ နှစ်သက်ပြီး မကြာခဏ အသုံးပြုရပါသလား။
✅ အရည်အသွေးကောင်းမွန်ပြီး အခြေအနေကောင်းပါသေးလား။
✅ဒါက ငါ့ဘဝအတွက် တန်ဖိုးတွေ တိုးပွါးစေသလား။

✨အသုံးမဝင်တော့တဲ့ အရာတွေကို ရှင်းထုတ်စွန့်လွှတ်လိုက်ခြင်းက လိုအပ်တဲ့နေရာနဲ့ ရှင်းလင်းမှုဘယ်လောက်ရနိုင်တယ်ဆိုတာကို အမှန်တကယ် အံ့ဩခံစားမိစေနိုင်မှာပါ။☺️☺️☺️

Day six: miscellaneous items. 🔩🪛🧺💿💾🧩

👉🏻You could go through any other areas of your home that you haven’t covered yet, such as your garage, basement, attic, storage room, etc. and sort your miscellaneous items into four piles:
❓keep,
❓donate,
❓sell or
❓toss.

👉🏻You could ask yourself these questions to help you decide:
✅Does it have a specific place and function in my home?
✅Do I love it and use it frequently?
✅Is it in good condition and quality?
✅Does it add value or joy to my life?

🍀harmony with C&C🍀

ငါးရက်မြောက်နေ့အတွက် ရှင်းလင်းရမယ့် ပစ္စည်းအမျိုးအစားကတော့ ရေချိုးခန်းသုံးပစ္စည်းများဘဲ ဖြစ်ပါတယ်။ 🛀  🚽👉🏻 မှန်တင်ခုံ၊ အံ...
07/07/2023

ငါးရက်မြောက်နေ့အတွက် ရှင်းလင်းရမယ့် ပစ္စည်းအမျိုးအစားကတော့ ရေချိုးခန်းသုံးပစ္စည်းများဘဲ ဖြစ်ပါတယ်။ 🛀 🚽

👉🏻 မှန်တင်ခုံ၊ အံဆွဲများ၊ စင်များ၊ ရေချိုးခန်း စသည်တို့မှာရှိတဲ့ ရေချိုးခန်းသုံးပစ္စည်းများကို
❓ ဆက်လက်အသုံးပြုမှာလား
❓လှူမှာလား
❓ရောင်းမှာလား
❓ စွန့်ပပ်မှာလား
အစရှိသဖြင့် အပိုင်း ၄ပိုင်း ခွဲခြားကာ ရှင်းလင်းနိုင်ပါတယ်။

👉🏻ဆုံးဖြတ်ရာမှာအထောက်အကူဖြစ်စေဖို့ ဒီမေးခွန်းလေးများကို မေးပြီး ဆုံးဖြတ်နိုင်ပါတယ်။

✅ သက်တမ်းကုန်တော့မှာလား ဒါမှမဟုတ် သက်တမ်းကုန်ပြီလား?
✅ ကြိုက်ပြီး ပုံမှန်အသုံးပြုနေလား?
✅ အရည်အသွေးကောင်းမွန်ပြီး အခြေအနေကောင်းပါသလား။
✅လက်ရှိ အသားအရည်နဲ့ ဆံပင်အမျိုးအစားနဲ့ ကိုက်ညီမှုရှိပါသလား။

✨အသုံးမဝင်တော့တဲ့ အရာတွေကို ရှင်းထုတ်စွန့်လွှတ်လိုက်ခြင်းက လိုအပ်တဲ့နေရာနဲ့ ရှင်းလင်းမှုဘယ်လောက်ရနိုင်တယ်ဆိုတာကို အမှန်တကယ် အံ့ဩခံစားမိစေနိုင်မှာပါ။☺️☺️☺️

Day five: bathroom items. 🛀🧴🚽

👉🏻You could go through your vanity, drawers, shelves, shower, etc. and sort your bathroom items into four piles:
❓keep,
❓donate,
❓sell or
❓toss.

👉🏻You could ask yourself these questions to help you decide:
✅Does it expire soon or has it expired already?
✅Do I love it and use it regularly?
✅Is it in good condition and quality?
✅Does it suit my current skin type and hair type?

🍀harmony with C&C🍀

စတုတ္ထနေ့အတွက် ရှင်းလင်းရမယ့် ပစ္စည်းအမျိုးအစားကတော့ မီးဖိုချောင်သုံးပစ္စည်းများဘဲ ဖြစ်ပါတယ်။🍽️🥄    🥣👉🏻 ဗီဒိုများ၊ အံဆွဲ...
06/07/2023

စတုတ္ထနေ့အတွက် ရှင်းလင်းရမယ့် ပစ္စည်းအမျိုးအစားကတော့ မီးဖိုချောင်သုံးပစ္စည်းများဘဲ ဖြစ်ပါတယ်။🍽️🥄 🥣

👉🏻 ဗီဒိုများ၊ အံဆွဲများ၊ ဟင်းချက်စရာသိုလှောင်ခန်း၊ ရေခဲသေတ္တာ အစရှိတဲ့နေရာတွေက မီးဖိုချောင်သုံးပစ္စည်းများကို
❓ဆက်အသုံးပြုမှာလား
❓လှူမှာလား
❓ရောင်းမှာလား
❓ စွန့်ပစ်မှာလား
အသရှိသဖြင့် အပိုင်း၄ပိုင်း ခွဲခြားပြီး ရှင်းလင်းနိုင်ပါတယ်။

👉🏻ဆုံးဖြတ်ရာတွင် အထောက်အကူဖြစ်စေဖို့ ဒီမေးခွန်းမလေးတွေမေးပြီးလည်း သေချာဆုံးဖြတ်နိုင်ပါတယ်။

✅ ကောင်းကောင်းအသုံးဝင်ပါသလား။
✅ နှစ်သက်ပြီး မကြာခဏ အသုံးပြုရပါသလား။
✅ အရည်အသွေးကောင်းမွန်ပြီး အခြေအနေကောင်းပါသလား။
✅လက်ရှိလိုအပ်ချက်များနှင့် စိတ်ကြိုက်ဖြစ်ပါသလား။

✨အသုံးမဝင်တော့တဲ့ အရာတွေကို ရှင်းထုတ်စွန့်လွှတ်လိုက်ခြင်းက လိုအပ်တဲ့နေရာနဲ့ ရှင်းလင်းမှုဘယ်လောက်ရနိုင်တယ်ဆိုတာကို အမှန်တကယ် အံ့ဩခံစားမိစေနိုင်မှာပါ။☺️☺️☺️

Day four: kitchen items. 🍽️🥄🧂🫖🥣

👉🏻You could go through your cabinets, drawers, pantry, fridge, etc. and sort your kitchen items into four piles:
❓keep,
❓donate,
❓sell or
❓toss.

👉🏻You could ask yourself these questions to help you decide:
✅Does it work well and serve a purpose?
✅Do I love it and use it often?
✅Is it in good condition and quality?
✅Does it fit my current needs and preferences?

🍀harmony with C&C🍀

တတိယနေ့အတွက် ရှင်းလင်းရမယ့် ပစ္စည်းလေးတွေကတော့ - စာရွက်စာတမ်းများဘဲ ဖြစ်ပါတယ်။  📝📄🗞️👉🏻 စားပွဲ၊ အံဆွဲများ၊ ဖိုင်များ၊ ဖို...
05/07/2023

တတိယနေ့အတွက် ရှင်းလင်းရမယ့် ပစ္စည်းလေးတွေကတော့ - စာရွက်စာတမ်းများဘဲ ဖြစ်ပါတယ်။ 📝📄🗞️

👉🏻 စားပွဲ၊ အံဆွဲများ၊ ဖိုင်များ၊ ဖိုဒါများ ထဲမှာရှိတဲ့ စာရွက်စာတမ်းများကို အပိုင်း ၄ပိုင်း ခွဲခြားပြီး ရှင်းလင်းနိုင်ပါတယ်။

❓သိမ်းထားမှာလား
❓ဖျက်စီးမလား
❓ပြန်အသုံးပြုမလား
❓စွန့်ပစ်မလား

👉🏻ဆုံးဖြတ်ရာတွင် အထောက်အကူဖြစ်စေဖို့ အတွက် ဒီမေးခွန်းလေးတွေမေးပြီးလည်း ကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ်။
✅ ငါ့အတွက်ရော ငါ့မိသားစုအတွက်ရော အရေးကြီးလား အသုံးဝင်လား?
✅ လက်ရှိအခြေအနေ သို့မဟုတ် ကိုယ့်အခြေအနေနဲ့သက်ဆိုင်မှုရှိသလား။
✅တရားဝင်လိုအပ်ပါသလား သို့မဟုတ် ထိန်းသိမ်းရန် အကြံပြုလိုပါသလား။
✅ စိတ်ကူးယဉ်ဆန်သောတန်ဖိုး သို့မဟုတ် ကိုယ်ပိုင်အဓိပ္ပါယ်ရှိပါသလား။

✨အသုံးမဝင်တော့တဲ့ အရာတွေကို ရှင်းထုတ်စွန့်လွှတ်လိုက်ခြင်းက လိုအပ်တဲ့နေရာနဲ့ ရှင်းလင်းမှုဘယ်လောက်ရနိုင်တယ်ဆိုတာကို အမှန်တကယ် အံ့ဩခံစားမိစေနိုင်မှာပါ။☺️☺️☺️

Day three: papers and documents. 🧾📝📄🗞️

👉🏻You could go through your desk, drawers, files, folders, etc. and sort your papers and documents into four piles:
keep,
shred,
recycle or
toss.

👉🏻You could ask yourself these questions to help you decide:
✅Is it important or useful for me or my family?
✅Is it current or relevant to my situation?
✅Is it legally required or recommended to keep?
✅Does it have sentimental value or personal meaning?

🍀harmony with C&C🍀

စိန်ခေါ်မှုဒုတိယနေ့လေးအတွက် ရှင်းလင်းရမယ့် ပစ္စည်းအမျိုးအစားကတော့ စာအုပ်နဲ့ မဂ္ဂဇင်းများဘဲ ဖြစ်ပါတယ်။ 📚👉🏻 စာအုပ်စင်ပေါ်၊...
04/07/2023

စိန်ခေါ်မှုဒုတိယနေ့လေးအတွက် ရှင်းလင်းရမယ့် ပစ္စည်းအမျိုးအစားကတော့ စာအုပ်နဲ့ မဂ္ဂဇင်းများဘဲ ဖြစ်ပါတယ်။ 📚

👉🏻 စာအုပ်စင်ပေါ်၊ အိပ်ယာဘေးခုံ၊ ကော်ဖီ စားပွဲ အစရှိတဲ့နေရာတွေမှာရှိတဲ့ စာအုပ်နဲ့ မဂ္ဂဇင်းများကို
❓သိမ်းဆည်းမှာလား
❓လှူမှာလား
❓ရောင်းလို့ရလား
❓စွန့်ပစ်မှာလား ဆိုတဲ့ အမျိုးအစား ၄မျိုးခွဲခြားပြီး ရှင်းလင်းပေးရမှာပါ။

👉🏻ရှင်းလင်းဖို့ ဆုံးဖြတ်ရာမှာ အထောက်အကူဖြစ်စေဖို့ ဒီမေးခွန်းလေးတွေ ကိုယ်တိုင်မေးကြည့်ပါ။
✅ဒီစာအုပ်တွေဖတ်ရတာ သဘောကျလား ဒါမှမဟုတ် မကြာခဏဖတ်ဖြစ်လား။
✅အတုယူစရာ၊ ဒါမှမဟုတ် တန်ဖိုးရှိတဲ့ အရာတွေကို ဖတ်ရှုနိုငိသလား။
✅ အရည်အသွေးကောင်းမွန်ပြီး အခြေအနေကောင်းပါသလား။
✅လက်ရှိစိတ်ဝင်စားမှုနှင့် ရည်မှန်းချက်များနှင့် ကိုက်ညီပါသလား။

✨အသုံးမဝင်တော့တဲ့ အရာတွေကို ရှင်းထုတ်စွန့်လွှတ်လိုက်ခြင်းက လိုအပ်တဲ့နေရာနဲ့ ရှင်းလင်းမှုဘယ်လောက်ရနိုင်တယ်ဆိုတာကို အမှန်တကယ် အံ့ဩခံစားမိစေနိုင်မှာပါ။☺️☺️☺️

Day two: books and magazines. 📚

👉🏻You could go through your shelves, nightstand, coffee table, etc. and sort your books and magazines into four piles:
❓keep,
❓donate,
❓sell or
❓toss.

👉🏻You could ask yourself these questions to help you decide:
✅Do I enjoy reading it or plan to read it soon?
✅Does it inspire me or teach me something valuable?
✅Is it in good condition and quality?
✅Does it fit my current interests and goals?

🍀harmony with C&C🍀

👚👖👙🧤🧢🧣👕🧦🩲🩳🧢တစ်ပတ်တာ ၇ရက် စုပုံရှုပ်ပွမှုရှင်းလင်းတဲ့ စိန်ခေါ်မှု (7 days decluttering challenge) လေးရဲ့ ပထမရက်မှာ ရှင်းလ...
03/07/2023

👚👖👙🧤🧢🧣👕🧦🩲🩳🧢
တစ်ပတ်တာ ၇ရက် စုပုံရှုပ်ပွမှုရှင်းလင်းတဲ့ စိန်ခေါ်မှု (7 days decluttering challenge) လေးရဲ့ ပထမရက်မှာ ရှင်းလင်းရမယ့် ပစ္စည်းအမျိုးအစားကတော့ အဝတ်အထည်တွေ ဖြစ်ပါတယ်။

♻️အဝတ်ဗီရို၊ အံဆွဲ စတာတွေထဲက သင့်ရဲ့အဝတ်အစားတွေကို အမျိုးအစားလေးမျိုးဖြစ်အောင် ခွဲခြားလိုက်ပါ။
1️⃣သိမ်းထားမယ်
2️⃣လှူမယ်
3️⃣ရောင်းမယ်
4️⃣လွှင့်ပစ်လိုက်မယ် စသဖြင့်ပေါ့။

ဒီလိုခွဲခြားဖို့ ဆုံးဖြတ်ရာမှာ လွယ်ကူစေဖို့ ဒီမေးခွန်းလေးတွေကို ကိုယ့်ဘာသာ ပြန်မေးကြည့်ပေးပါ။
❓ဒီအဝတ်အထည်က အဆင်ပြေပြီး စိတ်သက်တောင့်သက်သာ ရှိစေသလား။
❓ဒီအထည်ကိုတော့ကြိုက်နှစ်သက်ပြီး မကြာခဏဝတ်လေ့ရှိလား။
❓အသစ်နီးပါးကောင်းပြီး အရည်အသွေးမြင့်ပါသလား။
❓ခေတ်မီပြီး နေ့စဉ်လူနေမှုအဆင့်အတန်းနဲ့ ကိုက်ညီရဲ့လား။
✅ဒီမေးခွန်းတွေအားလုံးကို ဟုတ်တယ်လို့ဖြေနိုင်ရင်တော့ ဒီအထည်တွေကို သိမ်းထားနိုင်ပါတယ်။
✅ဒီမေးခွန်းတွေအားလုံးထဲက တခုခုကို ဟုတ်တယ်လို့ မဖြေနိုင်ရင်တော့ အဝတ်အထည်ရဲ့အခြေအနေနဲ့ တန်ဖိုးပေါ်မူတည်ပြီး လှူဒါန်းခြင်း၊ ရောင်းချခြင်း သို့မဟုတ် လွှင့်ပစ်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

✨တစ်နှစ်စည်းမျဉ်းကိုလည်း သင်အသုံးပြုနိုင်ပါသေးတယ်။
♻️လွန်ခဲ့သည့်နှစ်တွင် ဒီအထည်ကို တခါမှ မဝတ်ရသေးပါက ဒီအဝတ်အထည်ကို သင်လိုအပ်တော့မှာ မဟုတ်ပါဘူး။

✨အဝတ်အစားတွေကို ရှင်းလင်းပြီးတာနဲ့ မရှင်းခင်နဲ့ ရှင်းပြီး အခြေအနေတွေကို ဓာတ်ပုံရိုက်ပြီး ဒီပို့စ်ရဲ့မှတ်ချက်ကဏ္ဍတွင် မျှဝေနိုင်ပါတယ်။
အဝတ်အထည် ဘယ်လောက် စွန့်ပစ်လိုက်ရပါလဲ။
အဝတ်များကို ရှင်းလင်းပြီးနောက် ဖြစ်ပေါ်လာသောစိတ်ခံစားမှုကို မျှဝေနိုင်ပါတယ်။

✨အသုံးမဝင်တော့တဲ့ အရာတွေကို ရှင်းထုတ်စွန့်လွှတ်လိုက်ခြင်းက လိုအပ်တဲ့နေရာနဲ့ ရှင်းလင်းမှုဘယ်လောက်ရနိုင်တယ်ဆိုတာကို အမှန်တကယ် အံ့ဩခံစားမိစေနိုင်မှာပါ။☺️☺️☺️

For instance, on day one, you could declutter your clothes. 👚👖👙🧤👕🧦🩲🧢🩳

✨You could go through your closet, dresser, drawers, etc. and sort your clothes into four piles:
keep, donate, sell or toss.

You could ask yourself these questions to help you decide:💡
❓Does it fit me well and make me feel good?
❓Do I love it and wear it often?
❓Is it in good condition and quality?
❓Does it match my current style and lifestyle?
If you answer yes to all of these questions, then you can keep the item.
If you answer no to any of them, then you can donate, sell or toss it depending on its condition and value.

✨You could also use the one year rule:
if you haven’t worn it in the past year, then you probably don’t need it.

✨Once you have sorted your clothes, you could take a photo of your decluttered items and share it in the comments section of the day one post.

✨You could also share how many items you got rid of and how you feel after decluttering your clothes. You might be surprised by how much space and freedom you gain by letting go of the things that don’t serve you anymore.☺️☺️☺️

🍀harmony with C&C🍀

သင့်အိမ်မှာ ရှုပ်ပွနေလို့ စိတ်ညစ်နေပါလား။ 🤯တစ်လတာကို ဆန်းသစ်ပြီး စနစ်ကျကာ ရှင်းလင်းသောနေရာချထားမှုများဖြင့် စတင်လိုပါသလာ...
02/07/2023

သင့်အိမ်မှာ ရှုပ်ပွနေလို့ စိတ်ညစ်နေပါလား။ 🤯

တစ်လတာကို ဆန်းသစ်ပြီး စနစ်ကျကာ ရှင်းလင်းသောနေရာချထားမှုများဖြင့် စတင်လိုပါသလား။ 🤔

တကယ်လို့ သင့်ဟာ ဒီလိုအဖြေကို ရှာနေတယ်ဆိုရင်၊တစ်ပတ်တာ ၇ရက် စုပုံရှုပ်ပွမှုရှင်းလင်းတဲ့ စိန်ခေါ်မှုကို မင်မင်တို့နဲ့ ပူးပေါင်းကြည့်လိုက်ပါနော်။ 💪

တစ်ပတ်တာ ၇ရက် စုပုံရှုပ်ပွမှုရှင်းလင်းတဲ့ စိန်ခေါ်မှုဆိုတာကတော့ သင်မလိုအပ်တော့တဲ့ (သို့) အသုံးမပြုတော့တဲ့အရာတွေကို ဖယ်ရှားပစ်တဲ့ ရိုးရှင်းပြီး ထိရောက်သောနည်းလမ်းဖြစ်ပါတယ်။ 💫

ဒီစိန်ခေါ်မှုလေးဟာ သင့်အိမ်နဲ့ ဘဝအတွက် အသုံးဝင်ပြီး အကျိုးရှိစေမဲ့ နေရာလွတ်၊ စွမ်းအင်နှင့် ငြိမ်းချမ်းမှုတို့ကို ပိုမိုဖန်တီးနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ 😇✨🍀

💡ဒါက ဘယ်လိုအလုပ်လုပ်လဲဆိုရင်တော့

👉🏻နေ့ရက်တိုင်းမှာ အဝတ်အစား၊ စာအုပ်၊ စာရွက် စသဖြင့် ရှင်းလင်းရန် ပစ္စည်းအမျိုးအစားအလိုက် ပို့စ်တင်ပေးပါမယ်။

👉🏻အမျိုးအစားတစ်ခုစီအလိုက် ရှင်းလင်းရန် အတွက် 24 နာရီ အချိန်ရမှာဖြစ်ပြီး မည်သည့်အရာကို သိမ်းဆည်းရမလဲ၊ လှူဒါန်းရန်၊ ရောင်းချရန် သို့မဟုတ် စွန့်ပစ်ရမလဲ ဆိုတာဆုံးဖြတ်တွေးတောပါ။

👉🏻လက်တွေ့ရှင်းလင်းတဲ့ အချိန်ကတော့ ၁နာရီလောက်ဘဲအချိန်ယူပြီး ၁နာရီအတွင်းမှာ ရှင်းလင်းနိုင်သလောက်ဘဲ စိတ်လက်ပေါ့ပါးစွာ လုပ်ဆောင်ဖို့ကလည်း အရေးကြီးပါတယ်နော်။

👉🏻 စတင်မဲ့ရက်ကတော့ ဇူလိုင် ၃ရက်နေ့ , Monday ဖြစ်ပြီး ဇူလိုင် ၉ရက်နေ့, Sunday မှာ challenge လေးပြီးဆုံးမှာဖြစ်ပါတယ်။

သင့်ရဲ့ရှင်းလင်းပြီးအခြေအနေတိုးတက်မှုနှင့် ရလဒ်များကို ပို့စ်တစ်ခုစီ၏ commentတွင် သင့်ရဲ့ ပစ္စည်းများ၏ မရှင်းလင်းခင် နဲ့ ရှင်းလင်းပြီး ဓာတ်ပုံနှင့်အတူ မျှဝေကာ လိုအပ်သော အကြံပြုချက်များကိုလည်း မင်မင်တို့ဆီမှ ရယူနိုင်ပါမယ်။

ကဲ မင်မင်တို့နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်ပြီလား။ 🤗

ဒါဆို comment မှာ “I’m in!” လို့ ရေးထားပေးပါ။

ပြီးတော့ တစ်ယောက်တည်း ရှင်းလင်းရမှာ ပျင်းနေတယ်ဆိုရင်တော့ သူငယ်ချင်းတွေကိုလည်း ပျော်ပျော်ပါးပါးနဲ့ တူတူပါဝင်ဖို့ ဖိတ်ခေါ်လို့ရပါသေးတယ်နော်။ ☺️

ကဲ့ ဒီတစ်ပတ်တာ စိန်ခေါ်မှုလေးကို အကောင်းဆုံးနဲ့ ပျော်ပျော်ပါးပါးလေး လုပ်ဆောင်လိုက်ကြရအောင်။ 🙌🥳

Are you feeling overwhelmed by the clutter in your home?
Do you want to start the new month with a fresh and organized space?

If you answered yes ✋, then join us for the seven days decluttering challenge!💪

The one week decluttering challenge is a simple and effective way to get rid of the stuff you don’t need, love or use. It will help you create more space, energy and peace in your home and life.

💡Here’s how it works:

👉🏻Each day, we will post a different category of items to declutter, such as clothes, books, papers, etc.

👉🏻You will have 24 hours to go through that category and decide what to keep, donate, sell or toss.

👉🏻You will share your progress and results in the comments section of each post, along with a photo of your decluttered items.

👉🏻You will also get tips, motivation and support from me and other participants along the way.

👉🏻The challenge will start on Monday, July 3rd and end on Sunday, July 9th.

Are you ready to join me? 🤗

If so, comment below with “I’m in!” and invite your friends to join too. Let’s make this the best week ever! 🙌

🍀harmony with C&C🍀

👩‍🎨 ဒီနေ့မှာတော့ အိမ်အတွင်းပိုင်း ပြင်ဆင်မှုများအတွက် အခြေခံကျတဲ့ အကြံပြုချက်များကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်နော်✨🎨သင့...
25/06/2023

👩‍🎨 ဒီနေ့မှာတော့ အိမ်အတွင်းပိုင်း ပြင်ဆင်မှုများအတွက် အခြေခံကျတဲ့ အကြံပြုချက်များကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်နော်✨

🎨သင့်ရဲ့ကိုယ်ပိုင်ပုံစံနှင့် နှစ်သက်ကိုက်ညီမှုရှိတဲ့ စတိုင်ကို ရွေးချယ်ပါ။ ခေတ်မီသော၊ ကျေးလက်ဆန်သော၊ ဘိုဟီမီယံ၊ ရိုးရှင်းသော၊ စသည်ဖြင့် ရွေးချယ်ရန် ကွဲပြားသောပုံစံများစွာရှိပါတယ်။ မဂ္ဂဇင်းများ၊ ဝဘ်ဆိုဒ်များ သို့မဟုတ် အခြားသူများ၏အိမ်များမှ စိတ်ကူးစိတ်သန်းများကို သင်ရယူမှီငြမ်းနိုင်ပါတယ်။

🎨ပြင်ဆင်မှုအတွက် ငွေကြေးပမာဏတစ်ခုကို သီးသန့်ထားပြီး လုံလောက်အောင် သုံးစွဲရန်စီမံပါ။ ကြိုတင်စီစဉ်မှု အားနည်းပါက ပစ္စည်းများကို အကောင်းဆုံးလျှော့စျေးဖြင့် ရနိုင်မည့် အခွင့်အရေးများနည်းပါးကာ ငွေကုန်ကြေးကျများပြားနိုင်ပါတယ်။ ရှိပြီးသားပစ္စည်းများကို သင့်လျော်သလို ပြန်လည်ပြင်ဆင်အသုံးပြုခြင်း ဖြင့်လည်း ချွေတာနိုင်မှာ ဖြစ်ပါတယ်။

🎨ဟန်ချက်ညီမှု၊ သက်တောင့်သက်သာရှိမှုနဲ့ လှပမှု ရှိပါစေ။ သင့်အိမ်ကို လှပရုံသာမကဘဲ သက်တောင့်သက်သာရှိပြီး နွေးထွေးပျူငှါမှုကိုလည်း ခံစားမှုရရှိစေချင်ပါက သက်တောင့်သက်သာရှိပြီး တာရှည်ခံသော ပရိဘောဂကို ရွေးချယ်ပြီး ခေါင်းအုံး၊ ကော်ဇော၊ လိုက်ကာစသည်ဖြင့် နူးညံ့သော အထိအတွေ့အချို့ကို ပေါင်းထည့်နိုင်ပါတယ်။

🎨အခန်းတစ်ခုစီအတွက် အာရုံစူးစိုက်နိုင်မည့်ဆုံမှတ်တစ်ခုစီကို ခွဲခြားသတ်မှတ်ပါ။ အချက်အချာကျတဲ့ဆုံမှတ်များဟာ အနုပညာလက်ရာတစ်ခု၊ မီးဖိုတစ်ခု၊ ပြတင်းပေါက်တစ်ခု သို့မဟုတ် အခြားအရာတစ်ခု ဖြစ်နိုင်ပြီး ကျန်နေရာများထက် ပိုမိုအာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်စေပါတယ်။လိုက်ဖက်ညီသောအသွင်အပြင်ဖန်တီးရန် အချက်အခြာကျသောနေရာတစ်ဝိုက်တွင် ပရိဘောဂများနှင့် အသုံးအဆောင်ပစ္စည်းများကို သင့်လျော်အောင် စီစဉ်ခင်းကျင်းပေးပါ။

🎨အလင်းအမှောင်ကိုလည်း သေချာစွာ အာရုံစိုက်ပြင်ဆင်ပေးပါ။ အလင်းရောင်များဟာ သင့်အိမ်ရဲ့ပတ်ဝန်းကျင် နဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုများကို ကြီးမားသော ခြားနားမှုဖြစ်စေနိုင်ပါတယ်။ သဘာဝအလင်းရောင်နှင့် မီးအလင်းရောင်များကို ရောနှောအသုံးပြုကာ တနေ့တာရဲအချိန်အပိုင်းအခြားနှင့် အခန်း အသုံးပြုပုံ ပေါ်မူတည်ကာ အလင်းရောင်ကို ချိန်ညှိပါ။

🎨ပရိဘောဂအားလုံးကို နံရံနှင့် ကပ်မထားပါနဲ့။ သင့်အခန်းကို ပိုမိုသေးငယ်စေပြီး စိတ်ဝင်စားစရာနည်းပါးစေပါတယ်။ ပိုမိုသွက်လက်ပြီး သက်တောင့်သက်သာရှိသော အပြင်အဆင်ကိုဖန်တီးရန် ပရိဘောဂများနှင့် နံရံများကြားတွင် နေရာအနည်းငယ်ချန်ထားပေးပါ။

🎨အိမ်သုတ်ဆေးအရောင်ကို အရင်မရွေးချယ်ပါနဲ့။
သုတ်ဆေးများဟာ အိမ်တွင် ပြောင်းလဲရန် အလွယ်ကူဆုံးအရာများထဲမှ တစ်ခုဖြစ်သောကြောင့် ပရိဘောဂများ၊ ပိတ်စများနှင့် အသုံးအဆောင်ပစ္စည်းများကို ဆုံးဖြတ်ပြီးနောက်မှသာ ရွေးချယ်သင့်ပါတယ်။ ဤနည်းအားဖြင့် သင့်အခန်းမှာရှိပြီးသား ပရိဘောဂပစ္စည်းများနှင့် အလိုက်ဖက်ဆုံး အိမ်သုတ်ဆေးအရောင်ကို သေချာရွေးချယ်နိုင်ပါလိမ့်မယ်။

🎨အရောင်များကိုလည်း အလွန်အကျွံ ရောနှောမသုံးစွဲသင့်ပါဘူး။ အကောင်းဆုံးကတော့ အခန်းတစ်ခန်းအတွက် အများဆုံး အရောင်သုံးရောင်ကိုသာ အသုံးပြုသင့်ပြီး အချိုးအစားနှင့် ပုံရိပ်များ ကွဲပြားအောင် အသုံးပြုပေးပါ။ အဖြူ၊ အနက်၊ မီးခိုးရောင် သို့မဟုတ် အဝါနုရောင်ကဲ့သို့အရောင်များကိုလည်း သဘာဝဆန်ပြီး ဟန်ချက်ညီမျှမှုရှိအောင် အသုံးပြုနိုင်ပါတယ်။

✨ကဲ ဒါဆိုရင်တော့ ပျော်ရွှင်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အိမ်အတွင်းပိုင်းပြင်ဆင်မှုလေးကို သင်ကိုယ်တိုင် လွယ်ကူလျင်မြန်စွာ စိတ်ကူးပုံဖော်နိုင်လိမ့်မယ်လို့ ထင်ပါတယ်နော် 👍🏻

👩‍🎨Interior Design Tips for Beginners ✨

🎨Choose a style that suits your personality and preferences. There are many different styles to choose from, such as modern, rustic, bohemian, minimalist, etc. You can get inspiration from magazines, websites, or other people’s homes.

🎨Have a budget and stick to it. Decorating can be expensive if you don’t plan ahead and shop around for the best deals. You can also save money by reusing or repurposing items you already have.

🎨Balance comfort and aesthetics. You want your home to look nice, but also to feel cozy and inviting. Choose furniture that is comfortable and durable, and add some soft touches like pillows, rugs, curtains, etc.

🎨Identify a focal point for each room. This can be a piece of art, a fireplace, a window, or anything else that draws attention and sets the tone for the rest of the space. Arrange your furniture and accessories around the focal point to create a harmonious look.

🎨Pay attention to lighting. Lighting can make a big difference in the mood and ambiance of your home. Use a mix of natural and artificial lighting sources, and adjust them according to the time of day and the function of the room.

🎨Don’t push all the furniture against the walls. This can make your room look smaller and less interesting. Leave some space between the furniture and the walls to create a more dynamic and cozy layout.

🎨Don’t pick your paint color first. Paint is one of the easiest things to change in your home, so you should choose it after you have decided on your furniture, fabrics, and accessories. This way, you can match the paint color to the existing elements in your room.

🎨Don’t mix up your colors too much. A good rule of thumb is to stick to a maximum of three colors per room, and use them in different proportions and shades. You can also use neutrals like white, black, gray, or beige to balance out the colors.

🍀harmony with C&C🍀

အားလုံးမင်္ဂလာပါ! 💫ဒီနေ့မှာတော့ သင့်အိမ်မှာ Feng Shui (ဖုန်းရွှေ) ကို အသုံးချပြီး သဟဇာတဖြစ်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးဖို့...
24/06/2023

အားလုံးမင်္ဂလာပါ!

💫ဒီနေ့မှာတော့ သင့်အိမ်မှာ Feng Shui (ဖုန်းရွှေ) ကို အသုံးချပြီး သဟဇာတဖြစ်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးဖို့ အကြံပြုချက်အချို့ကို မျှဝေပေးချင်ပါတယ်။

✨Feng Shui ဆိုတာကတော့ လူတစ်ဦးချင်းစီ၏ ပတ်ဝန်းကျင်နှင့် ဟန်ချက်ညီစေရန် စွမ်းအင်စွမ်းအားများကို အသုံးပြုတဲ့ ရှေးခေတ်တရုတ်ဓလေ့တစ်ခုဖြစ်ပါတယ်။
✨Feng Shui ဟူသော ဝေါဟာရဟာ တရုတ်တွင် "လေ-ရေ" ဟု အဓိပ္ပါယ်ရပါတယ်။

👉🏻Feng Shui အကြောင်းပိုမိုသိရှိရန်

https://www.facebook.com/100902666007423/posts/119604810803875/?mibextid=cr9u03

✨Feng Shui ဆိုသည်မှာ မြေကြီး၊ သတ္တု၊ ရေ၊ သစ်နှင့် မီး စသည့် ဓာတ်၅ပါး၏ သဘောတရားကို အခြေခံထားပါတယ်။
✨ဒြပ်စင်တစ်ခုစီတွင် သက်ဆိုင်ရာ ပုံသဏ္ဍာန်၊ အရောင်၊ ရာသီ၊ နံပါတ်၊ နှင့် သက်ရှိဧရိယာတို့ ပါဝင်ပါတယ်။
✨ဥပမာအားဖြင့်၊ ရေ၏ဒြပ်စင်ဟာ အပြာရောင်၊ လှိုင်းပုံသဏ္ဍာန်၊ ဆောင်းရာသီ၊ နံပါတ်တစ်၊အသက်မွေးဝမ်းကျောင်းလုပ်ငန်းနယ်ပယ်တို့နှင့် ဆက်စပ်နေပါတယ်။

👉🏻 ဓာတ် ၅ ပါး အကြောင်း ပိုမိုသိရှိရန်

https://www.facebook.com/100902666007423/posts/127407353356954/?mibextid=cr9u03

✨သင့်အိမ်တွင် Feng Shui ကိုအသုံးပြုရန်၊ သင့်နေရာအား အပိုင်းကိုးပိုင်းခွဲထားသည့် ဇယားကွက်တစ်ခုဖြစ်သည့် bagua မြေပုံကို အသုံးပြုရန်လိုအပ်ပါတယ်။
✨ကဏ္ဍတစ်ခုစီသည် ချမ်းသာမှု၊ ကျန်းမာရေး သို့မဟုတ် ပေါင်းသင်းဆက်ဆံရေးများကဲ့သို့ သင့်ဘဝ၏ မတူညီသောရှုထောင့်နှင့် သက်ဆိုင်နေပါတယ်။
✨သင်၏အိမ်ကြမ်းခင်းပုံကြမ်းပေါ်တွင် bagua မြေပုံကို ချထားပြီး ၎င်းကို အိမ်ရှေ့တံခါး သို့မဟုတ် သံလိုက်အိမ်မြှောင်လမ်းညွှန်များဖြင့် ချိန်ညှိနိုင်ပါတယ်။

👉🏻Bagua Map အကြောင်းပိုမိုသိရှိရန်

https://www.facebook.com/100902666007423/posts/124287107002312/?mibextid=cr9u03

✨Feng Shui ၏ပန်းတိုင်မှာ သင့်အိမ်၏အပိုင်းတစ်ခုစီတွင် အပြုသဘောဆောင်သောစွမ်းအင် (qi) ကိုမြှင့်တင်ရန်နှင့် အနုတ်လက္ခဏာစွမ်းအင် (sha) ကိုလျှော့ချရန်ဖြစ်ပါတယ်။

✨ကဏ္ဍတစ်ခုစီ၏ ဒြပ်စင်၊ အပြင်အဆင်နှင့် ကိုက်ညီသော သင့်လျော်သော အရောင်များ၊ ပုံသဏ္ဍာန်များ၊ ပစ္စည်းများနှင့် အရာဝတ္ထုများကို ရွေးချယ်ခြင်းများကို လုပ်ဆောင်နိုင်ပါတယ်။
✨ဥပမာအားဖြင့် သင်၏ကြွယ်ဝမှုနယ်ပယ်ကို မြှင့်တင်လိုပါက ခရမ်းရောင်၊ အစိမ်းရောင် သို့မဟုတ် ရွှေရောင်ကဲ့သို့သော အရောင်များကို အသုံးပြုနိုင်ပါတယ်။
✨စတုရန်း သို့မဟုတ် စတုဂံကဲ့သို့ ပုံသဏ္ဍာန်များ၊ သစ်သား သို့မဟုတ် သတ္တုကဲ့သို့ ပစ္စည်းများ၊ အကြွေစေ့များ၊ အပင်များ၊ သို့မဟုတ် စမ်းရေတွင်းများကဲ့သို့ အရာဝတ္ထုများကိုလည်း အသုံးပြုနိုင်ပါသေးတယ်။

✨Feng shui သည် အမြဲတမ်းကိုက်ညီသော ပုံသေနည်းလမ်းများဖြင့် ဖြေရှင်းချက်မပေးနိုင်ပါ။
✨၎င်းသည် သင်၏ကိုယ်ပိုင်အကြိုက်၊ ပန်းတိုင်များနှင့် လိုအပ်ချက်များအပေါ် မူတည်ပါတယ်။သင့်အတွက် အသင့်တော်ဆုံးအရာကို ရှာမတွေ့မချင်း မတူညီသော ဒြပ်စင်များနှင့် အရာဝတ္ထုများကို စမ်းသပ်နိုင်ပါတယ်။

💫အရေးကြီးဆုံးက သင့်ကို ပျော်ရွှင်စေကာ သက်တောင့်သက်သာနဲ့ စိတ်အားတက်ကြွစေမယ့် နေရာတစ်ခုကို ဖန်တီးဖို့ပါပဲ။

💫ဒီပို့စ်ကို သင်နှစ်သက်ပြီး Feng Shui နဲ့ ပတ်သက်တဲ့ အသစ်အဆန်းတွေကို လေ့လာခွင့်ရမယ်လို့ မျှော်လင့်ပါတယ်။

💫သာယာလှပသောနေ့လေးဖြစ်ပါစေ၊ Feng Shui သည် သင့်အား ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုကို ယူဆောင်လာနိုင်ပါစေ။

Hi everyone!

💫Today I want to share with you some tips on how to apply feng shui to your home and create a harmonious environment.

✨Feng shui is an ancient Chinese practice that uses energy forces to balance individuals with their surroundings.
✨The term feng shui means “wind-water” in Chinese.

✨Feng shui is based on the concept of the five elements: earth, metal, water, wood, and fire. Each element has a corresponding shape, color, season, number, and area of life.
✨For example, the element of water is associated with the color blue, the shape of a wave, the season of winter, the number one, and the area of career.

✨To apply feng shui to your home, you need to use a bagua map, which is a grid that divides your space into nine sections.
✨Each section corresponds to a different aspect of your life, such as wealth, health, or relationships. ✨You can place the ‘bagua map’ over your floor plan and align it with either the front door or the compass directions.

✨The goal of feng shui is to enhance the positive energy (qi) and reduce the negative energy (sha) in each section of your home.
✨You can do this by choosing appropriate colors, shapes, materials, and objects that match the element and theme of each section.
✨For example, if you want to improve your wealth area, you can use colors like purple, green, or gold; shapes like squares or rectangles; materials like wood or metal; and objects like coins, plants, or fountains.

✨Feng shui is not a one-size-fits-all solution. It depends on your personal preferences, goals, and needs.
✨You can experiment with different elements and objects until you find what works best for you.

💫The most important thing is to create a space that makes you feel happy, comfortable, and inspired.

💫I hope you enjoyed this post and learned something new about feng shui.

💫Have a wonderful day and may feng shui bring you peace and prosperity 🍀✨

🍀harmony with C&C🍀

Window seats perfect for ’me time’ 🪟🛋️
14/04/2023

Window seats perfect for ’me time’ 🪟🛋️

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959448736390

Website

Alerts

Be the first to know and let us send you an email when Clean & Calm - Professional Organizing Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share