26/10/2021
#ဆရာ Seithu Min ရေးသားထားတာလေးပါခမျ
မြန်မာပြည်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အင်ယာတွေကို မသုံးကြဘဲ ပန်းရံ ချည်ကွေး သံပန်း အလုပ်သမားတွေနဲ့တင် တည်ဆောက်နေကြတဲ့ အကြောင်းအရင်း
ပြသနာ အစစ်အမှန်ကို ဟိုးအရင်ကတည်းက တင်ပြခဲ့ပြီး ဖြစ်ပါတယ်။
အဓိက နှစ်ချက်ကတော့—-
၁- ပိုင်ရှင်ဖက်က စျေးချိုချင်လို့၊ အင်ဂျင်နီယာရဲ့ ပညာခ ဒီဇိုင်းဖီး လစာ အခကြေးငွေ အပေါ်မှာ အကုန်အကျ မခံချင်ကြလို့ ဆိုတာက နံပါတ်တစ် ဖြစ်ပါမယ်၊
၂- သုံးလိုက်တဲ့ အင်ယာကျောင်းဆင်း B.E တွေကိုယ်၌က ပညာတကယ်မတတ်တာ၊ အင်ယာပါရင် ဘယ်လိုပိုကောင်းကြောင်းကို မြေပြင်မှာ ပြည်သူတွေ ပိုင်ရှင်တွေ ဆောက်လုပ်ရေးလုပ်သားတွေ ယုံကြည် မြင်တွေ့လာအောင် လက်တွေ့ လုပ်မပြနိုင်တာက နံပါတ်နှစ် ဖြစ်ပါမယ်။
ဒီ့အတွက် နံပါတ် ၁- အရ ပြည်သူတွေကို ပညာပေး post တွေ၊ ရေးသင့်တယ် ဆိုပြီး လျှောက်လှမ်းနေကြတဲ့ အင်ယာတွေ ရှိပါမယ်
ကျနော်ကတော့ အင်ယာတွေအပေါ် ပြည်သူတွေ ယုံကြည်အားကိုးလာဖို့ အတွက် အင်ယာတွေကိုယ်တိုင် လက်တွေ့လုပ်ပြတဲ့ နံပါတ် ၂- နည်းလမ်းကိုသာ လျှောက်လှမ်းပါတယ်၊ ပြည်သူတွေ ပိုင်ရှင်တွေကို ငတုန်းငအ များသဖွယ် ရေးသားတာမျိုးကို မနှစ်သက်တတ်ပါဘူး။
ဒီ့အတွက်လည်း ကျနော်တို့ အင်ယာကျောင်းဆင်းတွေ ဖက်က ပြုပြင်ပြောင်းလဲ သင့်တာတွေကိုပဲ ဦးစားပေး ရေးပြလေ့ ရှိပါတယ်။ ကိုယ်တိုင် တကယ်တတ်အောင် လေ့လာသင်ယူ ဖတ်ရှုကြဖို့၊ အထူးသဖြင့် ပိုင်ရှင် အလုပ်သမား အားလုံးအပေါ် လုပ်ဖော်ကိုင်ဖက် မိသားစုသဖွယ် မြင်တတ်ဖို့ကိုသာ ဦးစားပေး ရေးလေ့ရှိပါတယ်၊ ဒါ့ကြောင့်လည်း အင်ယာဖြစ်ပြီး အင်ယာအချင်းချင်း နှိပ်ကွပ်နေသူသဖွယ် ကျနော့်ကို မြင်ကြပါလိမ့်မယ်။
အခု post မှာ ပြောချင်တာကတော့….
“ဘာမှ မဖြစ်သေးလို့သာ ဘာမှ မဖြစ်သေးတာ၊ ဖြစ်လာရင်တော့ ဘလားဘလား” ဆိုတာမျိုးနဲ့ ပြည်သူကို ဆောက်လုပ်ရေးလုပ်သားတွေကို အင်ယာပညာအကြောင်းပြကာ အနိုင်ကျင့် ခြိမ်းခြောက်တာမျိုး မလုပ်အပ်ပါဘူး၊
“ဘာမှ မဖြစ်ရင် တကယ်လည်း ဘာမှ မဖြစ်ဘူး” ဆိုတဲ့အပေါ်မှာ အင်ယာကျောင်းဆင်းတွေ ကိုယ်၌လည်း ပညာရပ် တစ်ခုအဖြစ် လက်ခံစိတ် မွေးနိုင်ကြဖို့ လိုအပ်ပါတယ်။
လက်တွေ့မပါဘဲ အတွေးနဲ့ စိတ်ကူးပြကာ ခြောက်လှန့်တာမျိုးတွေသည် ပြည်သူ့အပေါ် ပိုင်ရှင်အပေါ် မဲဆွယ်ပုံ နည်းလမ်း အမှားတွေသာ ဖြစ်ပါတယ်။
ကျနော်ကိုယ်တိုင်လည်း အင်ယာတစ်ယောက်ပါ၊
“ဘာမှမဖြစ်ရင် ဘာမှ မဖြစ်ဘူး” ဆိုတာကို စစ်မှန်တဲ့ ပညာမပါဘဲ လူတိုင်း မပြောနိုင်ကြပါဘူး၊ ဒီ့အတွက်
“ဘာမှမဖြစ်ရင် ဘာမှ မဖြစ်ဘူး”
ဆိုတာသည်လည်း အင်မတန် အသုံးဝင် တန်ဖိုးရှိလှတဲ့ ပညာရပ် တစ်မျိုး ဖြစ်ကြောင်းကို အင်ယာတွေ မြင်နိုင်ကြပါစေ လို့သာ…
,Sir Seithu Min