Seahorse - "P.T.H"

Seahorse - "P.T.H" Online Shop, Delivery and Gifts

အခြေအနေတွေက ခင်များကို အခုလိုလူတစ်ယောက်ဖြစ်လာစေတာမဟုတ်ဘူး။ခင်များကိုယ်တိုင်ကပဲ ခင်များကိုအခုလို လူတစ်ယောက်ဖြစ်လာစေတာ။ခင်...
26/02/2024

အခြေအနေတွေက ခင်များကို အခုလိုလူတစ်ယောက်ဖြစ်လာစေတာမဟုတ်ဘူး။ခင်များကိုယ်တိုင်ကပဲ ခင်များကိုအခုလို လူတစ်ယောက်ဖြစ်လာစေတာ။ခင်များရဲ့ရွေးချယ်မှုတွေကပဲ ခင်များကို အခုလို လူတစ်ယောက်ဖြစ်လာစေတာ။

ခင်များဟာ လူကောင်းတစ်ယောက်ဖြစ်နေလား။
လူဆိုးတစ်ယောက်ဖြစ်နေလား။အောင်မြင်နေလား။ကျရှုံးနေလား။ပျော်ရွှင်နေလား။ဝမ်းနည်းနေလား။ဒေါသထွက်နေလား။ဂရုဏာသက်နေလား။ပူးဆွေးနေလား။အေးချမ်းနေလား။ချစ်နေလား။မုန်းနေလား။တကယ်တော့ ဒီအချက်တွေဟာ အခြေနေတွေအပေါ်မူတည်နေတာ မဟုတ်ပါဘူး။ခင်များကိုယ်တိုင် ရွေးချယ်ထားတဲ့ ခင်များရွေးချယ်မှုရဲ့ ရလဒ်တွေပါပဲ။

စာအုပ်ထဲက ဒသနပညာရှင်ရဲ့ စကားနဲ့ပြောရရင် "ကျနော်တို့ဟာ ကျနော်တို့ အတွေ့အကြုံတွေရဲ့ ပြဌာန်းခံ မဟုတ်ကြပါဘူး။အဲဒီ့ အတွေအကြုံတွေ ဆိုတာထဲကို ကျနော်တို့ကိုယ်တိုင် ပြဌာန်းထားတဲ့ အနက်အဓိပ္ပါယ်တွေကို ထည့်သွင်းပေးလိုက်ကြတာသာ ဖြစ်ပါတယ်"။

"ခင်များရဲ့ ဘဝဟာ တစ်ယောက်ယောက်က ချမှတ်ပေးလိုက်တဲ့အရာ မဟုတ်ပါဘူး။ခင်များရဲ့ ဘဝဟာ ခင်များကိုယ်တိုင် ရွေးချယ်ပြီးဖွဲ့တည်ထားတဲ့ အရာတစ်ခုပါပဲ။ပြီးတော့ ခင်များ ဘယ်လို ဘဝနဲ့နေထိုင်မလဲ ဆိုတာ ဆုံးဖြတ်တဲ့သူဟာ ခင်များ ကိုယ်တိုင်ပါပဲ"တဲ့။

တကယ်တော့ "လူမကြိုက်တာခံရဲတဲ့သတ္တိ"ဆိုတဲ့ စာအုပ်ဟာ ဘယ်လိုလူတွေ ပိုဖတ်သင့်တယ်ဆိုတာထက်ကို လူတိုင်း လူတိုင်း ဖတ်သင့်တယ်ဆိုတဲ့ စာအုပ်မျိုး။
ပုခုံးနှစ်ဖက်ကြားခေါင်းပေါက်ပြီး မြန်မာစာတတ်တဲ့ သူမှန်သမျှ ဖတ်သင့်တယ်ဆိုတဲ့ စာအုပ်မျိုးပါပဲ။

ဘဝဆိုတဲ့ ခရီးရှည်ကြီးကို လျှောက်ရမဲ့ လူတစ်ယောက်အနေနဲ့ ဒီစာအုပ်ထဲက စာမျက်နှာတွေပေါ်ကို နှစ်ခေါက် သုံးခေါက်လောက် အနည်းဆုံး ဖြတ်လျှောက်ကြည့်လိုက်ပါလို့ အကြံပေးပါရစေ။
crd

"ယောက်ျားဆိုတာ မချမ်းသာ‌ရင်တောင်အရည်အချင်းတစ်ခုခုရှိရမှာ။ဘာအရည်အချင်းမှမရှိရင်ဘယ်နေရာမှာသွားသုံးရမလဲ" မှတ်သားစရာစကားတစ်ခ...
18/02/2024

"ယောက်ျားဆိုတာ မချမ်းသာ‌ရင်တောင်အရည်အချင်းတစ်ခုခုရှိရမှာ။ဘာအရည်အချင်းမှမရှိရင်ဘယ်နေရာမှာသွားသုံးရမလဲ"

မှတ်သားစရာစကားတစ်ခွန်းပဲ။ဒီစာအုပ်ကို အမျိုးသမီးတွေသာမက အမျိုးသားတွေကိုပါ ဖတ်ဖို့ ပြောပါရစေ။
-------------------
ညီမလေးက အချစ်ကိုကိုးကွယ်သတဲ့လား📖

"အို မဟုတ်ပါဘူး ကြီးကြီးမေရယ်၊
သူဒီလောက်တော့မဆိုးပါဘူး၊သူဒီလောက်
မပျက်စီးသေးပါဘူး ကြီးကြီးမေ၊ ပြီးတော့ ဘာပဲဖြစ်ဖြစ် သူ့ကို စုပြုပြင်နိုင်ပါတယ်၊စုစကားကို
သူနားထောင်မှာပါ" တဲ့။

ရင်နှင့်ရင်းပြီးချစ်ခဲ့ရတဲ့ အမျိုးသားအပေါ်ယုံကြည်ချက်ပြင်းထန်လွန်းခဲ့တဲ့အမျိုးသမီးငယ်။
ချစ်ရတဲ့အမျိုးသားကို ပြုပြင်ပြောင်းလဲပေးဖို့
သိပ်စိတ်အားထက်သန်ခဲ့တဲ့အမျိုးသမီးငယ်။
အင်း...ပြောရရင် ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ပေါ့...၊

စိတ်ကူးယဉ်တတ်သလို သိပ်ကိုလည်းကဗျာဆန်တတ်တဲ့စု...
စိတ်ကူးယဉ်ဆန်ဆန် အချစ်တစ်ခုကိုဘဝထင်ပြီး
အိမ်ထောင်ဆိုတဲ့ အိမ်ထောင်ရေးနွံထဲ လွယ်လွယ်ခုန်ဆင်းသွားတဲ့စုဟာလေ သိပ်ကိုရူးမို က်ခဲ့တာပါလားကွယ်။

လူကြီးသူမ အတန်တန်တားတဲ့ကြားက
စုကတော့ လင်မယားဖြစ်သွားခဲ့ပြီးပြီ ဆိုတဲ့အကြောင်းပြချက်နဲ့ ဘာမဆို ရင်ဆိုင်ဖို့သတ္တိတွေရှိနေခဲ့လေရဲ့..၊

မိဘအိမ်မှာ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နေလာခဲ့တဲ့သူမက ဒီလိုအသိုင်းအဝိုင်းထဲမှာနေနိုင်မှာတဲ့လား။
ဒါပေမယ့် စုမှာသတ္တိတွေရှိခဲ့တယ်။အားအင်တွေရှိခဲ့တယ်။
ချစ်ရသူလက်ကိုဆွဲပြီး အရာရာရင်ဆိုင်မယ်။
တူနှစ်ကိုယ်တဲပျက်ထဲမှာ ထမင်းရေသောက်ရလည်း နေနိုင်ပါတယ်ဆိုတဲ့ ကဗျာဆန်ဆန်အတွေးတွေလည်းရှိနေခဲ့လေရဲ့။

တစ်နေ့ထက်တစ်နေ့ပျက်စီးသထက်ပျ,က်စီးလာတဲ့ချစ်ရသူကြောင့်ဗျာ များရတာလည်း
အိမ်ထောင်စကျပါပြီဆိုကတည်းက။
ဒါပေမယ့် သူမ အပြစ်မယူရက်ခဲ့ပြန်ဘူး။

တစ်နေ့တော့ပြောင်းလဲသွားမှာပါလေ။
‌ငါ့ကိုချစ်ရင် ပြောင်းလဲသွားမှာပါလေဆိုတဲ့အတွေးတွေဝင်နေခဲ့တော့ သိပ်ကိုခက်ပါရောလားကွယ်။

လူတစ်ယောက်ရဲ့ဗီဇဆိုတာ ကိုယ်အမှားလုပ်မှန်းသိနေလည်း ကိုယ်ကိုယ်တိုင်ပြုပြင်ချင်တဲ့စိတ်မရှိရင် သိကြားမင်းတောင်ဆင်းပြင်ပေးလို့မရဘူးလေ။

ကိုယ့်ကိုချစ်လို့ သူ့ရဲ့အကျင့်ဆိုးဗီဇဆိုးတွေကို
ကိုယ့်အတွက်ဆိုပြီးကြိုးစားပြီးပြုပြင်ပြောင်းလဲလာတဲ့ လူကိုရခဲ့ရင်တော့ ကိုယ်တို့တွေဟာ သိပ်ကိုကံကောင်းကြတာပါပဲ။

နေမင်း က စုကိုချစ်ပါရဲ့။ခက်တာက သူ့မှာပြောင်းလဲချင်စိတ်ပါမလာခဲ့ဘူး။တိုးတက်ချင်စိတ်ပါမလာခဲ့ဘူး။

"ဒီလိုစကားမျိုးနဲ့တော့ မင်း...မောင့်ကိုမစော်ကားပါနဲ့စု။ကိုယ်ပြောခဲ့ပြီကော။အစတည်းကမှားခဲ့တဲ့ကိစ္စလို့။အေး.. အဲ့အမှားဒဏ်ကိုနှစ်ယောက်လုံးခံစတမ်း ဆိုရင်တော့ မင်း..မောင်နဲ့နေကိုနေနိုင်ရမယ် စု ၊
မောင် ဒါပဲပြောမယ်"

ဆိုပြီး ပစ်ပစ်ခါခါ ပြောသွားတဲ့ ယောက်ျားဖြစ်သူကိုလည်းအပြစ်မတင်ရက်။
အစကတည်းက အရာရာကို ပန်းခင်းလမ်းအမှတ်နဲ့လျှောက်လှမ်းခဲတဲ့သူမရဲ့အပြစ်တွေသာ။
နေမင်းဟာ ဒီလိုလူမှန်းသိရက်နဲ့တောင် ရွေးချယ်ခဲ့တဲ့သူမရဲ့အမှားတွေသာ။

အိုင်းရင်းပြောသလိုပေါ့

"ယောက်ျားဆိုတာ မချမ်းသာ‌ရင်တောင်အရည်အချင်းတစ်ခုခုရှိရမှာ။ဘာအရည်အချင်းမှမရှိရင်ဘယ်နေရာမှာသွားသုံးရမလဲ"တဲ့

အဲ့စကားကိုသိပ်ကြိုက်တယ်။
အိုင်းရင်းရဲ့အတွေးကိုကြိုက်သလို သူ့ရဲ့စိတ်ဓာတ်တွေကိုလည်းသဘောကျတယ်။

အရည်အချင်းရှိတဲ့လူကိုပဲရွေးချယ်မယ်။
ကိုယ်တိုင်ကလည်းအရည်အချင်းရှိအောင်ကြိုးစားမယ်။
သူ့ဝင်ငွေ၊သူ့လုပ်စာကိုမှီခိုနေရင် သူ့မျက်နှာကိုကြည့်နေရအုံးမယ်လေ။

တကယ်တော့ ယောက်ျား၊မိန်းမ မှမဟုတ်ဘူး။
လူတစ်ယောက်က မချမ်းသာရင်တောင် အရည်အချင်းတစ်ခုခုရှိသင့်တယ်။

ဘာအရည်အချင်းမှလည်းမရှိ၊ဘာမှတိုးတက်ချင်စိတ်မရှိတဲ့လူတစ်ယောက်ကို သူဘယ်လိုလူမှန်းသိရဲ့သားနဲ့ ရူးမိုက်စွာတော့ကိုယ်တို့မရွေးချယ်သင့်ဘူးလေ။

"မချစ်သေးလို့ပါ"
"ချစ်ရတဲ့သူရှိလာရင် စုလိုပဲ မိုက်ရူးရဲဆန်လာလိမ့်မယ်"
ပြောလာခဲ့သည်ရှိသော်
ချစ်တာနဲ့ မိုက်ရူးရဲဆန်တာမတူဘူးလို့ပြောချင်တယ်။
ဘဝကို ဝတ္ထုတွေထဲကအတိုင်းစိတ်ကူးယဉ်ပြီး
လွယ်လွယ်လေးတွေးရင် ကိုယ်ကတော့ ကိုယ်တိုင်ကဦးနှောက်မရှိဘူးလို့ပဲထင်တယ်။

ဘဝဆိုတာ စိတ်ကူးယဉ်လို့သာ သိပ်ကောင်းတာ။
တကယ်ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါ
နဖူးတွေ့ဒူးတွေ့ကြုံလာရတဲ့အခါ
ဖြတ်ကျော်ရမှာက ကိုယ်တိုင်ပဲ။
အဲ့ပင်ပန်းဆင်းရဲဒဏ်တွေကို ခံရမှာက ကိုယ်ကိုတိုင်ပဲ။

ရွေးချယ်ခဲ့တဲ့လူက ကိုယ်နဲ့အတူ အေးအတူ၊ပူအမျှ
ကြိုးကြိုးစားစားဖြတ်သန်းတဲ့လူဆိုရင် ဒီလမ်းကမှန်ကန်ပေမယ့် နေမင်းလိုလူနဲ့တွေ့ခဲ့ရင်ရော...
ဒါတောင်နေမင်းက မရိုက်မနှက်တဲ့ယောက်ျားနော်။

"လင်ကုန်ရှုံးရင် တစ်သက်လုံးမှောက်တတ်တယ်"တဲ့

ငယ်ရွယ်တဲ့အချိန်၊ဘဝအတွက်အဆင်သင့်မဖြစ်သေးတဲ့အချိန်မှာ ရူးရူးမိုက်မိုက်ပစ်ဝင်ခဲ့တဲ့အိမ်ထောင်ရေးခရီးလမ်းက တကယ်ရောဖြောင့်ဖြူးနိုင်ခဲ့လို့လား။

ပြောင်းလဲလာပါလိမ့်မယ်ဆိုတဲ့အတွေးနဲ့ အားတင်းပြီးနေခဲ့တာ နောက်ဆုံးကိုယ့်ဘဝပဲ ရေတိမ်နစ်သွားခဲ့တယ်။အဲ့လူကတော့ ပြောင်းလဲမလာခဲ့ဘူး။

စုအရွယ်က သိပ်ကိုငယ်‌သေးတာ။
အဲ့လိုဒဏ်တွေကိုခါးစီးခံပြီးကြွေလွင့်ခဲ့ရမယ့်အစား
ဘဝတက်လမ်းတွေကိုရှာဖွေနေသင့်တာ။
လူငယ်ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေသင့်တာ။

တကယ်တော့ လောကကြီးမှာ
စုလို အချစ်ကိုဘဝထင်ပြီး ကိုးကွယ်တဲ့မိန်းကလေးရှိ‌သလို
အချစ်ကို ဦးစားမပေးတဲ့အိုင်းရင်းလိုမိန်းကလေးတွေကလည်းဒုနဲ့ဒေးပါ။

‌အချစ်က ဘဝမှာအရေးပါပေမယ့်
ဘဝတစ်ခုလုံးပုံအပ်ပြီး ကိုးကွယ်ရလောက်တဲ့အထိတော့ ကိုယ်‌တို့တွေမရူးမို,က်သင့်ဘူးလို့ ထင်ပါရဲ့။

#မိုးမိုး(အင်းလျား)
#ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လား

Review by
(လေးစားစွာcrdပေးပါသည်)🙏❤
---------

စာအုပ်တန်ဖိုး-7000ကျပ်

စာအုပ်ကို သဘောကျဖတ်ရှုလို၍မှာယူလိုပါက
Page cbတွင် ဆက်သွယ် မှာယူနိုင်ပါတယ်🌿

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 13:00

Website

Alerts

Be the first to know and let us send you an email when Seahorse - "P.T.H" posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share