03/06/2026
Hydro Tech Team -5.6.2026 ရက်နေ့တွင် မော်လမြိုင်မြို့သို့ ရောက်ရှိပါမည်
သောက်ရေသန့် လုပ်ငန်း နှင့် တစ်ခြား စားသောက်ကုန် လုပ်ငန်းများ လုပ်ဆောင်ရန် ချိတ်ဆက်ထားသူများ ဆောင်ရွက်နိုင်ပါပြီ ဖြစ်ကြောင်း သတင်းကောင်းလိုက်ပါတယ်
💧Boiler , Turbine , ဆေးရုံ ၊ ဆေးခန်း ၊ ဓာတ်ခွဲခန်း ၊ ဆေးထုတ်လုပ်သည့် နေရာ များတွင် အသုံးပြုသင့်သော ရေအကြောင်း သိကောင်းစရာ 💧
🛑Deionization Treatment Process & Demineralization Process 🛑
💧Deionized Water Treatment Process တွေ သုံးလာတာ ယခု နောက်ပိုင်းတွေ့ရတယ်
💧Deionization ဆိုသည်မှာ ရေထဲတွင် ion ကင်းစင်သောရေ ၊ အဓိကအားဖြင့် Cation နှင့် Anion ကင်းစင်သော ရေဟုဆိုလိုသည်။ Demineralization စနစ် Mineral ကင်းစင်သော ရေဟုလည်း ခေါ်ဆိုကြသည်။
💧Demineralization ဆိုသည်မှာ ရေထဲတွင် Mineral ကင်းစင််သော ရေ ဟုဆိုလိုခြင်းဖြစ်သည် ။
💧ထိုရေတွေကို ဘယ်နေရာတွေမှာ အသုံးပြုကြသလဲဆိုတော့
🔹ဆေးရုံ ၊ ဆေးခန်း ၊ ဓာတ်ခွဲခန်း ၊ ဆေးထုတ်လုပ်သည့် နေရာ
🔹 Boiler တွေ Turbine တွေမှာ အသုံးများလာကြတယ်။
💧Deionized Water (တစ်နည်းအားဖြင့် ion ကင်းစင်သော ရေ)
🔹Cation Resin ( Strong & Weak )
🔹Anion Resin ( String & Weak )
🔹Mix Bed Resin
🔹Degasifiers
🔹Safety Filter
🔹UV
စသည့် အရာများကို တွဲသုံးလေ့ ရှိကြသည်။
🛑Cation Resin ( Strong & Weak )
Cation Resin တွေ အသုံးပြုပြီး Ca2+ , Mg 2+, Al3+, NH4 + etc Positive Ion တွေကို ဖယ်ရှားပေးသော စနစ်
Cation Resin တွေ အသုံးပြုရာမှာ မိမိအသုံးပြုမည့် Raw water ရေကြမ်း နှင့် ကိုက်ညီသော Resin ကိုသာ ရွေးချယ် အသုံးပြုသင့်သည် ။
ပြီးနောက် ထည့်မည့် Resin ပမာဏကို ထုတ်လုပ်ချင်သော Output Capacity ရေFlow ကို ချိန်ညှိပေးရသည် ။ တနည်းအားဖြင့် Detention Time ကို ချိန်ဆ တွက်ချက်ပြီးမှသာ အသုံးပြုသင့်သည် ။
🛑Anion Resin ( Strong & Weak )
Anion Resin တွေ အသုံးပြုပြီး Cl- , O2-, OH-, SO4 2- etc Negative Ion တွေကို ဖယ်ရှားပေးသော စနစ်
Anion Resin တွေ အသုံးပြုရာမှာ မိမိအသုံးပြုမည့် Raw water ရေကြမ်း နှင့် ကိုက်ညီသော Resin ကိုသာ ရွေးချယ် အသုံးပြုသင့်သည် ။
ပြီးနောက် ထည့်မည့် Resin ပမာဏကို ထုတ်လုပ်ချင်သော Output Capacity ရေFlow ကို ချိန်ညှိပေးရသည် ။ တနည်းအားဖြင့် Detention Time ကို ချိန်ဆ တွက်ချက်ပြီးမှသာ အသုံးပြုသင့်သည် ။
🛑Mix Bed Resin
( Mix Bed ) တွင် Purolite နှင့် တခြား Resin ကိုသုံးလေ့ရှိတယ်
Purolite သည် Ion Exchange Systemတွင် ရေထဲတွင်ပျော်ဝင်နေသော Postitive Charges and Anode Negative Charges တွေကို စုပ်ယူပြီး ရေကို Deionized Water အဖြစ်သို့ ပြောင်းလဲပေးသည်
🛑Degasifiers
Degasifiersစနစ်ဆိုသည်မှာ ရေထဲတွင် ပျော်ဝင်နေသော Dissolved Gas နှင့် Organic Volatile Compoundများကို လေဖြင့် ဖယ်ရှား သန့်စင်ပေးသော စနစ်ဖြစ်ပြီး Dissolved Gas များ ဖယ်ရှားရာတွင် အကောင်းဆုံးသော စနစ်ဖြစ်သည် ။
🛑Safety Filter ( UV မဖြတ်ခင် ကြားခံ Filtration system)
🛑 UV (Ultra Violet ခရမ်းလွန်ရောင်ခြည်ဖြင့် ပိုးသတ်သောစနစ်)
🛑Safety Filter
UV မဖြတ်မိ ရေထဲတွင် Particles (အမူံ) များကို စစ်ထုပ်ပေးရန် 1 ၊ 5 ၊ 10 Micron Filter ကိုသုံးနိုင်သည်
🛑UV
ပိုးသတ်ပြီး သန့်စင်ရန်
🔹တချို့သော Company တွေမှာတော့ UV အထွက်ရေကို။ 5 Micron Filter ကို ထပ်ထားလေ့ရှိသည် ပိုပြီး Safety ဖြစ်ရန်
မေးစရာလေး တစ်ခု ရှိသည်
🔹Deionized Water Process မှာ Chinese Suppliers တွေကတော့ Process ရဲ့ရေကို Conductivity ဖြင့် ထိန်းတာကို တွေ့ရသည်
🔹မိမိက အကြောလေး နည်းနည်းရှည်သောကြောင့် Total Dissolve Solid ပါ ထည့် ထိန်းခိုင်းသည်ပေါ့
🔹တစ်ချို့ Suppliers တွေကတော့ Resistivity ဖြင့် ထိန်းသည် Laboratory Skill အနေနဲ့ကတော့ Hardness , Silica , Chloride , Conductivity and TDS ဖြင့် ထိန်းတာ အကောင်းဆုံးပါ
Conductivity = Max 2
TDS. = >1ppm
Resistivity. = 7 to 10
🔹နောက်ထပ် မေးစရာလေး တခု ရှိပြန်တယ်
💧Conductivity and Resistivity တွေ များလာရင် ဘယ်လို လုပ်မလဲ ပေါ့
ဒါက ဒီလိုရှိပါတယ်
🔹Conductivity and Resistivity များလာရင်
Auto Dionized Water System မှာ ဆိုရင်
သတ်မှတ်ထားသော Range ထက် ကျော်လာခဲ့ရင် Auto Regeneration လုပ်ပေးရပါတယ်
Auto System မဟုတ်ရင်တော့ Manual Regeneration လုပ်ပေးရပါမယ်
How to regenerate?
🛑Caustic and Acid ဖြင့် Regeneration လုပ်ခြင်းပါ
🔹NU-Klean S
🔹NR -MSP
🔹Caustic = NaOH
🔹Acid. = HCL
အနည်းဆုံး Regeneration လုပ်ချိန် 2hr or 3hr ကြာမြင့်တတ်သည် ။
ရေဖြင့် Rinse လုပ်ပြီး Process ကို ပြန်ပြီး Run လို့ရပါပြီလို့ ပြောကြားရင်း
EDI အကြောင်းကိုတော့ နောက်များ ဆက်လက်ဖော်ပြပေးသွားပါမည်
သောက်ရေသန့် ပြသနာ Hydro Tech မှာ အဖြေရှာ
လေးစားစွာဖြင့်
HYDRO TECH
Hydro Tech Engineering Co.,Ltd
ရဲရန်အောင်မှတ်တိုင်အနီး၊ ကျိုက်ဝိုင်းဘုရားလမ်းမကြီးပေါ်၊အမှတ် (945/B)၊ (3) ရပ်ကွက်၊ မရမ်းစုလမ်း၊ မရမ်းကုန်းမြို့နယ်
☎️0️⃣9️⃣7️⃣5️⃣0️⃣8️⃣1️⃣3️⃣1️⃣0️⃣5️⃣
☎️0️⃣9️⃣7️⃣5️⃣8️⃣4️⃣4️⃣3️⃣2️⃣4️⃣1️⃣