Forex Trading Myanmar

Forex Trading Myanmar Trading world major currencies known as Forex Trading.
(4)

10/01/2024
ယနေ့မှာကျရောက်သော August 6th ရက်နေ့ကတော့ အောက်မေ့ဖွယ်ရာနေ့တစ်ခုပါပဲ။ ကမ္ဘာမြေပေါ်မှာ  Atomic Bomb ၊ အနုမြူဗုံးကို စတင်အသ...
06/08/2023

ယနေ့မှာကျရောက်သော August 6th ရက်နေ့ကတော့ အောက်မေ့ဖွယ်ရာနေ့တစ်ခုပါပဲ။ ကမ္ဘာမြေပေါ်မှာ Atomic Bomb ၊ အနုမြူဗုံးကို စတင်အသုံးပြုခဲ့တဲ့နေ့ရက်ဖြစ်သလို။ ဒုတိယ ကမ္ဘာစစ်ရဲ့ အဆုံးသတ် ငြိမ်းချမ်းရေးနေ့ရဲ့ မှတ်တိုင်တစ်ခုလည်းဖြစ်ပါတယ်။

ဂျပန်နိုင်ငံ Heroshima မြို့မှာအသုံးပြုခဲ့တဲ့ Little Boy ကတော့ ဂျပန်လူမျိုးအားလုံးအတွက် စိတ်မကောင်းစရာဖြစ်ခဲ့ရပါတယ်။ လွမ်းမောဖွယ်ရာ 78th Anniversary ပါခင်ဗျာ 🙏

ဒါက ဒုတိယ ကမ္ဘာစစ်ရဲ့အဆုံးသတ် ငြိမ်းချမ်းရေးနေ့လေးပါ။ 😊

မျက်ရည်တွေရဲ့ အဆုံးသတ်အစပေါ့။ နည်းနည်းတော့ အထိနာခဲ့ရပါတယ်။

Secretary-General's message to the Hiroshima Peace Memorial on the 78th Anniversary of the Atomic Bombing of Hiroshima.

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအားလုံးကို
ပေးပါတယ်နော်။

မြန်မာငွေဈေးတွေ ဆက်တိုက်အရမ်းကျဆင်းနေတယ်။ ကြားရတာရင်ထဲမကောင်းဘူး 🥹 မြန်မာတွေ ညံ့တယ်လို့ပဲပြောပါရစေ။ 😪( 🙏မှားတာရှိရင် ဝန်...
28/07/2023

မြန်မာငွေဈေးတွေ ဆက်တိုက်အရမ်းကျဆင်းနေတယ်။ ကြားရတာရင်ထဲမကောင်းဘူး 🥹
မြန်မာတွေ ညံ့တယ်လို့ပဲပြောပါရစေ။ 😪
( 🙏မှားတာရှိရင် ဝန်တာမိပါ)
အနောက်နိုင်ငံတွေက စီးပွားရေးနဲ့ ကမ္ဘာကိုသိမ်းနေကြတယ်၊။ နည်းပညာနဲ့ ကမ္ဘာကို သိမ်းနေကြတယ်။ ကျွန်တော်တို့က လက်နက်တွေနဲ့ အချင်းချင်းဗိုလ်လုနေကြတယ်။ လက်နက်ဆိုတာ ကျွန်တော်တို့ ငယ်ငယ်တုန်းလို အချင်းချင်းပစ်ကြတဲ့ ကုက္ကုလ်သီးပဲကောင်းတယ်။ ဒါတောင် ရံဖန်ရံခါ မျက်စိမှန်ရင် ဆေးကုရသေးတာပဲ။ 💯

အခုထိ မြန်မာတွေ ရွှေကိုလည်ပင်းမှာဆွဲဖို့ ‌ခြေချင်းလုပ်ဝတ်ဖို့ကြိုးစားကြဆဲပဲ။ အနောက်နိုင်ငံတွေက CPU ဆောက်ဖို့ Chips များတွေလုပ်ဖို့ ရွှေကိုဝယ်တယ်။ ပြီးတော့ ကျွန်တော်တို့က Quality ကောင်းကောင်း Electric Device လေးတစ်ခုအတွက် သစ်တောတွေ ကိုခုတ်ကြတယ်။ တောင်တွေကိုဖြိုနေကြတယ်။။ မြန်မာငွေဈေးတက်ဖို့အတွက် သိပ်ကိုလွယ်ကူပါတယ်။ ကျွန်တော့်မှာသာ လုပ်ပိုင်ခွင့်အချို့ရှိရင် နှစ်ပတ်မကြာဘူး။

တိုင်းရင်းသားဒေသက ရိုးသားကြတဲ့သူတွေအပေါ်အမြတ်မထုတ်ကြပါနဲ့ဗျာ။ သူတို့လေးတွေ အရမ်းသနားဖို့ ကောင်းပါတယ်။ ဗမာတွေ လူမျိုးကြီးဝါဒကို လျှော့ကြပါတော့။ 🙏🙏🙏

Hits 🎯 တစ်ခုပေးမယ်။ ပြောနေကြစကားလေးပါ။ unity is the best way for the Forex market ပါ။

မြန်မာငွေကို မြန်မာတွေ ပြန်ဝယ်ကြ။ တန်ဖိုးတက်အောင်ကြိုးစားကြ။
အားလုံးအဆင်ပြေကြလိမ့်မယ်။ ဘယ်ငွေမှ တန်ဖိုးရှိမနေဘူး။ အားလုံးက စက္ကူတွေချည်းပဲ။ ယုံကြည်စိတ်ချရမှုပေါ်မူတည်ပြီး တန်ဖိုးကွာဟသွားတာ။

ကျွန်တော့်တို့ငွေကို ကျွန်တော်တို့မှမချစ်ရင် (သို့) မကောင်းကြောင်းဝေဖန်နေကြရင် ဘယ်သူက တန်ဖိုးထားတော့မှာလဲဗျာ။

ဒီနေ့ကတော့ဒီလောက်ပါပဲ။
အားလုံးကိုယ်စီကိုယ်စီ ကိုယ့်တိုင်းပြည်က ငွေကိုတန်ဖိုးထားကြပါလို့။ အနူးအညွှန့်တောင်းပန်လိုက်ရပါတယ်။ 🙏🙏🙏



#အားလုံးအတွက်ကျွန်တော်

Forex Trading ဆိုတာ....မတူညီတဲ့ငွေကြေးနှစ်ခုကိုအရောင်းအ၀ယ်ပြုလုပ်ခြင်းပါပဲ။ Foreign Exchange က ( For + ex ) အတိုကောက်စကာ...
08/04/2017

Forex Trading ဆိုတာ....

မတူညီတဲ့ငွေကြေးနှစ်ခုကိုအရောင်းအ၀ယ်ပြုလုပ်ခြင်းပါပဲ။ Foreign Exchange က ( For + ex ) အတိုကောက်စကားလုံးတွေကို အသုံးပြုထားဖြစ်လို့ အဘိဓါန်မှာ ရှာလို့တွေ့နိုင်မှာမဟုတ်ပါဘူး။

ဥပမာ - US ဒေါ်လာနဲ့ မြန်မာငွေကျပ်လဲလှယ်ခြင်းပါပဲ

1 USD = 1365 MMK

ကမ္ဘာ့ငွေကြေးဈေးကွက်ဖြစ်တဲ့ Forex Trading ရဲ့အားသာချက်ကတော့

- တစ်နေ့တစ်နေ့အရောင်းအ၀ယ်လုပ်နေတဲ့ပမာဏက အရမ်းများပြားလို့ နိုင်ငံတွေနဲ့ အစိုးရပိုင်ဘဏ်ကြီးတွေတောင်လုံးဝ မထိန်းချုပ်ထားနိုင်ပါဘူး။

- ကမ္ဘာ့ အကြီးမားဆုံးဈေးကွက်တစ်ခုဖြစ်ပါတယ်။

- ဈေးအတက်အကျကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ နည်းလမ်း သုံးခုရှိပါတယ်။ နောက်မှ အသေးစိတ်ရှင်းပြပေးပါ့မယ်။

နည်းပညာတိုးတက်လာတဲ့ခေတ်မှာ Digital Trading ကပိုပြီးထိရောက်လာတယ်။ အချိန်ကုန်သက်သာလာတယ်၊ ပိုပြီးလွယ်ကူတယ်၊ အချိန်တိုအတွင်းရောင်းနိုင်ဝယ်နိုင်တဲ့အတွက် online trading ကိုပဲရွေးချယ်လာကြတာပါ။ သို့သော် အယူအစွဲကြီးတဲ့ သူတွေကတော့ ကိုယ်တိုင်ဘဏ်မှာ ရောင်းလိုက် ၀ယ်လိုက်နဲ့ ဒေါ်လာဈေး၊ ရွှေဈေးကို ကစားနေကြတုန်းပါပဲ။

Online ကိုအသုံးပြုပြီးရောင်းချနေသူတွေကသာ 24 hours အရာင်းအ၀ယ်ပြုလုပ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ အရောင်းအ၀ယ်ပြုလုပ်နေတဲ့ ပဲဈေးကွက်၊ ရေနံဈေးကွက်၊ ရွှေဈေးကွက်၊ ဒေါ်လာဈေးကွက် တွေကို နိုင်ငံတကာမှာ online ကနေ ၂၄ နာရီ ဈေးနှုန်းကြည့်ရှုနိုင်ပြီး အချိန်တိုအတွင်းရောင်းနိုင် ၀ယ်နိုင်နေပါပြီ။

ဒါကြောင့် မြန်မာနိုင်ငံမှာအာရုံစိုက်လာကြတော့မယ့် stock market အပြင် Forex trading ကိုအနည်းအကျဉ်းမျှတင်ဆက်ပေးရခြင်းဖြစ်ပါတယ်။

H.W.Y ( Myanmar Forex Trader )

ဆင်းရဲနွမ်းပါးတဲ့ဘ၀နဲ့ မွေးဖွားလာရတာက မင်းအပြစ်မဟုတ်ဘူး။ဒါပေမယ့် ဆင်းရဲနွမ်းပါးတဲ့ဘ၀နဲ့ သေဆုံးသွားမယ်ဆိုရင်တော့ မင်းအပြစ...
16/03/2017

ဆင်းရဲနွမ်းပါးတဲ့ဘ၀နဲ့ မွေးဖွားလာရတာက မင်းအပြစ်မဟုတ်ဘူး။

ဒါပေမယ့် ဆင်းရဲနွမ်းပါးတဲ့ဘ၀နဲ့ သေဆုံးသွားမယ်ဆိုရင်တော့
မင်းအပြစ်ပဲ !

( ဘီလ်ဂိတ် )

" သင်တကယ်လိုချင်တဲ့ဘ၀ကို စိတ်ကူးယဉ်ခံစားကြည့်လိုက်ပါ "                         လူတိုင်းမှာ ကောင်းမွန်တဲ့ အိပ်မက်တွေကိုယ...
15/03/2017

" သင်တကယ်လိုချင်တဲ့ဘ၀ကို စိတ်ကူးယဉ်ခံစားကြည့်လိုက်ပါ "

လူတိုင်းမှာ ကောင်းမွန်တဲ့ အိပ်မက်တွေကိုယ်စီရှိတတ်ကြပါတယ်။ ခမ်းနားတဲ့ အိမ်လေးတစ်လုံး၊ လှပတဲ့ ပန်းခြံတစ်ခု၊ ခြံဝန်းထဲမှာရေကူးကန်လေးလည်းရှိနေမယ်။ ကိုယ်ချစ်ရတဲ့ သူနဲ့တူတူ လက်ရှိ Crazy ဖြစ်ရတဲ့ကားလေးနဲ့ ခရီးတွေထွက်နေမယ်။ သုံးဖို့ လိုသလောက် Bank အကောင့်တစ်ခုရှိနေမယ်ဆိုရင် တကယ်ကိုစိတ်ချမ်းသာစရာ ကောင်းလှမှာပါ။ ( အလို အကောင်းတွေချည်းပါပဲလား..... ) ဒါ့ထက်ကောင်းမွန်တဲ့ Life Style တွေလည်း စိတ်ကူးကောင်းရင် ကောင်းသလိုရှိနေနိုင်ပါတယ်။

လေထဲတိုက်အိမ်ဆောက်ရတာစိတ်ချမ်းသာစရာကောင်းပါတယ်။ ဒါတွေကို ဘ၀မှာ " စိတ်ကူးသက်သက်ပါကွာ " " အရေးမပါပါဘူး " လို့မထင်လိုက်ပါနဲ့။ ကိုယ့်မှာသာ တိကျပြတ်သားတဲ့ ပန်းတိုင်ရှိနေရင် သွားမယ့်လမ်းကို စဉ်းစားရုံပါပဲ။ သို့ပေမယ့် မှန်ကန်တဲ့လမ်း၊ မှန်ကန်တဲ့ရွေးချယ်မှု ဖြစ်ဖို့တော့လိုပါတယ်။ Millioner တစ်ယောက်ဖြစ်ချင်နေသူက ကအမြဲတမ်းကုန်ထမ်းနေလို့ မရပါဘူး။ ဒါ့ထက်ကောင်းမွန်တဲ့ဝင်ငွေစီးကြောင်းတွေလိုအပ်ပါတယ်။ ကံကိုယုံပြီး လောင်းကစားလုပ်မယ်ဆိုလည်း ဘ၀ပျက်ရုံပဲရှိမှာပါ။

" အရင်းမစိုက် လှေထိုးလိုက် " တဲ့ လှေထိုးလိုက်တဲ့သူဖြစ်ရင်တောင် ခွန်အားနဲ့အချိန်ကိုတော့ မြှပ်နှံရပါတယ်။ ကြီးပွားချမ်းသာတဲ့ လူတိုင်းက ကျွန်တော်တို့ထက်ပိုပြီး ကြိုးစားကြတယ်။ ပိုပြီးရင်းနှီးမြှပ်နှံကြတယ်ဆိုတာ ပြောပြဖို့တောင်လိုမယ် မထင်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့လည်း ဘ၀ရဲ့ အရသာကို သူများနဲ့တန်းတူ ခံစားချင်တယ်ဆိုရင် ကြိုးစားဖို့၊ မှန်မှန်ကန်ကန်ရင်းနှီး မြှပ်နှံဖို့ကို ၀န်မလေးသင့်ပါဘူး။

အကောင်းဆုံး ရောင်းဝယ်မှု၊ အကောင်းဆုံး ရင်းနှီးမြှပ်နှံမှုတွေထဲ တစ်ခုဖြစ်တဲ့၊ ကျွန်တော်ကိုယ်တိုင်လည်းကျွမ်းကျင်တဲ့ " ကမ္ဘာငွေကြေးအရောင်း အ၀ယ်ဈေးကွက် " Forex Trading " ကို အကြံပြုရင်း အားလုံးကို ယနေ့အတွက် နုတ်ခွန်းဆက်လိုက်ပါတယ် ခင်များ။

Htet Wai Yan ( Myanmar Forex Trader )

22/02/2017

အားလုံးပဲမင်္ဂလာပါခင်ဗျာ။
Forex Trading Myanmar ဆိုတဲ့ Page ကနေပြီးတော့ အားလုံးကိုကြိုဆိုလိုက်ပါတယ်။
ဒီ Page လေးကို ထောင်ဖို့အတော်လေးစဉ်းစားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ခေတ်မီတဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်နေလို့ပါပဲ။ ခေတ် အဆက်ဆက် တံခါးပိတ် စီးပွားရေးကိုကျင့်သုံးလာခဲ့တဲ့ အစိုးရကြောင့် စီးပွားရေးအမြင်နည်းခဲ့ကြရတယ်မို့လား ? နားမလည်မှာလည်းစိုးရိမ်ရတယ်။ online ကလေ လိမ်နေပါတယ်လို့လည်း ထင်ခံရမှာကြောက်ရသေးတာက တစ်ကြောင်းမို့ အနည်းငယ်ကြန့်ကြာခဲ့တာကို နားလည်ပေးစေ့ချင်ပါတယ်။
အသိအချို့က " အကိုရယ် ကျွန်တော်တို့ကို Forex Trading အကြောင်းလေးမျှဝေပေးပါလို့ " တောင်းဆိုလာတာနဲ့ ဒီ Page ကနေပြီးတော့ အားလုံးကို နားလည်စေချင်တဲ့ ဆန္ဒနဲ့ ပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ တကယ်လို့သင်ဟာ စီးပွားရေးလုပ်ငန်းရှင်ကောင်းတစ်ယောက်၊ အောင်မြင်တဲ့ ရင်းနှီးမြှပ်နှံသူတစ်ယောက်ဖြစ်ချင်ရင်တော့ အောက်ပါအချက် အလက်တွေကို နားလည်ထားဖို့လိုပါတယ်။

( ၁ ) နိုင်ငံတကာမှာ တိုးတက်နေတဲ့စီးပွားရေးရလဒ်တွေ ဘာကြောင့်ဖြစ်နေရ တာလဲ ?

( ၂ ) ဘာကြောင့်ဒီနိုင်ငံမှာ အခြေခံလူတန်းစားတွေ မတိုးတက်လာရသလဲ။ ဆင်းရဲတာရှည်ရသလဲ ?

( ၃ ) သင်ကိုယ်တိုင်ရော အမှန်တကယ် ကြီးပွားချင်စိတ်ရှိပါသလား ?

( ၄) ကြီးပွားတိုးတက်အောင်ဘယ်လိုလုပ်မလဲ ?


ဆက်ရန် #
Htet Wai Yan

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Forex Trading Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Forex Trading Myanmar:

Share