ဆီအိုး ဆန်အိုး Production & Distribution

  • Home
  • Myanmar
  • Yangon
  • ဆီအိုး ဆန်အိုး Production & Distribution

ဆီအိုး ဆန်အိုး Production & Distribution ဆန်အိုး ဆီအိုး တံဆိပ် - ရာနှုန်းပြည့်မြေပဲဆီ နှင့် ရွှေဘိုပေါ်ဆန်း

သစ်ခုတ်သမား တင်းပီလေ 😁
12/07/2026

သစ်ခုတ်သမား တင်းပီလေ 😁

သားသမီးမွေးတာကို Investment လိုမျိုး သဘောထားနေတဲ့ သူတွေ မြန်မာပြည်နဲ့ တစ်ခြား Asian နိုင်ငံတွေမှာ တော်တော်များတယ် သားသမီ...
07/12/2025

သားသမီးမွေးတာကို Investment လိုမျိုး သဘောထားနေတဲ့ သူတွေ မြန်မာပြည်နဲ့ တစ်ခြား Asian နိုင်ငံတွေမှာ တော်တော်များတယ်

သားသမီးတွေမွေးတယ် အဆင်ပြေသလို ကျွေးမွေးစောင့်ရှောက်မယ်

အချိန်တန် ငွေရှာနိုင်တဲ့အရွယ်မှာ ပြန်တောင်းမယ် ပြန်ထောက်ပံ့ခိုင်းမယ် အိမ်ထောင်ကျသွားရင်တောင် မွေးကျေးဇူးကြောင့် ဘယ်လောက်ထောက်ပံ့ပေးရမယ်လို့ဆိုတဲ့ မိဘတွေရှိတယ်နော် မယုံမရှိနဲ့

မပေးရင် သားသမီးဆိုး မလိမ်မာဘူး မွေးရတာ မတန်ဘူး ဝဘာညာ ပြောတဲ့ မိဘတွေ မြန်မာပြည်မှာ တစ်ပုံကြီး ရှိတယ်

တကယ်တော့ သားသမီးဆိုတာ ကိုယ်တွေခေါ်လို့ လူ့လောကထဲ ရောက်လာတာပါ ဒီလူကလေးတွေကို ကျွေးမွေးစောင့်ရှောက်ဖို့ဆိုတာ မိဘတွေရဲ့တာဝန်ပါ

ကိုယ့်ကို ပြန်လုပ်ကျွေးပြုစုဖို့ ကလေးယူတာဆိုရင်တော့ ရေရှည် Investment plan နဲ့ ကိုယ့်ကောင်းကျိုးအတွက် မွေးထားတာမို့ တစ်ကိုယ်ကောင်းဆန်တဲ့ မိဘတွေလို့ပဲ မှတ်ယူရမယ်

ပတ်ဝန်းကျင်မှာ တွေ့နေရတယ် အမေရော အဖေရော အလုပ် ဟုတ်တိပတ်တိ မလုပ်ဘူး ကလေးက ၆ ယောက်
ကလေးတွေ စာတော်သော်လည်း တက္ကသိုလ်ကောင်းကောင်းမထားနိုင်တော့ အဆင်ပြေတဲ့ ကျောင်းမှာဘဲ

အရပ်ကူပါ လူဝိုင်းပါနဲ့ ကျောင်းပီးသွားပီး ရရာအလုပ်ဝင်လုပ် သူ့အောက်က မောင်နှမ ငါးယောက်ကို အကြီးဆုံးက ကျောင်းဆက်ထား ဒီလိုနဲ့ တစ်ဆင့်ဆင့် နဲ့ပဲ ကြီးလာကြတာ အဖေအမေက ငုတ်တုတ် ထိုင်စားကြတော့တာ

နောက်တစ်မျိုးက ကျောင်းပီးလို့ အလုပ်လေးရနေတဲ့ သမီးကို နေ့တိုင်းဖုန်းခေါ် သမီးရှိလို့ သမီးက အမေတို့ရဲ့ ထီးပဲ သမီးသာမရှိရင် အမေတို့ဘယ်လိုစားရမှန်းတောင်မသိပါဘူးဆို ဇွတ်တွေ သမီးချစ်ပြပီး ရသမျှလစာ အကုန်ပို့ခိုင်း ပီးရင် လောင်းကစားလုပ်ပီး ကုန်သွားနဲ့ သံသရာတွေလည်နေတဲ့ မိဘတွေ

နောက်တစ်မျိုးက ကလေးက ခုထိတောင် ဆယ်တန်းမအောင်သေးဘူး ကျောင်းပီးရင် ဟိုလမ်းထိပ်က မမလို အမေတို့ကို ပြန်လုပ်ကျွေးရမယ်နော် ဆို Brain wash တွေလုပ်ထားတဲ့ မိဘတွေ

နောက်တစ်မျိုး ရှိသေးတယ် အိမ်ထောင်ကျ ကလေးမွေးပီး မိသားစုနဲ့ ဖြစ်နေတဲ့ သားကို လတိုင်း ပြန်မထောက်ပံ့လို့ စိတ်တွေဆိုး မ ဘက်လိုက်လို့ မိုက်ဘက်ပါနေတဲ့ သားမိုက်လို့ ပြောတဲ့ မိဘတွေ

အဲလို အပူတွေ တအားပေးတတ်တဲ့ မိဘတွေကြောင့် ထုတ်သာမပြောတာ စိတ်ညစ် စိတ်ဖိစီးနေတဲ့ သားသမီးတွေလည်း ဒု နဲ့ဒေး ပါပဲ

အနောက်နိုင်ငံတွေက ကလေး တွေမှာတော့ အဲဒီ စိတ်ဒုက္ခတွေမရှိသလောက်ပဲ ကိုယ့်တာဝန် ကိုယ်ယူတတ်ဖို့ ငယ်ငယ်ထဲက သင်ပေးခံထားရတဲ့အခါ အသက်ကြီးလာတော့လည်း ကိုယ့်တာဝန် ကိုယ်ယူကြတာပဲ (လုံးဝမရှိဘူး မပြောပါ မိဘဆိုးတွေလည်း အများကြီးပါဘဲ)

သားသမီးဆိုးလို့ မိဘတွေ စိတ်ဆင်းရဲရရင် လူတိုင်းသားသမီးကို လက်ညိုးဝိုင်းထိုးကြပီး မိဘဆိုးလို့ သားသမီးစိတ်ဆင်းရဲရရင် တော့ မိဘကျေးဇူး မွေးကျေးဇူး ကျွေးကျေးဇူးတွေနဲ့ ကိုင်ပေါက်ကြပါလေရော

ဒီစာကို Page မှာတင်တုန်းက ဝိုင်းပြီး ဝေဖန်ကြတာ အများကြီးပဲ… မိဘတိုင်းကို သိမ်းကျုံးပြောတာမဟုတ် ဒီလိုမိဘတွေ ရှိကြောင်းပြောချင်တာ…

ကိုယ့်မိဘကလည်း အဲဒီလို မိဘမျိုးမဟုတ်လို့ အရမ်းဝမ်းသာတယ်…

မိဘပီသတဲ့ မိဘတွေ အားလုံးကို လေးစားတယ်…သားသမီးဆိုး မိဘဆိုးတွေနဲ့ ကင်းဝေးကြပါစေ ….

Jan 18, 2024 10PM USA Time
Cherry Aung

Me praying: အလုပ်မလုပ်ချင်ဘူး။ ပိုက်ဆံရချင်တယ်။ ကြီးပွားချင်တယ်။ ချမ်းသာချင်တယ်။ ဘုရား :
26/11/2025

Me praying: အလုပ်မလုပ်ချင်ဘူး။ ပိုက်ဆံရချင်တယ်။ ကြီးပွားချင်တယ်။ ချမ်းသာချင်တယ်။
ဘုရား :

Address

Hanthawaddy Road
Yangon
11041

Alerts

Be the first to know and let us send you an email when ဆီအိုး ဆန်အိုး Production & Distribution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဆီအိုး ဆန်အိုး Production & Distribution:

Shortcuts

Share