Seeds and eats

Seeds and eats healthy seeds for everyone and
have more fun

ခြံထွက်လတ်လတ်ဆတ်ဆတ်လေးများ
02/02/2023

ခြံထွက်လတ်လတ်ဆတ်ဆတ်လေးများ

🪴Hello !🎃“ Seeds and Eats “ က အခုလာမယ့် 28 ရက်နေ့ စျေးရောင်းပွဲမှာ 🌱“ Pyoe Mel “🌱ဆိုတဲ့ အဖွဲ့လေးနဲ့အတူရှိမှာဖြစ်ပါတယ်။“P...
27/10/2022

🪴Hello !🎃

“ Seeds and Eats “ က အခုလာမယ့် 28 ရက်နေ့ စျေးရောင်းပွဲမှာ 🌱“ Pyoe Mel “🌱ဆိုတဲ့ အဖွဲ့လေးနဲ့အတူရှိမှာဖြစ်ပါတယ်။

“Pyoe Mel” ဆိုတာကတော့ အရင်က “Seeds and Eats” ရဲ့ Sales ပိုင်းမှာ ကူညီဆောင်ရွက်ခဲ့ရာကနေ အခုဆိုရင် business partner အဖြစ်နဲ့ ရှေ့ဆက်လက်တွဲဆောင်ရွက်သွားကြမယ့် လူငယ်တွေဦးဆောင်နေတဲ့ အဖွဲ့လေးတစ်ခုဖြစ်ပါတယ်။

🪴အခုလာမယ့် 28 Oct Friday , Novotal Hotel ရဲ့ စျေးရောင်းပွဲမှာ အရင်လို indoor , outdoor အပင်လှလှလေးတွေနဲ့ ပန်းမျိုးစေ့လေးတွေ ရောင်းချပေးမှာဖြစ်ပါတယ်။

🎁အရင်ပွဲတွေမှာ အပင်လေးတွေ လက်ဆောင်တွေပေးပြီး ပျော်စေတတ်တဲ့ Seeds and eats နဲ့ Pyoe Mel က အခုတစ်ခေါက်လက်ဆောင်ကို seeds bomb လေးတွေ ပြင်ဆင်ထားပါတယ်။🎁

seed_bomb ဆိုတာ ဘာလေးတွေပါလိမ့်နော်….💭

ဒါ့အပြင် မဲနှိုက်ပြီး အပင်လေးတွေ ကံစမ်းမဲဖောက်ပေးမယ့် အစီအစဉ် ၊ လက်ဆောင်ပေးမယ့် အစီအစဉ်တွေ ထည့်သွင်းပြင်ဆင်ထားတဲ့အကြောင်းရယ်
seed bomb လေးတွေအကြောင်းရယ် စတဲ့အသေးစိတ်ကို
Pyoe Mel page မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Pyoe Mel page link >>
https://www.facebook.com/profile.php?id=100086945685254

💐Hello!Time Cityရဲ့ ဒီ Bazaarမှာ “Seeds and eats” က Oct 1 စနေနေ့အထိ ရှိနေပါတယ်နော်။နောက်ထပ်နှစ်ရက်ကျန်သေးတာမို့🌸🌼🌷🌹🌻🪴🎍🪷အ...
29/09/2022

💐Hello!

Time Cityရဲ့ ဒီ Bazaarမှာ “Seeds and eats” က Oct 1 စနေနေ့အထိ ရှိနေပါတယ်နော်။

နောက်ထပ်နှစ်ရက်ကျန်သေးတာမို့
🌸🌼🌷🌹🌻🪴🎍🪷
အရောင်စုံ ပန်းပင်လှလှလေးတွေ ၊ မျိုးစေ့တွေ နဲ့ indoor plant လေးတွေကို အတန်ဆုံးစျေးနဲ့ ဝယ်ယူနိုင်မှာဖြစ်လို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။

♻️Recycled pot လေးတွေနဲ့ ချစ်စရာအပင်လေးတွေကိုလည်း Free Gift ရယူနိုင်ဦးမှာမို့
ရေပန်းဥယျာဉ်နားက Section C ရဲ့ row ထိပ်ဆုံးကို အရောက်လှမ်းခဲ့ပါလို့~

ဒီနေ့ပွဲမှာ အားပါးတရ ဝယ်ယူအားပေးကြတဲ့ အပင်ချစ်သူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

Have a beautiful day !

ချစ်ခင်ရသူတွေနဲ့အတူ ဆီမီးမြိုင်တဲ့ သီတင်းကျွတ်အရသာကို အကြိုခံစားဖို့ ကမ္ဘာသစ်လေးတစ်ခု….🏮🎉

“𝘂𝗮𝗯𝗽𝗮𝘆 𝗕𝗮𝘇𝗮𝗮𝗿” 𝗪𝗶𝘁𝗵 𝗧𝗙𝗖

𝗧𝗙𝗖 လို့ကြားလိုက်တာနဲ့ 𝗟𝗼𝗰𝗮𝗹 𝗕𝗿𝗮𝗻𝗱 လေးတွေနဲ့အတူ တွဲမြင်နေကျသူလေးတွေအတွက် ဒီတစ်ခေါက်မှာတော့ သီတင်းကျွတ်အထိမ်းအမှတ် ဈေးရောင်းပွဲတော်လေးတစ်ခုဆီကို ခေါ်ဆောင်သွားပါရစေ။💁‍♀️

𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗳𝗼𝗿 𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆နဲ့အတူ 𝘂𝗮𝗯𝗽𝗮𝘆 တို့ ပူးပေါင်းစီစဥ်ကျင်းပမဲ့ 𝘂𝗮𝗯𝗽𝗮𝘆 𝗯𝗮𝘇𝗮𝗮𝗿 - ဈေးပွဲတော်ကြီးကို စက်တင်ဘာ ၂၉ ရက်နေ့ ကနေ အောက်တိုဘာ ၁ ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပြီး ပွဲချိန်လေးကတော့ မနက် ၁၀နာရီ မှ ည ၇ နာရီအထိ ကျင်းပပေးသွားမှာပါရှင်။🎡

ဒီပွဲလေးမှာ 𝗟𝗼𝗰𝗮𝗹 𝗕𝗿𝗮𝗻𝗱 ဆိုင်ခန်းပေါင်း ၁၀၀ တိတိပါဝင်သွားမှာဖြစ်တဲ့အတွက်...
🍭ချစ်ရသူတွေနဲ့အတူ ဒေသထွက် အစားအစာတွေကို တစ်နေရာထဲမှာ ပတ်စားနိုင်မယ်။
👗𝗟𝗼𝗰𝗮𝗹 𝗠𝗮𝗱𝗲 𝗙𝗮𝘀𝗵𝗶𝗼𝗻 𝗕𝗿𝗮𝗻𝗱 တွေကို တစ်နေရာထဲမယ် စမ်းဝတ်ကြည့်ပြီး ဝယ်ယူနိုင်မယ်။
🧩𝗟𝗼𝗰𝗮𝗹 𝗛𝗮𝗻𝗱𝗺𝗮𝗱𝗲 လေးတွေကို တစ်နေရာထဲမှာ လေ့လာနိုင်မယ်။
💼လူငယ်တွေအတွက်လည်း 𝘂𝗮𝗯 𝗝𝗼𝗯 𝗕𝗼𝗼𝘁𝗵 မှာ အလုပ်လျှောက်နိုင်မယ်။

ဒါ့အပြင် ဆိုင်ခန်းလေးတွေကို 𝗧𝗶𝗺𝗲 𝗖𝗶𝘁𝘆 ရဲ့ 𝗪𝗮𝗹𝗸𝘄𝗮𝘆 တစ်လျှောက်ခင်းကျင်းကျင်းပသွားမှာဖြစ်လို့ လွတ်လွတ်လပ်လပ် မုန့်လျှောက်စားရင်း ဈေးဝယ်ထွက်ရတဲ့ သီတင်းကျွတ်ပွဲဈေးတန်း အရသာလေးကို အပြည့်အဝခံစားနိုင်ပါမှာနော်။🎠🎈

ဒီပွဲလေးမှာ အထူးလျော့ဈေးနှုန်းတွေအပြင် 𝘂𝗮𝗯 ရဲ့ အခြားသောစိတ်ဝင်စားစရာ 𝗔𝗰𝘁𝗶𝘃𝗶𝘁𝗶𝗲𝘀 လေးတွေလည်း ပါဝင်ဦးမှာမို့ သီတင်းကျွတ်အကြိုအရသာကိုခံစားရင်း ပိတ်ရက်လေးမှာ ပွဲဈေးတန်းလေး လာလျှောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ 🥰






🌱Hello friends!🌱Chatrium Bazaar မှာတုန်းက Seeds and Eats ရဲ့ Surprise Gift လေးတွေကို စိတ်ဝင်တစားရှိပေးခဲ့ကြလို့ ဝမ်းသာရပ...
16/09/2022

🌱Hello friends!🌱

Chatrium Bazaar မှာတုန်းက Seeds and Eats ရဲ့ Surprise Gift လေးတွေကို စိတ်ဝင်တစားရှိပေးခဲ့ကြလို့ ဝမ်းသာရပါတယ်။
🎉
ကျွန်မတို့ အဖွဲ့သားတွေ ကိုယ်တိုင် ♻️Recycle Pot လေးတွေ ဖန်တီးပြီး ကိုယ်တိုင်စိုက်ထားတဲ့ သီးပင်စားပင်လေးတွေနဲ့ ရွက်လှပင်လေးတွေကို
ပွဲလာတဲ့ မိတ်ဆွေတွေအတွက် လက်ဆောင် ရယူနိုင်အောင် စီစဉ်ပေးခဲ့ကြပါတယ်။
♻️
အခုလိုကြပ်တည်းလာတဲ့ကာလကြီးမှာ အမှိုက်ဖြစ်နေတဲ့ ပလတ်စတစ်ဘူးခွံတွေကို Recycle Pots အဖြစ်ပြောင်းပြီး
ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကိုကိုယ်တိုင်စိုက်စားရင်းနဲ့ ထွက်ငွေချွေတာကြည့်ကြဖို့ အသိမျှဝေခဲ့ပါတယ်။
♻️
ပန်းအိုးလေးတွေကို ကိုယ်တိုင် ဖန်တီးဆေးရောင်စုံခြယ်ရခြင်းက စိတ်အပန်းပြေ၊ စိတ်တည်ငြိမ်စေပြီး
အပင်လေးတွေကို ပြုစုရင်း သူတို့လေးတွေကြီးထွားရှင်သန်လာတာကို ငေးမောရတာ နဲ့ ခူးဆွတ်စားသုံးရတာကလည်း စိတ်ပျော်ရွှင်မှုတိုးစေပါတယ်။
🌱
ကိုယ်တိုင်စိုက်ထားတဲ့အတွက် ဓာတုဆေးတွေပါမှာကိုစိုးရိမ်စရာမလိုပဲ ဟင်းချက်ခါနီးမှ လတ်လတ်ဆတ်ဆတ်ခူးဆွတ်စားသုံးရတာက ကျန်းမာရေးနဲ့ညီညတ်စေမှာ အသေအချာပါပဲရှင်။
🌱
အဲ့ဒီအရာတွေကြောင့်ပဲ ကျွန်မတို့ Seeds and Eats အဖွဲ့သားတွေက ဒီလို ဂရုတစိုက် အကောင်အထည်ဖော်ခဲ့ကြတာပါ။
အားလုံးဆီက စိတ်ဝင်စားမှုနဲ့အတူ အပင်လေးတွေကို ပြုစုပျိုးထောင်ချင်တဲ့ စိတ်ဆန္ဒနဲ့ ပျော်ပျော်ရွှင်ရွှင် ယူဆောင်သွားကြလို့ သိပ်ကိုပဲ ကြည်နူးဝမ်းသာရပါတယ်။
🌱
နောက်ပွဲတွေမှာလည်း ‘ Seeds and Eats ‘ က ဘယ်လိုစိတ်ကူးတွေနဲ့ ဘယ်လိုပျော်ရွှင်မှုတွေဖန်တီးမယ်ဆိုတာကို စောင့်မျှော်ပေးကြပါဦးနော်။
✨✨✨
ဓာတုလွတ်သီးနှံတွေ ကိုယ်တိုင်စိုက်ပျိုး ချင်တယ်ဆိုရင် ကျွန်မတို့ Page မှာ မျိုးစေ့ နဲ့ ပျိုးပင် တွေ ဝယ်ယူအားပေးနိုင်ပါတယ်ရှင့် ။

messenger ကနေ မှာယူနိုင်သလို ဖုန်းဆက်ပြီးလည်း စုံစမ်း မှာယူလို့ရပါတယ်။

ဝယ်ယူသွားတဲ့ မျိုးစေ့လေးတွေ၊ အပင်လေးတွေ စိုက်ပျိုးဖို့ အခက်အခဲရှိခဲ့ရင်လည်း အပင်စိုက်ပျိုးပုံ ၊ မြေဩဇာထည့်ပုံ စတာတွေကိုလည်း အသေးစိတ် ရှင်းပြပေးပါတယ်နော်။


Plant yourself happily and eat healthily!

🔔
We will have a complete services:
🌿Selling seeds
🌿Planting seeds
🌿Training and Consultancy services.

🌿‘ throw🔙 our precious memories ‘🌿21 August 2022 Hotel Royal Lake Yangon‘Seeds and Eats’ participated in “ Chatrium Baza...
16/09/2022

🌿‘ throw🔙 our precious memories ‘🌿
21 August 2022
Hotel Royal Lake Yangon

‘Seeds and Eats’ participated in “ Chatrium Bazaar “ event actively .

Warmly welcome to our coming event.
✨✨✨✨✨✨✨

August လ 21 ရက်နေ့က Chatrium Hotel က Bazaar မှာ ကျွန်မတို့ “seeds and eats” အဖွဲ့သားတွေက အပင်တွေ ၊ မျိုးစေ့တွေရောင်းချရင်းနဲ့
ကိုယ်တိုင်စိုက်ပြီး ကိုယ်တိုင်စားကြည့်ကြဖို့၊
ဓာတုလွတ်စိုက်ပျိုးဖို့ တိုက်တွန်းရင်း ပါဝင်ခဲ့ကြပါတယ်။



🌱🌱🌱🌱🌱🌱🌱

Seeds are cute 🥰.Eat is essential for life 🧬.Own planting gives you a lot benefit you may imagine.မျိုးစေ့လေးတွေပါ။တပုလင...
15/09/2022

Seeds are cute 🥰.
Eat is essential for life 🧬.

Own planting gives you a lot benefit you may imagine.

မျိုးစေ့လေးတွေပါ။
တပုလင်းမှ ၁၅၀၀ ကျပ်ထဲပါ။

သန့်ရှင်း
ကျန်းမာ
ကိုယ်တိုင်စိုက်
စားသုံးပါ။

စိတ်ဝင်စား စုံစမ်းပါရှင့်...09 45000 8909.
09 77 48 50 80 3.

Deli လဲ ပို့ပေးပါတယ်နော်။

Green is always beautiful 💓
08/06/2022

Green is always beautiful 💓

Energetic and hygiene soil give high yield...Quality seeds give strong plants: Note:Seeds qualityTechnology+ input
30/01/2022

Energetic and hygiene soil give high yield...
Quality seeds give strong plants:

Note:
Seeds quality
Technology+ input

Today specialty....
30/01/2022

Today specialty....

Seeds to fruits...Evolve or develop? Friends, Please give comments..မျိုးစေ့ မှ အသီးနှံသို့ဆင့်ကဲ ဖြစ်စဉ်လား၊ ဖွံဖြိုးမှ...
14/11/2021

Seeds to fruits...
Evolve or develop? Friends, Please give comments..

မျိုးစေ့ မှ အသီးနှံသို့
ဆင့်ကဲ ဖြစ်စဉ်လား၊ ဖွံဖြိုးမှုလား?
မန့်ခဲ့နော် သယ်ရင်းတို့...

Exciting moments. In Samkar Village, Shan State. September, 2018စံကား ရွာ၊ ရှမ်းပြည်။ စက်တင်ဘာလ၊ (၂၀၁၈) ခုနှစ်။
10/11/2021

Exciting moments. In Samkar Village, Shan State. September, 2018

စံကား ရွာ၊ ရှမ်းပြည်။ စက်တင်ဘာလ၊ (၂၀၁၈) ခုနှစ်။

10/10/2021

တောင်ပို့”မှို”ဖောက်နည်း အကြောင်း သိကောင်းစရာ (လိုအပ်သူများ ကူးယူနိုင်ပါတယ် လက်တွေ့ကျကျ လေ့လာစိုက်ပျိုးသ.....

Address

Yangon

Telephone

+959774850803

Website

Alerts

Be the first to know and let us send you an email when Seeds and eats posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Seeds and eats:

Share