Khaing Hnin Wai Fortune Teller

Khaing Hnin Wai Fortune Teller Female

လတ်တလောမှာ Tarot အဟောလေးများ နဲနဲနဲ့ကြဲကြဲပဲဟောပေးဖြစ်ပါတယ်။ အရေးတကြီးမေးချင်တာရှိရင် page မှာတင်ထားတဲ့ ဖုန်းနံပတ်က Vibe...
25/11/2024

လတ်တလောမှာ Tarot အဟောလေးများ နဲနဲနဲ့ကြဲကြဲပဲဟောပေးဖြစ်ပါတယ်။
အရေးတကြီးမေးချင်တာရှိရင် page မှာတင်ထားတဲ့ ဖုန်းနံပတ်က Viber မှာလာမေးလို့ရပါတယ်။

Page ရဲ့ Messenger ကလဲ တခါတခါဖွင့်လို့မရတာကြောင့်ပါ။

လနဲ့ချီပြီးစောင့်ရတာတောင် စိတ်မပျက်ပဲ လာမေးကြတဲ့ ချစ်သောလေးတွေကို ကျေးဇူးတင်ပါတယ်။

ဒီဆရာမက ဖန်ဆင်းရှင် မဟုတ်တာကြောင့် ဘာအစီအရင်မှလဲ မရှိသလို ဘုရား ယတြာကလွဲရင် ဘာတခုမှ မစီရင်ပေးပါဘူးရှင် 🙏🙏🙏🙏🙏

နှစ်သစ်အတွက် အကုန်လုံး အသစ်ဖြစ်စေဖို့ card အသစ်တွေနဲ့ ဟောပေးမှာမို့ ၂၀၂၅အတွက် ဘိုကင် အသစ် လက်ခံပေးနေပါတယ်။

မေတ္တာဖြင့်

Khaing Hnin Wai Fortune Teller
09408602237 (Viber)

ဝါခေါင်လပြည့် မေတ္တာ အခါတော်နေ့မှာ မေတ္တာစိတ်ကို လေးနက်စွာ ပွါးများနိုင်ကြပါစေ 🙏🙏🙏🙏🙏မေတ္တာဖြင့် Khaing Hnin Wai Fortune ...
19/08/2024

ဝါခေါင်လပြည့် မေတ္တာ အခါတော်နေ့မှာ မေတ္တာစိတ်ကို လေးနက်စွာ ပွါးများနိုင်ကြပါစေ 🙏🙏🙏🙏🙏

မေတ္တာဖြင့်

Khaing Hnin Wai Fortune Teller

Photo Crd

ရှေ့အနာဂတ်မှာ ဘာဖြစ်မယ် ညာဖြစ်မယ် ဆိုတာထက် တနေ့ထက် တနေ့ အကောင်းဆုံးကျော်ဖြတ်ရင် အနာဂတ်လဲမှာလဲ အဆင်ပြေမှာပါ 💐မေတ္တာဖြင့် ...
10/07/2024

ရှေ့အနာဂတ်မှာ ဘာဖြစ်မယ် ညာဖြစ်မယ် ဆိုတာထက် တနေ့ထက် တနေ့ အကောင်းဆုံးကျော်ဖြတ်ရင် အနာဂတ်လဲမှာလဲ အဆင်ပြေမှာပါ 💐

မေတ္တာဖြင့်
Khaing Hnin Wai Fortune Teller

ကိုယ့်ဆီအွန်လိုင်းကမေးရင် စောင့်ရပါတယ် ။စောင့်ရတယ်ဆိုတာ စောင့်ရသူအတွက်တော့အတော်ကြာပါလိမ့်မယ်။ရက်ချိန်းပေးပြီး 3လလောက်ကြာ...
07/07/2024

ကိုယ့်ဆီအွန်လိုင်းကမေးရင် စောင့်ရပါတယ် ။
စောင့်ရတယ်ဆိုတာ စောင့်ရသူအတွက်တော့အတော်ကြာပါလိမ့်မယ်။ရက်ချိန်းပေးပြီး 3လလောက်ကြာသွားတာတွေလဲရှိပါတယ်။

ဘာလို့ကြာလဲဆိုတာသိတဲ့လူလဲ သိကြပါမယ်။
မသိတဲ့လူတွေအတွက်ပြောပြပေးချင်တာပါ။
လူတွေရဲ့ကံတွေကိုဖတ်တဲ့အခါ ကိုယ်တိုင်က စိတ်ကြည်နေမှ ရပါမယ်။အဓိကက စိတ်အကြည်ဓာတ်အရင်တည်ဆောက်တာပါ။

ကိုယ့်ရဲ့ Tarot တွေနဲ့ကိုယ်တသားထဲဖြစ်ဖို့လဲ လိုတာကြောင့် ဘယ်တော့မှ ပီးပီးရောမဟောတာပါ။
ဘယ်လိုပဲကြည့်ကြည့် လူတွေရဲ့ကံကို ကိုယ့် Tarot တွေက အမှန်ပြပေးပေမယ့် ကိုယ်စိတ်မကြည်ရင် ကိုယ့်ရဲ့ ကိုယ်စောင့်နတ်က ကိုယ့်ကို တားပါတယ် 😐

ဒီဆရာမက ဟောပေးတဲ့ အချိန်ကျရင်လဲ သူမေးတဲ့မေးခွန်းအပြင် လိုအပ်မယ် ထင်တာတွေပါ ပြောပြပေးတတ်တာ လာမေးဖူးတဲ့လူတွေသိပါတယ်။
မနေ့ညက ဆို ကိုးနာရီထိုးတဲ့အထိ ဖယောင်းတိုင်လေးထွန်းပြီး အိမ်မှာလာတွေ့တဲ့ client ကိုဟောပေးနေတုန်းပါ။

စိတ်မကြည်ဘူးဆိုတာကလေ လူမျိုးစုံရဲ့ကံတွေစစ်ရတဲ့အခါ သူတို့ရဲ့ အပူတွေပါ ကူးတာမို့ တခါတခါ အပူအရမ်းများတဲ့လူတွေပါလာရင် ကိုယ့်ရဲ့စိတ်ပါ ပင်ပန်းသွားရတာမျိုးတွေကြောင့်ပါ။

ကိုယ့်ရဲ့ ချစ်သောတွေ ရောဂါ ကပ်ဘေးကနေ ဝေးကြပါစေ ❤️

01/07/2024

July လမှာ ကံမြင့်စေဖို့
🪷🪷🪷🪷🪷🪷🪷🪷
ဒီလမှာတော့ တင်နေကျတွေထဲက ခွဲထွက်ပြီး ကံမြင့်စေဖို့ လုပ်ဆောင်ရမယ့် ယတြာလေးတွေ တင်ပေးလိုက်ပါတယ်။
General reading တွေကိုဖတ်ပြီး ကံဆိုးကံကောင်းရွေးနေတာထက် ကုသိုလ်လေးတွေပိုလုပ်ဖြစ်စေချင်လို့ပါ ❤️❤️❤️

တနဂ်‌‌နွေ 🍁

ဒီလမှာ စကားအချေအတင်များစေမယ့်အရာတွေရှောင်ပေးပါ။တတ်နိုင်သမျှစကားနည်းလေ အကျိုးရှိလေပါပဲ။စကားပြောတာထက်ဂုဏ်တော်ပွားနေလိုက်တာက ကိုယ့်အတွက်ပိုပြီး ကံမြင့်စေပါလိမ့်မယ်။
ကိုယ့်ထက်အသက်ကြီးတဲ့ အမေ၊ကြီးတော်၊အစ်မ တွေကို ကန်တော့ပါ။

တနလ်ာ 🪷

စိတ်ထင်တိုင်းမဆုံးဖြတ်ပါနဲ့။ဒီလမှာ ဖြစ်နိုင်ရင် ဒီနေ့ကစပြီး ကိုယ်နှစ်သက်ရာ အဓိဌာန်တခုခုကို တလတိတိ ဝင်ပေးပါ။တတ်နိုင်သမျှ တရားထိုင်ပါ။ဘုရားရှိခိုးတဲ့အခါ အဖြူဝတ်ပြီးရှိခိုးတာပိုသင့်တော်ပါတယ်။ခွေးစာကျွေးပါ။ ကုသိုလ်တွေပြုပြီးတိုင်း အသံပြုအမျှဝေပါ၊ကြေးစည်တီးပါ။

အဂ်ါ 💐

မေတ္တာပို့ပါ။မေတ္တာသုတ်ရွတ်တာကောင်းပါတယ် ဒါပေမယ့် စိတ်နှစ်ပြီးလဲ မေတ္တာပို့ပါ။
ကိုယ့်မေတ္တာစွမ်းအင်က ထိရောက်လေ ကိုယ့်အတွက် အကျိုးရှိလေပါပဲ။နောက်တခုက ကလေးလေးတွေ ပျော်စေတဲ့ အလှူလေးတွေလုပ်ပေးပါ။နွမ်းပါးတဲ့ကလေးတွေကို ကုသိုလ်များများပြုပါ။

ဗု‌ဒ္ဓဟူး 🎉

ဒီလက အထီးကျန်ရတာတခုကလွဲရင် ကျန်တာအဆင်ပြေပါတယ်။ကံပိုမြင့်စေဖို့ မြတ်စွာဘုရားကို အသီးလှူပါ၊ပန်းလှူပါ။တိရစ္ဆာန်လေးတွေအစာကျွေးပါရှင်။

ရာဟု 🌄

ကျန်းမာရေးအနဲငယ်သတိပြုပါ။ကံပိုကောင်းစေဖို့ ဆေးလှူပါ။ပရိတ်ပဌာန်းပူဇော်ပါရှင်။
အရပ် ၁၀မျက်နှာမေတ္တာပို့ပါ။

ကြသပတေး 🌹

ခရီးထွက်ရတတ်သလို နေရာပြောင်းအလုပ်ပြောင်းရတာမျိုးရှိလာပါလိမ့်မယ်။ပြောင်းရွှေ့ခြင်းဟာ ကံကောင်းစေပါတယ်။ငြိမ်နေတာထက်လှုပ်ရှားသွားလာေနရတာက ပိုကောင်းပါတယ်။အစာမှားဆေးစားမှားတတ်တာမို့ သတိပြုပါ။ အသက်လွှတ်တဲ့ ကုသိုလ်များများပြုပါ။

သောကြာ 🌾

မသေချာတဲ့တခုခုကို စောင့်မျှော်နေရလို့ စိတ်ပင်ပန်းပါတယ်။ရင်ထဲက အတ္တတွေကိုလျော့ပါ။
လိုချင်တာတွေများလို့ စိတ်သောကရောက်ရတဲ့ကာလမျိုးပါ။အရာအားလုံးလက်ထဲမှာလို့ ထင်ရပေမယ့် မပိုင်ဆိုင်ရတာမျိုးဖြစ်နေတတ်ပါတယ်။ဖိအားတွေကို လျှော့ချပါ။
အနေကထိုင် ခြေသုတ်ခုံလှုပါ။

စနေ 🌝

ကံတွေပိတ်သွားတယ်ထင်ရတဲ့ အချိန်ပါ။ဒါပေမယ့် ၂ပတ်ကျော်ရင် ပြန်ကောင်းလာပါလိမ့်မယ်။မောရသုတ်ပူဇော်ပါ။ပိုင်ရှင်မဲ့ ခွေးလေးတွေအစာကျွေးပါ။ကုသိုလ် ပြုတဲ့အခါ လပြည့်လကွယ်လေးတွေမှာပို လုပ်ပါ။
ကုသိုလ်ပြုပြီးတိုင်း မြင်အပ်မမြင်အပ်တွေကို အမျှပေးပါရှင်။

အစစအရာရာအဆင်ပြေ အေးချမ်းကြပါစေ ❤️

မေတ္တာဖြင့်

Khaing Hnin Wai Fortune Teller

လိုင်းမကောင်းလို့ page ကို ဝင်မရတာကြာပါပြီ။ပြန်ဝင်လို့ရတဲ့ အချိန်လေးမှာ ကိုယ့်ရဲ့ ချစ်သောလေးတွေအတွက် အကျိုးရှိစေမယ့်အရာလ...
19/06/2024

လိုင်းမကောင်းလို့ page ကို ဝင်မရတာကြာပါပြီ။
ပြန်ဝင်လို့ရတဲ့ အချိန်လေးမှာ ကိုယ့်ရဲ့ ချစ်သောလေးတွေအတွက် အကျိုးရှိစေမယ့်အရာလေး လုပ်ပေးချင်လို့ပါ။

ဒီပို့စ်ရဲ့ အောက်မှာ သိချင်တဲ့ အကြောင်းအရာတခုကို မေးပေးပါ အားရင် အားသလို ပြန်ဖြေပေးပါမယ်။

အလုပ်တဖက်နဲ့ ဟောပေးတဲ့ ဆရာမမို့ ပေးထားသမျှ ဘိုကင်လဲ အမြဲနောက်ကျတတ်ပါတယ်။

မေတ္တာဖြင့်

Khaing Hnin Wai (Fortune Teller)

Client .. ဆရာမ June အတွက်ဟောစာတမ်းတင်ပါဦး။ Me      .. သူများတွေတင်ထားသမျှ pile တွေလိုက်ရွေးဖတ်နေတယ် 😁😁😁😁
09/06/2024

Client .. ဆရာမ June အတွက်ဟောစာတမ်းတင်ပါဦး။
Me .. သူများတွေတင်ထားသမျှ pile တွေလိုက်ရွေးဖတ်နေတယ် 😁😁😁😁

ကိုယ့်ရဲ့ ချစ်သောလေးတွေကို ဆုတောင်းပေးပါတယ် 😌Photo crd
09/06/2024

ကိုယ့်ရဲ့ ချစ်သောလေးတွေကို ဆုတောင်းပေးပါတယ် 😌
Photo crd

လိုင်းလေးရနေတုန်း ခပ်မြန်မြန်လေး post တင်လိုက်တာပါ 😁ပေးထားသမျှ ဘိုကင် လက်ကျန်တွေရော စာအဝင်များပီး ကျန်ခဲ့သမျှတွေရော အရမ်...
05/06/2024

လိုင်းလေးရနေတုန်း ခပ်မြန်မြန်လေး post တင်လိုက်တာပါ 😁

ပေးထားသမျှ ဘိုကင် လက်ကျန်တွေရော စာအဝင်များပီး ကျန်ခဲ့သမျှတွေရော အရမ်းတွေအားနာရပါတယ်။

ဒီတပတ်အတွင်းလဲ ကြည့််ပေးပီး အသံဖိုင်ပို့တဲ့အခါ မနက်ပို့ ညနေမှ ရောက်တာတွေရော လုံးဝမရောက်ဘဲ လေထဲမှာပျောက်သွားတာတွေရော မျိုးစုံသော အကြောင်းအရင်းတွေနဲ့ပါ။

အရမ်းအရေးကြီးရင် ဖုန်းခေါ်ပါရှင်။

Viber မှာလဲ စာအဝင်တွေများတာကြောင့် တချို့message တွေ မြင်ပြီး မပြန်မိတာတွေလဲရှိပါတယ်။

ကြန့်ကြာနေတာတွေအတွက် အားနာရပါတယ်။
ဒေါပုံနား နီးရင်တော့ အိမ်လာကြည့်လို့ ရပါတယ်။
ဖုန်းလေးတော့ တရက် ကြိုဆက်ပေးပါရှင့် ❤️❤️❤️

🙏ရေစက်ချလှူခြင်းနှင့် ရေစက်မချဘဲလှူခြင်း  အကျိုးကွာခြားချက် ရေစက်မချဘဲ လှူတာကို “ဒါန”လို့ ခေါ်တယ်။  ရေစက်ချခြင်းကို “ပတ္...
24/05/2024

🙏ရေစက်ချလှူခြင်းနှင့် ရေစက်မချဘဲလှူခြင်း
အကျိုးကွာခြားချက်

ရေစက်မချဘဲ လှူတာကို “ဒါန”လို့ ခေါ်တယ်။
ရေစက်ချခြင်းကို “ပတ္တိဒါန”လို့ ခေါ်တယ်။

ရေစက်မချဘဲလှူလျှင် ဒါနအကျိုးသက်သက်မျှကိုသာ ရတယ်။
ရေစက်ချတဲ့အတွက် ဒါနအကျိုးမျှ မကဘူး ၊
ပတ္တိဒါနအကျိုးကိုလည်း ရတယ်။

🙏ပတ်တိဒါန

ပတ္တိဒါနအကြောင်းကို အနည်းငယ် ပြောပြဦးမယ်။
ပတ္တိ+ဒါန ဆိုတဲ့ ပုဒ်နှစ်ပုဒ်မှာ
မိမိထံ ကုသိုလ်ရောက်လာတာကို “ပတ္တိ”လို့
ခေါ်တယ်။
🙏ဒါန ဆိုတာ ပေးခြင်း။

ဒါကြောင့် မိမိထံ ရောက်လာတဲ့ ကုသိုလ်ကို
သူတစ်ပါးထံ အမျှပေးဝေခြင်းကို ပတ္တိဒါန လို့ခေါ်တယ်။
ရှေးဦးစွာ တစ်စုံတစ်ခုသော ဝတ္ထုကို လှူတယ်။
ထိုသို့ လှူတဲ့အတွက် ရောက်လာတဲ့ ဒါနစေတနာကို
“ပတ္တိ”လို့ ခေါ်တယ်။

🙏မိမိထံရောက်လာတဲ့ ဒါနစေတနာကို
ကြားကြားသမျှ သာဓုခေါ်တော်မူကြပါလို့
ဝေငှပေးတဲ့ စေတနာကို “ပတ္တိဒါန”လို့ ခေါ်တယ်။

ကိုယ်ရထားတဲ့ကုသိုလ်ကို သူတစ်ပါးတို့အား ပေးလိုက်လျှင်
ကိုယ့်မှာကုသိုလ် ကုန်သွားရော့လားလို့ တွေးမှားစရာ ရှိတယ်။

မီးတိုင်တစ်တိုင် ထွန်းထားရာက မီးတိုင်အများ
မီးလာကူးတဲ့အတွက် မူလမီးရဲ့ အရောင်အလင်းဟာ လျော့မသွားသည့်အပြင် အလင်းရောင် ပိုလာသလို
မူလကုသိုလ်ရှင်မှာ ကုသိုလ် မကုန်တဲ့အပြင်
ပတ္တိဒါန ကုသိုလ်အကျိုးကိုပင် ထပ်ပြီးရသေးတဲ့အတွက်
ရေစက်မချဘဲ လှူလျှင် ဒါနအကျိုး သက်သက်မျှသာ ရတယ်။

ရေစက်ချ အလှူပေးတဲ့အတွက်
ပတ္တိဒါနအကျိုးကိုပါ ရတယ်လို့ မှတ်သားသင့်တယ်။

ရေစက်ချစဉ် ခံယူရမည့်စိတ်ထားက᠌᠌᠌
ရုပ်တရား နာမ်တရား မှန်သမျှ ဖြစ်ပြီး ပျက်တတ်တာချည်းမို့
မမြဲတဲ့ အနိစ္စဆိုတာလည်း ရုပ်နာမ်ပဲ ။
ဆင်းရဲတတ်တဲ့ ဒုက္ခဆိုတာလည်း ရုပ်နာမ်ပဲ ။
ခိုင်မာမှုမရှိတဲ့ အနတ္တဆိုတာလည်း ရုပ်နာမ်ပဲ ။

ဤကုသိုလ်ကြောင့်᠌᠌᠌ အနိစ္စ ဒုက္ခ အနတ္တ ဖြစ်တဲ့
ရုပ်နာမ်တို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏' လို့်
မိမိစိတ်ကို နိဗ္ဗာန်ဆီ ညွှတ်ထားရမှာ ဖြစ်တယ်။

ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ (၆)᠌᠌᠌ စာအုပ်မှ-

Address

Yangon

Telephone

+959408602237

Website

Alerts

Be the first to know and let us send you an email when Khaing Hnin Wai Fortune Teller posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khaing Hnin Wai Fortune Teller:

Share