For You Digital Marketing Services

For You Digital Marketing Services Best For Your Business

22/05/2022

ဘောလုံးpage 3k 5k 6k
Fashion page 5k 4k
ရပါအုံးမယ်
နှစ်မျိုးလုံးကရှားတဲ့pageတွေနော်❣️❣️

17/05/2022

Qဝါ 12k
Qစိမ်း 15kရှိအုံးမယ်

ပိုက်ဆံစုရင်ချမ်းသာမယ်ဆိုတဲ့ အယူအဆကိုတော့ ကျနော် ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်ပိုက်ဆံကို ကြိုးစားပမ်းစားရှာ ရှာပီးတာနဲ့အသ...
29/04/2022

ပိုက်ဆံစုရင်ချမ်းသာမယ်ဆိုတဲ့ အယူအဆကိုတော့ ကျနော် ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်

ပိုက်ဆံကို ကြိုးစားပမ်းစားရှာ ရှာပီးတာနဲ့အသေအလဲစု
ဘဏ်မှာပဲစုစု လက်ထဲမှာပဲစုစု
အချိန်တန် အဲ့စုထားတဲ့ငွေတန်ဖိုးကလျော့ကျလာမှာပါ
ကုန်စျေးနှုန်းတွေကလဲမြင့်တက်လာနေအုံးမှာပဲ

မိတ်ဆွေ ငယ်ငယ်က ငွေ ၁သောင်းဟာ သိပ်တန်ဖိုးကြီးပါတယ် ခုချိန်မှာတော့ ငွေ ၁သောင်းဟာ ဘာမှမပြောပလောက်တဲ့အနေအထားဖြစ်နေပါပြီ

ကျနော်တို့ငယ်ငယ်တုံးက ဇီးထုပ်တထုပ်မှ ၁ကျပ်
ငွေ၁၀ရှိရင် ဗိုက်ကားအောင်စားလို့ရတဲ့အထိ အဖိုးတန်ခဲ့တဲ့ ၁၀တန်ဟာလဲ ခုဆို ဘယ်သူမှမယူတော့တဲ့ပိုက်ဆံဖြစ်နေပါပြီ
သီလရှင်ကိုတောင်လောင်းလို့မရတော့ပါဘူး
တန်ဖိုးတွေလဲလျော့ကျသွားပါပြီ

မိတ်ဆွေတို့ ကလေးနောင်ရေးအတွက် ဘဏ်မှာ တလ၃သောင်းစီဖြစ်ဖြစ် ပုံမှန်စုထားတဲ့ငွေဟာလည်း တချိန်ငွေကြေးဖောင်းပွလာမှု ကုန်စျေးနှုန်းမြင့်တက်လာမှုတွေရဲ့ မိုးကြိုးပစ်မှုကို
ဘဏ်မှာစုတာအတိုးရတယ်ကွဆိုတဲ့ ထန်းလက်သေးသေးလေးနဲ့ ကာနိုင်မယ်ထင်ပါသလား?

အမှန်တကယ်က ချမ်းသာချင်ရင် ပိုက်ဆံကိုသုံးရမှာပါ
ငွေကိုအသေမထားပဲ ငွေနဲ့ငွေ မိတ်ဆွေဖွဲ့ခိုင်းရပါလိမ့်မယ်
ဒါမှသာ တိုးပွားမှုရှိလာနိုင်မှာပါ
ပိုက်ဆံသုံးတဲ့နေရာမှာ ဦးနှောက်လေးပါတွဲသုံးရင် ပိုမြန်ဆန်ပါလိမ့်မယ်

ဥပမာတစ်ခုအနေနဲ့ ပြောရရင် အဝတ်အစားတွေဝယ်ဖို့ ပိုက်ဆံသုံးလိုက်တဲ့ အမျိုးသမီးတစ်ယောက်ဟာ သူချမ်းသာဖို့အတွက် သုံးတာပါ

၁.လက်လီဝယ်ဖို့သုံးတာလား?
၂.လက်ကားဝယ်ဖို့သုံးတာလား?

ဘယ်လိုပဲသုံးသုံးပါ

၁.လက်လီဝယ်ဖို့သုံးမယ်ဆိုရင် လိုချင်တာလေးတွေရလို့
စိတ်ချမ်းသာပါမယ်
(ဖြုန်းတယ်လို့ မပြောလိုပါဘူး အနည်းဆုံးတော့လိုချင်တာရရင် စိတ်ချမ်းသာတတ်ကြသည်မဟုတ်လား)

၂.လက်ကားဝယ်ဖို့သုံးမယ်ဆိုရင် ဖောက်သည်ပေးလို့ရသလို ကိုယ်တိုင်လည်း လက်လီလက်ကားပြန်ရောင်းနိုင်လို့ လူချမ်းသာပါမယ် (ဒီလိုငွေသုံးခြင်းကတော့ ဦးနှောက်လေးပါတွဲသုံးတာမျိုးပါ)

သေချာပါတယ် ငွေသုံးခြင်းကသာ ကျနော်တို့ကို ချမ်းသာမှုတွေပေးတတ်တာပါ ကိုယ်ရောစိတ်ရော တခုမဟုတ်တခုကိုချမ်းသာစေတာပါပဲ

သူဌေးတွေကိုကြည့်လိုက်ပါ သူတို့တွေရဲ့ဝင်ငွေတွေဟာ ငွေသုံးခြင်းကနေ စီးဝင်နေတာပါ များများသုံးလေ များများဝင်လေပါပဲ ဒီလုပ်ငန်းတခုပြီး နောက်လုပ်ငန်းတစ်ခု စသဖြင့် ထပ်ကာထပ်ကာငွေကိုသုံးသုံးသွားကြတာပါ

ကဲ...ဒီတော့ နောင်၁၀နှစ်မှာ ဖြစ်လာနိုင်တာတွေကို ကြိုတွေးပြီး ငွေကိုစုမလား သုံးမလား ဆုံးဖြတ်ကြပေါ့ဗျာ


#နော်ဂဲလယ်ထူး (စာပေပရဟိတ)

18/04/2022

Address

Yangon

Telephone

+959444602209

Website

Alerts

Be the first to know and let us send you an email when For You Digital Marketing Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to For You Digital Marketing Services:

Share