SHWE LATT YAR Printing Service

SHWE LATT YAR  Printing Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SHWE LATT YAR Printing Service, Business service, Yangon.

04/10/2022

အခုနေသာ ငါသေသွားခဲ့ရင်
~~~~~~~~~~~~~~~~
တစ်လမှာ ရက်ပေါင်း(၃၀)လုံး....
သားရေး သမီးရေး
စီးပွားရေး လူမှုရေးတွေနဲ့ပဲ
နေတဲ့ ပုဂ္ဂိုလ်တွေကို
မေ့နေတဲ့ ပုဂ္ဂိုလ်တွေလို့ ခေါ်တယ်
ကိုယ့်ကိုယ်ကို
နစ်မှန်းမသိ နစ်နေတဲ့ ပုဂ္ဂိုလ်တွေပေါ့

ကိုယ့်အတွက် ကိုယ် နေ့စဉ်နေ့တိုင်း
ဒါန ပြုရဦးမယ်...
သီလ စောင့်ရဦးမယ်...
သမထ ဝိပဿနာတွေ
ပွားများ အားထုတ်ရဦးမယ်

ဒီအလုပ်တွေကို
နေ့စဉ် လုပ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ
သတိရှိတဲ့သူတွေ
ကိုယ့်ကိုယ်ကို ဆယ်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်

အဲဒီလို မဟုတ်ပဲနဲ့
အလုပ် ရှုပ်တဲ့အကြောင်း ...
အလုပ် မဟုတ်တဲ့ အကြောင်းတွေနဲ့ ရှုပ်ပွနေကြပြီး
တစ်နေ့ တစ်နေ့ ဘုံဆိုင် အလုပ်တွေနဲ့ပဲ
အသက် ကြီးနေကြတာ....

အိုရမယ် အမှန်....
- နာရမယ် အမှန်....
- သေရမယ် အမှန်....
သေရေးကို....
ဘယ်လို ရင်ဆိုင်ကြမှာလဲ...
မဖြစ်မနေတော့ ရင်ဆိုင်ကြရတော့မယ်

ကောင်းမှုကုသိုလ် သုစရိုက်တွေပြုပြီး....
ရင်ဆိုင်ကြမှာလား?....
မကောင်းမှုအကုသိုလ် ဒုစရိုက်တွေလုပ်ပြီး....
ရင်ဆိုင်ကြမှာလား?

ဒီနေရာမှာ ကောင်းမှုကုသိုလ်ဆိုတာ ...
အခံတရား လှေနဲ့ တူတယ်...
မကောင်းမှု အကုသိုလ်ဆိုတာ...
ဝန်ထုပ်ဝန်ပိုးနဲ့ တူတယ်...

ကောင်းမှုကုသိုလ် နည်းနည်းလုပ်ရင် ....
လှေငယ်ငယ်နဲ့ တူတယ်....
မကောင်းမှု အကုသိုလ် နည်းနည်းပဲ လုပ်ရင်
ဝန်ပေါ့တယ်

ဒီတော့ လှေကိုပဲ ကြီးအောင် လုပ်မလား?...
ဝန်ကိုပဲ များအောင် တင်မလား?....
ဝန်လေးတာနဲ့အမျှ ဝန်မနိုင်ရင် နစ်သွားမယ်
လှေကြီးကြီးနဲ့ ဝန်ပေါ့ကလေးသာ တင်မိတယ်
ဆိုရင်တော့ -...
မသိမသာ ဝန်ကလေးမို့
လှေဟာ ပေါလော ပေါ်နေမယ်

သေခါနီးကာလမှာ
ကံရယ် ကမ္မနိမိတ်ရယ် ဂတိနိမိတ်ရယ်ဆိုပြီး
နိမိတ် သုံးမျိုး လာပါတယ်

ဒီမှာ ကံဆိုတာက
မိမိတို့ ဘဝတစ်လျှောက် ပြုခဲ့တဲ့...
ကောင်းမှု မကောင်းမှု ကံတွေပါ...
အဲဒီကံတွေထဲက တစ်မျိုးမျိုးသော ကံက.
အနာဂတ်ဘဝ နောက်ဘဝ
ပဋိသန္ဓေ ဇာတိကို ဖြစ်စေမယ့်ကံ...
အဲဒီကံကလည်း သေခါနီးကာလမှာ
ထင်ဟပ် လာတတ်ပါတယ်...

မိမိ ဘဝတစ်လျှောက်....
ကောင်းတဲ့ သုစရိုက်တွေ ပြုခဲ့ရင်
ကောင်းကျိုး ပေးပြီး...
မကောင်းတဲ့ ဒုစရိုက်တွေ လုပ်ခဲ့ရင်....
မကောင်းကျိုး ပေးမှာပါ...

ဒါဖြင့် ကောင်းကျိုးအတွက်....
- ဒါနကုသိုလ်....
- သီလကုသိုလ်....
- ဘာဝနာကုသိုလ်တွေကို လုပ်ထားဖို့ မလိုဘူးလား...

ဒါန သီလ သမထလောက်နဲ့ပဲလည်း ...
မတင်းတိမ်ကြပါနဲ့နော်...
ဝိပဿနာဘက်ကို ဦးစားပေးလုပ်ကြပါ...

မအားဘူးဆိုပြီး....
ဟိုနေ့ရွှေ့ဒီနေ့ရွှေ့လုပ်မနေကြပါနဲ့
သေခြင်းတရားဆိုတာ
မအားသေးတာကို မစောင့်ဘူး.
ကနေ့ သေတဲ့ မသာတွေ အားလို့ သေတယ်ဆိုတာ...
တစ်ယောက်မှ မရှိဘူးနော်...

ဇာတိရရင် သေရမှာ အမှန်သိရက်နဲ့...
ဇာတိ တစ်ဖန်ရဖို့ ကြိုးစားခြင်းဟာ ....
သေဆေး ဖော်စားနေကြခြင်း ဖြစ်တယ်...

အားမှ လုပ်မယ် အားမှ လုပ်မယ် ဆိုပြီး...
အားရက် စောင့်မယ်ဆိုလို့ရှိရင်....
အခေါင်းထဲ ဝင်တဲ့နေ့ပဲ...

ဒါကြောင့် အားရက်ကို မစောင့်နဲ့တော့...
ဒီကနေ့သည် ကိုယ့်အတွက်
မနက်ဖြန်သည် ကိုယ့်အတွက် မဟုတ်ဘူးလေ...
အနာဂတ်ဆိုတာ မသေချာဘူးတဲ့....

ကွေးသောလက် မဆန့်ခင် ....
ဆန့်သောလက် မကွေးခင် ဆိုသလို....
ဒီည သေသွားရင် ဘယ့်နှယ်လုပ်မလဲ...
ကိုယ်ကျိုး မနည်းဘူးလား...

ဒါကြောင့် အသင့်ပြင်ထားကြပါ...

❁ အပ်ပမာဒနေ သမ်မာဒထေ ❁ ဖြူသဲ မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်။

19/08/2022

" ဘဝမွာ
မပြေတာကို
ပြေသလို နေရတဲ့အခါ
ကွယ်ရာမှာ ပိုနာကျင်ရတယ် ။

မပျော်တာကို
ပျော်ချင်ယောင် ဆောင်ပြရတဲ့အခါ
နှစ်ဆ ပို ငိုကြွေးရတယ် ။

တခါတေလ
ဟန်ဆောင်ထားရင်း
ပြုံးထားနေရင်းနဲ့
အတွင်း ဒဏ်ရာတွေ
လှိုက်စားနေတာ
ဘယ်သူမှ မသိကြဘူး ။

ပိုပိုပြီး ပြုံးနေရတဲ့
အပြုံး အပျော်တွေ နောက်ကွယ်မှာ
ခိုးခိုး သုတ္ခဲ့ရတဲ့
မျက်ရည်တွေ ရှိ‌နေခဲ့တယ် ။

အားလုံးရဲ့ အမြင်မှာ
သိပ်အဆင်ပြေ‌နေတယ်ပေါ့
တစ်ယောက်ထဲ" ဘဝမှာ
မပြေတာကို
ပြေသလို နေရတဲ့အခါ
ကွယ်ရာမှာ ပိုနာကျင်ရတယ် ။

မပျော်တာကို
ပျော်ချင်ယောင် ဆောင်ပြရတဲ့အခါ
နှစ်ဆ ပို ငိုကြွေးရတယ် ။

တခါတေလ
ဟန်ဆောင်ထားရင်း
ပြုံးထားနေရင်းနဲ့
အတွင်း ဒဏ်ရာတွေ
လှိုက်စားနေတာ
ဘယ်သူမှ မသိကြဘူး ။

ပိုပိုပြီး ပြုံးနေရတဲ့
အပြုံး အပျော်တွေ နောက်ကွယ်မှာ
ခိုးခိုး သုတ္ခဲ့ရတဲ့
မျက်ရည်တွေ ရှိ‌နေခဲ့တယ် ။

အားလုံးရဲ့ အမြင်မှာ
သိပ်အဆင်ပြေ‌နေတယ်ပေါ့
တစ်ယောက်ထဲ
ကမ္ဘာပျက်နေတာကိုတော့
ဘယ်သူမှ မရိပ်မိခဲ့ကြဘူး ။

ဒါပေမယ့် ငါ နေတတ်ခဲ့ပါပြီလေ"...။

ပန်း ပျိုး လက်✍️
ဆရာမလေး

19/08/2022

မာနတွေထားနေမယ့်အစား လူတိုင်းအပေါ်
မေတ္တာထားနိုင်အောင် ကြိုးစားမယ်...

တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်နေမယ့်အစား
လိုအပ်တဲ့သူတွေကို ဖေးမကူညီမယ်...

" ငါ " ဆိုတဲ့ အတ္တစွဲနေမယ့် အစား ကိုယ်နဲ့တွေ့ဆုံတဲ့ ဘယ်သူအပေါ်မှာပဲ ဖြစ်ဖြစ် အတတ်နိုင်ဆုံး စေတနာထားမယ်...

ကိုယ့်ကိုမလိုတဲ့သူကို မုန်းတီးနေမယ့်အစား သူ့တို့ဘဝအေးချမ်းပါစေလို့ မေတ္တာပွားလိုက်မယ်...

ဒဏ်ရာတွေကို ပိုပြီးနားလည်လာတဲ့ အခါ
မနာကျင်ရတော့ဘူး သူ့ဆီကနေ ကိုယ့်အတွက်
ပိုကောင်းတဲ့ သင်ခန်းစာတွေရှိတယ်...

ပတ်ဝန်းကျင်ရဲ့ တိုက်ခိုက်ခြင်းတွေကြောင့်
ပြိုလဲရတာလဲ ခဏတာပါပဲ...

ဘယ်လိုတိုက်ပွဲပဲဖြစ်ဖြစ် စိတ်ထားကောင်းတဲ့သူက
အမြဲတမ်း ပထမပဲ အစကတည်းကလဲ မရူံးသလို အမြဲတမ်းအောင်နိုင်ပြီးသားပါ...

ဖြူစင်တဲ့သူကို ဘယ်သူမှအရောင်ဆိုးလို့
မရသလိုပဲ အရောင်တွေအမျိုးမျိုး ပြောင်းတတ်တဲ့သူဟာလည်း ဘယ်တော့မှ ဖြူစင်ခြင်းရဲ့ တန်ဖိုးကို
သိမှာမဟုတ်ဘူး...

ကိုယ့်ဘဝကို ကိုယ်သာနားလည်ဆုံးမို့ ဘယ်သူခင်းပေးတဲ့လမ်းမှ မလျှောက်တတ်သလို ဘယ်သူပေးတဲ့ နာကျင်စရာတွေကိုလည်း မယူတတ်ဘူး...❤။

ဆုမြတ်နိုး (𝐰.𝐬)

15/08/2022

အားမငယ်လိုက်ပါနဲ့....

ရိုးသားမူရှိတဲ့သူက ပိုပြီးအတတ်နှင်းခံရတတ်တယ်။

နားလည်မူပေးတဲ့သူက ပိုပြီး လိမ်လှည့်ဖျားမူတွေခံရတတ်တယ်။

မိသားစုမှာ သိတတ်တဲ့သူတွေက ပိုပြီးပင်ပန်းခံရတတ်တယ်။

သူငယ်ချင်းအပေါင်းအသင်းကြားမှာ အလိုက်သိတဲ့သူတွေက ပိုပြီး အနစ်နာခံရတတ်တယ်။

ဖြူဖြူစင်စင်နဲ့ ကြိုးစားတဲ့သူက ပိုပြီးခက်ခဲနေတတ်တယ်။

လက်တွေ့နစ်နာ ခံဖူးတဲ့သူတွေက ဒီခံစားချက်ကို ကောင်းကောင်းသိပေမယ့်။ သာမာန်လူတွေက နားမလည်နိုင်ကြဘူး။

ရှေ့ဆက်ပြီးတော့လည်း ရှိနေအုံးမှာဘဲ။ မရိုးသားတဲ့လူက မရိုးမသား လုပ်နေအုံးမှာပဲ။ ရိုးသားတဲ့သူက ဘယ်နေရာရောက်ရောက် ရိုးသားနေကြအုံးမှာပဲ။

ချစ်တတ်တဲ့သူက ချစ်နေအုံးမှာပဲ။ မုန်းတတ်တဲသူလည်း မုန်းနေအုံးမှာပဲ။ မကြိုးစားတတ်သူက အပြစ်တွေမြင်နေအုံးမှာပဲ။ ကြိုးစားတတ်တဲ့သူက နစ်နာပင်ပန်းပါစေ ကြိုးစားသွားအုံးမှာပဲ။

သူကဒီလို ငါကဒီလိုဆိုတာတွေကို အချိန်ကုန်ခံပြောနေစရာ မလိုပါဘူး။ သူလျှောက်တဲ့လမ်း သူရောက် ကိုယ်လျှောက်တဲ့လမ်း ကိုယ်ရောက်နေစမြဲ။

သူငယ်ချင်းရေ ဘဝမှာ ပိုနာကျင်ခံရတဲ့အခါ။
ပိုနစ်နာခံရတဲ့အခါ။ ပိုပင်ပန်းခံရတဲ့အခါမှာ အားမငယ်လိုက်ပါနဲ့ မင်းဟာ သူများထက် ပိုတော် ပိုအရည်အချင်းရှိနေလို့ပါပဲ။

#မေတ္တာများစွာဖြင့်
(ဘဝစာပေ)
__________________________________
𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍
မေတ္တာဖြင့်တဆင့်
ပြန်လည်မျှဝေပေးပါသည်
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"
လူငယ်များအတွက်
စိတ်ခွန်အားဖြစ်စေမည့်
#ဘာသာရေးအသိပညာပေး
#ဘ၀အောင်မြင်ရေး
#စိတ်ဓါတ်မြှင့်တင်ရေး
#စိတ်ဓါတ်ခွန်အားပေးစာစုများ
#ဝတ္ထုအတိုဝတ္ထုအရှည်များ
#ဒဿနစာစုများ
#ဗဟုသုတရသစာပေများကို
တနေရာထည်းမှာပဲ ရသအစုံ
ဖတ်ချင်လိုပါက 🅰︎🅲︎🅲︎ နဲ့
🅿🅰🅶🅴 လေးကို
𝐀𝐝𝐝 ༒︎ 𝐟𝐨𝐥𝐥𝐨𝐰𝐞𝐝
𝐒𝐞𝐞 ✞︎ 𝐅𝐢𝐫𝐬𝐭 လုပ်ထားလိုက်ပါ
👇✔︎👇✔︎👇✔︎🅿🅰🅶🅴
https://www.facebook.com/ငါဘဝ-အတွက်-ငါရှိတယ်-103517665457202/
👇🏻✔👇🏻✔👇🏻✔🅰🅲🅲
https://www.facebook.com/profile.php?id=100057121953908
👇🏻✔👇🏻✔👇🏻✔🅿🅰GE
https://www.facebook.com/ဘဝအောင်မြင်ရေးစာပေ-103465915781962/

15/08/2022

စိတ်ထားနိမ့်ရင်
ဘယ်လောက်လှလှ သိက္ခာက စကားပြောပါတယ်

မရိုးသားရင်
ဘယ်လိုဖုံးဖုံး အပုတ်အနံက ထွက်လာမှာပဲ

ဘယ်နည်းနဲ့ဘဲသုံးသုံး
အမှန်တရားဆိုတာ ဘယ်တော့မှ ဖုံးလို့မရပါဘူး။


#နန်းသန်းသန်းဌေး (ဘဝစာပေ)

Address

Yangon
11181

Website

Alerts

Be the first to know and let us send you an email when SHWE LATT YAR Printing Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share