Khaing Digital Enterprise

Khaing Digital Enterprise I'm working full time as an Accountant🧑‍💻 and also Global Digital Business Entrepreneur🙌💗🍀

Good morning all 🌄🌻 ကျေးဇူးတရားများနှင့် နေ့တစ်နေ့ကို အစပြုကြရအောင် 😘အစားသောက်ကောင်းတွေ စားချင်တဲ့အစာတွေ သာယာတဲ့ပါတ်ဝန်း...
08/07/2025

Good morning all 🌄🌻
ကျေးဇူးတရားများနှင့် နေ့တစ်နေ့ကို
အစပြုကြရအောင် 😘
အစားသောက်ကောင်းတွေ
စားချင်တဲ့အစာတွေ
သာယာတဲ့ပါတ်ဝန်းကျင်မှာ
နိုးထရှင်သန်ခွင့်ရလို့
ကျေးဇူးတင်ပါတယ် ❤️🙏

Welcome July 🤗ကံကောင်းခြင်းများစွာ ယူဆောင်လာပေးပါ 🍀
01/07/2025

Welcome July 🤗
ကံကောင်းခြင်းများစွာ
ယူဆောင်လာပေးပါ 🍀

 #နယုန်လပြည့်  #မဟာသမယအခါတော်နေ့''''''''''''''''''''''''''''''''''''"""""""""""၁၀.၆.၂၀၂၅ ရက်နေ့သည် နယုန်လပြည့်နေ့ ဖြစ်ပြ...
10/06/2025

#နယုန်လပြည့် #မဟာသမယအခါတော်နေ့
''''''''''''''''''''''''''''''''''''"""""""""""

၁၀.၆.၂၀၂၅ ရက်နေ့သည် နယုန်လပြည့်နေ့ ဖြစ်ပြီး ဗုဒ္ဓသာသနာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာနေ့လေးတစ်နေ့ဖြစ်ပါသည်။ နယုန်လပြည့်နေ့ကို မဟာသမယနေ့ (သို့) မြတ်သော အခါတော်နေ့ ဟုလည်း ခေါ်တွင်ကြပါတယ်။

ဘုရားရှင်လက်ထက် လယ်သမားတို့ အဓိက အားထားရတဲ့ ရောဟိနီမြစ်ရေဟာ မိုးခေါင်ပြီး ရေခမ်းလာတဲ့ အတွက် နှစ်ပြည်ထောင်တို့ အဝေမတည့်ဖြစ်ခဲ့ကြပါတယ်။ ဒီရေကို သကတ္ကတိုင်းကလည်း ငါ့တိုင်းပြည်ကပိုင်တယ်၊ ကောလိယတိုင်းကလည်း ဒီရေကို ငါ့တိုင်းပြည်က သာပိုင်တယ် ငြင်းရင်း ပဋိပက္ခဖြစ်ကြရာမှ ပြည်ထောင် နှစ်ခု ကြား စစ်ချီသည် အထိပါ ဖြစ်ခဲ့ကြတယ်။ ဘုရားရှင် ဝါတော် (၄)ဝါ အရောက် သက္ကတတိုင်း၊ ကပ္ပိလဝတ်ပြည် နိကြောဓာရုံကျောင်းတွင် သတင်းသုံးတော်မူနေစဉ် ထိုအကြောင်းကိုသိတော်မူခဲ့သည်။ နှစ်ပြည်ထောင်တို့ ကမ်းတစ်ဖက်စီ၌ စစ်ဖြစ်ခါနီးတွင် ဘုရားရှင် ကြွရောက်လာကာ ရောဟိနီမြစ်ရဲ့ကောင်းကင်တွင် ထက်ဝယ်ဖွဲ့ခွေ၍ စစ်ဖြစ်ရတော့မည့် အကြောင်းကိုမေးရာ ရေ ကြောင့်ဟုဖြေကြသောကြောင့် မြတ်စွာဘုရားရှင်က ရေ ထက် လူ့အသက်သည် ပိုအရေးကြီးကြောင်း ၊ မိမိတို့သည် ဆွေမျိုးများ ဖြစ်ကျသည့် အတွက် စစ်မက်ဖြစ်ပွားရန်လိုကြခြင်း သည် မသင့်မြတ်ကြောင်း ဆုံးမ၍ ဇာတ်တော် (၅) ဇာတ် နှင့် သုတ်တော် (၁) သုတ် တို့ကို ဟောကြားတော်မူလေသည်။
📌စည်းလုံးကျစေရန် . . .
“ရုက္ခဓမ္မဇာတ်တော်”
📌 အချင်းချင်း ငြင်းခုန် ကွဲပြားမှု မရှိစေရန် . . .
“ဝဋ္ဋကဇာတ်တော်”
📌 ရန်သူကိုအထင်မသေးမိစေရန် . . .
“လဋုကိကဇာတ်တော်”
📌ကိစ္စသေးသေးကို အကျယ်ချဲ့အငြင်းမပွားကျစေရန် . . .
“ပထဝီဥန္ဒြိယဇာတ်တော်”
📌 ရန်ငြိုးမဖွဲ့ကျစေရန် . . .
“ဖန္ဒနဇာတ်တော်”
📌 ညီညွတ်ကြစေရန် . . .
“အတ္တဒဏ္ဍသုတ်တော်”
အဲဒီလို “သုတ္တန်တစ်ခု နှင့် ဇာတ်တော် ငါးခု” တို့ကို
မိမိ၏ ဆွေမျိုးများအား ကောင်းကင်ကနေ
ဟောကြားတော်မူခဲ့ပါတယ်။
ထိုသို့တရားဟောလိုက်သောအခါ အသိအမြင်အမှန်များရသွားကြကာ တစ်ဖက်စီမှ (၂၅၀) သောနှစ်ပြည်ထောင်စစ်သည် (၅၀၀) တို့လည်း ဘုရားရှင်ရဲ့သာသနာ့ဘောင်သို့ ဝင်ကာရဟန်းပြုခဲ့ကြပါသည်။ မြတ်စွာဘုရားသည် ကပ္ပိလဝတ်တိုင်း အနီးရှိ ဟိမဝန္တာတောင်ခြေ မဟာဝန ခေါ် ထူနက်သည့်တောကြီးတွင် ကမဋ္ဌာန်းတရားပေးခဲ့ပါသည်။ သို့ရာတွင် ရဟန်းတော်များ၏ လောကီအိမ်တွင်ကျန်ရှိခဲ့သော ဇနီးမယားဟောင်းများက လာရောက်ဖြားယောင်းကြသည့်အတွက် ရဟန်းဘဝကိုငြီးငွေ့လာကြပါတယ်။ မြတ်စွာဘုရားသည်လည်း သားတော်တို့၏စိတ်ကို သိမြင်တော်မူသည့်အတွက် ကုဏာလအိုင်သို့ခေါ်ကာ ကာမ၏အပြစ်ကိုဖော်ပြသော မဟာကုဏာလဇာတ်တော်ကြီးကို ဟောကြားတော်မူခဲ့ပါတယ်။ ဇာတ်တော်အဆုံးတွင်ရဟန်း (၅၀၀) တို့သည် သောတပတ္တိမဂ်ဖိုလ်သို့ ဆိုက်ရောက်ကြပါသည်။ ထို့နောက် နယုန်လပြည့်နေ့တွင် ရဟန်း(၅၀၀) တို့သည်ရဟန္တာများ ဖြစ်ကြသဖြင့် မြတ်စွာဘုရားထံသို့ ကြွရောက်ကြရာ စကြာဝဋ္ဌာအပေါင်းမှ နတ် ဗြဟ္မာ တို့သည် လည်း မဖိတ်ကြားဘဲ မြတ်စွာဘုရားထဲ ကြွရောက်လာကြသည်။ ကြွရာက်လာကြသူများလှ၍ နေရာမလောက်သောကြောင့် တန် ခိုးကြီးသောနတ်များသည် သေးငယ်အောင်ဖန်ဆင်းကာပင် နေကြရသည်။ မြတ်စွာဘုရားရှင်က မဟာသမယသုတ်ကို နတ်၊ ဗြဟ္မာတို့၏စရိုက်အလိုက် -
(၁) ရာဂစရိုက်ရှိသော နတ် ဗြဟ္မာတို့အတွက်
"သမ္မာပရိဗ္ဗာဇနိယသုတ်"
(၂) ဒေါသစရိုက်ရှိသော နတ် ဗြဟ္မာတို့အတွက်
"ကလဟဝိဝါဒသုတှ"
(၃) မောဟစရိုက်ရှိသောနတ် ဗြဟ္မာတို့အတွက်
"မဟာဗျူဟာသုတ်"
(၄) ဝိတတ်စရိုက်ရှိသော နတ် ဗြဟ္မာတို့အတွက်
"စူဠဗျူဟာသုတ်"
(၅) သဒ္ဓါစရိုက်ရှိသော နတ် ဗြဟ္မာတို့အတွက်
"တုဝဋ္ဋသုတ်"
(၆) ပညာစရိုက်ရှိသော နတ် ဗြဟ္မာတို့အတွက်
"ပုရာဘေဒသုတ်"
ဟူ၍ “သုတ်ပေါင်း (၆)သုတ်” တို့ကို တစ်နေ့တည်း
ဟောတော်မူခဲ့ပါတယ်။
ကုဋေပေါင်းများစွာသော နတ် ဗြဟ္မာတို့သည်လည်း သစ္စာလေးပါး တရားသိမြင်၍ ကျွတ်တန်းဝင်ကာ အရိယာများ
ဖြစ်သွားကြပါတယ်။
ရေလုပွဲတိုက်ခိုက်ကြသောနှစ်ပြည်ထောင်သားတို့ဘေးရန်မှကင်းဝေးခြင်း
🚩ကပ္ပိလဝတ် နှင့် ကောလိယ နှစ်ပြည်ထောင် ငြိမ်းချမ်းရေးရသည့်နေ့ဖြစ်ခြင်း
🚩ရဟန်း (၅၀၀) လုံး ရဟန္တာ ဖြစ်တော်မူသည့်နေ့ဖြစ်ခြင်း
🚩နတ်၊ ဗြဟ္မာ၊အသူရာ၊ဂဠုန်၊နဂါး၊ ရဟန်းအပေါင်းတို့စုရုံးမိသောနေ့ဖြစ်ခြင်း
🚩မဟာသမယကိုအကြောင်းပြု၍ ဂဠုန်၊ နဂါး မေတ္တာသက်ဝင်သောနေ့ဖြစ်ခြင်း
🚩မဟာသမယဆိုင်ရာ သုတ္တန် ခုနှစ်မျိုးကိုဟောတော်မူခြင်း
စသည့်များဖြင့်ထူးခြားသည့်နေ့လေးတစ်နေ့ဖြစ်ပါသည်။
ဤသို့အားဖြင့် ဗုဒ္ဓသာသနာတော်သမိုင်းမာ အထင်ကရနေ့ တစ်နေ့လည်းဖြစ်တဲ့ ထူးခြားတဲ့ နယုန်လပြည့်နေ့ ၊မဟာသမယနေ့ ကိုအရင်းတည်၍ မဟာသမယနေ့ ဖြစ်ပေါ်စဉ်ကအကြောင်းအရာတွေကို သံဝေဂယူ၊ ဘုရားရှင်ရဲ့ အဆုံးအမများကို လိုက်နာ နာယူကာ ဝိပဿနာတရား ကျင့်ကြံ၍ မဂ်၊ ဖိုလ် နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်ကြပါစေ

.......မူရင်းတင်သူ
#လေးစားစွာဖြင့်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။

Hello! 🤗 Welcome June ! ကံကောင်းခြင်းများစွာ ယူဆောင်လာပေးပါ ❤️🚘🏡♾️💵🍀♾️💵🚘🏡❤️Today is my Lucky day 🍀💕
01/06/2025

Hello! 🤗
Welcome June !
ကံကောင်းခြင်းများစွာ ယူဆောင်လာပေးပါ ❤️
🚘🏡♾️💵🍀♾️💵🚘🏡❤️
Today is my Lucky day 🍀💕


Morning Everyone 🌞🌄 မင်္ဂလာရှိသော နေ့သစ်လေးကိုကြိုဆိုပါတယ် 😍အေးချမ်းသာယာတဲ့ရာသီဥတုလေးနဲ့အတူ ကျန်းမာချမ်းသာစွာရှင်သန်ခွင့...
12/05/2025

Morning Everyone 🌞🌄
မင်္ဂလာရှိသော နေ့သစ်လေးကို
ကြိုဆိုပါတယ် 😍
အေးချမ်းသာယာတဲ့ရာသီဥတု
လေးနဲ့အတူ ကျန်းမာချမ်းသာစွာ
ရှင်သန်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်💵🍀

မိဘနှစ်ပါးနှင့် မိသားစုဝင်များ၏ ဂုဏ်ကျေးဇူး
ဆရာသမားများ၏ ဂုဏ်ကျေးဇူး
မိတ်ဆွေကောင်းများ၏ ဂုဏ်ကျေးဇူးများကို
အစဉ်အောက်မေ့ ဦးထိပ်ထားလျှက်
၇ ရက်သားသမီးများ ကျန်းမာချမ်းသာကြပါစေ🙏
ပြည့်စုံကြွယ်ဝလိုတရတဲ့ ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ❤️🙏
နေ့တစ်နေ့ကို အစပြုပါပြီ 🍀🙏

အရာရာတိုင်းအတွက်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်



မင်္ဂလာနံနက်ခင်းပါရှင့် 🍀💟ကံကောင်းခြင်း များစွာပိုင်ဆိုင်ရမယ့် မေလ လေးကိုကြိုဆိုပါတယ် ပြည့်စုံကြွယ်ဝလိုတရခြင်းကံကောင်းခြ...
01/05/2025

မင်္ဂလာနံနက်ခင်းပါရှင့် 🍀💟
ကံကောင်းခြင်း များစွာ
ပိုင်ဆိုင်ရမယ့် မေလ လေးကို
ကြိုဆိုပါတယ်
ပြည့်စုံကြွယ်ဝလိုတရခြင်း
ကံကောင်းခြင်း
ရွှေငွေ အမြဲစီးဝင်လာခြင်းကို
ပိုင်ဆိုင်ခွင့်ရလို့
ကျေးဇူးတင်ပါတယ် 🙏
ကျေးဇူးတင်ပါတယ် 🙏
ကျေးဇူးတင်ပါတယ် 🙏



 #အရမ်းကောင်းတဲ့စာသားပါ ===================ပန်းတိုင်ကိုရောက်ဖို့အတွက်လူတွေရဲ့ မျက်လုံးတွေကို မကြည့်ပါနဲ့ ကိုယ့်လမ်းကိုသာ...
24/04/2025

#အရမ်းကောင်းတဲ့စာသားပါ
===================

ပန်းတိုင်ကိုရောက်ဖို့အတွက်
လူတွေရဲ့ မျက်လုံးတွေကို မကြည့်ပါနဲ့
ကိုယ့်လမ်းကိုသာကြည့်ပါ။

အောင်မြင်မှု ရဖို့အတွက်
လူတွေရဲ့စကားတွေကို နားထောင်မနေပါနဲ့ ။
ကိုယ့်ဆုံးဖြတ်ချက်ကိုသာ
ခိုင်ခိုင်မာမာချပါ။

ဘဝတက်လမ်းအတွက်
လူတွေရဲ့ အမူအယာတွေကို ဂရုမစိုက်ပါနဲ့။
ကိုယ်လုပ်သင့်တာကို ရဲရဲဝံ့ဝံ့လုပ်ပါ။

စကားများများ ပြောမိရင်
ရူးနေလားလို့ အထင်ခံရလိမ့်မယ်။

စကားပြန်မပြောရင်လည်း
မာနကြီးတယ်လို့ အထင်ခံရလိမ့်ယ်။

အမြဲတမ်းပြုံးနေရင်
ပေါတောတောလို့ အထင်ခံရလိမ့်မယ်။

တည်တည်ကြည်ကြည် နေမိရင်လဲ
ဘဝင်မြင့်နေတယ်လို့ အထင်ခံရလိမ့်မယ်။

ကိုယ့်ဘဝကို ကိုယ်တိုင်သိနေတာပဲ လို့
သူတစ်ပါးကို မထိခိုက်ပဲ
ကိုယ်အဆင်ပြေသလို နေထိုင်တတ်ဖို့က အရေးကြီးပါတယ်။

သူတစ်ပါးလဲကျနေရင် စေတနာသန့်သန့်နဲ့
ကိုယ်တတ်နိုင်သလောက် ဆွဲထူပေးလိုက်ပါ။

ကိုယ်လဲကျနေရင်တော့ ကိုယ်တိုင်ပဲ
ပြန်ထနိုင်အောင်ကြိုးစားပါ။
ဘာကြောင့်လဲဆိုတော့
ကိုယ့်လို စိတ်ဓာတ်မျိုးက သူတစ်ပါးဆီမှာ ရှိချင်မှရှိမှာ။

မနေ့ကဆိုတာ အတိတ်တခုပါ
မနက်ဖြန်ဆိုတာလဲ အိပ်မက်တစ်ခုပါပဲ။
ဒီနေ့သာလျှင် ဘဝတစ်ခုလေ
ဘဝဆိုတာ ပျော်လည်းတစ်နေ့ မပျော်လည်းတစ်နေ့ပါပဲ။

အကောင်းဆုံးဖြစ်အောင်
ဘယ်လိုဖြတ်သန်း ရမလဲဆိုတာ
ကိုယ့်အပေါ် မှာပဲ မူတည်တယ်။

အရိုးသားဆုံး လူတစ်ယောက် မဖြစ်သေးရင်တောင်
ကိုယ့်ကိုယ်ကို မလိမ်မိစေနဲ့၊ ယုံကြည်မှု မပျက်စေနဲ့
ကိုယ်အတွက် ယုံကြည်ရဆုံးက
ကိုယ်တစ်ယောက်တည်းပဲ ရှိပါတယ်။

စာဖတ်မိတ်ဆွေအားလုံး အောင်မြင်မှုပန်းတိုင်ကို
အမြန်ဆုံးလျှောက်လှမ်းနိုင်ကြပါစေ..............


#လေးစားစွာဖြင့်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။

အောင်မြင်အောင်လည်း ကြိုးစားမယ်။ပျော်ရွှင်အောင်လည်း နေထိုင်မယ်။နေ့ရက်တိုင်းကို ဘယ်သူ့အကြောင်းကိုမှ မတွေးဘဲ•••ကိုယ့်စိတ်ကိ...
23/04/2025

အောင်မြင်အောင်လည်း ကြိုးစားမယ်။
ပျော်ရွှင်အောင်လည်း နေထိုင်မယ်။

နေ့ရက်တိုင်းကို ဘယ်သူ့အကြောင်းကိုမှ မတွေးဘဲ•••
ကိုယ့်စိတ်ကို အအေးချမ်းဆုံး ထားမယ်။

ဘယ်လိုကိစ္စပဲ ကြုံလာကြုံလာ•••
တည်တည်ငြိမ်ငြိမ်နဲ့ ကျော်ဖြတ်နိုင်အောင် ရင့်ရင့်ကျက်ကျက် ရှင်သန်မယ်။

ရှင်သန်နေတဲ့ ကာလပတ်လုံးလည်း
ဘယ်သူ့ကိုမှ မထိခိုက်အောင် နေမယ်။

နောင်တရစရာမလိုတဲ့ အတိတ်ကိုပဲ ဖန်တီးပြီး•••
ကိုယ့်အတွက် ငြိမ်းချမ်းစေတဲ့ နေရာဒေသမှာပဲ•••
လက်ကျန်နေ့ရက်ကို ဖြတ်သန်းဖို့ ဆုံးဖြတ်ထားတယ်။

#အတူတူကြိုးစားကြမယ်။


#ဖားစည်ရည်ကျော်
#လေးစားစွာဖြင့်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။

🌿🌱ရာသီစာလေး 🌱🌿ဒီနှစ်ရဲ့ ပထမဦးဆုံး မကျည်းရွက်သုပ်လေး 🫶❤️ခိုင်မာနဲ့ အကြိုက်တူ တွေရှိကြလားရှင့် 🥰
23/04/2025

🌿🌱ရာသီစာလေး 🌱🌿
ဒီနှစ်ရဲ့ ပထမဦးဆုံး မကျည်းရွက်သုပ်လေး 🫶
❤️ခိုင်မာနဲ့ အကြိုက်တူ တွေရှိကြလားရှင့် 🥰

မနက်ခင်း အစောပိုင်း နှစ်ဆန်း တစ်ရက်နေ့ ကုသိုလ်လေးပါရှင့် 🙏🙏🙏🍀နှစ်သစ်ဆုတောင်း 🍀၇ ရက်သားသမီး အားလုံးဘေးအန္တရာယ်အပေါင်းမှ က...
17/04/2025

မနက်ခင်း အစောပိုင်း
နှစ်ဆန်း တစ်ရက်နေ့
ကုသိုလ်လေးပါရှင့် 🙏🙏🙏

🍀နှစ်သစ်ဆုတောင်း 🍀
၇ ရက်သားသမီး အားလုံး
ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး
စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့်
ပြည့်စုံကြပါစေ 🙏🙏🙏

အိမ်တိုင်း မိသားစုတိုင်း
စီးပွားဥစ္စာ များစွာ တိုးပွား လာပါစေ
ရွှေမိုး ငွေမိုး ရတနာမိုးများ
ရွာသွန်းဖြိုးပါစေ 🙏🙏🙏

ကျွန်ုပ်သည်လည်း
အဖက်ဖက်မှ စီးပွား ဥစ္စာများ
စီးဝင်လာတဲ့အတွက်
ကျေးဇူးတင်ထိုက်သူများနှင့်
မိဘ ဆရာသမားများ
ကျေးဇူးဂုဏ်ကို အစဉ်အောက်မေ့လျှက်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ် 🎁💵💎🏡🍀🏡🙏🙏🙏



Address

Yangon

Alerts

Be the first to know and let us send you an email when Khaing Digital Enterprise posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share