Coach Julia- Maximize Your Power

Coach Julia- Maximize Your Power A trusted place for anyone who wants to be success & happy Business man/ women.

13/05/2026
13/05/2026

ရောင်းအားတကယ်ကောင်းပြီး
တိုးတက်တဲ့လုပ်ငန်းဖြစ်ဖို့ဒီအချက်လေးတွေလိုက်လုပ်ကြည့်ပါ




21/04/2026

🌼နှစ်ဦးကုသိုလ်🌼
နတ်လူသာဓုခေါ်နိုင်ပါစေသော်

 #ထူးခြားသာလွန်တဲ့အကောင်းဆုံးသော  ( ရလဒ်) တွေရဖို့စိတ်အား/ခွန်အား/ဉာဏ်အား (၃)ခုစလုံးအားစိုက်ရပါတယ်။ပေါ့ပေါ့ လွယ်လွယ်နဲ့လ...
06/02/2026

#ထူးခြားသာလွန်တဲ့အကောင်းဆုံးသော ( ရလဒ်) တွေရဖို့
စိတ်အား/ခွန်အား/ဉာဏ်အား (၃)ခုစလုံးအားစိုက်ရပါတယ်။

ပေါ့ပေါ့ လွယ်လွယ်နဲ့လုပ်လိုက်တဲ့
အလုပ်တွေက သာလွန်ထူးခြားတဲ့
Results တွေမရနိုင်ပါဘူး။

ဒါကြောင့် ကိုယ်လုပ်လိုက်တဲ့
အလုပ်တိုင်းအပေါ်မှာ

1. မိမိအလုပ်က အကောင်းဆုံးဖြစ်နိုင်ဖို့ #အကြံဉာဏ် (Idea)
တွေသေချာထုတ်ပါ။

2. အလုပ်အပေါ်မှာ #အားအင်အပြည့်စိုက်ပါ။

3. ကိုယ်ဖန်တီးပြီးသားအကြောင်းရာကို #အပြန်ပြန်အထပ်ထပ်စစ်ဆေးပါ။

4. #များများတွေး/ #များများစဉ်းစားပါ။

5. ကိုယ့်တစ်ဖက်ထဲရဲ့အမြင်မဟုတ်ဘဲနဲ့
ကိုယ့်ရဲ့ #ဝယ်သူ/ #ဖောက်သည်တွေဘက်ကအမြင်ကိုပါထည့်သွင်းစဉ်းစားပြီးတော့
အကောင်းဆုံးဖန်တီးလုပ်ဆောင်မယ်ဆိုရင်

အောင်မြင်ပျော်ရွှင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ဘဝကို အမြန်ဆုံးရနိုင်ပါလိမ့်မယ်။

အခုအကြောင်းအရာလေးက
မိတ်ဆွေတို့အတွက် အကျိုးရှိလိမ့်လို့ ယုံကြည်ပါတယ်

အကျိုးတယ်ဆိုလို့ရှိရင် Yes 👍🆗🚩 လို့ မန့်ပေးခဲ့ပါအုံးရှင့်☺️

ချစ်တဲ့ Coach Julia ♥️






 #စီးပွားရေးလုပ်ငန်းရှင်တွေ‌အောင်မြင်ပျော်ရွှင်တဲ့ဘဝကိုရဖို့နေ့စဉ်လုပ်ဆောင်သင့်တဲ့ကျေးဇူးတရားကျင့်စဉ်။ကျေးဇူးတရားကျင့်စဉ...
03/02/2026

#စီးပွားရေးလုပ်ငန်းရှင်တွေ‌အောင်မြင်ပျော်ရွှင်တဲ့ဘဝကိုရဖို့နေ့စဉ်လုပ်ဆောင်သင့်တဲ့ကျေးဇူးတရားကျင့်စဉ်။

ကျေးဇူးတရားကျင့်စဉ် ဆိုတာ #စိတ်ကိုအေးချမ်းစေပြီးအောင်မြင်တဲ့ဘဝကိုအလွယ်တကူရရှိစေနိုင်ဖို့ ဘဝထဲက #ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေကိုပိုမိုတန်ဖိုးထားတတ်အောင် လေ့ကျင့်ရတဲ့အလေ့အကျင့်တစ်ခုပါ။

ကျေးဇူးတရားကျင့်စဥ် လေ့ကျင့်ခြင်းရဲ့ကောင်းကျိုးများစွာကိုအရှေ့မှာဖော်ပြခဲ့ပြီးဖြစ်တာကြောင့် ဒီတစ်ခါမှာတော့ လေ့ကျင့်ရမယ့်ကျင့်စဉ်အသေးစိတ်ကိုဖော်ပြပေးပါမယ်။

🌅 ၁။ မနက်ခင်း ကျေးဇူးတရား Affirmation (နေ့တိုင်း 3–5 မိနစ်)
မနက်အိပ်ယာထပြီး အသက်ရှု/ရှိုက် ပြင်းပြင်း ၃ ခါလုပ်ပြီး အောက်ကစာတွေကို တစ်ကြိမ်စီ ပြောပါ👇

♦️ ဒီနေ့ အသက်ရှင်နေရတာအတွက် ကျေးဇူးတင်ပါတယ်

♦️ ကျွန်မ/ကျွန်တော်မှာ ရွေးချယ်နိုင်‌စွမ်း တွေ ရှိတာကို ကျေးဇူးတင်ပါတယ်

♦️ဒီနေ့က ကောင်းသောအခွင့်အလမ်းသစ်တွေ ယူဆောင်လာမယ်လို့ ယုံကြည်ပါတယ်

♦️ကိုယ့်ဘဝမှာ ရှိပြီးသားအရာတွေကို တန်ဖိုးထားနိုင်တာကို ကျေးဇူးတင်ပါတယ်

♦️ကျနော်/ကျမရဲ့ ရဲ့လုပ်ငန်း‌ေတွက လူတွေကို အကျိုးပြုနေပြီး တည်ငြိမ်စွာလည်ပတ်နေရင်းနဲ့
ဝင်ငွေတွေ သဘာဝကျကျ စီးဝင်လာနေတဲ့အတွက်ကျေးဇူးတင်ပါတယ်

♦️အေးချမ်း‌ေပျာ်ရွှင်တဲ့စိတ်နဲ့ ဒီနေ့ကို ကြိုဆိုပါတယ်

🧘‍♀️ ၂။ အသက်ရှုခြင်းနဲ့ ကျေးဇူးတရား (၂ မိနစ်)
မျက်လုံးပိတ်ပြီး
အသက်ရှုသွင်း – “ကျေးဇူးတင်ပါတယ်”
အသက်ရှုထုတ် – “လက်ရှိအချိန်ကို လက်ခံပါတယ်”
အကောင်းဆုံးသောအခြေအနေတွေကိုဖန်တီးနေတဲ့အတွက်ကျေးဇူးတင်ပါတယ်။

ဆိုပြီး ၁၀ ကြိမ် လုပ်ပါ။
စိတ်ပူပန်မှု လျော့သွားတာကို သိသိသာသာ ခံစားရပါလိမ့်မယ် 🌸

💬 ၃။ လူတွေကို ကျေးဇူးတင်ကြောင်း ပြောခြင်း
- မိသားစု
- လုပ်ဖော်ကိုင်ဖက်
- သားသမီး
- ဖောက်သည်တွေနဲ့
- တနေ့တာလုံး ကိုယ်နဲ့ ထိဆက်မှုရှိတဲ့အရာအားလုံးအပေါ်

“ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စကားကို
နေ့စဉ် အနည်းဆုံး တစ်ကြိမ် ပြောပေးပါ 💞

🌙 ၄။ ညအိပ်မတိုင်ခင် Affirmation (2–3 မိနစ်)
အိပ်ယာပေါ်လှဲပြီး တိတ်တိတ်လေး ပြောပါ👇

♦️ ဒီနေ့ ကြုံတွေ့ခဲ့တဲ့ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်

♦️ သင်ခန်းစာတွေ ရခဲ့တာကို ကျေးဇူးတင်ပါတယ်

♦️ မနက်ဖြန် ပိုကောင်းတဲ့နေ့ဖြစ်မယ်လို့ ယုံကြည်ပါတယ်

♦️တနေ့တာလုံးကိုအောင်မြင်ပြီး ပျော်ရွှင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် အဖြစ်နဲ့ဖြတ်သန်းခွင့်ရခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။

♦️စိတ်နဲ့ကိုယ်ကို နှစ်ခြိုက်စွာအနားယူခွင့်ပေးပါတယ်

♦️အေးချမ်းစွာ အိပ်စက်ခွင့်ရတာကို ကျေးဇူးတင်ပါတယ်

💛 အကြံပြုချက်
စာရေးလို့မရတဲ့နေ့တွေမှာ စိတ်ထဲကပဲ ပြန်ကြည့်လည်း ရပါတယ်
အရေးကြီးတာက တည်တံ့မှု ပဲပါ 🌱

စိတ်နှစ်ပြီးတော့အာရုံစူးစိုက်မှုအပြည့်နဲ့ပြောပေးပါ။

ပြောနေစဉ်မှာ စိတ်နဲ့ ခန္ဓာကိုယ်ကို ပြေလျော့ထားပါ/စိတ်ကိုလျော့ချထားပါ။

‌အောင်မြင်ပျော်ရွှင်သောစီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြပါစေရှင့် 🙏🙏🙏

👇 ကျေးဇူးတရားကျင့်စဉ်ရဲ့ အကျိုးကျေးဇူးတွေကို အသေးစိတ်သိနိုင်ဖို့ ကွန်မန့်မှာဖတ်ပါ

အခုအကြောင်းအရာလေးက
မိတ်ဆွေတို့အတွက် အကျိုးရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။

အကယ်၍ ကြိုက်နှစ်သက်တယ် ဆိုလို့ရှိရင် Yes 👍🆗🚩 လို့ မန့်ပေးခဲ့ပါအုံးရှင့်

နောက်ထပ်ပြီးတော့ဘယ်လိုအကြောင်းအရာလေးတွေရေးစေချင်လဲဆိုတာကိုလဲ ပြောပေးခဲ့ပါဦးနော် ☺️

ချစ်တဲ့ ♥️



Address

Yangon

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Coach Julia- Maximize Your Power posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share