26/02/2024
မနက်အိပ်ယာထချိန်က စလို့ ညဘက် အိပ်ယာဝင်ခါနီးအထိ Digital ပစ္စည်းတွေနဲ့ ထိတွေ့နေရတာကြောင့် မျက်မှောက်ခေတ်ကို Digital ခေတ်လို့ ဆိုရင်လည်း မမှားပါဘူး။ Digital ပစ္စည်းတွေကို အသုံးပြုတဲ့နေရာမှာ လိုအပ်တဲ့ Data အချက်အလက်တွေ အချိန်နဲ့တပြေးညီ ရရှိနိုင်ဖို့ Internet ကလည်း တဖက်တလမ်းက ကူညီ ပံ့ပိုးပေးနေပါတယ်။ ဒီနေ့မှာတော့ ဘယ်အချက်တွေက အင်တာနက်ကို တနေ့တာမှာ ဘယ်လောက်အရေးပါနေစေသလဲ ဆိုတာကို ဖော်ပြပေးချင်ပါတယ်။
🌐 ဆက်သွယ်ရေး
SMS နဲ့ ဖုန်းခေါ်ဆိုမှုတွေ အစား Social Media နဲ့ VOIP တွေကတဆင့် ဆက်သွယ်မှုခြင်းတွေကို ဒီနေ့ခေတ်မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေပါပြီ။ ဒါ့ကြောင့်ပဲ လူတွေက ဖုန်းမှာ အင်တာနက်ချိတ်ဆက်ပြီး Social Media ကတဆင့် လူတွေနဲ့ နေ့စဉ်ဆက်သွယ်နေကြပါတယ်။
💻 အလုပ်နဲ့ ထုတ်လုပ်မှုစွမ်းအား
လက်ရှိအချိန်မှာ လုပ်ငန်းတွေမှာလည်း ကွန်ပျူတာ၊ စမတ်ဖုန်းတွေနဲ့ချိတ်ဆက်ပြီး လုပ်ငန်းဆောင်တာတွေ ပြီးမြောက်ဖို့ လုပ်ဆောင်နေကြပါပြီ။ အခုလို လုပ်ငန်းတွေက Digitalization ပြောင်းလဲလိုက်ရာလည်း အင်တာနက်က လုပ်ငန်းတိုင်းအတွက် မရှိမဖြစ် အရေးကြီးလာပါတယ်။
📘 ပညာရေး
အွန်လိုင်းသင်တန်းများ၊ ပညာရေးဝဘ်ဆိုဒ်များနှင့် ဒစ်ဂျစ်တယ်အရင်းအမြစ်တွေကတဆင့် သင်ယူမှု ပိုမို လွယ်ကူအောင် လုပ်ဆောင်နိုင်ပြီး သမာရိုးကျ စာသင်ခန်းပညာရေးထက် ပိုမို အဆင့်မီတဲ့ ပညာရေးတရပ်ကို အကောင်အထည်ဖော်အောင် ဆောင်ရွက်လာပါပြီ။
🎤 ဖျော်ဖြေရေး
လက်ရှိ ပြည်တွင်းမှာ အင်တာနက်ကို အသုံးချမှု အများဆုံးနေရာလို့ ပြောလို့ရပါတယ်။ ထုတ်လွှင့်ခြင်းဆိုင်ရာ ဝန်ဆောင်မှုများ၊ အွန်လိုင်းဂိမ်းကစားခြင်း၊ ဆိုရှယ်မီဒီယာနှင့် အခြား Platform တွေကနေ ဖျော်ဖြေရေး အစီအစဉ်တွေကို ရယူနိုင်နေကြပါတယ်။
📲 eCommerce
အွန်လိုင်းစျေးဝယ်မှု နှုန်းထားကလည်း (၁) နှစ်ထက် (၁) နှစ် ပိုမို တိုးတက်လာတာကြောင့် အင်တာနက် ချိတ်ဆက်ပြီး စျေးဝယ်နိုင်အောင် ပြုလုပ်ထားတဲ့ Internet အရွေ့ကလည်း ပိုမို ကြီးထွားလာပါတယ်။ နေအိမ်ကနေ တဆင့် အေးအေးဆေးဆေး စျေးဝယ်နိုင်တာကြောင့် eCommerce စျေးဝယ်ခြင်း ကိစ္စကလည်း လူအများ နိစ္စဓူဝ အွန်လိုင်းပေါ်မှာ ပြုလုပ်နေတဲ့ ကိစ္စတရပ်ဖြစ်လာပါတယ်။