Lily Mart

Lily Mart We are offering the medical related goods for your healthy life.

အသစ်ဝင်တဲ့ မြန်မာမှု ပစ္စည်းလေးများ ပြည်တွင်းဖြစ် ကို အားပေးပါ ❣️
12/10/2022

အသစ်ဝင်တဲ့

မြန်မာမှု ပစ္စည်းလေးများ

ပြည်တွင်းဖြစ် ကို အားပေးပါ ❣️

ဒီနေ့ရောင်းတဲ့ငွေက နက်ဖြန်အရင်းမရတော့ပါဘူးဗျာ 12,000 အောက် အရင်ဈေးနဲ့ ရောင်းပေးခဲ့တဲ့ နောက်ဆုံးအပတ်ပါမြေဲဆီ စစ်စစ်သန့်သန...
31/07/2022

ဒီနေ့ရောင်းတဲ့ငွေက နက်ဖြန်အရင်းမရတော့ပါဘူးဗျာ

12,000 အောက် အရင်ဈေးနဲ့ ရောင်းပေးခဲ့တဲ့ နောက်ဆုံးအပတ်ပါ

မြေဲဆီ စစ်စစ်သန့်သန့်
1liter
၁ပိသာ
၂ပိသာ
၃ပိသာ
၅ပိသာ
ဈေးတွေ မိုးပျံနေအောင်တက်ပေမယ့်
အရင်အော်ဒါ အရင်ဈေးတွေမို့
စားသုံးသူ လက်လီ direct ဝယ်သူတွေပျော်
လက္ကားသမားတွေ ပိုင်ပြီပေါ့ဗျာ

မြေပဲဈေးကျဖို့ ဆုတောင်းကြမယ်ဗျာ

19/07/2022

မြန်မာပြည်ရဲ့ ကျဆုံးလေပြီးသော
အာဇာနည်ခေါင်းဆောင်ကြီးများအားလုံးကို
လွမ်းဆွတ်ကြေကွဲ ဆို့နင့်ဝမ်းနည်းစွာ
ဂုဏ်ပြုပါတယ် 🙏

🇲🇲 အာဇာနည်နေ့ တို့မမေ့ 🇲🇲
🥀🥀🥀🥀🥀🥀🥀🥀🥀🥀

လွန်ခဲ့တဲ့ (၇၅) နှစ်၊ တိတိကျကျပြောရရင်
၁၉၄၇-ခုနှစ် ဇူလိုင်လ (၁၉) ရက်၊
နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်တွင်
မသမာသူလူတစု၏ လုပ်ကြံမှုကြောင့်
ကျဆုံးသွားသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွအာဇာနည် ခေါင်းဆောင်ကြီးများအား
ရိုသေလေးစားစွာဂါရဝပြုရန်
တိုက်တွန်းနှိုးဆော်အပ်ပါသည်....။❤

#အာဇာနည်နေ့
#၁၉ဇူလိုင်မမေ့နိုင်

🙇‍♀️ကျန်းမာရေး ဂရုစိုက်ပါ🙇‍♀️ကျန်းမာအောင် နေကြပါ🙇‍♀️လည်ချောင်းရှင်းဖို့ ချွဲပျော်အောင် ရေနွေးငွေ့ရှူပေးကြပါ 🙋‍♀️July pro...
14/07/2022

🙇‍♀️ကျန်းမာရေး ဂရုစိုက်ပါ
🙇‍♀️ကျန်းမာအောင် နေကြပါ
🙇‍♀️လည်ချောင်းရှင်းဖို့
ချွဲပျော်အောင် ရေနွေးငွေ့ရှူပေးကြပါ

🙋‍♀️July promotion only 🙋‍♀️

#ကိုဗစ်မျိုးကွဲOmicron BA.4 / BA.5
ဆက်တိုက်လာနေပါပြီ

Day 1 - မှာ ချမ်းစိမ့်ပြီး ကိုယ်လက်တွေ မအီမသာစဖြစ်မယ်၊ ခေါင်းတွေ အုံလာမယ်၊ သိသိသာသာကြီးအားနည်းလာမယ်

Day 2 - တစ်ဝက်လောက်က စဖျားမယ်၊ ချမ်းတုန်နေမယ်၊ အများစုက မခံနိုင်လောက်အောင် ခေါင်းစကိုက်မယ်၊ ကိုယ်တွေလက်တွေ ရိုက်ထားသလိုနာမယ်၊ ထိုင်းမှိုင်းနေမယ်၊ အစာမဝင်တော့ဘူး၊ ညဖက်တွေ အိပ်မပျော်တော့ဘူး၊ လည်ပင်းထဲ နေလို့မကောင်းတော့ဘူးတွေ စဖြစ်လာပါမယ်

Day 3 - လည်ပင်းစနာလာတယ်၊ ရင်ခေါင်းထဲမှာ တစ်ဆို့ကြီး ဖြစ်နေမယ်၊ အဓိက ချွဲတွေစပိတ်လာမယ်၊ အဲဒီအချိန် တချို့မှာ အသက်ရှူကြပ်တဲ့ လက္ခဏာတွေ စပြလာမယ်၊ SpO2 တိုင်းပြီး အောက်စီဂျင် သွေးတွင်းပမာဏကို စောင့်ကြည့်နေရမယ်၊ ညပိုင်းမှာ ဗိုက်အောင့်ဗိုက်ရစ်ဖြစ်ပြီး ဝမ်းစသွားပါ့မယ်

Day 4 - နှာစစီးလာမယ်၊ နှာ‌ရည်ယိုမယ်၊ နှာခေါင်းပိတ်မယ်၊ ခေါင်းပြင်းထန်စွာကိုက်တာနဲ့ ရင်ဘတ်ထဲ နေမသိထိုင်မသာဖြစ်တာနဲ့ တွဲမယ်၊ တချို့လူတွေမှာ chest painလို့ ခေါ်တဲ့ ရင်ဘတ်အောင့်တာပါဖြစ်မယ်၊ ချွဲတွေ ပိုပျစ်ပြီး အရောင်ပြောင်းလာမယ်၊ ညဖက်တွေမှာ ချွေးတွေနစ်နေအောင် ထွက်တတ်တယ်၊ အဆုတ်ကို အအေးထပ်မမိအောင် သတိထားပါ

Day 5 - နှာခေါင်းထဲ အနံ့အာရုံ၊ ပါးစပ်ထဲက အရသာတွေ ပျောက်သွားမယ်၊ ခါးသက်သက်နဲ့ အစပ်အရသာတွေလောက်ပဲ အီလည်လည်ရမယ်၊ အစာလုံးဝမစားချင်ဘူး၊ မစားရင်လည်း အားပြတ်မယ်၊ ကြိတ်မှိတ်ပြီးစားရသလို အအေးမမိအောင်လည်း နေရတယ်၊ ညပိုင်းမှာ နှာခေါင်းထဲ မီးခိုး‌နံ့ကြီးပဲ ကျန်ခဲ့မယ်၊ ဆား‌ရည်နဲ့ နှာခေါင်းတွင်းကို ဆေးပေးရမယ်

Day 6 - တော်ရုံခုခံအားရှိသူတွေက ဒီနေ့မှာ စသက်သာလာမယ်၊ တချို့တွေမှာ PCR Negative ပြန်ပြနိုင်ပေးမဲ့ အစားမစားနိုင်သူ ကိုယ်ခံအားနည်းသူတွေအတွက် ဆက်တိုက်ပွဲဝင်ရပါဦးမယ်၊ ချွဲကြပ်တဲ့ဒဏ်နဲ့အတူ အအေးမိပြီး အဆုတ်ထပ်မရောင်အောင် ဂရုစိုက်ပေးမှ စိတ်ချရပါ့မယ်

Day 7 - ရောက်တာကိုမှ အပေါ်ကလက္ခဏာတွေ ဆိုးဆိုးဝါးဝါးဆက်ခံစားနေရသေးရင် သို့ Swab test Positive ပြနေသေးရင် သို့ အောက်စီဂျင် စကျလာရင်တော့ နီးစပ်ရာ ဆရာဝန်၊ ဆေးရုံဆေးခန်းမှ လိုအပ်‌သည့် အကူအညီ အမြန်ဆုံးရယူဖို့လိုပါတယ်၊ Omicronအစကလို မပေါ့ကြပါနဲ့

တစ်ယောက်တစ်လေမဟုတ်ပဲ လက်ရှိကိုဗစ်ကူးစက်ခံရသည့် လူနာတော်တော်များများမှာ အထက်ပါလက္ခဏာအများစုကို ပြင်းပြင်းထန်ထန်ခံစားရပါတယ်

ုပ်ပြီးအိမ်မှာပဲနေမည့်လူအများစု
လိုအပ်မည့်ဆေးတွေကတော့
Paracetamol လိုမျိုးအဖျားကျဆေး၊
Ibuprofenလိုမျိုး အကိုက်အခဲပျောက်ဆေး၊
Acetylcysteine - ACCလိုမျိုး ချွဲပျော်ဆေး၊
ဝမ်းလျောဝမ်းပျက်တာနဲ့ စသောက်ဖို့ Probiotics၊

Vit C , D, Zinc အစရှိတာတွေနဲ့အတူ အရေးကြီးဆုံးက
ORS ခေါ် လူကြီးတိုင်း ကလေးတိုင်းအတွက်ဓါတ်ဆားပါပဲ၊ သောက်ချင်ချင် မသောက်ချင်ချင် တစ်ရက်ကို 1 to 2 Liter လောက် သောက်လိုက်ပါ၊ ဒီလိုအိမ်မှာ ဆောင်ထားလို့ရသည့် တော်ရုံဆေးတွေနဲ့ မသက်သာရင်တော့ ဆေးခန်းပြပါခင်ဗျာ

ဆီးချိုသမားတွေ အချိုဓါတ် နေ့စဉ်စစ်ကြည့်သင့်သလို သွေးတိုးနှလုံးသမားတွေက သွေးတိုင်းနှလုံးခုန်သတိထားသင့်ပါတယ်၊ တစ်ယောက်နဲ့ တစ်ယောက် ကူးစက်ဖြစ်ပျက်ပုံချင်း မတူညီနိုင်သည့်အတွက် အိမ်မှာနေရင်း မိမိအခြေအနေကို အားမရဘူးဆို ဆရာဝန်တစ်ယောက်‌ယောက်နဲ့ အမြန်ဆုံးတိုင်ပင်ပြီး ကျန်းမာရေးအကြံဉာဏ် အကူအညီရယူတာကတော့ စိတ်ချရဆုံး အကောင်းဆုံးပါပဲလို့ နှိုးဆော်ပါရစေ

and respect to bro
Dr. Hadee Maung © July 2022

ယနေ့ ဝါ စဝင်ပါပြီနော်🙏🙏🙏ဝါတွင်း (၃)လ ပုတီးအဓိဌာန် ဝင်မယ့်ဓမ္မမိတ်ဆွေများအားလုံးကိုအသိပေးလိုက်ပါတယ်ရှင့်🙏🙏🙏နတ်လူသတ္တဝါအား...
11/07/2022

ယနေ့ ဝါ စဝင်ပါပြီနော်🙏🙏🙏

ဝါတွင်း (၃)လ ပုတီးအဓိဌာန် ဝင်မယ့်ဓမ္မမိတ်ဆွေများအားလုံးကိုအသိပေးလိုက်ပါတယ်ရှင့်🙏🙏🙏

နတ်လူသတ္တဝါအားလုံးအပူကင်းပျောက်အအေးရောက်ပါစေ 🙏🙏🙏

ဂုဏ်တော်ကိုးပါး အကျိုးသိချင်သူများအတွက်ပါ🙏

၁။ သောဘဂဝါ ဣတိပိ အရဟံ။
ဘုန်းကျက်သရေ တိုးတက်စေသည်။

၂။ သောဘဂဝါ ဣတိပိ သမ္မာ သမ္ဗုဒ္ဓေါ။
အကြံဥာဏ်ကောင်း ပေါ်စေသည်။

၃။ သောဘဂဝါ ဣတိပိ ဝိဇ္ဇာစရဏ သမ္ပန္နော။
အကြံဟူသမျှကို ထိုးထွင်းသိစေနိုင်သည်။

၄။ သောဘဂဝါ ဣတိပိ သုဂတော။
ပြောသမျှစကား အောင်မြင်စေသည်။

၅။ သောဘဂဝါ ဣတိပိ လောကဝိဒူ။
ထင်ပေါ်ကျော်ဇောစေသည်။

၆။ သောဘဂဝါ ဣတိပိ အနုတ္တရော ပုရိသ ဓမ္မသာရထိ။
ဆိုးဝါးလှသော တိရိစ္ဆာန်၊ လူ၊ နတ်တို့ကိုချစ်ခင်မြတ်နိုးစေသည်။

၇။ သောဘဂဝါ ဣတိပိ သတ်တာဒဝေမနုဿာသာနံ။
သူတစ်ပါးအလို ဆန္ဒကို ဖြည့်စွမ်းကယ်တင်နိုင်စေသည်။

၈။ သောဘဂဝါ ဣတိပိ ဗုဒ္ဓေါ။
အရာရာကြံဆ၍ သိနိုင်ပေသည်။

၉။ သောဘဂဝါ ဣတိပိ ဘဂဝါ။
သူတစ်ပါးတို့ မတုပြိုင်ဝံ့ ကြောက်လန့်ရိုသေစေသည်။

#၂၀၂၂အတွက်ပါ
နှစ်တစ်နှစ်မှာ တစ်ကြိမ်သာ အဓိဌာန်ပြု
အားထုတ်ခွင့်ရတဲ့ ဝါတွင်း ( ၃ )လ
နဝင်းရက်ပေါင်း (၉၀)
ဂုဏ်တော်(၉)ပါးအဓိဌာန်
ပုတီးစိပ်နည်းလေးပါ ✨🙏🙏🙏✨

ဝါဆိုလပြည့်နေ့ (ဓမ္မစင်္ကြာနေ့ မှစ၍
သီတင်းကျွတ်လပြည့်နေ့)
အထိရက်ပေါင်း( ၉၀ ) တိတိ စိပ်ရပါမယ် 🙏

အချိန်လည်း တိကျစွာ စိပ်ဖို့လည်းမလိုပါဘူး
နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါတယ်နော်🙏

သက်သတ်လွတ်လည်း စားဖို့မလိုပါဘူး
စားနိုင်သူကတော့ ပိုပြီးကောင်းပါတယ်ရှင်🙏

ကျွန်မကတော့ အဓိဌာန်ဝါတွင်းကာလ အတွင်း
အပတ်စဉ် ဥပုသ်နေ့တိုင်းသက်သက်လွတ်စားပြီး ဥပုသ်သီလစောင့်တည်ပြီးစိတ်ပါမယ်🙏

📿📿📿ပုတီးစိပ်ရမယ့်နေ့ရက်များ📿📿📿

1️⃣ (၁၂.၇.၂၀၂၂) မှ (၂၀.၇.၂၀၂၂) အထိ
🙏📿

ဂုဏ်တော် ( ၉)ပါးစလုံးကိုနေ့တိုင်းတစ်ပတ်စီပါ

📿အရဟံ (၁)ပတ်
သမ္မာသမ္ဗုဒ္ဓေါ (၁)ပတ်
ဝိဇ္ဇာစရဏသမ္ပန္နော (၁)ပတ်
သုဂတော (၁)ပတ်
လောကဝိဒူ (၁)ပတ်
အနုတ္တရောပုရိသဒမ္မသာရထိ (၁)ပတ်
သတ္ထာဒေဝမနုဿာနံ (၁)ပတ်
ဗုဒ္ဓေါ (၁)ပတ်
ဘဂဝါ (၁)ပတ်📿

2️⃣ (၂၁.၇.၂၀၂၂ ) မှ(၂၉.၇.၂၀၂၂) အထိ🙏📿

📿အရဟံသိဒ္ဓိ (၉)ပတ်📿

3️⃣(၃၀.၇.၂၀၂၂ ) မှ (၇.၈.၂၀၂၂ ) အထိ🙏📿

📿သမ္မာသမ္ဗုဒ္ဓေါသိဒ္ဓိ (၉)ပတ်📿

4️⃣(၈.၈.၂၀၂၂ ) မှ (၁၆.၈.၂၀၂၂ )အထိ🙏📿

📿ဝိဇ္ဇာစရဏသမ္ပန္နောသိဒ္ဓိ (၉)ပတ်📿

5️⃣(၁၇.၈.၂၀၂၂ )မှ (၂၅.၈.၂၀၂၂ )အထိ🙏📿

📿သုဂတော သိဒ္ဓိ (၉)ပတ်📿

6️⃣( ၂၆.၈.၂၀၂၂ )မှ (၃.၉.၂၀၂၂ ) အထိ🙏📿

📿လောကဝိဒူ သိဒ္ဓိ (၉)ပတ်📿

7️⃣(၄.၉.၂၀၂၂ ) မှ (၁၂.၉.၂၀၂၂ ) အထိ🙏📿

📿အနုတ္တရောပုရိသဒမ္မသာရထိသိဒ္ဓိ (၉)ပတ်📿

8️⃣(၁၃.၉.၂၀၂၂ ) မှ (၂၁.၉.၂၀၂၁) အထိ🙏📿

📿သတ္ထာဒေဝမနုဿာနံသိဒ္ဓိ (၉)ပတ်📿

9️⃣ (၂၂.၉.၂၀၂၂ ) မှ (၃၀.၉.၂၀၂၂) အထိ🙏📿

📿ဗုဒ္ဓေါသိဒ္ဓိ (၉)ပတ်📿

🔟(၁.၁၀.၂၀၂၂ ) မှ (၉.၁၀.၂၀၂၂) အထိ🙏📿

📿ဘဂဝါသိဒ္ဓိ (၉)ပတ်📿

အဓိဌာန်အောင်မြင်ကြပြီး လိုအင်ဆန္ဒများ
အားလုံးပြည့်ဝကြပါစေရှင် 🌸🙏🙏🙏🌸

to original owner

မြတ်စွာဘုရားရှင်ကိုဝါဆိုသင်္ကန်း ၊ ကထိန်သင်္ကန်း ကပ်လှူပူဇော်ပါ။ကိုယ့်အိမ်ကဘုရားကို ဝါဆိုသင်္ကန်း ကပ်မယ်ဆိုရင်...(၁၂.၇.၂...
11/07/2022

မြတ်စွာဘုရားရှင်ကို
ဝါဆိုသင်္ကန်း ၊ ကထိန်သင်္ကန်း ကပ်လှူပူဇော်ပါ။

ကိုယ့်အိမ်ကဘုရားကို ဝါဆိုသင်္ကန်း ကပ်မယ်ဆိုရင်...

(၁၂.၇.၂၀၂၂)ဝါဆိုလပြည့်နေ့ နံနက်အာရုံတက်ချိန်

ဘုရားရှေ့မှာ
ကိလေသာအပူအားလုံး
ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား။
စိတ်ကွယ်ရာအရပ်၌ပင် မကောင်းမူ့ကို
မပြုမကျင့်တော်မူသော မြတ်စွာဘုရား။
လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့၏ပူဇော်အထူးကို
ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
တပည့်တော်တို့ ဤဝါဆိုသင်္ကန်းကို
ဆက်ကပ်လှူဒါန်းပါတယ်ဘုရား ဆိုပြီး
ဝါဆိုသင်္ကန်းကပ်လှူပါ

မြတ်စွာဘုရားရှင်ကို ကပ်လှူထားတဲ့
ဝါဆိုသင်္ကန်းကို တစ်ဝါတွင်းလုံး
ဘုရားစင်မှာ ကပ်လှူထားပါ,..
"သီတင်းကျွတ်" လပြည့်နေ့မှ စွန့်ပါ

စွန့်ပြီး အဲ့ဒီသင်္ကန်းကို
သံဃာတစ်ပါးပါးအားပြန်လှူလိုက်ပါ..

" ဘုရားလှူရတဲ့ ကုသိုလ်ရယ် "

" သံဃာလှူရတဲ့ ကုသိုလ်ရယ် "

ကုသိုလ်ပိုရပါတယ်။

သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကစပြီး
သင်္ကန်းတစ်စုံ ထပ်ဝယ်ပြီး
ဘုရားကို ကထိန်သင်္ကန်းကပ်လှူပါ
ဘုရားခွင့်ပြု တော်မူတဲ့လ,
သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့ကနေ
တန်ဆောင်မုန်းလပြည့်ထိ

တစ်လတာအတွင်း, ကထိန်သင်္ကန်း လှူလို့ရတယ်..

အဲ့ဒါ ဘုရားမှာ
တပတ်လှူ , (၅)ရက်လှူ , (၃)ရက်လှူ
လှူပြီးတာနဲ့ စွန့်ပြီး
အိမ်နားက ကျောင်းမှာ ကထိန်ခင်းတာရှိမယ်
အဲ့ဒါ သွားလှူလိုက်ပါ။

အဲ့တော့ ဘုရားလည်း
"ကထိန်သင်္ကန်း"ကပ်ရတယ်။
ကျောင်းမှာလည်း သံဃာတော်တွေအတွက်
"ကထိန်သင်္ကန်း လှူရပါတယ်။

ဘုရားရှင်ကို
" ဝါဆိုသင်္ကန်း "
" ကထိန်သင်္ကန်း "
ကပ်ချင်တဲ့ သူတွေ
ဒီနည်းအတိုင်းလုပ်လို့ရပါတယ်...

ကုသိုလ်တွေ ပို၍ရအောင် လှူနိူင်ကြပါစေ။
ကုသိုလ်အထူးလည်းရကြပါစေ။

Credit: မူရင်းမျှဝေသူ၏ ကုသိုလ်အား
ပြန်လည်မျှဝေ ကုသိုလ်ပြု ပေးပါသည်။

ဝါဆိုလပြည့်နေ့ အင်္ဂါနေ့ ဆန် ဆီ ဆေး ဆား ကပ်လှူပူဇော်မည့်သူများအတွက်
10/07/2022

ဝါဆိုလပြည့်နေ့
အင်္ဂါနေ့
ဆန် ဆီ ဆေး ဆား ကပ်လှူပူဇော်မည့်သူများအတွက်

ကျမလိုပဲ နက်ဖြန်လပြည့်နေ့မှာ..
#ဆန်ဆီဆားဆေး ကပ်ချင်ပီး
ပြည့်ပြည့်စုံစုံမသိသေးတဲ့သူများအတွက် copyလေးပါ
💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖

တန်ဆောင်မုန်းလပြည့်နေမှာ လာဘ်လာဘရွှင်အောင်နေအိမ်ဘုရားမှာ ဆန်ဆီဆားဆေးလှူကြမယ်

🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ဆန်ဆီဆားဆေးအလှူ
—————————
👉 ပုလင်းတစ်ခုစီမှာ ဆန်၊ ဆား ထည့်
👉 ဆေးအတွက်က ( မည်သည့်ဆေးမဆိုရပါတယ် )
👉 ဆီပုလင်းလေးဝယ်ပါ
👉 လင်ဗန်းလေးထဲမှာထည့်ပါ

🍚 ဆန် / ဆီ / ဆေး / ဆား ဆိုတာတွေက လူ တွေရဲ့ မရှိမဖြစ် အဓိက အခြေခံအရာတွေမို့ လပြည့်နေ့မှာ ပြည့်ပြည့် ဝဝ လှူဒါန်းပြီး ပြန်စွန့်ရင် မယ်သီလရှင် နဲ့ လိုအပ်တဲ့လူ / မရှိဆင်းရဲသားကို လှူဒါန်းနိင်ပါတယ်

😇 လပြည့်မတိုင်ခင် ညထဲကပြင်ဆင်ထားပါ

🙏 ဘုရားကို လပြည့်နေ့ မနက် ၅:၄၅ မှာ အဖုံးဖွင့်ပြီး ကပ်လှူပါ
🙏 မနက်အစော မမှီပါက မနက် ( ၉ နာရီ နဲ့ ၉ နာရီ ၄၅ မိနစ်တွေမှာ ကပ်လှူပူဇော်ပါ

👍 ကပ်ထားတဲ့ လှူဖွယ် ပစ္စည်းတွေကို တရက် နဲ့ ပြန် စွန့်ပြီး လှူဒါန်းနိင်သလို
👍 တပတ်ပြည့် မှ ပြန်စွန့်ပြီးလဲ လှူဒါန်းနိင်ပါတယ်
👍 တလပြည့် မှ လဲ ပြန်စွန့်ပြီး လှူဒါန်းနိင်ပါတယ်
😇 ကိုယ့် အဓိဋ္ဌာန် နဲ့ ကိုယ်လုပ်ဆောင်နိင်ပါတယ်....

လက်ဖက် လိမ္မော်သီးအလှူ
———————————
ဗန်းထဲမှာ လက်ဖက် ၄ ပုံ၊ လိမ္မော်သီး ၄ လုံးတင်
ဖယောင်းတိုင် ၄ တိုင်နဲ့ ပူဇော်ပါတယ်။
လက်ဖက်ကမနှပ်ရသေးတဲ့ လက်ဖက်ပါ။ လိမ္မော်သီးကို ရေဆေးပြီး အဝတ်နဲ့ရေတွေပြန်သုတ်ပြီးမှ ကပ်ပါ။

⭐ မနက် ၅:၄၅ မှာကပ်ပါ

⭐ တကယ်လို့ မနက် ၅:၄၅ မမှီခဲ့ရင် မနက် ၉:၀၀
တစ်ကြိမ် ကပ်လို့ရပါတယ်။

👍 ကပ်ထားတာတွေ ၁၂ ကျော်ရင်စွန့်ပြီး ဘုန်းကြီး၊ မယ်သီလရှင်တွေကို ပြန်လှူပါ

🙏 လပြည့်တိုင်း အိမ်မှာရှိတိုင်း ဘုရားကို ကပ်ပါ

🙀 ဘာတွေထူးခြားလဲဆိုတော့

😌ဆန်ဆီ ဆားဆေး လှူဒါန်းရခြင်းအကျိုးမှာ 🙏🏻

🌺 အကျပ်အတည်းရင်ဆ်ိုင်နေရသောအခါများ၊ စားဝတ်နေရေးအတွက်အတော် ရုန်းကန်နေရသောအခါများတွင် အရံသင့်ပေးမည့် ၊ ကျွေးမည့်လက် တစ်စုံအမှီရစေ၏။

🌺 လုပ်ငန်းစီးပွားများ တိုးတက်စေ၏

🌺 ကျန်းမာရေးချို့ယွင်းသူများကျန်းမာလာစေ၏။

🌺 မိမိအိမ်တွင်လိုအပ်ချက်မှန်သမျှပြည့်စုံလာစေ၏။

🌺 မိမိအိမ်တွင် မရှိ စကား၊ ပေးပါတောင်းပါဟုပြောဆိုနေစရာမလိုဘဲ လိုအပ်တာများပြည့်စုံလာစေ၏။

🌺 မိမိတို့၏ အိမ်မီးဖိုချောင်သည် စားစရာများဖြင့် ပြည့်စုံနေခြင်း

🌺 စိတ်ဝမ်းကွဲနေသော မိတ်ဆွေ ညီအကိုမောင်နှမများလည်း ပြန်လည်သင့်မြတ်ပါလိမ့်မည်

🌺 အခြေခံ စားသောက်ကုန် ပြည့်စုံတယ်။

🌺 ငွေကြေးယတြာဖြစ်လို့ ငွေဝင်ပါတယ်။

👍 တစ်လမှတစ်ခါဖြစ်လို့ အပန်းမကြီးပါဘူးနော်။

😇 အားလုံးဘဲ ပြည့်စုံ ကုံလုံ ချမ်းသာကြပါစေ...
to original post

🙏LilyMart ရဲ့ မြေပဲဆီသန့်လေး
ကာကာတဦးရဲ့ ဆန်ဆီဆေးဆား အလှူမှာ
ပါဝင်ကုသိုလ်ပြုနေပုံလေးပါ 🙏

17/04/2022

[ ညှပ် နှိပ် ကလော် လျှော် ပရဟိတ လူငယ် များ ]

မြန်မာ့ နှစ်သစ်ကူး နှစ်ဆန်း(၁)ရက်နေ့…

“သားလေးရယ် အမေ့ လက်က လက်သည်းတွေလည်း မမြင်ရတော့ပါလားကွယ့်။ နောက်ပြီး လက်ထိပ်တွေကလည်း တဆစ်ဆစ်နဲ့ နာနေသလိုပဲ”
“ဟုတ်…အမေ။ သားတို့ ညှပ်တာ များသွားလို့… အဲဒါ တစ်ဆစ်စီလောက်တော့ ပါသွားတယ် အမေ”
“ဟယ်တော်ရယ် တောက်ကျိုးတော့ နည်းကုန်ပဟဲ့”
--------------
“အား…”
“အဘ ဘာဖြစ်သွားတာလဲဟင်”
“နာ နာ တယ် ငါ့ မြေးတို့ရဲ့…နားထဲကို လှံစွပ်နဲ့ ထိုးလိုက်သလားမှတ်ရ”
“ဟုတ်…အဘ နဖာကလော်တံက နှစ်လက်မခွဲလောက်ကလေး လက်လွန်သွားလို့ပါ အဘရယ်နော် နော်”
အ…အ…အေးပါကွာ…အား…”
------------------
“ဟပ် ဟပ် ဟပ် ချိုး…”
“အဖွား နှာတွေ အရမ်းချီနေပါလား နေမကောင်းဘူးလား ဟင်”
“မနက်ကတော့ အကောင်းပါကွယ် မင်းတို့ ရောက်လာပြီး ခေါင်းလျှော်ပေးတော့မှ ခေါင်းတွေ အုံပြီး ဖျားချင်သလို ဖြစ်လာသလားလို့”
“ဒါဆို သမီးတို့…မြန်မြန်လျှော်ပြီး မြန်မြန် လက်စသတ်လိုက်တော့မယ် နော်အဖွား…နှစ်နာရီလောက်ဆိုတော့လည်း အဖွားခမျာ ဟုတ်မှာပေါ့”
“အဲဒါကြောင့် သူငယ်ချင်းတို့ကို အစကတည်းက ငါပြောတာ။ တစ်ယောက်ကို နှစ်နာရီ များပါတယ်လို့… နောက်လူတွေကို တစ်နာရီခွဲဆို တော်ပြီ ကြားလားဟေ့”
“ကဲ…အဖွား။ နောက်ထပ် တစ်ခါ ထပ်လျှော်ပြီးရင် ပြီးတော့မယ် သိလား။ နောက်ထပ် ၁၅ မိနစ်လောက် သည်းခံလိုက်ဦးနော် နောက်လူတွေလည်း ရှိသေးတော့ သမီးတို့ မြန်မြန် လျှော်ပေးမယ် သိလား အဖွား”
“အေး အေးပါ မြေးလေးတို့ရယ်…ဟပ် ဟပ် ဟပ်ချိုး…”
------------------
“အ…အ…အား…ဟေ့ ဟေ့ ကျိုး ကျိုး တော့ မယ် ထင် တယ် ဟ မင်း တို့”
“မကျိုးပါဘူး အဘရဲ့…ဒူးဆစ်ရိုးတည့်တည့်လေးပဲ နင်းထားတဲ့ဟာကို…”
“အဘ မခံ နိုင်တော့ဘူး မြေးတို့ရဲ့”
“ခဏသည်းခံလိုက်ပါအဘ။ ပြီးရင် ဒူးဆစ်ရိုးကို အပေါ် လှန် ချိုးပေးဦးမယ်လေ နော်”
“ဟေ…ငါ့မြေးတို့ အဘကို သေအောင်သတ်နေကြတာတော့ မဟုတ်ပါဘူးနော်”
“အာ…မသတ်ပါဘူး အဘရဲ့”
“အေးပါကွယ် အေးပါ။ အဘကတော့ အခုမှ မသေရင် ဘယ်တော့မှ မသေတော့ဘူးလို့ မှတ်တာပဲ”
“အယ်… အဘက တယ်နောက်တာပဲ။ မဟုတ်ပါဘူး အဘရယ် သားတို့က သင်္ကြန်တွင်းနှစ်ဆန်းတစ်ရက်နေ့ ကုသိုလ်ယူတဲ့ဟာကို။ ကဲ…အဘ မှောက်လိုက်။ ဟေ့ကောင် အဘလက်နှစ်ဘက်ကို နောက်ပြန်ဆွဲထားစမ်း။ ငါက အဘကျောကုန်းကို ဖနောင့်နဲ့ ပေါက်ထားမယ်။ အားနည်းနည်း ထည့်ထား။ ဟုတ်ပြီ ငါက ဆွဲဆိုတာနဲ့ ဆတ်ခနဲ ဆောင့်ဆွဲလိုက်---မင်းအဆွဲ ငါက အဖိ တိုင်မင် ကိုက်ပေ့စေနော်…”
“ဟေ့ ဟေ့----မရတော့ဘူး မရတော့ဘူး--အား ဟား”
“ခဏလေးပါ အဘရဲ့။ ဝမ်းသာတယ် အဘတို့ရယ်--အခုလို အခါကြီးရက်ကြီးမှာ သားတို့တစ်တွေ ပရဟိတ လုပ်ငန်းကို အားတက်သရော လုပ်ကိုင်ရတာ ဘယ်လောက်ကုသိုလ်တွေ ရပြီးဘယ်လောက်များ ကြည်နူးလိုက်သလဲလို့”
“ခေါင်းလျှော်ပြီး လက်သည်းညှပ်ပြီး နားကလော်ပြီး အနင်းအနှိပ်ပြီးသွားပြီ ဖြစ်တဲ့ အဘတို့ အဖွားတို့ ဒီဘက်ကို ကြွကြပါခင်ဗျာ… ပဲလှော်ကြော် ကြွပ်ကြွပ်ရွရွကလေး လာဝါးကြပါခင်ဗျား…”

Credit to Ko ကျော်ထွန်းဦး

မနေ့ညကမှ post ပြန်တင်လို့ ရလို့ပါ🙏မြန်မာပြည်သူပြည်သားများ အားလုံးကျန်းမာချမ်းသာ လိုအင်ဆန္ဒပြည့်ဝကာဘေးဘယာဝေးကွာသော နှစ်သ...
17/04/2022

မနေ့ညကမှ post ပြန်တင်လို့ ရလို့ပါ

🙏မြန်မာပြည်သူပြည်သားများ အားလုံး
ကျန်းမာချမ်းသာ လိုအင်ဆန္ဒပြည့်ဝကာ
ဘေးဘယာဝေးကွာသော နှစ်သစ်ကို
ပိုင်ဆိုင်နိုင်ကြပါစေလို့
ကျွန်တော်တို့ Lily Mart က
ဆုတောင်းမေတ္တာပို့သပါတယ်ဗျ🙏

🛎📿🙏 ယနေ့မှစ ရက်(၁၀၀)အဓိဌာန် ပုတီးစိပ်
ပူ​ဇော်ပါမည်။🛎📿🙏

#မြန်မာနှစ်ဆန်းတစ်ရက်နေ့ကစပြီး
ပါချုပ်ဆရာတော်ဘုရားကြီးရဲ့
ရက် (၁၀၀) အဓိဌာန်ပုတီးစိပ်နည်း

ရက်လေးတွက်ပေးထားပါတယ်
အတူတူပါဝင် ပူဇော်ကြရအောင်ပါ 🙏🙏🙏

၁၇.၄.၂၀၂၂ မှ ၂၆.၄.၂၀၂၂ ထိ
(အရဟံ ဂုဏ်တော်)
၂၇.၄.၂၀၂၂မှ ၆.၅. ၂၀၂၂ ထိ
(သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်)
၇.၅.၂၀၂၂ မှ ၁၆.၅.၂၀၂၂ထိ
(ဝိဇ္ဇာစရဏ သမ္ပန္နော ဂုဏ်တော်)
၁၇.၅.၂၀၂၂ မှ ၂၆.၅.၂၀၂၂ထိ
(သုဂတော ဂုဏ်တော်)
၂၇.၅.၂၀၂၂ မှ ၅.၆.၂၀၂၂ ထိ
(လောကဝိဒူ ဂုဏ်တော်)
၆.၆.၂၀၂၂ မှ ၁၅.၆.၂၀၂၂ ထိ
(အနုတ္တရော ပုရိသဒမ္မ သာရထိ ဂုဏ်တော်)
၁၆.၆.၂၀၂၂ မှ ၂၅.၆.၂၀၂၂ ထိ
(သတ္တာဒေဝ မနုဿာနံ ဂုဏ်တော်)
၂၆.၆.၂၀၂၂ မှ ၅.၇.၂၀၂၂ ထိ
(ဗုဒ္ဓေါ ဂုဏ်တော်)
၆.၇.၂၀၂၂ မှ ၁၅.၇.၂၀၂၂ ထိ
(ဘဂဝါ ဂုဏ်တော်)
၁၆.၇.၂၀၂၂ မှ ၂၅.၇.၂၀၂၂ ထိ
(အရဟံ
သမ္မာသမ္ဗုဒ္ဓေါ
ဝိဇ္ဇာစရဏ သမ္ပန္နော
သုဂေတာ
လောကဝိဒူ
အနုတ္တရောပုရိသ ဒမ္မသာရထိ
သတ္တာဒေဝ မနုဿာနံ
ဗုဒ္ဓေါ
ဘဂဝါ)

🙏🙏🙏🙏🙏

03/04/2022

မင်မင်တို့ ပြန်လာပါပြီဗျာ

ဘာလို့မှန်းမသိ
Fb က ပို့စ်တင်ခွင့်ပိတ်ထားတာ အခုမှရလို့ပါ
သို့ပေသိ cb ကနေ လာလာမေးဝယ်ကြတဲ့
မိတ်ဟောင်းမိတ်သစ်အားလုံး
ကျေးဇူးအထူးတင်ရပါတယ်ဗျ

မဟာသင်္ကြန် အတွက်
အစီအစဉ်တွေနဲ့ခဏနေ ပြန်လာခဲ့ပါမယ်

ဧရာဝတီတိုင်း နှင့် ရခိုင်ပြည်နယ်မှသက်ရှိအားလုံး ဘေးကင်းလုံခြုံပါစေ 🙏
22/03/2022

ဧရာဝတီတိုင်း နှင့် ရခိုင်ပြည်နယ်မှ

သက်ရှိအားလုံး ဘေးကင်းလုံခြုံပါစေ 🙏

ဒီနေ့ ထပ်ရောက်တယ်ဗျာ🥜အညာက မြေပဲဆီသန့်စစ်စစ် 🥜ကြိုက်တဲ့ အရွယ်အစားအတိုင်းPacking ပိတ် ရွေးချယ်ဝယ်ယူနိုင်ပါတယ် ​🥜မြေပဲဆီ ၃ ...
20/03/2022

ဒီနေ့ ထပ်ရောက်တယ်ဗျာ

🥜အညာက မြေပဲဆီသန့်စစ်စစ် 🥜

ကြိုက်တဲ့ အရွယ်အစားအတိုင်း
Packing ပိတ် ရွေးချယ်ဝယ်ယူနိုင်ပါတယ်

​🥜မြေပဲဆီ ၃ ပိသာ နှင့်အထက် ၉,၉၀၀ ကျပ်နှုန်း

Address

Yangon

Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00

Website

Alerts

Be the first to know and let us send you an email when Lily Mart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lily Mart:

Share