KNK Myanmar

KNK Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KNK Myanmar, Business service, Yangon.

🏦 ဘဏ်အကောင့်တစ်ခုမှတစ်ခုသို့ ငွေလွှဲပေးခြင်းလက်တလော ရရှိနိုင်သော ဘဏ်အကောင့်များ-CB Pay, KBZ Pay, KBZ Banking, AYA, Wave ...
02/09/2021

🏦 ဘဏ်အကောင့်တစ်ခုမှတစ်ခုသို့ ငွေလွှဲပေးခြင်း

လက်တလော ရရှိနိုင်သော ဘဏ်အကောင့်များ-
CB Pay, KBZ Pay, KBZ Banking, AYA, Wave Money

ဝန်ဆောင်ခ - 0.8%

17/07/2021

3 Layer Mask ရောင်းကုန်သွားပါပြီ။ ၀ယ်ယူအားပေးခဲ့တဲ့ Customers တွေကို ကျေးဇူးတင်ပါတယ်။ 🤍

Quality ကောင်းတဲ့ Thai Brand3 Layer Mask အထူ (၂) ဖာ ကျန်ပါတယ်။Yangon instock စမ်းချောင်းမှာ အိမ်တိုင်ရာရောက် လာယူနိုင်ပါ...
14/07/2021

Quality ကောင်းတဲ့ Thai Brand
3 Layer Mask အထူ (၂) ဖာ ကျန်ပါတယ်။

Yangon instock

စမ်းချောင်းမှာ အိမ်တိုင်ရာရောက် လာယူနိုင်ပါတယ်။

Quality ကောင်းတဲ့ Thai Brand3 Layer Mask အထူတွေ စျေးနှုန်းချိုသာစွာ ရောင်းပေးပါမယ်။Yangon instock စမ်းချောင်းမှာ အိမ်တို...
14/07/2021

Quality ကောင်းတဲ့ Thai Brand
3 Layer Mask အထူတွေ စျေးနှုန်းချိုသာစွာ
ရောင်းပေးပါမယ်။

Yangon instock

စမ်းချောင်းမှာ အိမ်တိုင်ရာရောက် လာယူနိုင်ပါတယ်။

🔺 OXYGEN တိုင်းလို့ 93 ဆို oxygen စရှူရပါမယ်နော် 🔺 95 အောက်ဆို oxy စရှာထားပါ -ပုံမှန်လူတယောက်ရဲ့ oxygen on air က 95 နဲ့ ...
12/07/2021

🔺 OXYGEN တိုင်းလို့ 93 ဆို oxygen စရှူရပါမယ်နော် 🔺 95 အောက်ဆို oxy စရှာထားပါ

-ပုံမှန်လူတယောက်ရဲ့ oxygen on air က 95 နဲ့ အထက်ရှိရပါမယ်

-COPD (အဆုတ်လေပြွန်ကျဉ်းတဲ့ရောဂါအခံရှိတဲ့လူ) & chronic smoker and chainsmokers (ဆေးလိပ်ကို ၁၀နှစ်နဲ့ အထက် သောက်ထားတဲ့လူတွေရဲ့) ပုံမှန် oxy က ၉၂ အထက်ရှိရပါမယ်

(လူနာထဲမှာ ၄/၅ ယောက်လောက်ရှိပီ..oxygen ကောင်းလားမေးရင် ကောင်းတယ်ကြီးပဲ
မောပဲမောတာ ဆိုပီး
ဘယ်လောက်လဲမေးလိုက်မှ ၉၀ တွေ ၉၂ တွေဖြစ်နေတာ..ရှူရတော့မယ် ပြောရင် ဟုတ်ရဲ့လားဆိုပီးတောင် ပြန်မေးကြလို့...
Must ရှုရပါမယ်နော်‼️
so အဲ့ကြမှ စရှာရရင် အရမ်း anxiety များရတယ်)
အဲ့လို oxy ရှာနေတုန်းမှာ လူနာကို မှောက်ရက်လေးနေခိုင်းပါ
ရင်ဘတ်အောက်မှာ ခေါင်းအုံးလေး ၂ ခုလောက်ခံပီးတော့ ပီးရင် lung exercise လုပ်ခိုင်းထားပါ (အသက်ကို ရှူသွင်းပီး ၄ စက္ကန့်လောက် အောင့်ထား..ပီးရင်ဖြည်းဖြည်းချင်းပြန်ရှူထုတ်)
လူနာရှေ့မှာ oxy ရှာရခက်တယ် ဆိုပီး အရမ်း မလောင်ပါနဲ့ သူ ပို stress တက်နိုင်လို့ပါနော်..‼️

Covid လက္ခဏာတွေ မရှိလဲ oxygen ပုံမှန်တိုင်းကြပါနော် ‼️
Silent hypoxia ( လူက အကောင်းကြီး ..မောတောင်မမောပဲ oxy တိုင်းမှ အရမ်းထိုးကျနေတာတွေက covid မှာ အရမ်း common ဖြစ်လို့ပါ)

So..oxy တိုင်းလို့ ၉၅ အောက်ဆို oxygen ရှာတဲ့ကိစ္စစလုပ်ပါ
၉၃ ဆိုစရှူရပါမယ်‼️
3-5L နဲ့ စပေးပီး oximeter နဲ့ ပြန် တိုင်းပါ
Oxygen 95 အထက် မတက်လာရင် oxygen ko 7-10L- 15 litre ထိ
လိုသလိုတင်ရပါမယ်

3-4 litre ဆို nasal cannula နဲ့ရှူပါ‼️
5-10 L ဆို oxygen mask
10-15 L ဆို oxygen mask with reservoir bag နဲ့ ရှူပါနော် (နဲနဲဝယ်ရခက်ပါတယ် ကြိုရှာထားနော်)
15 L နဲ့မှ မတက်လာရင် double line ထိ တင်ဖို့လိုနိုင်ပါတယ်

⛔️ oxygen တွေ 10 L လောက်တင်နေပီး nasal cannula လေးနဲ့ ဆိုလဲ အလုပ်မဖြစ်ပါဘူးနော်
Oxy လိုသလောက်မတက်လာတော့ဘူး

Oxygen ပေးထားရင် oximeter မှာ ၉၅ အထက်ရှိနေရပါမယ်အဲ့ကြလဲ ကောင်းသွားပီ ထင်ပီး ပြန် မဖြုတ်ပါနဲ့
ဒေါက်လျှောက် ကိုရှုနေရမှာပါ‼️

⛔️အဲ့လိုမှ Oxy ပေးရက်နဲ့ တက် မလားပဲ ၈၀ လောက်စဖြစ်ပီဆို
And အသက်ရှူနှုန်းက တမိနစ်မှာ အချက် ၃၀ထက် ကျော်လာရင်/
နှခေါင်းတွေ ရင်ဘတ် တွေက muscle တွေပါ ညှစ်ပီး အသက်ပြင်းပြင်းရှူနေရရင်/
နှခမ်းတွေပြာလာတာမျိုးရှိရင်/
ခြေဖျားလက်ဖျားအေးစပ်လာတာ/
လူနာက ကယောင်ကတမ်းတွေပြောနေပီ ဆို - these are the danger signs‼️

⛔️အဲ့ကျ SOS ပါ!! ဆရာဝန်တယောက်နဲ့ အမြန်ဆုံးဆက်သွယ်ပါ (injection တွေလိုနိုင်လို့ပါ)

နောက်တခုက
Oxygen concentrator တွေနဲ့ ရှူရင် စက် ကို တနေကုန် run ထားလို့ heat တက်ပီး စက်ရပ်သွားနိုင်ပါတယ်
အဲ့ကျ တခြားဘယ်က oxygen ရနိုင်အုံးမလဲ ကြို prepare ထားပါ‼️
စက်ရပ်သွားမှ လိုက်ရှာရရင် အဆင်မပြေဘူး
Oxygen cylinder နဲ့ ရှူရင် ဒိုင်ခွက်မှာ ဘယ်လောက်ကြာချိန် ခံမလဲတွက်လို့ ရပါတယ် ( see photo)

ပီးတော့ oxygen တိုင်းရင် common mistakes တွေက

🔺လက်သည်းနီဆိုးထားရင် စက်က မှားဖတ်တက်ပါတယ်
🔺 လက်က ရေစို နေလဲ မှားတက်ပါတယ်
🔺 လက်သည်းခွံလေးက စက်ရဲ့ censor မီးလင်းတဲ့နေရာတည့်တည့်မှာရှိရပါမယ်
🔺 တိုင်းနေတုန်းလက်ကို ငြိမ်ငြိမ်ထားပါ..လေထဲမှာ တန်းလန်းကြီးမတိုင်းပါနဲ့နော်
ကုတင်ပေါ်မှာ သေချာ တင်ပီး တိုင်းပါ
🔺 စစချင်းပြတဲ့ ဂဏန်းကို မယူရပါဘူး
စက်က လုံးဝငြိမ်သွားမှ ပြတဲ့ဟာက အမှန်ပါ
🔺အိပ်နေတုန်းတိုင်းရင် oxy ပိုကျနေတတ်ပါတယ် ..အဲ့ကျ အရမ်း panic မဖြစ်ပါနဲ့
Patient ကို မှောက်ရက် ပြောင်းအိပ်ခိုင်းပီး ပြန်တိုင်းနော်
🔺တချို့ အပေါစားစက်တွေကိုက ကြောင်နေတတ်လို့ ပြချင်ရာပြတတ်တယ် စက်ကိုလဲ သတိထားပီး ယုံပါ...
🔺Normal လူတယောက်က အကုန် ကောင်းနေ
တယ်
Oxygen တခုပဲ ၉၃ အောက်ဆို
သူ့ကို ၃ မိနစ်လောက် လမ်းလျှောက်ခိုင်းပါတယ်
အဲ့မှာ ၉၅ အထက်ဆို မရှူခိုင်းသေးပါဘူး
အဲ့မှာမှ မတက်လာမှ စရှူခိုင်းတာပါ‼️
But အဲ့ဒါ covid centre မှာလုပ်တုန်းက stress test အရင်လုပ်ပီးလိုမှ oxy ပေးတာပါ
အဲ့တုန်းက ဆရာဝန်တွေရော လိုအပ်တဲ့ oxy တွေ resource တွေအကုန်ရှိလို့ အချိန် မရွေး ကုသလို့လွယ်လို့အဲ့လို လုပ်တာပါ
ခုက oxy ရှားနေတော့ 95 အောက်ဆို စရှာပါတော့နော်
But အပေါ်မှာပြောသလိုလေးလုပ်ကြည့်ပီး oxy ပြန်တက်လာတယ် ဆိုလဲ နဲနဲ စိတ်အေးရတာပေါ့ ...

Oxygen နဲ့ပက်သက်ပီး မှားနေကြတာလေးတွေတွေ့လို့ရယ်
လာမေးကြတာတွေရယ်
Experience တွေရယ်နဲ့ ပေါင်းပီး ရေးထားတာပါ
Stay safe. May God bless you all 🤍

Dr. Ei Thinzar Aung (MBBS) (Ygn)
Crd🙇‍♀️💓

12/07/2021

ယနေ့ ဇူလှိုင်လ ၁၂ရက်
ဓာတ်ခွဲအတည်ပြုလူနာသစ်
( ၅၀၁၄ )ဦး
(၈၉)ဦး သေဆုံး

Crd Kyaw Swar Myint

11/07/2021

ယနေ့ ဇူလှိုင်လ ၁၁ ရက်
ဓာတ်ခွဲအတည်ပြုလူနာသစ်
( ၃၄၆၁ )ဦး
(၈၂)ဦး သေဆုံး

Crd Kyaw Swar Myint

🚨မရမ်းကုန်းမြို့နယ်အတွင်း အောက်ဆီဂျင်အိုးများ အခမဲ့ငှားယူနိုင်ရန်🚨Ph- 09250028720Ph- 09421126290Ph- 09254382268စေတနာအသင်...
10/07/2021

🚨မရမ်းကုန်းမြို့နယ်အတွင်း အောက်ဆီဂျင်အိုးများ အခမဲ့ငှားယူနိုင်ရန်🚨

Ph- 09250028720
Ph- 09421126290
Ph- 09254382268

စေတနာအသင်း (ပါရမီလမ်း မရမ်းကုန်း)
Ph- 09975115601, 09420125446

ဝါယုဒါနေအာက်ဆီဂျင်အခမဲ့ (၈ရပ်ကွက် မရမ်းကုန်း)
Ph- 09455321568, 09787224272, 0930099918

ခရီးဖော်ပရဟိတအသင်း (၁ရပ်ကွက် သမိုင်း)
Ph- 0942004114, 09423744548

ပုညကာရီအောက်ဆီဂျင်ကူညီရေး (၂ရပ်ကွက် မရမ်းကုန်း)
Ph- 098622653

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Oxygen လေပြန်ဖြည့်နိုင်သောနေရာများ

1. MAS

1/B မင်းဓမ္မလမ်း အင်းစိန်
မင်းဓမ္မလမ်း ကျောက်တော်ကြီးဘုရားအနီးက MAS ဆိုင်မှာလည်း တအိုး ၁၅၀၀ ကနေ ၃၅၀၀ ထိဈေးနဲ့ ဖြည့်လို့ရတယ်လို့သိရပါတယ်
013644856, 09765519946

2. ရန်ကုန် မင်းဓမ္မလမ်း စက်ရုံမှ

မသူဇာနွယ်
Ph - 09765519946
3.တောင်ဥက္ကလာပ မြို့နယ် ၊ ၈ ရပ်ကွက် ၊ စက်မှုဇုန် ၆ လမ်း / Oxygen အိုး လေဖြည့်
၂၀ လီတာ တစ်အိုး 3000ကျပ် နဲ့ 24 hour ဖြည့်လို့ရပါတယ်။
လိပ်စာအတိအကျ- တောင်ဥက္ကလာ စက်မှုဇုန်၈ရပ်ကွက် ၆လမ်း အမှတ်၅(က)။

4. သမိုင်းအောင်ဓမ္မရိပ်သာလမ်း။

ကိုယ်ပိုင်အိုးရှိရင် အချိန်မရွေး လာဖြည့်လို့ရပါတယ်တဲ့။ တစ်အိုးကို ၃၀၀၀ တော့ ပြန်ပြီး အလှူငွေ ထည့်ခဲ့ပေးပါ။
ဖုန်းနံပါတ် 09421717150 - ko shar thu

5. အမှတ် ၂၈၆၊ စက်မှူလမ်းသွယ် ၆လမ်း၊ ဇုံ ( ၁)
ရွှေပြည်သာစက်မှုဇုံ။
အမှတ် ၄လမ်းမကြီး မှ တဆင့် ဒညင်းကုန်း ပွိုင့်မှ ရွှေပြည်သာမြို့ဝင်လာရင် citymart point တွေ့ရပါမယ်။ သူ့ကိုကျော်ရင် မြဝတီစက်သုံးဆီဆိုင် အကျော်မှာ စက်မှုလမ်းသွယ် (၆) အတိုင်းဝင်လာရင် ရပါပြီ။

6. အိုးအသေး /အိုးအကြီးများအတွက်လည်း Home service refill ဖြင့် (အိမ်အရောက် )
ဖြည့်ပေးနေပါပြီ

09250013834
09420081103

7. မိတ်ဆက်oxygen စက်ရုံ
၁၅၅ ၁၅၆ နှင်းဆီလမ်း ၆၄ရပ်ကွက် စက်မှုဇံ့၃ တိုးချဲ့ တောင်ဒဂုံ 095170038

8. Best Naing Oxygen Plant Co., Ltd. No.(2864),
Sat Mhu Pat Road, Zone(2), South Dagon Township, Yangon.01591166, 095099875


#အောက်စီဂျင်

 #ကိုဗစ်-၁၉ရောဂါကူးစက်ခြင်းမှကာကွယ်နိုင်ရန်===============================(ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသော လူနာက နှာချေ၊...
10/07/2021

#ကိုဗစ်-၁၉ရောဂါကူးစက်ခြင်းမှကာကွယ်နိုင်ရန်
===============================

(ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသော လူနာက နှာချေ၊ ချောင်းဆိုးရာမှ တဆင့် ရောဂါပိုးပါဝင်သော အစက်အမှုန်များ လွင့်ထွက်လာပြီး အရာဝတ္ထုများ၏ မျက်နှာပြင်ပေါ်တွင် ကပ်တင်ကျန်နေနိုင်ပါသည်။ ထိုအစက်အမှုန်များကို ကိုင်တွယ်မိထားသော လက်ဖြင့် မိမိတို့၏ ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးတို့ကို ထိတွေ့ကိုင်တွယ်မိပါက ရောဂါ ကူးစက်ခံရနိုင်ပါသည်။)

ကိုဗစ်-၁၉ရောဂါကူးစက်ခြင်းမှကာကွယ်နိုင်ရန် -

>> လက်ဆေးပါ။

10/07/2021

ကိုဗစ်မှာ ​ရှောင်သင့်တဲ့အစာများ။
****************************

ကိုဗစ်ဖြစ်လို့ အောက်ဆီဂျင်ကျနေတဲ့အခါမှာ အားရှိအောင်ဆိုပြီး နွားနို့တိုက် Ensure တိုက် ပတ်နို့တိုက်နေကြတာ တွေ့လို့ပါ။

အဆုတ်လုပ်ဆောင်ချက်တွေ မကောင်းတဲ့အခါမှာ အားရှိအောင် များများစားပါ၊ သောက်ပါ ပြောနေတာက အဆုတ်သန့်အောင် အဆုတ်ပြန်ပြီး အားရှိအောင် စားဖို့ သောက်ဖို့ ပြောတာပါ။

နို့ဆိုတာ ချွဲထစေတဲ့အရာတွေပါ။ အောက်ဆီဂျင်တအားကျနေတဲ့အချိန်မှာ အပူအစပ် ချွဲထစေတဲ့အစားအစာတွေဟာ လူနာကို မိနစ်ပိုင်းအတွင်း အသက်ရှူ ရပ်ပြီး သေစေတာပါ။

တချို့က အောက်ဆီဂျင်ကျနေမှန်း သိသိနဲ့ မနက်စာကို မိုင်လို အိုဗာတင်း ကော်ဖီမစ် တီးမစ်တွေနဲ့ အငန်မုန့်၊ ကိတ်မုန့်တွေနဲ့ အားရှိအောင် စားပြီး မိနစ်ပိုင်းအတွင်း အောက်ဆီဂျင်ထိုးကျ သေပါတယ်။

တချို့ကျ ကော်ဖီမှုန့်စစ်စစ်နဲ့ နွားနို့သောက်ပြီး ရင်ဘတ်တွေ ဆူးပြီး အောင့်လာ ကျပ်လာပြီး မိနစ်ပိုင်းအတွင်း အသက်ရှူရပ် သေပါတယ်။

ကိုဗစ်ဖြစ်ရင် စားရမည့်အားရှိစာတွေဆိုတာ အချွဲ့မထ အဆုတ်သန့်စေတဲ့ ကြက်ပြုတ်ရည်ပါ။ ကြက်ဥပါ။

ချွဲထစေတဲ့ အစာတွေ စားပြီး သေနေတာတွေ မြင်ရတာ အတော်စိတ်မကောင်းဘူး။ ကိုဗစ်နဲ့ မတည့်စာတွေကို ရှောင်နိုင်လေ အသက်ရှင်ဖို့ များလေဆိုတာ သဘောပေါက်ကြဖို့ လိုမယ်။

အခု အောက်ဆီဂျင်တပ်ရတဲ့သူတွေဟာ ရောဂါအခံရှိထားသူတွေအပြင် အများစုက အစားအသောက်နည်းမှားတွေနဲ့ စားသောက်ကြပြီး နေ့ချင်းညချင်းဆိုသလို ရောဂါဆိုးလာပြီး အောက်ဆီဂျင်ကျတဲ့သူတွေ များလာတာပါ။

Aung Kyaw Oo

🏦 ဘဏ်အကောင့်တစ်ခုမှတစ်ခုသို့ ငွေလွှဲပေးခြင်းလက်တလော ရရှိနိုင်သော ဘဏ်အကောင့်များ-CB Pay, KBZ Pay, KBZ Banking, AYAဝန်ဆောင...
10/07/2021

🏦 ဘဏ်အကောင့်တစ်ခုမှတစ်ခုသို့ ငွေလွှဲပေးခြင်း

လက်တလော ရရှိနိုင်သော ဘဏ်အကောင့်များ-
CB Pay, KBZ Pay, KBZ Banking, AYA

ဝန်ဆောင်ခ - 0.8%

ငွေလွှဲဝင်ပြီးတာနဲ့ မိတ်ဆွေလိုအပ်တဲ့ ဘဏ်အကောင့်ထဲ ချက်ချင်းပြန်လွှဲပေးပါတယ်။

ယုံကြည်စိတ်ချစွာနဲ့ လဲလှယ်နိုင်ပြီး မိတ်ဆွေများ၏ ငွေကြေးတစ်ကျပ်မျှ မဆုံးရှုံးစေရဘူးဆိုတာ လုံးဝအာမခံပါတယ်။

Quality ကောင်းတဲ့ Thai Brand3 Layer Mask အထူတွေ ဈေးနှုန်းချိုသာစွာနဲ့ ရောင်းပေးပါမယ်နော်။ဒီအပတ်ထဲပစ္စည်းရောက်ပါမယ်ရှင်။
10/07/2021

Quality ကောင်းတဲ့ Thai Brand
3 Layer Mask အထူတွေ
ဈေးနှုန်းချိုသာစွာနဲ့ ရောင်းပေးပါမယ်နော်။
ဒီအပတ်ထဲပစ္စည်းရောက်ပါမယ်ရှင်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when KNK Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share