LVP - Plastic Innovation Products

LVP - Plastic Innovation Products We produce and promote innovative recycled plastic products.

Recycled Plastic Lumber ဘုတ်ပြားဖြင့်ပြုလုပ်ထားသော လူ့အသုံးအဆောင် ပရိဘောဂများနှင့် အခန်းအလှဆင် ပစ္စည်းများကို LVP မှာ ဝယ...
11/08/2022

Recycled Plastic Lumber ဘုတ်ပြားဖြင့်ပြုလုပ်ထားသော လူ့အသုံးအဆောင် ပရိဘောဂများနှင့် အခန်းအလှဆင် ပစ္စည်းများကို LVP မှာ ဝယ်ယူရရှိနိုင်ပါပြီ။

Recycled Plastic များနှင့်ပြုလုပ်ထားတာဖြစ်တဲ့အတွက် Recycling နဲ့ Sustainability ကိုစိတ်ဝင်စားသူများ၊ ဆန်းသစ်တီထွင်ချင်သူများ အကြိုက်တွေ့စေမှာဖြစ်ပါတယ်။ ဒါ့အပြင် လှပပြီးဆန်းသစ်တဲ့ ဒီဇိုင်းများဖြစ်တဲ့အတွက် လူကြီးမင်းတို့ရဲ့ အိမ်၊ ကျောင်း၊ ရုံး၊ လုပ်ငန်း၊ ဘား၊ စားသောက်ဆိုင်၊ ေကာ်ဖီဆိုင် နဲ့လိုက်ဖက်နေမှာ အသေအချာပဲဖြစ်ပါတယ်။ ပစ္စည်း တစ်ခုချင်းစီရဲ့အတိုင်းအတာ အသေးစိတ်ကိုတော့ ပုံတစ်ပုံချင်းစီရဲ့အောက် မှာကြည့်ရှုနိုင်ပါတယ်။ စျေးနှုန်းလေးတွေကိုတော့ messenger မှာလာရောက် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့ LVP Myanmar မှ Recycled Plastic Lumber နှင့် Products တွေကို စိတ်ဝင်စားလို့မှာယူချင်တယ်ဆိုရင် page messenger သို့မဟုတ် 09 740 915 560 ကိုဆက်သွယ်၍ဝယ်ယူအားပေးနိုင်ပါတယ်။

Recycled Plastic Lumber ဆိုတာဘာလဲ?Plastic Lumber ဆိုတာ သစ်သားနှင့်ပုံစံဆင်တူသော recycle ပြုလုပ်ထားတဲ့ plastic တွေဖြစ်ပါတ...
09/08/2022

Recycled Plastic Lumber ဆိုတာဘာလဲ?

Plastic Lumber ဆိုတာ သစ်သားနှင့်ပုံစံဆင်တူသော recycle ပြုလုပ်ထားတဲ့ plastic တွေဖြစ်ပါတယ်။ ဒါလေးတွေကိုတော့ သစ်သား၊ ကွန်ကရစ်နှင့် သတ္တုတွေနေရာမှာ အစားထိုးအသုံးပြုရန်ရည်ရွယ်ပြီး ထုတ်လုပ်ထားရခြင်းဖြစ်ပါတယ်။

Plastic Lumber ကိုသုံးခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်သလဲ?

Plastic Lumber တွေက သန့်ရှင်းပြီး သစ်သားထက် ကြာရှည်ခံရုံသာမက ပိုးပေါက်တာမျိုးတွေ မှိုတက်တာတွေ မဖြစ်တဲ့အတွက် အခုဆိုရင် သစ်သားအစားထိုးအနေနဲ့ အသုံးပြုလာကြတာ တွေ့ရပါတယ်။ ဒါ့အပြင် Plastic Lumber တွေက
* အစိုဓာတ်နှင့် ဓာတုဓာတ်ကိုခံနိုင်ရည်ရှိခြင်း
* အရောင်ပါပြီးသားဖြစ်တဲ့အတွက် ဆေးထပ်သုတ်ရန်မလိုခြင်း
* အပိုင်းအစများထွက်ခြင်းနှင့် ကွဲအက်ခြင်းမရှိခြင်း
* ရေဒဏ်၊ လေဒဏ် ခံနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရှိနိုင်ပါတယ်။

ဒါကြောင့်မလို့ plastic lumber တွေကို sustainable decorations အရလည်းအသုံးပြုဖို့ အကြံပြုလိုပါတယ်။
လူကြီးမင်းတို့အနေနဲ့ သစ်သားအစားထိုး Plastic Lumber ဘုတ်ပြားတွေကို မိမိစိတ်ကြိုက် ဒီဇိုင်းများဖြင့် အိမ်၊ ကျောင်း၊ ရုံး၊ လုပ်ငန်း၊ interior designer များအတွက် အသုံးပြုလိုပါက LVP မှ Recycled Plastic Lumber ဘုတ်ပြားတွေကို ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုပါတယ်။

ကျွန်တော်တို့ LVP Myanmar မှ Recycled Plastic Lumber နှင့် Product ကိုစိတ်ဝင်စားလို့မှာယူချင်တယ်ဆိုရင် page messenger သို့မဟုတ် 09740915560 ကိုဆက်သွယ်၍ဝယ်ယူအားပေးနိုင်ပါတယ်။
အသေးစိတ်သိရှိလိုပါက အောက်က link မှာ form ဖြည့်ပြီး catalogue ရယူနိုင်ပါတယ်။
https://docs.google.com/forms/d/1NTWY1GB6llZ4IUouBNP-cH1beivCy9flALnzQUoSwBs/edit

ဘာကြောင့် recycled product တွေကိုစျေးကြီးပေးပြီးဝယ်သင့်တာလဲ?အခုလိုအချိန်အခါမှာ ကုန်ကြမ်းပစ္စည်းတွေစျေးကြီးနေတဲ့အချိန် ပတ...
03/08/2022

ဘာကြောင့် recycled product တွေကိုစျေးကြီးပေးပြီးဝယ်သင့်တာလဲ?

အခုလိုအချိန်အခါမှာ ကုန်ကြမ်းပစ္စည်းတွေစျေးကြီးနေတဲ့အချိန် ပတ်ဝန်းကျင်အတွက်လည်း စောင့်ရှောက်ရာရောက်ပြီး တန်ဖိုးရှိတဲ့ recycled plastic တွေကို အစားထိုးပြီးသုံးလိုက်တာနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို တစ်ထောင့်တစ်နေရာကနေ ကာကွယ်ရာရောက်ပါတယ်။ ပိုမိုကောင်းမွန်သောအနာဂတ်အတွက် အခုအခါမှာဆိုရင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကိုပေါင်းစပ်ပြီးဆောက်လုပ်ရေးသုံးပစ္စည်းကုန်​ကြမ်းများအဖြစ်ပါအသုံးပြုလာနိုင်ပါပြီ။

ယခုနှစ်စစ်တမ်းအရ စွန့်ပစ်ပစ္စည်း တွေထဲကမှ 9% သာ recycle ပြန်လုပ်လို့ရပြီး ကျန်တဲ့စွန့်ပစ်အမှိုက်တွေကတော့ landfill ထဲရောက်သွားမှာဖြစ်ပါတယ်။ landfill ထဲရောက်သွားရင် ဆွေးမြေ့ဖို့ နှစ်1000 ကျော်ကြာအောင်စောင့်ရပြီး ရေနှင့်မြေဆီလွှာကိုပျက်ဆီးသွားစေပါတယ်။ ဒါကြောင့်မလို့မိမိတို့ပတ်ဝန်းကျင်မှအမှိုက်တွေတတ်နိုင်သမျှသေချာစွန့်ပစ်ပြီး landfill ထဲမရောက်အောင်ကူညီခြင်းဖြင့် ကမ္ဘာကြီးကိုကယ်တင်လိုက်ကြပါစို့။

ကျွန်တော်တို့ LVP Myanmar မှ Recycled Plastic Lumber နှင့် Product ကိုစိတ်ဝင်စားလို့မှာယူချင်တယ်ဆိုရင် page messenger သို့မဟုတ် 09 740 915 560 ကိုဆက်သွယ်၍ဝယ်ယူအားပေးနိုင်ပါတယ်။

ကန်တော်ကြီး မျှော်စင်ကျွန်းရှေ့က Kantharyar Shopping Centre  မှာ သုံးရက်တာ ကျင်းပမယ့် "The Responsible Market" မှာ LVP လ...
30/07/2022

ကန်တော်ကြီး မျှော်စင်ကျွန်းရှေ့က Kantharyar Shopping Centre မှာ သုံးရက်တာ ကျင်းပမယ့် "The Responsible Market" မှာ LVP လည်း ရှိနေပါတယ်ခင်ဗျာ။

ဇူလိုင်လ ၂၉ ရက်နေ့ကနေ ၃၁ ရက်ထိ သုံးရက်တိုင် ကျင်းပမယ့် 'The Community' နဲ့ 'Prevent Plastics Myanmar' တို့ ပူးပေါင်းကျင်းပတဲ့ပွဲလေးမှာ ကျွန်တော်တို့ LVP က တစ်ထောင့်တစ်နေရာကနေ ပါ၀င်အားဖြည့်ထားပါတယ်။

ဒီပွဲလေးကို စိတ်ဝင်တစား လာရောက်ကြည့်ရှု့ကြ
မယ့် လူကြီးမင်းတို့အနေနဲ့လည်း ကျွန်တော်တို့ Recycled-Plastic Lumber ပြားတွေ နှင့် အတူ ပြုလုပ်ထားတဲ့ Furniture တွေ ကို အပြင်မှာထိတွေ့ လေ့လာခွင့် ရရှိမှာဖြစ်ပါတယ် ။

မနက်ဖြန် တစ်ရက်တည်းကျန်တော့တာမို့ Responsible Market ရဲ့ thrift culture ကိုလေ့လာရင်း LVP Plastic Lumber ပြားများကို လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ရပါတယ်

အကယ်၍ နေရာ ရှာဖို့ အခက်အခဲရှိတယ် ဆိုရင် ဒီ google map အတိုင်း လာလို့ရပါတယ် ခင်ဗျာ။

KANTHARYAR CENTRE
https://maps.app.goo.gl/KwKqDxhy2gvDY7QG8



22/04/2022

🌏 လတ်တလောမှာ 𝐋𝐞𝐭 𝐓𝐡𝐞 𝐄𝐚𝐫𝐭𝐡 𝐁𝐫𝐞𝐚𝐭𝐡𝐞 𝐜𝐚𝐦𝐩𝐚𝐢𝐠𝐧 လှုပ်ရှားမှုများကြောင့် လူအများကြားမှာ သဘာ၀ ပတ်၀န်းကျင် ထိန်းသိမ်း‌ ကာကွယ်ရေးနဲ့ ပတ်သက်ပြီး အာရုံစိုက်မှုတွေ မြင့်တက်နေတာကို တွေ့ရှိရပါတယ်။ တကယ်တော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကတည်းက ကမ္ဘာကြီးရဲ့ ကျန်းမာရေးကို စိုးရိမ်ခဲ့သူများက သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းစဉ်များကို စတင်ခဲ့ကြတာ ဖြစ်ပါတယ်။

🌏 ဒါကြောင့်မလို့ 𝟏𝟗𝟕𝟎 ခုနှစ်ကစပြီး 𝐀𝐩𝐫𝐢𝐥 𝟐𝟐 နေ့ကို 𝐄𝐚𝐫𝐭𝐡 𝐃𝐚𝐲 (မြေကမ္ဘာ) နေ့ တစ်နည်း အားဖြင့် 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐨𝐭𝐡𝐞𝐫 𝐄𝐚𝐫𝐭𝐡 𝐃𝐚𝐲 (အပြည်ပြည်ဆိုင်ရာ အမိမြေကမ္ဘာနေ့) အဖြစ်သတ်မှတ်ခဲ့ကြပြီး နှစ်စဉ်နှစ်တိုင်း ကမ္ဘာတ၀န်းမှာ မြေကမ္ဘာနေ့ အထိမ်းအမှတ် အသိပညာပေး လုပ်ငန်းစဉ်များ လုပ်ဆောင်ကြပါတယ်။

🌏 ကမ္ဘာ့လူဦးရေတိုးပွားမှုပြဿနာ‌တွေ၊ ဇီ၀ မျိုးကွဲမျိုးစိတ် ရှားပါးလာပြီး မျိုးသုဉ်းပျောက်ကွယ်မှုတွေ၊ သဘာ၀ပတ်၀န်းကျင် ထိခိုက်ပျက်စီးနေမှုတွေ စသည်တို့ကို သတိပြုမိကြစေရန် ရည်ရွယ်ပြီး မြေကမ္ဘာနေ့ကို စတင်ခဲ့ကြတာဖြစ်ပါတယ်။ စတင်ချိန်က 𝐔𝐒 မှာ ဖြစ်ပြီး ကျောင်းသားလူငယ်များကို အဓိကထား စည်းရုံးလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ ကမ္ဘာအနှံ့ နိုင်ငံပေါင်းများစွာ ပါ၀င်လာကြပြီး နှစ်တိုင်း ဆောင်ပုဒ်တစ်ခုစီနဲ့ ကျင်းပလေ့ရှိကြပါတယ်။ 𝟐𝟎𝟐𝟐 ခုနှစ်အတွက် ဆောင်ပုဒ်ကတော့ "𝐈𝐧𝐯𝐞𝐬𝐭 𝐈𝐧 𝐎𝐮𝐫 𝐏𝐥𝐚𝐧𝐞𝐭" ဖြစ်ပြီး သဘာ၀ပတ်၀န်းကျင်ကို ချစ်မြတ်နိုးသူတိုင်းက ကမ္ဘာမြေကြီးအတွက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ကြဖို့ ဆော်‌ဩထားခြင်းဖြစ်ပါတယ်။

🌏 ကမ္ဘာကြီးအတွက် ရင်းနှီးမြှုပ်နှံရာမှာ လူတစ်ဦးတစ်ယောက်ချင်းစီမှစပြီး လူမှုအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ၊ အစိုးရများအထိ အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းများအနေနဲ့
𝐆𝐫𝐞𝐞𝐧 𝐄𝐜𝐨𝐧𝐨𝐦𝐲 ရဲ့အကျိုးကို ရှေးရှူပြီး 𝐒𝐮𝐬𝐭𝐚𝐢𝐧𝐚𝐛𝐢𝐥𝐢𝐭𝐲 ကို ထည့်သွင်း စဉ်းစားကြရမှာ ဖြစ်တယ်။ အစိုးရအနေနဲ့ကလည်း သဘာ၀ ပတ်၀န်းကျင် ထိန်းသိမ်းကာကွယ်ရေးကို အဓိကထား လုပ်ဆောင်နေတဲ့ အဖွဲ့အစည်း၊ လုပ်ငန်းများကို အားပေးထောက်ပံ့မှုတွေ ပြုလုပ်ပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။

🌏 လွန်ခဲ့တဲ့ နှစ်များစွာကတည်းက ကျွန်ုပ်တို့လူသားတွေကြောင့်ပဲ ကမ္ဘာကြီးဟာ တဖြည်း ဖြည်းနဲ့ ယိုယွင်းပျက်စီးလာနေရတာ ဖြစ်ပြီး အဲဒီအကျိုးဆက်ကလည်း လူသား‌တွေအပေါ်ပဲ အဓိကရိုက်ခတ်‌နေတာ ဖြစ်တယ်။ ဒါကြောင့်မလို့ ကျွန်ုပ်တို့နောက် မျိုးဆက်တွေလက်ထဲ ကျန်းမာတဲ့ကမ္ဘာမြေကြီးကို လက်ဆင့်ကမ်း ပေးနိုင်ခဲ့ဖို့အတွက် ဒီထက်များစွာနောက်မကျခင် အချိန်မှာပဲ ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်ကြပါစို့လား 💚 🌱

အောက်က video လေးမှာ လူသားတို့အတွက် ကမ္ဘာကြီးဟာ ဘယ်လိုအရေးပါပုံနဲ့ ကမ္ဘာကြီးရဲ့ စကားသံအချို့ကို သီကုံးဖွဲ့ဆိုထားတဲ့ 𝐈 𝐚𝐦 𝐭𝐡𝐞 𝐄𝐚𝐫𝐭𝐡 (𝙎𝙤𝙣𝙜 𝙗𝙮 𝙂𝙡𝙮𝙣 𝙇𝙚𝙝𝙢𝙖𝙣𝙣) သီချင်းလေးပဲဖြစ်ပြီး မြေကမ္ဘာနေ့ အထိမ်းအမှတ်အနေနဲ့ နားဆင်နိုင်‌ဖို့ ဖော်ပြပေးလိုက်ပါတယ်။



နှစ်သစ်မှစ တစ်နှစ်ပတ်လုံး ရန်သူမျိုးငါးပါး ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေလို့ 𝙇𝙑𝙋 မှ ဆုမွန်ကောင်း တောင်း‌...
17/04/2022

နှစ်သစ်မှစ တစ်နှစ်ပတ်လုံး ရန်သူမျိုးငါးပါး ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေလို့ 𝙇𝙑𝙋 မှ ဆုမွန်ကောင်း တောင်း‌လိုက်ပါတယ် 🤍


အေးချမ်းသာယာပြီး အတာရေဆွတ်တဲ့ သင်္ကြန်အချိန်တွေ ပြန်လည်ရောက်ရှိလာဖို့ ရည်မှန်းရင်း မြန်မာပြည်သူ ပြည်သားအားလုံး ကိုယ်နိုင...
13/04/2022

အေးချမ်းသာယာပြီး အတာရေဆွတ်တဲ့ သင်္ကြန်အချိန်တွေ ပြန်လည်ရောက်ရှိလာဖို့ ရည်မှန်းရင်း မြန်မာပြည်သူ ပြည်သားအားလုံး ကိုယ်နိုင်ရာ တထောင့်တနေရာမှ ကူညီပြီး အတာသင်္ကြန်အချိန်အခါကို စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ဖြတ်သန်းနိုင်ကြပါစေလို့ 𝙇𝙑𝙋 မှ ဆုမွန်ကောင်း ပို့သလိုက်ပါတယ်။

ကျွန်တော်တို့ စွန့်ပစ်လိုက်တဲ့ Plastics အမှိုက်တွေ ထဲကအချို့ဟာ မြေကြီးထဲ မီးရှို့တဲ့အထဲ မရောက်သွားဘဲ ပုံစံ အသွင်သစ်တစ်မျ...
21/03/2022

ကျွန်တော်တို့ စွန့်ပစ်လိုက်တဲ့ Plastics အမှိုက်တွေ ထဲကအချို့ဟာ မြေကြီးထဲ မီးရှို့တဲ့အထဲ မရောက်သွားဘဲ ပုံစံ အသွင်သစ်တစ်မျိုးနဲ့ ကျွန်တော်တို့ဆီ ပြန်ရောက် လာနိုင်တယ်ဆိုတာ ဖြစ်နိုင်ပါသလား?

LVP plastic lumber တွေဟာဆိုရင် 𝟖𝟎% 𝐇𝐃𝐏𝐄 𝐩𝐥𝐚𝐬𝐭𝐢𝐜 နဲ့ 𝟐𝟎% 𝐮𝐧𝐫𝐞𝐜𝐲𝐜𝐥𝐚𝐛𝐥𝐞 𝐩𝐥𝐚𝐬𝐭𝐢𝐜 𝐨𝐫 𝐥𝐨𝐰 𝐯𝐚𝐥𝐮𝐞 𝐩𝐥𝐚𝐬𝐭𝐢𝐜𝐬 များဖြင့် ပြုလုပ် ထားခြင်း ဖြစ် ပါတယ်။ စွန့်ပစ် Plastics တွေကနေ ပရိဘောဂ ပစ္စည်းများမှာ အသုံးပြုထားတဲ့ 𝐋𝐮𝐦𝐛𝐞𝐫 များ အဖြစ် ထုတ်လုပ်ပုံ အဆင့်ဆင့်ကို ဗဟုသုတ အနေနဲ့ မျှဝေပေးပါမယ် ခင်ဗျ။

♻️ ပထမဆုံးအနေနဲ့ အမျိုးအစားနဲ့ အရောင်ခွဲခြား ထားပြီးသားဖြစ်တဲ့ plastic တွေကို အပိုင်းအစ လေးတွေ ဖြစ်လာအောင် ကြိတ်စက်ထဲ ထည့်ပါ တယ်။

♻️ ရရှိလာတဲ့ Plastic အစတွေဟာ သန့်စင်မှု မရှိ သေးတဲ့အတွက် အညစ်အကြေးများ စင်အောင် ရေဆေးပါတယ်။

♻️ သန့်စင်သွားတဲ့ plastic အပိုင်းအစလေး တွေကို mould (ပုံလောင်းခွက်) ထဲထည့်ပြီး အပူပေးစက်ဖြင့် ဖိပါတယ်။

♻️ ရရှိလာတဲ့ Lumber ပြားများကို အအေး နည်းဖြင့် တဖန်ဖိပြီး တစ်ညထားပါတယ်။

♻️ နောက်ဆုံးမှာတော့ Recycle ပြုလုပ်ထားတဲ့ အရည်အ‌သွေး ပြည့်မီပြီး ခိုင်ခံ့တဲ့ ရောင်စုံ Plastics အချပ်ပြားများကို ရရှိလာမှာ ဖြစ်ပါ တယ်။

Lumber ပြားများကို 𝟏𝟎𝟎𝟎 𝐦𝐦 ပတ်လည် အရွယ်အစားနှင့် အထူ ( 𝟏𝟎 𝐦𝐦 𝐨𝐫 𝟏𝟓 𝐦𝐦 ) ဖြင့်ထုတ်လုပ်ထားပါတယ်။

Recycled Lumber များအကြောင်း စိတ်၀င်စားလို့ ကိုယ်တိုင် အပြင်မှာကြည့်ချင်တယ်ဆိုရင်တော့ 𝐒𝐚𝐦𝐚𝐧𝐞𝐚 𝐖𝐡𝐨𝐥𝐞𝐬𝐚𝐥𝐞 𝐌𝐚𝐫𝐤𝐞𝐭 အခန်းနံပါတ် 𝟗-𝟒𝟖 မှာ လာရောက် ကြည့်ရှုနိုင်ပါတယ်။ အသေးစိတ် သိချင်တာဖြစ်စေ ဝယ်ယူချင်တာ ဖြစ်စေ 𝟎𝟗 𝟕𝟒𝟎 𝟗𝟏𝟓𝟓𝟔𝟎 သို့ page messenger ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။


ဒီနေ့ March 18 ရက်‌နေ့ မှာ ကျရောက်တဲ့ "𝙂𝙡𝙤𝙗𝙖𝙡 𝙍𝙚𝙘𝙮𝙘𝙡𝙞𝙣𝙜 𝘿𝙖𝙮"  မှာ ပထမဦးဆုံးအနေနဲ့ သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေးကို အလေးထ...
18/03/2022

ဒီနေ့ March 18 ရက်‌နေ့ မှာ ကျရောက်တဲ့ "𝙂𝙡𝙤𝙗𝙖𝙡 𝙍𝙚𝙘𝙮𝙘𝙡𝙞𝙣𝙜 𝘿𝙖𝙮" မှာ ပထမဦးဆုံးအနေနဲ့ သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေးကို အလေးထားပြီး Recycling လုပ်ငန်းစဉ်များကို မိမိတတ်နိုင်တဲ့ ဘက်ကနေ အားကြိုးမာန်တက် စိတ်၀င်တစားလုပ်ဆောင်နေကြသူများနဲ့ 𝙇𝙑𝙋 ရဲ့ 𝙍𝙚𝙘𝙮𝙘𝙡𝙚𝙙 𝙋𝙡𝙖𝙨𝙩𝙞𝙘𝙨 များအကြောင်းကို စိတ်၀င်စား အားပေးကြသူ အားလုံးဟာ လေးစားဂုဏ်ပြုထိုက်သူများ ဖြစ်ပြီး ကျွန်တော်တို့ 𝙇𝙑𝙋 အနေနဲ့လည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

ကမ္ဘာကြီးမှာ သဘာ၀ပတ်၀န်ကျင်း ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းစဉ်တွေ ကျယ်ပြန့်လာပြီးတဲ့နောက် Plastics တွေရဲ့ဆိုးကျိုးနဲ့ Recycle ပြုလုပ်ခြင်းရဲ့ အကျိုးတွေကို နားလည်မြင်သာလာစေဖို့ ရည်ရွယ်ချက်နဲ့ 𝟮𝟬𝟭𝟴 ကစပြီး 𝙈𝙖𝙧𝙘𝙝 18 ကို "𝙂𝙡𝙤𝙗𝙖𝙡 𝙍𝙚𝙘𝙮𝙘𝙡𝙞𝙣𝙜 𝘿𝙖𝙮" အနေနဲ့ သတ်မှတ်ခဲ့ကြပါတယ်။

"𝙂𝙡𝙤𝙗𝙖𝙡 𝙍𝙚𝙘𝙮𝙘𝙡𝙞𝙣𝙜 𝘿𝙖𝙮" နဲ့ပတ်သက်ပြီး အဓိကထားလုပ်ဆောင်တဲ့ အစီအစဉ်တွေဟာ တစ်နှစ်နဲ့တစ်နှစ် မတူညီဘဲ ကွဲပြားပါတယ်။

🌱 2019 မှာ "𝙍𝙚𝙘𝙮𝙘𝙡𝙞𝙣𝙜 𝙞𝙣𝙩𝙤 𝙩𝙝𝙚 𝙁𝙪𝙩𝙪𝙧𝙚" ဆိုတဲ့ အကြောင်းအရာကို အခြေခံပြီး ရေရှည်မှာ Recycling လုပ်ဆောင်မှုတွေအတွက် တီထွင်ဆန်းသစ်မှုတွေ အိုင်ဒီယာဆန်းတွေကို ဦးစားပေး လုပ်ဆောင်ခဲ့ကြတယ်။

🌱 2021 မှာ " 𝙍𝙚𝙘𝙮𝙘𝙡𝙞𝙣𝙜 𝙃𝙚𝙧𝙤𝙚𝙨" ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ လူမှုအဖွဲ့အစည်းမှာ Recycling နဲ့ပတ်သက်ပြီး ပြောင်းလဲမှုတွေ ပြုလုပ်နိုင်ခဲ့သူများရဲ့ အားထုတ်မှု ရလဒ်များကို ဂုဏ်ပြုမီးမောင်းထိုးပြတဲ့ အနေနဲ့ ကျင်းပခဲ့ကြပါတယ်။

🌱 2022 အတွက်ကတော့ နေ့စဉ်ဘ၀မှာ 𝙍𝙚𝙙𝙪𝙘𝙚, 𝙍𝙚𝙪𝙨𝙚, 𝙍𝙚𝙘𝙮𝙘𝙡𝙚ရဲ့ အရေးပါပုံ များကို အသိပညာပေးတဲ့ပုံရိပ်များနဲ့ အဓိကထားဖော်ဆောင် သွားဖို့ ရည်ရွယ်ထားတာကို တွေ့ရပါတယ်။

အခုနောက်ပိုင်း မြန်မာနိုင်ငံမှာလည်း 𝙀𝙘𝙤 𝙁𝙧𝙞𝙚𝙣𝙙𝙡𝙮 ပစ္စည်းများအသုံးပြုတာနဲ့ တစစရင်းနှီးလာတာကို မြင်ရတာဟာ ကောင်းမွန်တဲ့ အရွေ့တစ်ခုပဲ ဖြစ်ပါတယ်။

ဒါကြောင့်မလို့ ကျွန်တော်တို့ နေ့စဉ်ဘ၀မှာ Plastics တွေကို မလိုအပ်ဘဲ အလွန်အကျွံသုံးစွဲနေတာတွေကို တတ်နိုင်သလောက်လျှော့ချရပါမယ်။ တဖက်မှာလည်း Recycled ပစ္စည်းများကို အားပေးထောက်ပံ့ပြီး မိမိတို့ရဲ့ နေ့စဉ် လူနေမှုပုံစံကို ပိုမိုကောင်းမွန်အောင် ဖန်တီးသွားနိုင်ဖို့ တိုက်တွန်းလိုက်ရင်း Recycling Day အကြောင်းသိကောင်းစရာ အချို့ကို မျှဝေပေးလိုက်ပါတယ်။


မြန်မာ့ ဆယ့်နှစ်လရာသီစက်၀န်းရဲ့ နောက်ဆုံးလဖြစ်တဲ့ ဆောင်းအကုန် နွေအကူး တပေါင်းလလို့ ဆိုလိုက်တာနဲ့ လှပတဲ့ နွေပန်းချီကားနဲ့...
16/03/2022

မြန်မာ့ ဆယ့်နှစ်လရာသီစက်၀န်းရဲ့ နောက်ဆုံးလဖြစ်တဲ့ ဆောင်းအကုန် နွေအကူး တပေါင်းလလို့ ဆိုလိုက်တာနဲ့ လှပတဲ့ နွေပန်းချီကားနဲ့အတူ သဲပုံစေတီ၊ ဘုရားပွဲတော်များကို အမှတ်ရမိမှာ ဖြစ်ပါတယ်။

တပေါင်းလပြည့်နေ့ဟာ မြတ်စွာဘုရား တရားဟောကြားဖို့ ကပိလ၀တ်ပြည်ကို ပြန်လည်ကြွချီတော်မူတဲ့နေ့ဖြစ်လို့ မြတ်ဗုဒ္ဓ ပြည်တော်၀င်အခါတော်နေ့ဆိုပြီး သတ်မှတ်ခဲ့ကြပါတယ်။ ဒါ့အပြင် ခမည်းတော်သု‌ဒ္ဓေါဒနမင်းကြီးကို တရားဖြင့်ကျေးဇူးဆပ်ခြင်းကို အကြောင်းပြုပြီး တပေါင်းလပြည့်နေ့ကို အဖေများနေ့ အဖြစ်လည်း ဂုဏ်ပြုသတ်မှတ်ထားပါတယ်။

တပေါင်းလပြည့် မြတ်ဗုဒ္ဓအခါတော်နေ့၊ အဖေများနေ့မှာ ကျေးဇူးရှင် ဖခင်များအတွက် ဂုဏ်ပြုရင်း ဓမ္မဘက်တော်သား မြန်မာပြည်သူပြည်သားအားလုံး ဘေးအန္တရာယ် ကင်းရှင်းပြီး ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြစေဖို့ ကျွန်တော်တို့ ‌𝙇𝙑𝙋 မှ ဆုမွန်ကောင်း ပို့သလိုက်ပါတယ်။

ယနေ့ မတ်လ ၂ ရက်နေ့ တွင် ကျရောက်သော တောင်သူလယ်သမားနေ့ကို ဂုဏ်ပြု ကြိုဆိုရင်း တောင်သူလယ်သမား အပေါင်းတို့အား LVP မိသားစုမှ ...
02/03/2022

ယနေ့ မတ်လ ၂ ရက်နေ့ တွင် ကျရောက်သော တောင်သူလယ်သမားနေ့ကို ဂုဏ်ပြု ကြိုဆိုရင်း တောင်သူလယ်သမား အပေါင်းတို့အား LVP မိသားစုမှ လေးစားစွာ ဂါရ၀ ပြုလိုက်ပါတယ်။

#တောင်သူလယ်သမားနေ့

သင် နေ့တိုင်းစွန့်ပစ်နေကြ ရောင်စုံ ပလတ်စတစ် ဘူးခွံလေးတွေ ဘယ်ရောက်သွားလဲ?🤔𝙍𝙚𝙘𝙮𝙘𝙡𝙚𝙙 𝙋𝙡𝙖𝙨𝙩𝙞𝙘 𝙎𝙝𝙚𝙚𝙩𝙨  များတွင် အဓိကပါဝင်သော ...
26/02/2022

သင် နေ့တိုင်းစွန့်ပစ်နေကြ ရောင်စုံ ပလတ်စတစ် ဘူးခွံလေးတွေ ဘယ်ရောက်သွားလဲ?🤔

𝙍𝙚𝙘𝙮𝙘𝙡𝙚𝙙 𝙋𝙡𝙖𝙨𝙩𝙞𝙘 𝙎𝙝𝙚𝙚𝙩𝙨 များတွင် အဓိကပါဝင်သော *စွန့်ပစ်ပလတ်စတစ်များမှာ နွားနိုဘူးခွံ ၊ဆပ်ပြာရည်ဘူးခွံ ၊ အစွန်းချွတ်ဆေးဘူးခွံ ၊ ပလတ်စတစ်မုန့်ဘူးခွံ နှင့် အချိုရည်ဘူးခွံများ စသည့် 𝙃𝘿𝙋𝙀 ( 𝙃𝙞𝙜𝙝 𝘿𝙚𝙣𝙨𝙞𝙩𝙮 𝙋𝙤𝙡𝙮𝙚𝙩𝙝𝙮𝙡𝙚𝙣𝙚) အမျိုးအစားပါဝင်သော အိမ်တွင်း အမှိုက်များဖြစ်ပါတယ်။

𝙃𝘿𝙋𝙀 မှာ ပြန်လည်အသုံးပြုနိုင်သော ပလတ်စတစ်အမျိုးစားထဲတွင်ပါဝင်ပြီး စွန့်ပစ်ပြီးသည့်တိုင်အောင် 𝙍𝙚𝙘𝙮𝙘𝙡𝙚𝙙 𝙋𝙡𝙖𝙨𝙩𝙞𝙘 𝙎𝙝𝙚𝙚𝙩𝙨 များအဖြစ် ပြန်လည်ထုတ်လုပ် အသုံးပြုနိုင်ကြပါတယ်။

#𝙧𝙚𝙘𝙮𝙘𝙡𝙚 #𝙥𝙡𝙖𝙨𝙩𝙞𝙘𝙨 #𝙛𝙪𝙧𝙣𝙞𝙩𝙪𝙧𝙚 #𝙡𝙫𝙥

Address

No. B(30), 2nd Floor, Bahosi Housing, Lanmadaw Tsp
Yangon
11131

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959740915560

Website

Alerts

Be the first to know and let us send you an email when LVP - Plastic Innovation Products posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to LVP - Plastic Innovation Products:

Share