DV Myanmar Lottery Service

DV Myanmar Lottery Service အမြင့်တစ်နေရာကိုရောက်ဖို့ နင်းတက်သွားတဲ့ လှေကားက လူတစ်ဖက်သားရဲ့ ဘဝတော့မဖြစ်ပါစေနဲ့..

10/01/2025

Bangkokမှာ Visit 14ရက်နဲ့အလည်လာသူများသက်တမ်းတိုးချင်ရင် ၃၄၀၀ ဘတ်နဲ့သက်သာစွာအပ်နှံလို့ရပါတယ်ဗျ

Ko Aung Aungအမည်နဲ့DVပေါက်တဲ့အကိုဆက်သွယ်မရသေးလို့ပါဗျ ဒီPOSTတွေ့ရင် case Number fileလေးလာယူလို့ရပါတယ်ဗျ caseနံပါတ်ကြီးတဲ...
05/05/2024

Ko Aung Aungအမည်နဲ့DVပေါက်တဲ့အကိုဆက်သွယ်မရသေးလို့ပါဗျ ဒီPOSTတွေ့ရင် case Number fileလေးလာယူလို့ရပါတယ်ဗျ caseနံပါတ်ကြီးတဲ့ထဲမပါပါဘူးဗျ မင်မင်တို့လတ်တလောတိုက်စစ်တဲ့ထဲ လေးဦးပဲပေါက်ပါသေးတယ် မင်မင်တို့ဆီထိုးထားတဲ့သူတွေရှိရင် လာပြီးမေးပေးပါနော်

05/05/2024

မကြုံစဖူး has not been selected တွေများလှချည်လား😢 ဒီနှစ်ဘာလို့အပေါက်နည်းနေကြပါလိမ့်

04/05/2024

ခုကစပြီး မင်မင်ပေါက်တဲ့သူနာမည်တွေဒီမှာတင်ပေးသွားပါမယ်

1.Ko Aung Aung
လတ်တလော​(3)ဦးရှိပါပြီး အကုန်ပြီးရင်စာပြန်ပေးပါမယ်ဗျ ဒီနှစ်ပေါက်တဲ့သူကတော့နည်းပါတယ် လတ်တလော​အားရစရာမရှိသေးပါ😢

04/05/2024

လတ်တလော​website ကိုဝင်တဲ့သူများလို့ sever ကျနေပါတယ်ဗျ ဝင်ရတာနဲ့အမြန်ဆုံးစစ်ပြိးအကြောင်းပြန်ပါမယ်ဗျ

04/05/2024

DVထွက်ပြီလားမေးနေလို့ပါ ထွက်တာကဒီနေ့ထွက်မှာထွက်မဲ့အချိန်ကညမှဖြစ်ပါတယ်ဗျ

မြန်မာ​စံတော်​ချိန် 10:30pm ကျရင် 2023 Ocbမှာ တင်ခဲ့တဲ့DV Formတွေရဲ့resultကိုသိရတော့မှာဖစ်ပါတယ်

စင်ကာပူ​နဲ့မလေးကတော့ ၁၂ဝန်းကျင်မှဖြစ်ပါတယ်

ပေါက်၊ မပေါက်စစ်ဖို့နဲ့ မစစ်တတ်သူများမနက်ဖြန်မနက်ရောက်ရင်လာပြီးမေးမြန်းနိုင်သလို ကျွန်တော်​တို့​ဖက်ကလည်း ဆက်သွယ်​ပေးဖို့ရှိပါတယ်ဗျ

လက်ရှိ Oversea​မှအလုပ်လုပ်နေလို့ Myanmar Contactတွေဆက်သွယ်မရတာရှိရင် Page Messenger နဲ့​viberကနေမေးမြန်းနိုင်ပါတယ်ဗျ

အားလုံးလင်းယုန်မြေသလို့ခေါ်ဆောင်မဲ့ DV 2025ကိုကံထူးကြပါစေဗျာ

Good luck ပါ❤️မကြာခင်ထွက်တော့မယ်နော်...
02/05/2024

Good luck ပါ❤️မကြာခင်ထွက်တော့မယ်နော်...

🛂Passport အသစ်လုပ်ရင်ကုန်ကျစရိတ်ဘယ်လောက်ကျနိုင်လဲ✨Qr Code ကျရန်အတွက် 35000အရင်ပေးသွင်းပြီး formတင်ရပါတယ်💫ရန်ကုန်​ရုံးကို...
13/01/2024

🛂Passport အသစ်လုပ်ရင်ကုန်ကျစရိတ်ဘယ်လောက်ကျနိုင်လဲ

✨Qr Code ကျရန်အတွက် 35000အရင်ပေးသွင်းပြီး formတင်ရပါတယ်
💫ရန်ကုန်​ရုံးကိုသွားလုပ်တဲ့အခါ တံဆိပ်​တုံးထုခ=1000
💫လဝကအထွက်=5000 အခြေနေပေါ်မူတည်ပြီးပေရတာလည်းရှိသလို မပေးရတာလည်းရှိပါတယ်
💫ဓာတ်ပုံ​ရိုက်တဲ့အခါမှာတော့ 5000ပေးရပါတယ် မပေးရတဲ့သူမကြားဖူးသေးပါဘူး
💫 စာအုပ်ထုတ်တဲ့အခါမှာ စာအုပ်ဖုံးအတွက်3000ပေးရပါတယ် မဝယ်ချင်သူတွေက passport အစစ်ဆေးမခံပဲလှည့်ထွက်လို့ရပါတယ်

ဒီထဲကအတိုင်းအများစုဖြတ်သန်းရပါတယ်
💫တကယ်လို့ Online​Qr Codeအတွက်အမှားပြင်တဲ့အခါနဲ့ အိမ်ထောင်စုအရှုပ်ရှင်းတွေရှိရင် 5000မှ10000ဝန်းကျင်ထိထပ်မံကုန်ကျနိုင်ပါတယ်

💫 ပုံမှန်​ကုန်ကျစရိတ်ကတော့အပြီးအစီး 49000 အစမှအဆုံးကုန်ကျနိုင်ပြီး စာအုပ်အဖုံးနှင့်လဝကအထွက်ဉာဏ်ရှိသလိုလှည့်ထွက်နိုင်ရင်တော့ 8000သက်သာပါမယ်

💫Passport လျှောက်လိူသူများအနေနှင့် မိမိမွေးဖွားရာတိုင်းနှင့်ရန်ကုန်ဆိုပြီးနှစ်နေရာလုပ်လို့ရပါတယ် ရန်ကုန်​ကတော့ရုံးချုပ်ဖြစ်လို့ ဘယ်ဒေသကမဆိုလာလုပ်လို့ရပါတယ် လက်ရှိ​အခြေအနေ​အရ တိုင်းဒေသတွေမှာရှိတော့Passportရုံးတွေမှာတော့ အစီစဥ်တကျမဖြစ်လို့ ရဖို့ခက်ခဲ့သလိုတစ်ခုခုပြန်ပြင်ရင်တော့အချိန်ကြန့်
ကြာတာတွေရှိပါတယ် ဖြစ်နိုင်ရင်​Online Booking ယူပြီး ရန်ကုန်​မှာလုပ်ကြပါ
ငွေကုန်ကြေးကျနည်းပါတယ်
💫ပွဲစားတွေ၊ အမြန်တွေ မလုပ်စေချင်ပါ ကိုယ်တိုင်လုပ်ရင်5သောင်းတောင်မကျော်တာ လေးငါးသိန်းပေးပြီးမလုပ်ကြပါနဲ့
💫 ကလေးဆိုရင် မွေးပြီး 1ကစလုပ်ရပါတယ် မှတ်ပုံတင်မရှိတဲ့ကလေးတွေဆိုရင် မွေးစာရင်းပြဖို့လိုပါတယ်
💫 မှတ်ပုံတင် 18နှစ်ပြည့်မလဲလှယ်ရသေးရင် ပြန်လွှတ်ခံရပါမယ်
💫 သန်းခေါင်​စာရင်း မူရင်းမပါရင်ပြန်လွှတ်ပါမယ်
💫သတ်မှတ်ထားတဲ့ရက်အတွင်းသွားမလုပ်နိုင်ရင်တစ်ပတ်အတွင်းပြန်လုပ်လို့ရပါတယ်
💫 Passportအတွက် စလစ်ရပြီး ရက်90အတွင်း သွားထုတ်လို့ရပါတယ်
💫ထုတ်တဲ့အခါ မှတ်ပုံတင်နဲ့စလစ်ယူဆောင်သွားရပါတယ် ကိုယ်စားထုတ််မယ်ဆိုရင် အိမ်ထောင်​စုထဲပါတဲ့သူဖြစ်ရပါမယ်
အခြာသိချင်တွေရှိရင်လာမေးလို့ရပါတယ်

09/11/2023

November 7​ရက်နေ့​ကစပြီး DV Formလေးပိတ်သွားပါပြီဗျ DVနဲ့ပက်သက်ပြီး အသိနောက်ကျလို့ဖြစ်ဖြစ်၊ မထိုးဖြစ်လိုက်လို့ဖြစ်ဖြစ် နောက်နှစ်တွေမှာလည်းဆက်ထိုးလို့ရမှာဖြစ်လို့ DVနဲ့ပက်သက်ပြီး လေ့လာထားရင်လည်းမမှားဘူးပေါ့ဗျာ ဒီနှစ် 2023မှာDV2025ထိုးလိုက်တဲ့ မိဘညီကိုမောင်နှမတွေကတော့ နောက်​နှစ်မေလဆန်းမှာ ကံကောင်း​ခြင်းများစွားနှင့်အတူပြန်လည်ဆုံတွေ့ကြတာပေါ့ဗျာ အားလုံး​ပဲ DV​ကံထူးရှင်များ​ဖြစ်​ပြီး အမေရိကကိုအခြေချနေထိုင်နိုင်ကြပါစေဟုဆုတောင်းရင်း....

ကျေးဇူးတင်​ခြင်း​များစွာဖြင့်
DV Myanmar​Lottery Service

DV FORMဒီနေ့နောက်ဆုံးတင်ရပါသေးတယ်ဗျနောက်ဆုံးရက်ဆိုတဲ့အတိုင်း ဒီလိုနေတွေမှာအခြားရက်တွေထက် အသိနောက်ကျတာဖြစ်ဖြစ်၊ခုမှသိလို့...
06/11/2023

DV FORMဒီနေ့နောက်ဆုံးတင်ရပါသေးတယ်ဗျ
နောက်ဆုံးရက်ဆိုတဲ့အတိုင်း ဒီလိုနေတွေမှာအခြားရက်တွေထက် အသိနောက်ကျတာဖြစ်ဖြစ်၊ခုမှသိလို့ဖြစ်ဖြစ်၊ သတ်မှတ်​ထားတဲ့ Deadline ရောက်လာတာကြောင့်ပဲဖြစ်ဖြစ် စတင်တုန်းကလိုပဲ တင်တဲ့သူနည်းနည်းများတာကြောင့် Photoစစ်တဲ့ website တွေ၊ DV တင်တဲ့ website တွေ Server​ကျတာ၊ ဝင်မရတာမျိုးတွေဖြစ်တတ်ပါတယ် အများ​စုအသုံးပြုနေတဲ့ DV Photo Checker​တို့ဘာတို့နဲ့စစ်ချင်ပေမဲ့ဝင်မရတဲ့ပြဿနားမျိုးတွေရှိတတ်ကြပါတယ် အဲ့​အတွက်​အဖြေက အမေရိကန်အစိုးရရဲ့Photo Toolဆိုတဲ့ တရားဝင် Website​ကနေသွားစစ်လို့ရပါတယ် ဒီ toolတွေကလည်း aiနဲ့စစ်တာဖြစ်လို့ တစ်သတ်မှတ်တည်းသတ်မှတ်မရပါဘူး အဓိကက DV Photo File sizeမှန်ဖို့ရယ် Pixel 2x2ဖြစ်ဖို့ရယ် ကြည်လင်ပြတ်သားတဲ့ပုံဖြစ်ဖို့ရယ်ပဲလိုပါတယ် များသောအားဖြင့် ကလေးတွေရဲ့ ခန္ဓာကိုယ်​ဟာလူကြီးတွေထက်သေးတာကြောင့် photo checker toolတွေစစ်ရင်အမှားပိုပေါ်တာတွေ့ရတတ်ပေမဲ့ အဲ့တာတွေခေါင်းထဲထည့်စရာမလိုပါဘူး ကြည့်လိုအနေထားသင့်တော်တယ် file sizeမှန်မယ် background အဖြူဖြစ်မယ် ကြည်လင်ပြတ်သားမယ် 2x2 ဖြစ်မယ်ဆိုရင် ပုံအတွက်က လုံးဝကိုစိတ်ချရပါတယ်

https://tsg.phototool.state.gov/photo

DV Photo tool ကိုတော့ file sizeစစ်ဆေးတာ၊ overlay compress ဖြစ်မဖြစ်စစ်ဆေးတာမျိုးအတွက်အသုံးပြုသငသင့်ပြီး အများစု​အထင်မှားတတ်တာက

Your​Photo doesn't need cropping ဆိုတာ ဆက်ပြင်စရာမလိုပဲအဆင်သင့်ဖြစ်ပြီဆိုလိုတာကို red cross signလေးကြောင့်ပုံအဆင်မပြေဘူးထင်တတ်ကြတာပါ
Your Photo doesn't need cropping ဆိုရင် လူကြီး​မင်း​ပုံကလုံးဝကိုအဆင်ပြေပြီလို့ပြောတာပါ

ကဲ့ DV 2025 ရဲ့​နောက်ဆုံး​ရက်လေးမှာမင်မင်တို့ဆီယုံကြည်စိတ်ချစွာအပ်နှံပေးတဲ့ ညီကို၊မောင်နှမ၊ အကိုအမတွေလည်း ကျေးဇူးတင်​စကားဆိုရင်း အခြား မြန်မာ​တစ်နိုင်ငံ​လုံးကညီကိုမောင်နှမများပါ DVပေါက်ပြီး 2025မှာ​အမေရိက​ကိုအခြေချနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းဆုပြုလိုက်ပါတယ်ခင်ဗျ

06/11/2023

DV Formပိတ်ဖို့ 1 ရက်သာလိုပါတော့တယ်ဗျ
DVတင်ချင်သူများ Page Messenger မှာတစ်ချက်ပို့ထားပေးပါဗျ DVတင်ပြီးသူတွေလည်း မင်မင်တို့ Gmail or viberကနေ Comfirmation Number နဲ့ Detailလေးတွေပြန်ပို့ထားပါတယ် တစ်ချက်စစ်ပေးကြပါဗျ

Address

Aung Chan Thar Street
Yangon
11041

Telephone

+959255638668

Website

Alerts

Be the first to know and let us send you an email when DV Myanmar Lottery Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to DV Myanmar Lottery Service:

Share