Future Accounting & Consulting Services

Future Accounting & Consulting Services Accounting Services,
Taxation Services,
Business Valuation Services,
Setting up of Internal Control System,
Corporate Training Services

Save the date☘️☘️☘️
13/04/2025

Save the date☘️☘️☘️

09/04/2025

လိုအပ်နေသူများအတွက်ပါ။

အိမ်ဆောက်ပစ္စည်းလုပ်ငန်းအတွက် Peachtree အတွေ့အကြုံရှိတဲ့ Account (၁) ဦး။
Sunday တစ်ရက်ပဲပိတ်မှာဖြစ်ပြီး လစာ ၅-၇ သိန်းကြား။
Stocks စာရင်းလည်း ကိုင်ရမှာဖြစ်ပြီး တစ်ပတ်တစ်ကြိမ် Store သွားစစ်ရပါမည်။
စိတ်ပါဝင်စားသူများအနေဖြင့် [email protected] ကို CV ပို့ပေးနိုင်ပါသည်။

Send a message to learn more

Stamp Duty အကြောင်း Knowledge အနေဖြင့် သိကောင်းစရာ‌
27/03/2025

Stamp Duty အကြောင်း Knowledge အနေဖြင့် သိကောင်းစရာ‌

13/01/2025

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် (၁.၄.၂၀၂၄ မှ ၃၁.၃.၂၀၂၅ အထိ) အခြေပစ္စည်းမှမြတ်စွန်းငွေကြေညာလွှာတင်သွင်းပုံ

IRD Myanmar ဆီမှတိုက်ရိုက် ကူးဖော်ပြခြင်း ဖြစ်ပါသည်။ IRD Myanmar Youtube channel မှလည်း အောက်ပါ link အတိုင်း ကြည့်ရှုနိုင်ပါသည်။
https://www.youtube.com/watch?v=5wsD5AWZ9bM


မေး- ကုမ္ပဏီမှ ဝင်ငွေကြေညာလွှာ နောက်ကျတင်သွင်းပါက ဒဏ်ကြေးမည်မျှပေးဆောင် ရမည်နှင့် အခွန်ပေးဆောင်ရန် နောက်ကျပေးဆောင်ခဲ့ပါက...
09/12/2024

မေး- ကုမ္ပဏီမှ ဝင်ငွေကြေညာလွှာ နောက်ကျတင်သွင်းပါက ဒဏ်ကြေးမည်မျှပေးဆောင် ရမည်နှင့် အခွန်ပေးဆောင်ရန် နောက်ကျပေးဆောင်ခဲ့ပါက ဒဏ်ကြေးငွေမည်မျှ ပေးဆောင်ရမည်ကို သိရှိလို၍ မေးမြန်းခြင်း။

ဖြေ- ကုမ္ပဏီမှ ဝင်ငွေကြေညာလွှာကို သတ်မှတ်ထားသည့်နေ့ရက်တွင် သို့မဟုတ် ယင်းနေ့ရက်မတိုင်မီတင်သွင်းရန် ပျက်ကွက်ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၆၇၊ ပုဒ်မခွဲ (က) အရ အောက်ဖော်ပြပါ ဒဏ်ကြေးငွေ နှစ်ရပ်အနက်မှများရာ ဒဏ်ကြေးငွေကို ပေးဆောင်ရမည်-

(၁) ပေးဆောင်ရမည့် အခွန်ပမာဏ၏ ၅ ရာခိုင်နှုန်းအပြင် တင်သွင်းရန် သတ်မှတ်ထားသည့် နေ့ရက်မှ ညွှန်ကြားရေးမှူးချုပ်က စည်းကြပ်မှု ပြုလုပ်သည့် အချိန်ကာလအထိ ကြေညာလွှာတင်သွင်းရန် ဆက်လက် ပျက်ကွက်နေသည့် တစ်လချင်းစီအတွက် သို့မဟုတ် တစ်လ၏အစိတ်အပိုင်း အတွက် ပေးဆောင်ရမည့် အခွန်ပမာဏ၏ ၁ ရာခိုင်နှုန်း၊

(၂) ငွေကျပ်တစ်သိန်း ဖြစ်ပါသည်။

ပေးဆောင်ရမည့် အခွန်အား သတ်မှတ်ရက်တွင် ပေးဆောင်ရန် ပျက်ကွက်ခဲ့ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၄၊ ပုဒ်မခွဲ (က) အရ စည်းကြပ်မှု သို့မဟုတ် ပြန်လည်စည်းကြပ်မှု ပြုလုပ်သည့်နေ့မှ ၁၄ ရက်အတွင်း သို့မဟုတ် စည်းကြပ်မှု အကြောင်းကြားစာပါ သတ်မှတ်ရက်တွင် ပေးဆောင်ရန်ရှိသည့် အခွန်အားလုံး ကိုဖြစ်စေ တစ်စိတ်တစ်ပိုင်း ကို ဖြစ်စေပေးဆောင်ရန် ပျက်ကွက်ပါက ပေးဆောင် ခြင်းမရှိသည့် အခွန်၏ ၁၀ ရာခိုင်နှုန်းနှင့်ညီမျှသည့်ပမာဏကို နောက်ကျပေးဆောင်ခြင်း အတွက် ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရပါမည်။
Source:

Tax Calendar FY 2025-2026 with Myanmar & English Language. -2026
26/11/2024

Tax Calendar FY 2025-2026 with Myanmar & English Language.

-2026

မေး ။  ။ ကုမ္ပဏီပိုင်မြေအား ရောင်းချခြင်းအပေါ် ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရန် လို/မလို သိရှိလို၍ မေးမြန်းခြင်း။အဖြေ။ ။ ...
21/11/2024

မေး ။ ။ ကုမ္ပဏီပိုင်မြေအား ရောင်းချခြင်းအပေါ် ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရန် လို/မလို သိရှိလို၍ မေးမြန်းခြင်း။

အဖြေ။ ။ ကုမ္ပဏီပိုင်မြေအား ရောင်းချပါက ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရန်မလိုပါ။ ဝင်ငွေခွန် ဖြစ်သော အခြေပစ္စည်းမှ မြတ်စွန်းငွေခေါင်းစဉ်ဖြင့် မြတ်စွန်းငွေရရှိလျှင် ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၇ အရ မြတ်စွန်းသည့် ကျပ်ငွေ သို့မဟုတ် နိုင်ငံခြားငွေအပေါ်တွင် ဝင်ငွေခွန်ဥပ‌ဒေ ပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု ၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၇၊ ပုဒ်မခွဲ (ခ) အရ ပုဂ္ဂိုလ်စုများ သို့မဟုတ် တစ်ဦးချင်းပုဂ္ဂိုလ်ဖြစ်ပါက မြတ်စွန်းသည့် ကျပ်ငွေ သို့မဟုတ် နိုင်ငံခြားငွေအပေါ် ၁၀% ဖြင့် ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်ပါသည်။ ဝင်ငွေခွန်နည်းဥပဒေ ၅(က) အရ အခြေပစ္စည်းကို ရောင်းချ၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း ပြုလုပ်သည့် နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဝင်ငွေကြေညာလွှာကို သက်ဆိုင်ရာအခွန်ရုံးသို့ ပေးပို့ရမည်ဖြစ်ပါသည်။
Source: IRD Myanmar

18/11/2024

Quarterly Commercial Tax Return တင်ရာတွင် Online မှ တဆင့် E Filing ဖြင့် အလွယ်တကူ တင်သွင်းနိုင်ခြင်း။

Crd : Internal Revenue Department ဆီမှ တိုက်ရိုက် ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။


03/08/2024

ကိုယ်သိချင်တဲ့ Data တွေကို ဆွဲထုတ်ချင်ပါက shotcut key ဖြစ်တဲ့ Ctrl Shift L (Filter) ဖြင့် ပြုလုပ်လို့ရသလို Right click ကနေတဆင့် Filter ကိုအသုံးပြုပြီးလည်း သွားလို့ ရပါကြောင်းကို ပြောပြပေးထားပါတယ်။ အကယ်၍ ပြန်လုပ်ကြည့်လို့ အဆင်မပြေတာမျိုး ရှိခဲ့လျှင် Comment ကနေ ပြောထားပေးလို့ ရပါတယ်နော်။

02/08/2024

Data တွေကို မြန်မြန်ဆန်ဆန် Filter လုပ်ချင်တာပဲဖြစ်ဖြစ် Sum, Average, Count, Max, Min အစရှိတာတွေကို အလွယ်တကူ သိချင်တဲ့အခါ Table (Ctrl T) ဖြင့် ပြုလုပ်လို့ ရကြောင်းကို ပြောပြပေးထားပါတယ်။ အကယ်၍ ပြန်လုပ်ကြည့်လို့ အဆင်မပြေတာမျိုး ရှိခဲ့လျှင် Comment ကနေ ပြောထားပေးလို့ ရပါတယ်နော်။

2 August 2024

31/07/2024

Row နှစ်ခု နှိုင်းယှဥ်ပြီး မတူညီတာကို ရှာလိုပါက Ctrl \ ကိုသုံးပြီးရှာလို့ရသလို Ctrl G က Row differences ကို သုံးလို့လည်းရပါတယ်။ အကယ်၍ ပြန်လုပ်ကြည့်လို့ အဆင်မပြေတာမျိုး ရှိခဲ့လျှင် Comment ကနေ ပြောထားပေးလို့ ရပါတယ်နော်။

31 July 2024

30/07/2024

Unit of measurement ပါတဲ့ ကိန်းဂဏန်းတွေကို မြှောက်တဲ့အခါမှာ ဒီအတိုင်း Multiply လုပ်ပြီး မြှောက်လို့မရတာမို့လို့ % ခံပြီး မြှောက်ပါက ကိုယ်လိုချင်တဲ့ Cost per unit တွက်လို့ရကြောင်းကို ပြောပြပေးထားပါတယ်။ အကယ်၍ ပြန်လုပ်ကြည့်လို့ အဆင်မပြေတာမျိုး ရှိခဲ့လျှင် Comment ကနေ ပြောထားပေးလို့ ရပါတယ်နော်။

30 July 2024

Address

Building No 100, 4th Floor, Baho Road, Kamayut Tsp
Yangon
11041

Website

Alerts

Be the first to know and let us send you an email when Future Accounting & Consulting Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share