Yoon.Precious Y

Yoon.Precious Y နှလုံးသားနဲ့ စိုက်ပျိူးထားတဲ့ ရသရောင်စုံပန်းခင်းလေးပါ.... Believe your inner power and be strong.

ထပ်မချစ်သင့်တဲ့သူကိုယ်ပေးတဲ့ မေတ္တာ၊ စေတနာတွေကို အလေးမထားတတ်တဲ့သူမျိုးနဲ့ဆိုရင် ...ထပ်မချစ်သင့်တော့ဘူး...။ တစ်ဦးတစ်ယောက...
23/05/2026

ထပ်မချစ်သင့်တဲ့သူ

ကိုယ်ပေးတဲ့ မေတ္တာ၊ စေတနာတွေကို အလေးမထားတတ်တဲ့သူမျိုးနဲ့ဆိုရင် ...ထပ်မချစ်သင့်တော့ဘူး...။

တစ်ဦးတစ်ယောက်တည်းအတွက် ရည်ရွယ်တဲ့ ချစ်ခြင်းမေတ္တာမျိုးကို ပေးနိုင်တဲ့သူမှ မဟုတ်ရင်...
ထပ်မချစ်သင့်တော့ဘူး...။

သူ့အနာဂတ်မှာ ကိုယ့်အတွက် နေရာ ပေးမထားတဲ့သူမျိုးနဲ့ဆိုရင်...ထပ်မချစ်သင့်တော့ဘူး...။

စာနာ နားလည်ခွင့်လွှတ်ခြင်း၊ ဖေးမကူညီခြင်းဆိုတာတွေကို မသိနားမလည်တဲ့သူမျိုးနဲ့ဆိုရင်..
ထပ်မချစ်သင့်တော့ဘူး...။

ဘဝရည်မှန်းချက်ကင်းမဲ့နေတတ်တဲ့သူမျိုးဆိုရင်၊ ကိုယ်ပိုင်အရည်အချင်းနဲ့ တောက်ပနိုင်တဲ့သူ မဟုတ်ရင်...
ထပ်မချစ်သင့်တော့ဘူး...။

ကိုယ့်အတွက်ဆိုတဲ့ စိတ်စေတနာမျိုး မရှိတဲ့သူဆိုရင်
ကိုယ်နဲ့အတူဆိုတဲ့ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ မရှိတဲ့သူမျိုးဆိုရင်...ထပ်မချစ်သင့်တော့ဘူး...။

ကိုယ်ရဲ့ အားနည်းချက်ကို ဖိနင်းရင်း အနိုင်ယူချင်တဲ့သူမျိုးနဲ့ဆိုရင်လေ လုံးဝ ထပ်မချစ်မိတော့အောင် နှလုံးသားကို သော့ခတ်ထားလိုက်ပါ။
လုံးဝ ထပ်မချစ်သင့်တော့ပါဘူး...။

ဒီကာလကြီးထဲမှာလေ ... နှစ်ယောက်အတူရှိပြီး စိတ်ဆင်းရဲရမယ့်အချစ်မျိုးထက် အချစ်ရဲ့ အဝေးမှာ တစ်ယောက်တည်း ပျော်အောင်သာ နေလိုက်သင့်ပါပြီ။ ကိုယ့်အတွက် စိတ်ချလုံခြုံ စေတဲ့ရင်ခွင် မဟုတ်ရင်၊ အားအင်ပေးစွမ်းနိုင်တဲ့သူ ဖြစ်မနေရင် ၊ နွေးထွေး ပျော်ရွှင်စေချင်တဲ့ သူ မှ မဟုတ်ရင် လေ တကယ်ကို ထပ်မချစ်သင့်တော့လို့ပါ...။

#ယွန်း @ Precious Y

မစွန့်လွှတ်ချင်ပါဘဲ  ရင်တွေကွဲကြေခံပြီးစွန့်လွှတ်လိုက်ရတဲ့အခါငါ့ကောင်းကင်မှာ တိမ်တွေဟာ အတိုင်းအဆမဲ့ အတားအဆီးမဲ့စွာ ပြို‌...
22/05/2026

မစွန့်လွှတ်ချင်ပါဘဲ ရင်တွေကွဲကြေခံပြီး
စွန့်လွှတ်လိုက်ရတဲ့အခါ
ငါ့ကောင်းကင်မှာ တိမ်တွေဟာ
အတိုင်းအဆမဲ့ အတားအဆီးမဲ့စွာ ပြို‌နေပါတယ် အချစ်ရေ...

ဝင်သက်ထွက်သက်တိုင်းမှာ
ဖြစ်ချင်တိုင်း မဖြစ်တဲ့ ဘဝတွေကြားမှာ
မောစရာတွေကို ရယ်စရာတွေနဲ့ သာ
ရောချကြရအောင်လားလေ။

နွမ်းလျလျ နှလုံးသားလေးကို
မင်းချစ်တဲ့ ဝါသနာနဲ့အားဖြည့်ရင်း ဆက်ကြိုးစားပါ။

ဘယ်လိုအရာနဲ့မှ ဖြေသိမ့်ခြင်းငှာမစွမ်းသာတဲ့အခါ
နာရတဲ့ကဗျာတွေပဲ ဆက်ရေးပါ။

မလွန်နိုင်တဲ့ အလွမ်းညတွေ အကြောင်းဖြစ်ဖြစ်
မိုးရေစက်တွေနဲ့အတူ ရောငိုချင်ရှာတဲ့
မိုးကိုမျှော်ရှာတဲ့ သစ္စာရှင် မိုးကြိုပန်းလေးအကြောင်းတွေပဲ ဖြစ်ဖြစ်ပေါ့။

သက်ဆိုင်သူ သစ်ပင်အိုကြီးက ငြိုငြင်စွာ ခြွေချတဲ့အခါ နာကျင်စွာ လေနဲ့အတူ ဝေ့ဝဲလွင့်ပါသွားတဲ့ သစ်ရွက်ခြောက်လေးတွေဟာလည်း ကိုယ်တို့နဲ့ ဘဝတူလေးတွေပါပဲ အချစ်ရယ်...

ရွက်သစ်‌လေး‌တွေပေါ်မှာ ခိုတွဲနေတဲ့ ကျလုလု မိုးရည်စက်လေးတွေ မြေပြင်ပေါ်ကြေကွဲစွာ စီးဆင်းသွားတဲ့အခါ ကိုယ့်မျက်ဝန်းထဲက ချော်ရည်ကြည်တွေကို သတိရပေးပါ။

တဖြည်းဖြည်းဝေးကွာသွားရင်လည်း မမေ့နိုင်ကြဘူးလို့ပဲ ယုံကြည်ရင်း ကံတရားသာ မျက်နှာသာပေးခဲ့မယ်ဆိုရင်
ကိုယ်တို့ပြန်ဆုံနိုင်ကြကောင်းပါရဲ့...

#ယွန်း Y

#နေ့ရက်တိုင်းပျော်ပါစေ #ဘဝကိုမွမ်းမံခြင်း #လူငယ့်စိတ်လူငယ့်အတွေး #ပျော်ရွှင်စွာရှင်သန်ပါ

တချိူ့က "မိုးရာသီမှာ  မိုးရွာတာ မဆန်းပါဘူး"လို့ သဘောထားတတ်တယ်။ တချို့ကတော့ "ဒီမိုးကလည်း  ထီးမပါမှ ရွာပြန်ပြီရယ်"လို့ ညည်...
21/05/2026

တချိူ့က "မိုးရာသီမှာ မိုးရွာတာ မဆန်းပါဘူး"လို့ သဘောထားတတ်တယ်။ တချို့ကတော့ "ဒီမိုးကလည်း ထီးမပါမှ ရွာပြန်ပြီရယ်"လို့ ညည်းညူတတ်တယ်။ ဒါတွေဟာ လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင် အတွေးနဲ့ ရှုမြင်ပုံပါပဲ။ သူ့စိတ်နဲ့ သူ၊ သူ့အခြေအနေနဲ့ သူပါပဲ။

လူသားတိုင်း လောကဓံနဲ့ မကင်းကြသလို လူကိုလူချင်း ကွဲပြားစေတာကလည်း သူတို့ ဘဝကို သူတို့ ဘယ်လို ပဲ့ကိုင်မောင်းနှင်နေသလဲဆိုတဲ့ Mindset တွေနဲ့ Habit တွေပါပဲ။

ကိုယ့်စိတ်ဓာတ်၊ ခံယူချက်နဲ့ အလေ့အကျင့်တွေပေါ် မူတည်ပြီး ကိုယ့်Brand တွေရဲ့တန်ဖိုးဟာ ကွာခြားလာကြရပါတယ်။

ဒီစာအုပ်လေးမှာ...
• ကိုယ်စီရှင်သန်နေထိုင်ကြတဲ့ဘဝရဲ့တန်ဖိုးတွေ အဓိပ္ပာယ်ရှိစေဖို့၊
• နေ့ရက်တိုင်း၊ ဖြစ်စဉ်တိုင်းမှာ ပူလောင်ရခြင်း၊ မောပန်းရခြင်းတွေ ပါးလျသထက် လျော့ပါးလာစေဖို့ရာ

ဘယ်လို Attitude (စိတ်နေ‌စိတ်ထား)နဲ့ လက်ခံကြမလဲ၊ ရင်ဆိုင်ကျော်လွှားကြမလဲ ဆိုတာတွေ...

အောင်မြင်ပျော်ရွှင် အေးချမ်းတဲ့ Smart Life လေး ပိုင်ဆိုင်နိုင်အောင် ကိုယ့်စိတ်နဲ့ ကိုယ်ကို ဘယ်လို positive mindset တွေနဲ့ ပြင်ဆင်လေ့ကျင့်နေထိုင်ကြမလဲဆိုတာတွေကို sharing is caring ဆိုတဲ့အတိုင်း ချစ်ခင်စွာ မျှဝေပေးထားပါတယ်။

မတူကွဲပြားခြင်းတွေကြားထဲမှာ ကိုယ့်ကိုယ်ကိုယ် ဖြစ်စေ၊ သူတစ်ပါးကို ဖြစ်စေ နှိုင်းယှဥ် ဝေဖန်ခြင်း ဆိုတဲ့ Negative vibe တွေကို ဘယ်လိုရှောင်ရှားကြမလဲဆိုတာ အရေးကြီးတယ် မဟုတ်လား။

ကိုယ့်ရဲ့ စိတ်အား၊ ကိုယ်အား၊ ဉာဏ်အားရှိသမျှကို အကျိုးရှိစွာ အသုံးချနိုင်ရင် မျှော်လင့်ခြင်းကင်းတဲ့ ပေးဆပ်ခြင်းမှာ ကျေနပ်စွာ မွေ့ပျော်တတ်လာမှာပါ။

ဖြစ်ပေါ်လာမယ့်...
ကြုံတွေ့လာရမယ့် ကိစ္စတွေတိုင်းမှာ မိုးရာသီမှာ မိုးရွာတာ သဘာဝ ပါလေလို့ သဘောထားနိုင်ခဲ့ရင်၊ မိုးများရွာခဲ့ရင်ဆိုတာကို ကြိုတွေးပြီး ထီးကလေးဆောင်ထားနိုင်ခဲ့ကြမယ်ဆိုရင် ဟန်မပျက် လိုရာခရီးဆက်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။

ဒါကြောင့်...
အရာရာတိုင်းအပေါ် မှာ Just go with the flow ဆိုတဲ့ စိတ်ကလေးထားပြီး ဘယ်လိုမျိုး အလိုက်သင့်လေး စီးမြောသွားနိုင်မလဲ ဆိုတာကိုတော့ ဒီစာအုပ်လေးထဲမှာသာ ဆက်လက်ခံစားကြည့်ပါနော်။

စာအုပ်အညွှန်းလေးတွေ ဖတ်ချင်ရင် ဒီ Linkလေး နှိပ်ပါနော်။

https://www.facebook.com/share/p/16uTRsw92e/

စာအုပ်မှာချင်ရင် Page messenger မှာ မှာလို့ ရပါတယ်ရှင်

21/05/2026

#မောင့်မိန်းမသာဖြစ်ခဲ့ရင် #ယွန်းPreciousy

မိသားစုကပဲဖြစ်ဖြစ်၊ ကိုယ်ချစ်ရတဲ့သူကပဲဖြစ်ဖြစ် ချစ်လို့ဆိုတဲ့ ခေါင်းစဥ်အောက်ကနေ သင့်ကို ထိန်းချုပ်ထားတာ တွေ  ခံစားနေရပြီ...
20/05/2026

မိသားစုကပဲဖြစ်ဖြစ်၊ ကိုယ်ချစ်ရတဲ့သူကပဲဖြစ်ဖြစ် ချစ်လို့ဆိုတဲ့ ခေါင်းစဥ်အောက်ကနေ သင့်ကို ထိန်းချုပ်ထားတာ တွေ ခံစားနေရပြီဆိုရင် လှောင်အိမ်ထဲကနေ အမြန်ရုန်းထွက်ခဲ့ပါတော့။

အချစ်လို့ အယောင်ဆောင်ထားတတ်တဲ့ ထိန်းချုပ်ခြင်းတွေကြားမှာ လမ်းပျောက်နေရပြီဆိုရင် သင့်အနေနဲ့ ဒီ Relationship မှာ Healthy Boundary ထား ဖို့ လိုအပ်နေပြီ ဖြစ်ကြောင်းသတိပြုမိပါစေ။

မင်းငါ့ကို ချစ်တာ ငါသိပါတယ်။ ငါလည်း မင်းကို ချစ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စမှာတော့ ဒါကိုတော့ ငါလက်မခံနိုင်ဘူး ဆိုတာမျိုး စည်းလေးတော့ ကန့်သတ်ထားပါ။

ကာကွယ်ပေးတာပါ ဆိုပြီး Emotional Manipulation လုပ်တာ { စိတ်ပိုင်းဆိုင်ရာအရ ကြိုးကိုင်ခြယ်လှယ်ခြင်း} တွေကို မခံရအောင်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ပါစေ။

နာခံတတ်ခြင်းဟာ အချစ်မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်လေးစားတတ်လာမှ၊ ကိုယ့်မှာ အစွမ်းအစရှိတယ်လို့ ယုံကြည်ချက် ရှိပါမှ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်သန်မာလာပြီး ဟန်ချက်ညီတဲ့ ဘဝနဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်တဲ့သူ ဖြစ်လာမှာပါ။

ချစ်တယ်ဆိုတာလေးအတွက်နဲ့ ကိုယ့်ရဲ့ လွတ်လပ်မှုကို အလဲအလှယ်လုပ်စရာ မလိုတဲ့အတွက် ကိုယ့်ဘဝကို ကိုယ်တိုင် လွတ်လပ်ခိုင်မာစွာ တည်ဆောက်ပါ။

#ယွန်း Y

19/05/2026

ဝေးရဲတဲ့သတ္တိမှ မရှိပဲ အချစ်ရယ်...
မင်းပဲ နိုင်ပါတယ်...
#ယွန်း Y

အရာရာဟာ အကျဘက်မှာလူတိုင်းဟာ အလွယ်တကူ ပြိုလဲပစ်လိုက်ချင်တဲ့ စိတ်တွေနဲ့  ယိုင်နဲ့နဲ့ အားပြတ်နေပြီးLow Energy ‌Vibration Zo...
18/05/2026

အရာရာဟာ အကျဘက်မှာ
လူတိုင်းဟာ အလွယ်တကူ ပြိုလဲပစ်လိုက်ချင်တဲ့ စိတ်တွေနဲ့ ယိုင်နဲ့နဲ့ အားပြတ်နေပြီး

Low Energy ‌Vibration Zone
ထဲက ရုန်းမထွက်နိုင်ချိန်
Give up လုပ်ချင်စိတ်တွေသာ ကြီးစိုးနေကြောင်း
ခဏ ခဏ မြင်ရ ကြားရများလှတဲ့အခါ

ဒီမှာ သူငယ်ချင်း မငိုပါနဲ့ ကွာ
အရှုံးမပေးလိုက်ပါနဲ့ဦး...
အားတင်းထားပါဦးရယ်လို့ ‌
ဘောင်မဝင်တဲ့ မရေမရာစကားလုံးတွေနဲ့
ချွေးမသိပ်ချင်တော့ဘူး။

🍁ဟေး လာစမ်းပါ သူငယ်ချင်းရာ
ပိတ်လှောင် ချူပ်တီးထားတဲ့ မင်းစိတ်တွေကို
လွှတ်ပေးလိုက်စမ်းရယ်လို့

မင်းလက်ကိုဆွဲ

🌧️ရွာနေတဲ့မိုးထဲ ပြေးထွက်
အရာအားလုံး ခဏတာ မေ့ပစ်လိုက်စမ်းပါ ဆိုပြီး
ဘောလုံးတစ်လုံးကိုယူ
စိတ်ရှိလက်ရှိ ပြေးကန်ပစ်

🌧️ခန္ဓာကိုယ်ထက် လာရောက်ခုန်ပေါက်ပြေးလွှားဆော့ကစားနေတဲ့ မိုးစက်တွေနဲ့အတူ မွန်းကြပ်ရတဲ့‌သောကမှန်သမျှ ရေစီးနဲ့အတူမြှောချပစ်လိုက်တာမျိူးလည်း
ကိုယ်တို့ တတ်နိုင်သေးတာပဲ။ အခန်းတံခါးပိတ်လို့ သီချင်းတွေအော်ဆိုရင်း စိတ်ရှိသမျှ ခုန်ပေါက်ဖြေလျှော့ပစ်လိုက် ချင် လည်း ရသေးတယ်။

💖လုပ်ကြည့်လိုက်စမ်းပါ။ ‌ခဏ‌လေးပဲဖြစ်ပါစေ
ပေါ့ပါးပျော်ရွှင်မှုကို ခံစားကြည့်လိုက်ပါ။

🌊စိတ်ပင်ပန်းစရာတွေ မိုးရေတွေနဲ့အတူ မျှောချပြီးတဲ့အခါ မနက်ဖြန်ဆိုတဲ့နေ့သစ်မှာ

🌹အခွင့်အရေးအသစ်တွေ ၊
🌹အပြုံးအသစ်တွေ၊
🌹နေရောင်ခြည်အသစ်တွေနဲ့ ဘဝ ကို
လန်းလန်းဆန်းဆန်း
ပြန်လည်အစပြုကြတာပေါ့ကွာ။

🌟ဘာပဲဖြစ်ဖြစ် အခက်အခဲတွေကြားထဲမှာ နစ်မွန်းနေတဲ့အခါတိုင်း မီးလျှံကြားက ပြန်လည် ရုန်းထ ရှင်သန်နိုင်တဲ့
ဖီးနစ်ငှက်ရဲ့ အားမာန်မျိူးကို မမေ့စေချင်ဘူး။

🌟နားမကြား မျက်စိမမြင် စကားတောင်မပြောနိုင်တော့တဲ့ အထိ ဝေဒနာ‌တွေခံစားခဲ့ရတဲ့
Helenkeller ဘယ်လို အောင်မြင်မှုတွေ စွမ်းဆောင်ခဲ့သလဲ သတိရပေးပါ။

🌟ဖိနှိပ်မှုတွေကြားထဲက ထိုးဖောက်ထွန်းတောက်ခဲ့တဲ့ အိန္ဒိယရဲ့ ကြယ်တစ်စင်း Mahatma Gandhi ကို အတုယူပါ။

🌟အောင်မြင်ချင်စိတ်ရှိသရွေ့
ကြိုးစားရှင်သန်နေသရွေ့
ပန်းတိုင်မပျောက်သရွေ့ မင်းမရှုံးသေးဘူးးး။

🌟ပင်ပန်းတဲ့အခါ ခဏ အနားယူ လို့ရတယ် ။
မရပ်တန့်လိုက်ပါနဲ့ ။

မင်းဟာ စွမ်းနိုင်သူ အောင်မြင်သူဆိုတာ မမေ့ပါနဲ့ ။


🍀💛 ယွန်း Y 🍀💛

ဘဝမှာ အရေးအကြီးဆုံးလို့ သတ်မှတ်ထားတဲ့အရာက ၁။ မိဘကို စိတ်ချမ်းသာ ကိုယ်ကျန်းမာအောင် ထားနိုင်ဖို့ ၂။ ငွေရှာနိုင်ဖို့၃။ အချစ...
18/05/2026

ဘဝမှာ အရေးအကြီးဆုံးလို့
သတ်မှတ်ထားတဲ့အရာက
၁။ မိဘကို စိတ်ချမ်းသာ ကိုယ်ကျန်းမာအောင် ထားနိုင်ဖို့
၂။ ငွေရှာနိုင်ဖို့
၃။ အချစ်
၄။ ဂုဏ်သိက္ခာ
၅။ ထင်ရှားကျော်ကြားမှု
၆။ ရိုးသားမှု
၇။ ကျန်းမာရေး
၈။ ယုံကြည်စိတ်ချရမှု
၉။ ကိုယ်ချင်းစာတရား
၁၀။ လွတ်လပ်ခြင်း
၁၁။ စိတ်ချမ်းသာခြင်း
ဘယ်အရာတွေ ဖြစ်မလဲဆိုတာ နံပါတ်စဥ်လေးတွေနဲ့ ပြောပြခဲ့ပေးဦးနော် ချစ်ရသူတို့ရေ

မွန်းကြပ်ပင်ပန်းရလွန်းစွာ အသက်ရှူမဝတဲ့ နေ့စွဲများပါပဲ။ဝေ့ဝဲနေတဲ့ရွက်ခြောက်ကြွေတွေကို အဓိပ္ပာယ်မဲ့စွာငေးရင်း ဒီရွက်ခြောက်...
17/05/2026

မွန်းကြပ်ပင်ပန်းရလွန်းစွာ အသက်ရှူမဝတဲ့ နေ့စွဲများပါပဲ။

ဝေ့ဝဲနေတဲ့ရွက်ခြောက်ကြွေတွေကို အဓိပ္ပာယ်မဲ့စွာငေးရင်း ဒီရွက်ခြောက်တွေ ဆက်မလွင့်တော့တဲ့အခါ ‌‌ မြေကြီးနဲ့ တသားတည်း ဖြစ်သွားမှာလား ဆိုတဲ့ အဓိပ္ပာယ်မဲ့ အတွေးတွေရဲ့နောက်မှာ

ကိုယ်ရော ဆက်မလျှောက်တော့ရင်၊
ဒီနေရာမှာပဲ ရပ်တန့်လိုက်ရင် ဘယ်ကမ်းမှာ
သောင်တင်နေမှာလဲ သိချင်လိုက်တာ...

တစ်ခါတရံမှာ စိတ်လွတ်ကိုယ်လွတ်
ပြိုကျပစ်လိုက်ချင်သလို
တစ်ခါတ‌ရံမှာ အရာအားလုံး လက်လွှတ်ပစ်လိုက်ပြီး
လေနှင်ရာသာ တိမ်တွေနှင့်အတူ လွင့်မြော
လိုက်ပါသွားလိုက်ချင်မိတော့တယ်။

ပြိုကျလာတဲ့ ချော်ရည်ပူမြစ်တစ်စင်းက ပါးပြင်ပေါ်ကတဆင့် အေးစက်ခါးသက်တဲ့ ကော်ဖီခွက်ထဲ ခုန်ချသွားတဲ့အခါ ကိုယ့်ရဲ့ မွန်းကြပ်ခြင်း၊ အဆင်မပြေခြင်းတွေကိုလည်း ကိုယ်တိုင်ပဲပြန်လည် သောက်သုံးရင်း တိတ်တိတ်လေး မျိုချပစ်ရ‌ဦးမယ်။

ဒီညလည်း ခါတိုင်းညတွေလိုပဲ ကြယ်ရောင်ကင်းတဲ့ ငါ့ကောင်းကင်ဟာ မှောင်မည်းတိတ်ဆိတ်ခြင်းတွေသာ ကြီးစိုး နေရာယူဦးမယ် ထင်ပါရဲ့လေ။

#ယွန်း @ Precious Y

ကိုယ့်ရဲ့ပျော်ရွှင်ခြင်းဟာသူ့နှုတ်ခမ်းဖျားမှာ တွဲခိုဖြတ်ပြေးသွားတဲ့ အပြုံးတွေလို့ ခံယူရင်း တစ်ယောက်ကိုတစ်ယောက်က ပျော်ရွှ...
16/05/2026

ကိုယ့်ရဲ့ပျော်ရွှင်ခြင်းဟာသူ့နှုတ်ခမ်းဖျားမှာ တွဲခိုဖြတ်ပြေးသွားတဲ့ အပြုံးတွေလို့ ခံယူရင်း တစ်ယောက်ကိုတစ်ယောက်က ပျော်ရွှင်စေလိုတဲ့စိတ်ကလေး အရင်းခံထားတဲ့အခါ သူထိခိုက်စေမယ့်ဘယ်လို အရာမျိုးကိုမှ မလုပ်ဖြစ်တော့တာလည်း သူ့ကို ကိုယ် ဘယ်လောက်ချစ် ကြောင်းပြတဲ့ ချစ်နည်းချစ်ဟန် တစ်မျိုးပါပဲ။

#ယွန်း @ Precious Y

စိတ်ဖိစီးမှုဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လို့ ရင်ဆိုင်ကျော်လွှားတတ် အောင် သင်ယူထားရမှာ ကိုယ့် တာဝန်ပါ။ စိတ်ဖိစီးမှုတ...
15/05/2026

စိတ်ဖိစီးမှုဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လို့ ရင်ဆိုင်ကျော်လွှားတတ် အောင် သင်ယူထားရမှာ ကိုယ့် တာဝန်ပါ။

စိတ်ဖိစီးမှုတွေဟာ အလုပ်ခွင်ဖိအား၊ ကျန်းမာ ရေး၊ စီးပွားရေး၊ ပေါင်းသင်းဆက်ဆံရေး၊
ပညာရေးလိုအပ်ချက်တွေကနေစလို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေအထိ ပုံစံအမျိုးမျိုးနဲ့ ဘဝထဲကို ဝင်ရောက်လာတတ်ပါတယ်။

မလွှဲမရှောင်သာ ကြုံတွေ့လာနိုင်ရတဲ့ စိတ်ဖိစီးမှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ကတော့ ကျွန်မတို့အပေါ်မှာပဲ မူတည်ပါတယ်။ သတိရှိရှိ နေထိုင်ခြင်း၊ အချိန်ကို စနစ်တကျ စီမံခန့်ခွဲခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ လုံလောက်စွာ အနားယူခြင်း စတဲ့ ကျန်းမာစေမယ့် နည်းလမ်းတွေကို အသုံးပြုခြင်းဖြင့် လည်း စိတ်ဖိစီးမှုဒဏ်ကို အလူးအလဲ မခံရတော့ဘဲ စနစ်တကျ တုံ့ပြန်နိုင်လာနိုင်ပါလိမ့်မယ်။

ဒါ့အပြင် အတွေးလွန်ခြင်းနဲ့ စိတ်ဖိစီးခြင်းတွေကို လျှော့ချပစ်နိုင်ဖို့ ဂျပန်လူမျိုးတို့ အသုံးပြုလေ့ရှိတဲ့ နည်းလမ်းကောင်းလေးတစ်ခုကတော့ Ikebana ပဲ ဖြစ်ပါတယ်။

🔹️Ikebana (အိခဲဘာနာ) -
~~ ရိုးရှင်းသောအနုပညာမှတစ်ဆင့်
သတိပဋ္ဌာန်ပွားများခြင်း ~~

Ikebana { အိခဲဘာနာ} ဆိုတာ ပန်းအလှပြင်တဲ့ ဂျပန်ရိုးရာအနုပညာ ဖြစ်ပါတယ်။

ရိုးရှင်းပေမဲ့ ဖန်တီးမှုအားကောင်းတဲ့ ဒီလုပ်ဆောင်ချက်ဟာ အာရုံစူးစိုက်မှုအပြည့်ထားဖို့နဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ရတာမျိုး ဖြစ်ပါတယ်။

ပန်းတစ်ပွင့်ချင်းစီကို ကိုင်တွယ်တာ၊ နေရာချတာတွေမှာ ဖြည်းဖြည်းချင်း အာရုံစိုက်လုပ်ဆောင်တာဟာ စိတ်ကို ငြိမ်သက်စေပါတယ်။ ဒီသဘောတရားကို လက်ဖက်ရည်ဖျော်တာ၊ ဒိုင်ယာရီရေးတာ ဒါမှမဟုတ် ဟင်းချက်တာ စတဲ့ တခြားသော ရိုးရှင်းတဲ့ လုပ်ဆောင်ချက်တွေမှာလည်း အသုံးချနိုင်ပါတယ်။

ဒီလို သတိရှိရှိ လုပ်ဆောင်တဲ့ လုပ်ရပ်တွေ၊
အလေ့အကျင့်တွေက သင့်အတွေးတွေကို စုစည်းပေးပြီး အတွေးလွန်ဖို့ နေရာမကျန်တော့အောင် စွမ်းဆောင်ပေးပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ ဂျပန်ရိုးရာနည်းလမ်းဟာ ချက်ချင်းလက်ငင်း ရောဂါ ပျောက်ကင်းစေမယ့် နတ်ဆေးဝါးတွေ မဟုတ်ပါဘူး။ အတွေးလွန်ခြင်း၊ စိုးရိမ်ပူပန်ခြင်းတွေ လျော့ကျသွားအောင်၊ ထပ် ဖြစ်မလာတော့အောင် အချိန်ယူ တည်ဆောက် ပြုပြင် လေ့ကျင့်ရမယ့် အလေ့အကျင့်တွေ ကိုယ့်ဆီမှာ အမြစ်တွယ်လာအောင် လေ့ကျင့်မွေးမြူရမယ့် Habit တွေ ဖြစ်ပါတယ်။

ကျန်းမာပျော်ရွှင်ကြပါစေ။

#ယွန်း Y

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Yoon.Precious Y posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yoon.Precious Y:

Share