27/09/2026
🙏🙏🙏အသိပေးတောင်းပန်ခြင်း🙏🙏🙏
သို့
— RGS အင်တာနက်ဝန်ဆောင်မှု သုံးစွဲသူများအားလုံး
RGS အင်တာနက်ဝန်ဆောင်မှုကို အသုံးပြုလျက်ရှိကြသော လူကြီးမင်းများခင်ဗျာ။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ (ကြာသပတေးနေ့) ညနေ ၆:၀၀ နာရီမှ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ (တနင်္ဂနွေနေ့) မွန်းလွဲ ၂:၄၅ နာရီအထိ အင်တာနက်လိုင်းပြတ်တောက်မှု ဖြစ်ပွားခဲ့သည့်အတွက် လူကြီးမင်းတို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် အင်တာနက်အသုံးပြုမှုများတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့ရခြင်းအတွက် RGS မိသားစုမှ အထူးပင် စိတ်မကောင်းဖြစ်ရပြီး အနူးအညွတ် တောင်းပန်အပ်ပါသည်။🙏🙏🙏
ယခုကဲ့သို့ ဝန်ဆောင်မှု ပြတ်တောက်ခဲ့ရခြင်းအတွက် လူကြီးမင်းတို့အနေဖြင့် နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ နောင်တွင် ယခုကဲ့သို့ အဆင်မပြေမှုများ လျော့နည်းစေရန် ဝန်ဆောင်မှုအရည်အသွေး ပိုမိုကောင်းမွန်လာရေးနှင့် လိုင်းတည်ငြိမ်မှုရှိစေရေးတို့အတွက် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
RGS အပေါ် ယုံကြည်စွာ အားပေးအသုံးပြုလျက်ရှိကြသော လူကြီးမင်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ဖြစ်ပေါ်ခဲ့ရသော အဆင်မပြေမှုများအတွက် ထပ်မံ၍ အနူးအညွတ် တောင်းပန်အပ်ပါသည်။🙏🙏🙏
လေးစားစွာဖြင့်
RGS Management Team
RGS အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း