Aviedo

Aviedo We try to give our best service

ထိုင်းငံအကြောင်းသိကောင်းစရာအခြေအနေအကြောင်းကြောင်းကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းကို အလုပ်နဲ့ဖြစ်စေ တခြားနည်းလမ်...
15/05/2024

ထိုင်းငံအကြောင်းသိကောင်းစရာ

အခြေအနေအကြောင်းကြောင်းကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းကို အလုပ်နဲ့ဖြစ်စေ တခြားနည်းလမ်းနဲ့ဖြစ်စေ သွားကြတဲ့မြန်မာတွေတော်တော်များလာတယ်၊ Aviedo ကနေ share ပေးချင်တာကတော့ ထိုင်းကိုအလုပ်နဲ့သွားမယ်ဆိုရင် ပြင်ဆင်သင့်တဲ့နည်းလမ်းတွေ ဘယ်လိုနည်းလမ်းတွေရှိလဲဆိုတာ အကြံပေးချင်တာပါ၊

နံပါတ် ၁ အနေနဲ့ကတော့ ထိုင်းကိုတရားဝင် MOU နဲ့သွားရောက်အလုပ်လုပ်ကိုင်တဲ့နည်းလမ်းပါ၊ဒါကတော့အများသိကြတဲ့အတိုင်း စာချုပ်ချုပ် တလကနေ သုံးလအတွင်းနယ်စပ်ထွက်ပေါက်တွေကဖြစ်စေ လေယာဥ်ဖြင့်ဖြစ်စေ သွားကြတဲ့နည်းလမ်းပါ၊

နံပါတ် ၂ အနေနဲ့ဆိုရင်တော့ ထိုင်းကိုအရင်သွား ဟိုရောက်မှအလုပ်ရှာ အလုပ်ရပြီဆိုတာနဲ့ ပန်းရောင်ကတ်နဲ့စီအိုင်လျှောက်တဲ့နည်းလမ်းပါ၊ အများအခေါ်ဘတ်ရိုက်တယ်ပေါ့၊ ဒီနည်းလမ်းမှာက အန္တရာယ်များတယ်ဗျ၊ တချို့သောပွဲစားတွေက သူဌေးနဲ့ပေါင်းရိုက်တာတွေ၊ အလုပ်အကိုင်တွေက အများအားဖြင့်အဆင်မပြေဖြစ်တာတွေရှိတယ်၊ အလိမ်ခံကြရတာလဲများတဲ့ နည်းလမ်းပါ၊

နံပါတ် ၃ နဲ့နောက်ဆုံးနည်းလမ်းကတော့ အောက်လမ်းကနေသွားတာပါ၊ အတော့်ကိုအန္တရာယ်လဲများသလို တော်ရုံသတ္တိနဲ့သွားဖို့လဲမလွယ်တဲ့နည်းလမ်းပါ၊ တောထဲခိုနေရတာတွေ ထိုင်းရဲ သို့မဟုတ် စစ်တပ်နဲ့တွေ့လို့ အဖမ်းခံရတာတွေကြုံတတ်ပါတယ်၊ နောက်တခုကအလုပ်အကိုင်တွေကလဲ ပွဲစားတွေပြောတော့တမျိုး တကယ်လုပ်ရတဲ့လုပ်ငန်းခွင်တမျိုးတွေလဲ ဖြစ်တတ်ပါတယ်၊ 💡💡💡💡

အပေါ်ကပြောခဲ့တဲ့နည်းလမ်းတွေကတော့ လက်ရှိထိုင်းကိုအလုပ်သွားလုပ်ကြတဲ့သူအများစုသွားကြတဲ့နည်းလမ်းတွေပါ၊ ကာစတန်မာတွေအနေနဲ့လဲ သွားချင်တယ်ဆိုရင်တော့ မိမိကိုယ်တိုင်သေချာစဥ်းစားပြီး စိတ်ချရတဲ့နည်းလမ်း စိတ်ချရတဲ့အေးဂျင့်ကိုရွေးချယ်ပြီးသွားကြပါလို့ အကြံပေးလိုက်ဂပါတယ် 👍👍👍👍👍

Passport လျှောက်မဲ့ သူတွေကြား နားလည်မှုလွဲနေတာလေးတခုကို ရှင်းပြချင်ပါတယ်ဗျ၊အခုနောက်ပိုင်း passport အသစ်လျှောက်မယ်ဆို UID...
10/05/2024

Passport လျှောက်မဲ့ သူတွေကြား နားလည်မှုလွဲနေတာလေးတခုကို ရှင်းပြချင်ပါတယ်ဗျ၊

အခုနောက်ပိုင်း passport အသစ်လျှောက်မယ်ဆို UID ခေါ် Unique Identification Number လိုပါတယ်၊ ဘာကိုပြောလဲဆိုရင် ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို Server ထဲကိုထည့်ထားတာပါ၊ လူဝင်မှုကြီးကြပ်ရေးကကြိုပြီးထည့်ထားတာတွေရှိပါတယ်၊ လွဲမှားတာတွေရှိတဲ့အတွက် ကာယကံရှင်ကိုယ်တိုင်ပြောင်းရတာတွေလဲရှိပါတယ်၊

ဒီနေရာမှာ သိစေချင်တာက UID သည် အသစ်ထုတ်ပေးမဲ့ Smart Card မဟုတ်သေးဘူးဆိုတာပါခင်ဗျ၊ UID သည်ရှေ့ပြေးအနေနဲ့ ကိုယ့်ရဲ့data တွေကို မှန်ကန်ကြောင်း ထုတ်ပေးတဲ့စာရွက်ပါပဲခင်ဗျ၊ Smart Card တွေထုတ်ပေးမဲ့အချိန်ရောက်တဲ့အခါ ကိုယ့်ရဲ့ နဂို မူရင်မှတ်ပုံတင်ရော UID စာရွက်ပါ ပြန်အပ်ပြီးမှ Smart Card ထုတ်ပေးမှာဖြစ်ပါတယ်ဗျ၊

UID ကို Smart Card ဆိုပြီး လွဲမှားနေတာလေးတွေရှိလို့ အသိပေးတင်ပြတာပါခင်ဗျ

Singapore ကိုသွားချင်ရင်.......ပထမဆုံးလိုအပ်တာကတော့ ဘာသာစကား အဲ့တာကအရေးကြီးဆုံးပါ၊ ကျွမ်းကျင်အနေနဲ့သွားချင်ရင် တရုတ်စာကိ...
08/05/2024

Singapore ကိုသွားချင်ရင်.......

ပထမဆုံးလိုအပ်တာကတော့ ဘာသာစကား အဲ့တာကအရေးကြီးဆုံးပါ၊ ကျွမ်းကျင်အနေနဲ့သွားချင်ရင် တရုတ်စာကိုတော့ တတ်ထားမှရပါမယ်

စလုံးခေါ် စင်ကာပူကို အလုပ်အကိုင်နဲ့သွားချင်ရင် နှစ်မျိုးရှိတယ်ဗျ၊ တခုက skill worker သူကျတော့ လိုအပ်ချက်တွေများတယ်၊ ဥပမာ Citi လက်မှတ်ရှိရမယ်တို့ဘာတို့... Citi လက်မှတ်တခုသည် သင်တန်းက အနည်းဆုံး USD 1500 ကစရှိတယ်ဗျ၊ အခုလိုအခြေအနေမှာ လက်လှမ်းမှီဖို့ခက်တဲ့စျေးပေါ့၊ ဒါတောင် အလုပ်ရဖို့ အေးဂျင့်ကိုပေးရမဲ့ အေးဂျင့်ခမပါသေးပါ၊

နောက်တမျိုးကတော့ အခြေခံအလုပ်သမားအနေနဲ့သွားကြတာ၊ ဥပမာ အိမ်အကူတို့ဘာတို့ အဲ့တာကျတော့ အကြွေးစနစ်နဲ့ရတယ်၊ အေးဂျင့်တော်တော်များက ၆လဖြတ်စနစ်နဲ့ပို့ကြတယ်၊

အားလုံးခြုံပြီးပြောရရင် စလုံးမှာအလုပ်လုပ်ချင်တယ်ဆိုရင် ဟိုရောက်မှ အလုပ်မရှာပါနဲ့ မလွယ်ပါဘူး၊ နောက် စလုံးရဲ့ဝန်ကြီးချုပ်အပြောင်းအလဲ ကြောင့် နိုင်ငံခြားအလုပ်သမားပေါ်လစီပြောင်းဖို့ဖြစ်လာနိုင်ပါတယ်၊ နောက်ဆုံးအနေနဲ့ကတော့ ဘယ်နိုင်ငံကိုပဲ အလုပ်သွားလုပ်ပါစေ သက်ဆိုင်ရာနိုင်ငံရဲ့အလုပ်သမားပေါ်လစီ လုပ်ခလစာ လိုအပ်ချက်တွေကို ကိုယ်တိုင်သေချာလေ့လာပြီးမှ ပြောင်းရွှေ့အလုပ်လုပ်ကြဖို့ အကြံပေးချင်ပါတယ်...

ပတ်စ်ပို့ကို ရိုးရိုး QR ပဲယူမလား၊ အမြန်service ပဲယူမလား၊ မျဥ်းစောင်းအစုံကို စနစ်တကျနဲ့လျှောက်ထားပေးနေပါတယ်နော်😘😘😘😘
07/05/2024

ပတ်စ်ပို့ကို ရိုးရိုး QR ပဲယူမလား၊

အမြန်service ပဲယူမလား၊ မျဥ်းစောင်းအစုံကို စနစ်တကျနဲ့လျှောက်ထားပေးနေပါတယ်နော်😘😘😘😘

06/05/2024

Page လေးကျန်းမာရေးအခြေအနေမကောင်းလို့လိုအပ်တာလေးတွေ ပြင်ဆင်နေရတဲ့အတွက် post တွေမတင်ဖြစ်တာပါနော့၊

ပြင်ဆင်ပြီးသွားရင် အရင်လို အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေနဲ့ ပြန်လာခဲ့ပါ့မယ် 😘😘😘😘

လာပြီ လာပြီ ဒေါ်သက်ရီ..... မှားလို့ အလုပ်ခေါ်စာလေးတခု 😊😊😊ကဲ ဒူဘိုင်းကို Zero cost နဲ့ သွားချင်သူများအတွက် သတင်းကောင်းလေး...
01/04/2024

လာပြီ လာပြီ ဒေါ်သက်ရီ..... မှားလို့ အလုပ်ခေါ်စာလေးတခု 😊😊😊

ကဲ ဒူဘိုင်းကို Zero cost နဲ့ သွားချင်သူများအတွက် သတင်းကောင်းလေးတခု ယူဆောင်လာပါပြီနော် 🎙🎙🎙🎙

ဒူဘိုင်းနိုင်ငံရှိ သင်္ဘောကျင်းတွင်တာဝန်ထမ်းဆောင်ရန် အမျိုးသားများအလိုရှိပါသည်၊ ခေါ်ယူမည့် position များကတော့ ပုံပါအတိုင်းပါပဲနော်၊⏬⏬⏬⏬⏬⏬

လိုအပ်တာတွေကတော့ Pj passport ရှိရပါမယ်၊ သက်ဆိုင်ရာ position အလိုက် အခြေခံကျွမ်းကျင်မှုရှိဖို့တော့လိုပါမယ်၊ နောက်တခုကတော့ english စကားအခြေခံပြောတတ်ရပါမယ်၊ ဒူဘိုင်းဖက်က ကိုယ်တိုင်အင်တာလာဗျူးမှာဖြစ်တဲ့အတွက် အင်္ဂလိပ်စာကျွမ်းကျင်ဖို့တော့လိုပါမယ်နော် ✅✅✅✅✅

မွမ်းမံသင်တန်းများတက်ရောက်ရန်လိုမည့်သူများအတွက်လည်း သင်တန်းတွေရှိပါတယ်ရှင့် ❤❤❤❤ သင်တန်းကြေးလေးတွေတော့ ရှိပါတယ်ရှင့်
အင်တာဗျူးကတော့ အလုပ်အပ်ပြီး တလခွဲအတွင်းဝင်ရပါမယ်နော်၊ 👍👍👍👍

ကျွမ်းကျင်မှုမရှိသူများအတွက် သင်တန်းကြေးတွေကတော့

*တစ်လသင်တန်းပေးသည်
*ငြမ်းသင်တန်း တသိန်းကျပ်
*ဆေးမှုတ်သင်တန်း တသိန်းခွဲကျပ်
*Mechanical fitter တသိန်းနှစ်သောင်းကျပ်
*ဝတ်စုံ+စာရွက်စာတန်းကြေး ၂သောင်းခွဲ
* တည်းခိုဖို့အခက်အခဲရှိသူများအတွက် သင်တန်းကျောင်းမှာအခမဲ့နေလို့ရပါတယ်
*မိမိအစီအစဉ်ဖြင့်စားရမည်ဖြစ်ပါတယ်
*ကျောင်းမှာနေပါကရေ/မီးဘိုးတစ်လသုံးသောင်းကျပ်ပေးသွင်းရမည်

စိတ်ပါဝင်စားလို့ဆက်သွယ်ချင်တယ်ဆိုရင်တော့ Aviedo page cb သို့မဟုတ် 09456232330 သို့ဆက်သွယ်နိုင်ပါတယ်နော် 📞📞📞📞

🇪🇺သိထားသင့်တဲ့ ဥရောပ Visa (Schengen Visa) များအကြောင်း🇪🇺Schengen နိုင်ငံများသို့အလည်အပါတ် Short Term Stay (15 Days) သွား...
31/03/2024

🇪🇺သိထားသင့်တဲ့ ဥရောပ Visa (Schengen Visa) များအကြောင်း

🇪🇺Schengen နိုင်ငံများသို့အလည်အပါတ် Short Term Stay (15 Days) သွားရောက်ဖို့ရှိလာတဲ့အခါ ခရီးသည်တွေရဲ့ စိတ်ထဲမှာ စဉ်းစားမိတဲ့ မေးခွန်းတစ်ချို့ရှိနိုင်ပါတယ်

🏠ဘယ်သံရုံးတွေမှာ အဓိကဗီဇာဝင်ရမလဲ🤔
🏠Schengen visa ရှိတာနဲ့နိုင်ငံအကုန်သွားလို့ရမှာလား🤔
🏠မြန်မာနိုင်ငံမှာမရှိတဲ့ သံရုံးဆိုရင်ရော ဘယ်က လျှောက်ရမလဲ စတဲ့ မေးခွန်းတွေကို ဧည့်သည်တော်များအတွက် ကူးယူဖော်ပြပေးလိုက်ပါတယ်🥰

👉ဥရောပနိုင်ငံတွေကို သွားရောက်မယ်ဆိုရင် တစ်နိုင်ငံချင်းစီအလိုက် ဗီဇာလျှောက်ထားစရာမလိုပဲ ဥရောပ နိုင်ငံအများစုကိုလည်ပတ်နိုင်တဲ့ Schengen ဗီဇာအမျိုးအစား တစ်မျိုးကိုပဲ လျှောက်ထားလိုက်ရင်ရပါပြီ...

👉Schengen ဗီဇာ ဆိုတာ ဥရောပတိုက်မှာ ရှိတဲ့ (၂၇) နိုင်ငံ Schengen Agreement စာချုပ်လက်မှတ် ထိုးထားသော (The World’s Largest Visa Free Zone) လို့သတ်မှတ်ထားပြီး ဥရောပနိုင်ငံတွေကို လည်ပတ်နိုင်တဲ့ ဗီဇာအမျိုးအစားဖြစ်ပါတယ်.

👉ပထမဆုံး မိမိရောက်ရှိတဲ့ နိုင်ငံမှာပဲ ဗီဇာစစ်ဆေးပြီးတော့ အခြားတစ်နိုင်ငံ နှင့် နောက်တစ်နိုင်ငံသွားတဲ့အခါမျိုးမှာတော့ ကား သို့မဟုတ် ရထားနဲ့ ပုံမှန် ဖြတ်သန်းသွားလာရုံပဲဖြစ်ပါတယ် . မိမိစဝင်မယ့်နိုင်ငံနဲ့ ‌နေမယ့်ရက် ပေါ်မူတည်ပြီး သံရုံး ‌ရွေးချယ်လျှောက်ထားရတာ‌ ဖြစ်ပါတယ်.

👉ရန်ကုန်မှာရှိတဲ့ ပြင်သစ်သံရုံးမှာဆိုရင် France, Switzerland, Czech Republic, Portugal, Spain, Latvia စတဲ့ နိုင်ငံတွေ အဓိကသွားရောက်မယ်ဆိုရင် လျှောက်ထားရမှာ ဖြစ်ပါတယ်.

👉ရန်ကုန် အီတလီသံရုံးမှာတော့ Italy, Malta တွေကို အဓိကသွားမယ်ဆိုရင် လျှောက်ထားရမှာ ဖြစ်ပါတယ်.

👉Yangon VFS Center မှာတော့ Germany, Austria, Belgium, Denmark, Finland, Greece, Hungary, Iceland, Luxembourg စတဲ့ နိူင်ငံတွေကို သွားရောက်မယ်ဆိုရင် လျှောက်ထားရမှာ ဖြစ်ပါတယ်.

👉Poland နိုင်ငံကိုတော့ Bangkok မှာ ရှိတဲ့ Poland သံရုံးမှာ သွားရောက် လျှောက်ထားရမှာပါ.

👉Schengen ဗီဇာ‌လျှောက်ထားသူတိုင်းဟာ လူကိုယ်တိုင် သံရုံးတွေကို လိုက်ပါ‌လျှောက်ထားရမှာ‌ ဖြစ်ပြီးတော့ စာရွက်စာတမ်းစုံလင်မှုပေါ်မူတည်ပြီး အနည်းဆုံး နှစ်ပတ် - သုံးပတ်အတွင်းဗီဇာ ရရှိမှာဖြစ်ပါတယ်.

🇪🇺Schengen ဗီဇာ ‌လျှောက်မယ်ဆို မဖြစ်မနေ Travel health insurance လည်းလိုအပ်ပါတယ်. သွားမယ့်ရက် စုစု‌ပေါင်းနဲ့ အသက်အရွယ်‌ပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုတွေရှိပါတယ်

Credit :

✨Passport အမြန် Service ရပါသည်။✨🇲🇲Passport Online BookingPassport စာအုပ်ပြုလုပ်ရန်အတွက် အခက်အခဲရှိသော အကို၊အမများ၊ မောင်...
31/03/2024

✨Passport အမြန် Service ရပါသည်။✨

🇲🇲Passport Online Booking

Passport စာအုပ်ပြုလုပ်ရန်အတွက် အခက်အခဲရှိသော အကို၊အမများ၊ မောင်လေး ညီမလေးများ ရှင့် Online booking Qr Codeယူပေးပါတယ်နော်💞
✅ရန်ကုန်
✅မန္တလေး
✅ပုသိမ်
✅ပဲခူး
✅နေပြည်တော် Online Booking ယူလို့ရပါပြီ
နယ်တွေကတော့ သက်ဆိုင်ရာ အိမ်ထောင်စုဖြစ်ရပါမယ်ရှင့်🤗🤗🤗

Qr တင်မည့်သူများ messenger မှာ လိုအပ်သည်များ လာမေးနိုင်ပါတယ်
✅Service fees 10000ကျပ်

Qr ရပြီးရင်လည်း ရုံးထဲမှာလုပ်ရမယ့် အဆင့်ဆင့်ရယ် စာရွက်စာတမ်းတွေကို အပြည့်အစုံရှင်းပြပေးပါတယ်







ယနေ့‌QRလျှောက်လျှင် ရနိုင်သောရက်များ 👇👇👇

မောနင်းခ 😘😘😘😘ထိုင်းနိုင်ငံသို့သွားရောက်မည့် ဧည့်သည်တော်များအတွက် ကျနော်တို့ Aviedo မှ VIP pass ဝန်ဆောင်မှုအားဆောင်ရွက်ပေ...
29/03/2024

မောနင်းခ 😘😘😘😘

ထိုင်းနိုင်ငံသို့သွားရောက်မည့် ဧည့်သည်တော်များအတွက် ကျနော်တို့ Aviedo မှ VIP pass ဝန်ဆောင်မှုအားဆောင်ရွက်ပေးနေပြီ ဖြစ်ပါကြောင်း သတင်းကောင်းလေးပေးချင်ပါတယ်ဗျ 📣📣📣📣

VIP Pass ဆိုတာဘာလဲ?

VIP Pass ဆိုတာကတော့ သက်ကြီးရွယ်အိုများ စောင့်ဆိုင်းရတာ စိတ်မရှည်သူများအတွက် ပေးတဲ့ service ဖြစ်ပါတယ်၊

Vip Pass မှာပါဝင်တာတွေကတော့

▶ လေဆိပ် Immigration counter မှာစောင့်ဆိုင်းစရာမလိုခြင်း
▶ အထုပ်အပိုးများအား ကိုယ်တိုင်ရွေးချယ်စရာမလိုခြင်း
▶ ဧည့်ကြိုဝန်ဆောင်မှုများ အပြည့်အဝ ရရှိနိုင်ခြင်း အစရှိသဖြင့် ပါဝင်ပါတယ်...... 🔔🔔🔔🔔🔔

ကဲ မိတ်ဆွေများလည်း အချိန်မကုန်ပဲ လူသက်သာစေသော Vip Pass service များအား ဝယ်ယူလိုပါက Aviedo ရဲ့ page cb သို့မဟုတ် 09456232330 သို့ဆက်သွယ်ရယူလိုပါကြောင်း အသိပေး ကြေငြာအပ်ပါတယ် 📍📍📍📍📍

Passport QR ဒီနေ့အတွက်ရနိုင်တဲ့ Dateလေးတွေပါနော် 📅📅📅တစ်ရက်နဲ့တစ်ရက် Dateတွေက နောက်ကိုရောက်ရောက်သွားတာမို့ Passport လုပ်ဖ...
28/03/2024

Passport QR ဒီနေ့အတွက်ရနိုင်တဲ့ Dateလေးတွေပါနော် 📅📅📅

တစ်ရက်နဲ့တစ်ရက် Dateတွေက နောက်ကိုရောက်ရောက်သွားတာမို့ Passport လုပ်ဖို့ မဖြစ်မနေလိုအပ်ရင် အချိန်မဆိုင်းပဲ QRတင်ထားကြပါနော်🎈🎈🎈

ကုန်ကျစရိတ်အနေနဲ့
ရုံးသွင်းငွေ ✅ 35000 ကျပ်
Service ခ✅ 10000 ကျပ်
စုစုပေါင်း ✅ 45000 ကျပ်ကုန်ကျမှာဖြစ်ပါတယ်ရှင့်

Passport ရုံးဝင်သည့်ကိစ္စနှင့်ပါတ်သက်ပြီးနားမလည်တာရှိလျှင်လည်း သေချာစွာရှင်းပြပေးပါတယ်နော် 💁

လိုအပ်ပါက Aviedo Myanmar ရဲ့ Hotlineဖုန်းနံပါတ် 09456232330 သိုမဟုတ် Page Messenger သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့် 📣📣📣

မ ၂ဦး ပြည့်သွားပါပြီနော် ☺️☺️☺️
28/03/2024

မ ၂ဦး ပြည့်သွားပါပြီနော် ☺️☺️☺️

Urgent Vacancy Announcement for Thai 🔔🔔🔔🔔

ထိုင်းနိုင်ငံ ချွမ်ဘူရီရှိ အမှုန့်ကြိတ်စက်ရုံတွက် တာဝန်ထမ်းဆောင်ရန် ကျား ၈ဦး မ ၂ ဦးလိုအပ်ပါသည်။ မေလ ၅ရက်နေ့တွင် စာချုပ်ချုပ်ဆိုမည်ဖြစ်ပါသည်၊

လိုအပ်ချက်များကတော့
💡အသက် ၁၈ မှ ၄၅ နှစ်အတွင်း ဖြစ်ရပါမယ်၊
💡PJ passport ကိုင်ဆောင်ထားသူများဖြစ်ရပါမယ်၊

တနေ့လုပ်အားခ ၃၄၉ဘတ် ရရှိမည်ဖြစ်ပါသည်၊ အသေးစိတ်အချက်အလက်များအား Page Cb သို့မဟုတ် 09456232330 သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ 📞📞📞📞📞

Aiedo Myanmar ရဲ့ နောက်ထပ်ခြေလှမ်းတစ်ခုအနေနဲ့ ရရှိမယ့် Service လေးကတော့ 🏃✈️✈️✈️ပြည်တွင်း၊ပြည်ပ လေယာဉ်လက်မှတ်များကို Cust...
27/03/2024

Aiedo Myanmar ရဲ့ နောက်ထပ်ခြေလှမ်းတစ်ခုအနေနဲ့ ရရှိမယ့် Service လေးကတော့ 🏃

✈️✈️✈️ပြည်တွင်း၊ပြည်ပ လေယာဉ်လက်မှတ်များကို Customer များ သွားရောက်လိုသော ခရီးစဉ်အလိုက် မှန်ကန်မြန်ဆန်စွာ ရောင်းချပေးမှာဖြစ်ပါတယ်ရှင်

✈️ပြည်တွင်းလေယာဉ်လက်မှတ်

✈️ပြည်ပလေယာဉ်လက်မှတ်

✈️ Customer စိတ်ကြိုက် ရွေးချယ်ဝယ်ယူလိုသော Airlines

✈️ Ticket Booking

အစရှိသဖြင့် Airlines နှင့်ပါတ်သက်သော ဝန်ဆောင်မှုများကို ကျမတို့ရဲ့ Aviedo Myanmar မှ လက်ခံဆောင်ရွက်ပြီး ဝန်ဆောင်မှုပေးနေပါပြီရှင်

Flight Booking✈️
Flight Tickets🎫
Hotel Booking များ လိုအပ်ပါက
Aviedo Myanmar ရဲ့ Hotline ဖုန်းနံပါတ်☎️☎️☎️
09456232330 သို့မဟုတ် Page Messenger⌨️ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါပြီရှင့်

Address

Banyar Dala Road
Yangon
095

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

09269799915

Website

Alerts

Be the first to know and let us send you an email when Aviedo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aviedo:

Share