The Art of Management

The Art of Management Doing the right things and Doing the things right is not so easy as we think. We purpose : To be A Good leader or A Good Manager in your organization.

09/03/2020

09/03/2020
04/03/2020

ဘွဲ့နှင်းသဘင် ကျင်းပခြင်း၊ အခမ်းအနားတွင် ဝတ်စုံဝတ်ဆင်ခြင်းကို ၁၂ ရာစုနှင့် ၁၃ ရာစု ခေတ်ကတည်းက စတင်ခဲ့သည်။ .....

19/02/2020

I don’t know what I think until I write it down.” ― Joan Didion

16/02/2020
16/02/2020

Maslow's Need Theory သို့မဟုတ္. .အသံုးအ၀င္ဆံုး သီအိုရီတစ္ခု Zawgyi
ဆရာေကာင္းဟိန္းစိုး (Strategic)

ဒီေန ့မွာေတာ့ လုပ္ငန္းရွင္တုိ္င္း စီမံခန္ ့ခြဲသူတုိင္း မသိမျဖစ္ သိထားရမယ့္ Maslow ရဲ ့Need Theory အေၾကာင္း ကို မွ်ေ၀ေပးလိုပါတယ္။ Maslow’s Need Theory ဟာ ၀န္ထမ္းေတြကို Motivation ေပးဖို ့အတြက္ အသံုး၀င္ တဲ့ theory တစ္ခုလည္း ျဖစ္သလို Organizational Behavior ဆိုတဲ့ လုပ္ငန္း တစ္ခုလံုး ဆိုင္ရာ အျပဳအမူ ေတြ ေပၚမွာလည္း သက္ေရာက္ မွု ရွိတဲ့ သီအိုရီတစ္ခု ျဖစ္ပါတယ္။
ပထမ ဦးဆံုးေတာ့ ဘာေၾကာင့္လူေတြ အလုပ္လုပ္ေနရသလဲဆိုတဲ ့ေမးခြန္းကို အရင္စဥ္းစား ၾကည့္ရေအာင္ပါ။ မိတ္ေဆြေရာ ဘာေၾကာင့္အလုပ္လုပ္ေနပါသလဲ။ အေျဖက ေတာ့ တစ္ဦးနဲ ့တစ္ဦး မတူပဲ ကြဲျပားေနနုိင္ပါတယ္။အခ်ိဳ ့ကေတာ့ ေငြ ေၾကး စား၀တ္ေနေရး အတြက္ အလုပ္ လုပ္ၾကရသလို အခ်ိဳ ့ကေတာ့ ဂုဏ္ ရွိလို ့လုပ္ၾကပါတယ္။ အခ်ိဳ ့ကေတာ့ အလုပ္တစ္ခုခုျပီး ေျမာက္သြားရင္ ရတဲ့ စိတ္ေက်နပ္မွု ေအာင္ျမင္မွုအရသာ ကို ၾကိဳက္လို ့လုပ္ၾက ျပန္ပါတယ္။ အခ်ိဳ ့ကက်ေတာ့ လူ ့ပတ္၀န္းက်င္ ကို အကိ်ဳးျပဳနုိင္ဖို ့လုပ္ ပါတယ္။ လူတုိင္းဟာ အလုပ္လုပ္ ေနၾကေပမယ့္ အလုပ္လုပ္ ေနတဲ့ သူတုိင္း ရဲ ့အလုပ္လုပ္ ရတဲ့ လိုအပ္ခ်က္ Need ကေတာ့ မတူညီပဲကြဲ ျပားေနတယ္ဆိုတာကို ဆိုလိုတာျဖစ္ ပါတယ္။
Maslow ဆိုတဲ့ ပညာရွင္ကေတာ့ ဒီလို မတူကြဲျပားတဲ့ လိုအပ္ခ်က္ Need ေတြကို အဆင့္ ငါး ဆင့္ နဲ ့ပိုင္းျခား လိုက္ပါတယ္။ ဒါေတြ ကေတာ့ ေအာက္ ဆံုးက Basic Need သုိ ့မဟုတ္ Physiological Need ျဖစ္ျပီး သူ ့အထက္ မွာ အစဥ္လိုက္ Safety Need, Social Need, Esteem Need, နဲ ့Self actualization Need ဆိုျပီး ရွိေနၾကပါတယ္။ ဒီ အဆင့္ ငါးဆင့္ လံုးဟာ ေအာက္ကေနအထက္အထိ ပိရမစ္ ပံုစံ ေဖာ္ျပေရးဆြဲထားတာျဖစ္ပါတယ္။ ဆိုလိုတာက ေအာက္ ေျခအဆင့္ေတြ မွာ လူအေတာ္မ်ားမ်ား ရွိေနျပီး အထက္ေရာက္ေလ လူနည္း သြားေလ ဆိုတဲ့ သေဘာျဖစ္သလို ေအာက္ ေျခေတြ ခုိင္မာမွ အထက္ကို ဆက္တက္ လို ့ရနုိင္တယ္ ဆိုတဲ ့အေနအထားလဲ ျဖစ္ပါတယ္။ ဒါဆို ထပ္ျပီး အေသးစိတ္ေလ့လာၾကည့္ရေအာင္ပါ။ Need Theory ကိုေလ့လာတဲ့ အခါ လူ ့သဘာ၀ လူရယ္လို ့ျဖစ္လာတဲ့ အေနအထားနဲ ့လုပ္ငန္းခြင္ အေနအထားဆိုျပီး နွစ္ခု ခြဲကာေလ့ လာ သံုး သပ္ဖုိ ့လိုအပ္ပါတယ္။
Basic Need or Physiological Need
လူရယ္ လို ့ျဖစ္လာျပီ ဆိုရင္ အေရး တၾကီး အေျခခံ အေနနဲ ့လိုအပ္တဲ့ လိုအပ္ခ်က္ကေတာ့ စား၀တ္ေန မွု သံုးခု ျဖစ္ပါတယ္။ ဒီလိုအပ္ခ်က္ Need ဟာ အူ၀ဲ ဆိုျပီး စေအာ္ လိုက္တဲ့ ကေလး ဘ၀ကထဲက အေျခခံ လိုအပ္မွု အေနနဲ ့တြဲလ်က္ပါလာတာ ျဖစ္ပါတယ္။ ဒီ စား၀တ္ေန ေရး ဆုိတဲ့ အေျခခံ အေနအထား ကို ေတာင္ ျပည့္စံုမွု မရွိဘူး ဆိုရင္ သူဟာ အျခားေသာ safety လံုျခံဳမွု၊တို ့Social အသိုင္းအ၀န္း တို ့အေပၚ လိုအပ္ မွု အေနနဲ ့ျဖစ္လာဖို ့မဆိုထားတဲ့ အေလး ထား ဂရုျပဳမွုေတာင္ ျဖစ္ေပၚလာမွာ မဟုတ္ေသးပါဘူး။ ဥပမာ ေနစရာ စားစရာမရွိလို့ လမ္းတကာ လွည့္လည္ သြားလာေနရတဲ့ အိမ္ေျခရာမဲ ့တစ္ဦး ဟာ သူ ့ကို သူခိုးခိုး မွာ (Safety Need) တို ့ပတ္၀န္းက်င္(social) က ကဲ့ရဲ ့မွာတို့ ကို လံုးလံုးစိတ္ပူမွာမဟုတ္ပါဘူး။ စစ္ျဖစ္မွာ လဲ မေၾကာက္ ေရာဂါေတြ ကူးမွာလဲ မေၾကာက္သလို ေသမထူး ေနမထူးဆိုတဲ့ စိတ္လဲျဖစ္ေပၚေနဖို ့မ်ားပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ သူ ့မွာ အေျခခံ လိုအပ္ခ်က္ (Basic Need) ေတြကို ေတာင္ မရရွိ ေနလို ့ျဖစ္ပါတယ္။ လူဆိုတာ အေသြးအသားနဲ ့တည္ေဆာက္ထားတာ ျဖစ္တဲ့ အတြက္ Basic Need ေတြ ထဲမွာ S*x ဆိုတဲ့ ကိစၥကို လည္းထည့္သြင္း ထားပါတယ္။
Safety Need
Safety Need အဆင့္ကိုေရာက္ေနတဲ့ သူက ေတာ့ basic need အေျခခံလိုအပ္ခ်က္ေတြကို အတုိင္း အတာ တစ္ခု အထိ ျပည့္စံု လံုေလာက္သြားတဲ့ သူျဖစ္ပါတယ္။ Need အဆင့္ ေတြ အရ တစ္ဆင့္ကို လံုေလာက္ျပည့္စံုသြားေတာ့မွ ေနာက္ ထပ္တစ္ဆင့္ လိုအပ္ခ်က္ကို တက္ပါတယ္။ ဘယ္ေလာက္ ဆိုရင္လံုေလာက္မယ္ဆုိတာကေတာ့ လူတစ္ဦးခ်င္းစီ အေပၚမွာ မူတည္ေလ့ရွိပါတယ္။ လူတစ္ေယာက္ဟာ စားဖို့ ၀တ္ဖို ့မပူရေတာ့ဘူး ေနစရာအိမ္ေလးလဲ ရွိ ျဖစ္ (အငွားျဖစ္ျဖစ္) ဆိုရင္သာ မာန္အားျဖင့္ Safety Need အဆင့္ကို တက္လာပါတယ္။ safety need ဆိုတာကေတာ့ သူ ရရွိထားတဲ့ basic need ျပည့္စံုမွုေလးေတြ ေပ်ာက္ဆံုးမွာ၊ ကို မူတည္ျပီး ျဖစ္လာတာျဖစ္ပါတယ္။ ဒီေတာ့ သူခိုး ခိုးခံရမွာ ဓားျပတုိက္ခံရမွာ၊ ကိုယ့္ ေနရာမွာ စစ္ပြဲေတြ ျဖစ္မွာ ၊ေရာဂါေတြ ျဖစ္မွာ ၊က်န္းမာေရး မေကာင္းမွာ စတာေတြကို စတင္ စိုးရိမ္ ပူပန္ လာျပီး ဒါေတြ မျဖစ္ေအာင္ သူ တတ္နုိင္သေရြ ့စတင္ အားထုတ္ တဲ့ အဆင့္ကို ေရာက္ လာ ပါတယ္။ ဒီအဆင့္မွာေတာ့ လူ ့သဘာ၀ အိမ္ေထာင္ သားေမြးျပဳတာေတြ ရွိေပမယ့္ အခ်စ္ ဆိုျပီး ဖြဲ ့ဖြဲ ့နြဲ ့နြဲ ့ေတြ ရိုဆန္တာေတြ ေတာ့ ရွိမွာ မဟုတ္ပါဘူး။ basic need မွာ ကထဲ ကS*x ဟာ ပါလာတာ ျဖစ္တဲ့ အတြက္ အိမ္ေထာင္သားေမြးေတြ ရွိ ေနတာျဖစ္ေပမယ့္ အူမေတာင္ ့မွ သီလ ေစာင့္နုိင္ မယ့္ ဆိုတဲ့ ျမန္မာ စကားပံုလိုပါပဲ အူမ မေတာင့္ ေသးပဲ ရုန္းကန္လုွပ္ရွားေနရ တဲ့ အခ်ိန္ေတြ မ်ားေတာ့ ရိုမန္တစ္ေတြ ၊ လူမွုအသိုင္းအ၀န္း ထဲ၀င္ ဆံ့ ဖို ့ေတြ ဟာ အားနည္း လ်က္ရွိ ပါတယ္။ မရွိဘူးလို ့ေတာ့ ဆိုတာ မဟုတ္ပါဘူး။ အဓိက လိုအပ္ခ်က္အေနနဲ ့ျဖစ္တည္ မလာ ေသးဘူး လို ့ဆိုလိုခ်င္တာျဖစ္ပါတယ္။
Social Need
ဒုတိယ အဆင့္ျဖစ္တဲ့ safety need ကို လံုေလာက္ ျပည့္စံု သြားတဲ့ သူေတြ ဟာ တတိယ အဆင့္ျဖစ္တဲ့ Social need အဆင့္ထဲကို စတင္၀င္ေရာက္လာပါတယ္။ ဒီေနရာမွာထပ္ျပီး ေျပာခ်င္တာက အဆင့္တစ္ဆင့္ ျပည့္စံုလံုေလာက္သြားတယ္ ဆိုရာမွာ စံသတ္မွတ္ခ်က္ရယ္လုိ့ မ၇ွိပဲ လူတစ္ဦး စီရဲ ့အေပၚမွာသာ မူတည္တယ္ဆိုတာပဲ ျဖစ္ပါတယ္။ ဒီအဆင့္ကို ေရာက္လာ ရင္ေတာ့ သူက်င္လည္ရာ ပတ္၀န္းက်င္ မွာ ဒါမွမဟုတ္ သူ ေလးစား အားက် တဲ့ အသိုင္းအ၀န္းတစ္ခုခုမွာ သူဟာ အေရးပါ အရာေရာက္ တဲ့ သူအျဖစ္ကို စတင္ ျဖစ္လို လာၾကေတာ့တာပါပဲ။ ဥပမာ အားျဖင့္ တစ္ခ်ိဳ ့ေတြက ပရဟိတ အသင္းအဖြဲ ့ေတြ မွာ လုပ္အားေပး ေတြ လုပ္ၾကတယ္… အသိုငး္အ၀န္းက ခ်ီးက်ဴးမယ့္ အရာေတြ ကိုလုပ္လာၾကတယ္။ အသုိင္း အ၀န္း က အ၀တ္အစား ေကာင္းမွ အထင္ၾကီးရင္ အ၀တ္အစားေတြ မ်ားမ်ား ၀ယ္မယ္. လက္၀တ္ရတနာ၀တ္မွ အထင္ၾကိီး ရင္ လက္၀တ္ရတနာ ေတြ လိုခ်င္လာမယ္ ဒီလို အေနအထားျဖစ္ ပါတယ္။
အခ်ိဳ ့က်ေတာ့ လဲ Social Need အဆင့္မွာ ျပင္ပ အသိုင္းအ၀န္း ၾကီး ရဲ ့အေရးေပးမွဳကို လိုအပ္ တာမဟုတ္ပဲနဲ ့မိသားစု ထဲမွာ အားကိုးခံရတဲ့ သူျဖစ္ခ်င္လာတာ၊ သူငယ္ခ်င္းေတြ ၾကားထဲမွာ ေလးစားခံရတာ၊ သူငယ္ခ်င္း relationship ေတြ ပိုရလာခ်င္တာ၊ စတဲ့ အေနအထား မ်ိဳးလဲ ျဖစ္ နုိင္ပါတယ္။
Esteem Need
ဒီအဆင့္ကို ေရာက္လာျပီ ဆိုရင္ေတာ့ သူဟာ အသိုင္းအ၀န္း ရဲ ့ေလးစား အားက်တာေတြကို ရိုးသြား လံုေလာက္သြားျပီးတဲ့ ေနာက္ သူ ့အတြက္က ိုယ့္ကိုကို္ယ္ ေက်နပ္မွုေပးေစနုိင္တဲ့ အရာေတြကို သာ လုပ္ေဆာင္တဲ့ အေနအထား မ်ိဳးကို စတင္လာပါတယ္။ ကုိယ္ကိုကိုယ္ ေက်နပ္ ေစမယ့္ အရာေတြ ဆိုေပမယ့္ မ်ားေသာအားျဖင့္ ကိုယ့္ရဲ ့လုပ္နုိင္ ကိုင္နုိင္ စြမ္း အရ ရရွိလာတဲ့ ေအာင္ျမင္မွု achievement ေတြကို ပို ျပီးလိုခ်င္ လုပ္ခ်င္လာတဲ့ အေနအထား ျဖစ္ပါတယ္။ ဒီအဆင့္ မွာ ကိုယ့္ကိုကို္ယ္ လဲ လုပ္ရင္ျဖစ္တယ္ ဆိုတဲ့ ယံုၾကည္ မွုေတြအျပည့္ ရွိေနသလို အလုပ္အသစ္ ေတြ Challenge အသစ္ ေတြကို မၾကာမၾကာ ရယူလုပ္ ေဆာင္ျပီး ေအာင္ျမင္သြားတဲ့ achievement sense ကို ေပ်ာ္ ေနတဲ့ အဆင့္ျဖစ္ ပါတယ္။ တစ္ခ်ိဳ ့လုပ္ငန္းရွင္ေတြက ေငြ ေၾကး သက္သက္ မဟုတ္ပဲ လုပ္ငန္းခြဲ ေတြ အသစ္ ေတြ တစ္ခုျပီး တစ္ခု ေထာင္လိုက္ ေအာင္ျမင္သြားရင္ ေက်နပ္ လိုက္နဲ့ ဟာ ဒီအဆင့္ ရဲ ့အေနအထား ျဖစ္ ပါတယ္။

Self Actualization Need
ဒီအဆင့္ ကေတာ့ မိမိကိုယ့္ ကို ဘာျဖစ္ခ်င္တယ္ဆိုတာကို ေကာင္းေကာင္းနားလည္ သြားျပီး အဲဒိီ ရည္မွန္းခ်က္ ကိုသာ ဦး တည္ လုပ္တဲ့ အေျခအေနျဖစ္ပါတယ္။ ဒီ အဆင့္မွာ ဦးတည္တာေတြ ကလဲ ျပသနာၾကီးၾကီးမားမားေတြကို ေျဖရွင္းတာ၊ အျခားသူေတြ မေတြ ့ရွိေသးတာေတြကို ေဖာ္ထုတ္ တာ၊ အျခားသူေတြ မလုပ္နုိင္ဘူး ဆိုတာေတြကို ရေအာင္ လုပ္တာ စတဲ့ အေနအထားမ်ိဳးေတြ ရွိပါတယ္။ ကိုယ့္ ဘ၀တစ္ေလွ်ာက္ ခ်ိဳး ခဲ့တဲ့ စံခ်ိန္ေတြကို ျပန္ ခ်ိဳးတာမ်ိဳးလဲျဖစ္သလို၊ တစ္ခ်ိဳ ့က်ေတာ့ လဲ ကိုယ္တစ္သက္လံုး ေနခ်င္တဲ့ ပံုစံမ်ိဳး ကို လံုးလံုးလ်ားလ်ားေနလိုက္တာမ်ိဳးလဲရွိပါတယ္။ ဥပမာ တစ္သက္လံုး စာေရးဆရာ ျဖစ္ခ်င္ေပမယ့္ ရုနး္ကန္ေနရလို ့အေျခအေနမေပးေပမယ့္ အျငိမ္းစားယူလိုက္ တဲ့ေနာက္မွာ စာေတြ ခ်ည္းေရး ျပီး ေအးေအးေဆးေဆး ေနထုိင္သြားတယ္ ဆိုတာမ်ိဳး လဲျဖစ္နုိင္သလို ဘယ္သူ မွ ထိပ္ဆံုး အထိမတက္ဘူးေသးတဲ့ ေတာင္ ၾကီးကို ရေအာင္တက္တာ… ဘယ္သူမွ မလုပ္ဖူး တဲ့ မျဖစ္နုိင္ေလာက္တဲ့ လုပ္ငန္းၾကီး ကို စတင္လုပ္ေဆာင္တာ စတာေတြ လဲ ျဖစ္နုိင္ပါတယ္။
အထက္က အခ်က္ေတြ ကေတာ့ Maslow Need Theory ကို လူ ့သဘာ၀ အရ အဆင့္ဆင့္ သံုးသပ္ ထားတာျဖစ္ျပီး လုပ္ငနး္ခြင္ အတြင္း ေလ့လာ သံုးသပ္မွုေတြ နဲ ့လက္ေတြ ့အသံုးခ် နည္း ေတြကိုေတာ့ ေနာက္ထပ္ ပိုစ့္ မွာ ဆက္ျပီးမွ်ေ၀ ေပးမွာ ျဖစ္ပါတယ္။ ျမန္ ျမန္ေရး ဖို ့အားရွိေအာင္ ဒီပိုစ္ ့ကိုလဲ Share ေပးၾကပါဦးဗ်ား။
Kaung Hein Soe
Professional Management Trainer
Maslow's Need Theory သို့မဟုတ်. .အသုံးအဝင်ဆုံး သီအိုရီတစ်ခု
ဆရာကောင်းဟိန်းစိုး (Strategic)

ဒီနေ့မှာတော့ လုပ်ငန်းရှင်တိုင်း စီမံခန့်ခွဲသူတိုင်း မသိမဖြစ် သိထားရမယ့် Maslow ရဲ့Need Theory အကြောင်း ကို မျှဝေပေးလိုပါတယ်။ Maslow’s Need Theory ဟာ ဝန်ထမ်းတွေကို Motivation ပေးဖို့အတွက် အသုံးဝင် တဲ့ theory တစ်ခုလည်း ဖြစ်သလို Organizational Behavior ဆိုတဲ့ လုပ်ငန်း တစ်ခုလုံး ဆိုင်ရာ အပြုအမူ တွေ ပေါ်မှာလည်း သက်ရောက် မှု ရှိတဲ့ သီအိုရီတစ်ခု ဖြစ်ပါတယ်။
ပထမ ဦးဆုံးတော့ ဘာကြောင့်လူတွေ အလုပ်လုပ်နေရသလဲဆိုတဲ့မေးခွန်းကို အရင်စဉ်းစား ကြည့်ရအောင်ပါ။ မိတ်ဆွေရော ဘာကြောင့်အလုပ်လုပ်နေပါသလဲ။ အဖြေက တော့ တစ်ဦးနဲ့တစ်ဦး မတူပဲ ကွဲပြားနေနိုင်ပါတယ်။အချို့ကတော့ ငွေ ကြေး စားဝတ်နေရေး အတွက် အလုပ် လုပ်ကြရသလို အချို့ကတော့ ဂုဏ် ရှိလို့လုပ်ကြပါတယ်။ အချို့ကတော့ အလုပ်တစ်ခုခုပြီး မြောက်သွားရင် ရတဲ့ စိတ်ကျေနပ်မှု အောင်မြင်မှုအရသာ ကို ကြိုက်လို့လုပ်ကြ ပြန်ပါတယ်။ အချို့ကကျတော့ လူ့ပတ်ဝန်းကျင် ကို အကျိုးပြုနိုင်ဖို့လုပ် ပါတယ်။ လူတိုင်းဟာ အလုပ်လုပ် နေကြပေမယ့် အလုပ်လုပ် နေတဲ့ သူတိုင်း ရဲ့အလုပ်လုပ် ရတဲ့ လိုအပ်ချက် Need ကတော့ မတူညီပဲကွဲ ပြားနေတယ်ဆိုတာကို ဆိုလိုတာဖြစ် ပါတယ်။
Maslow ဆိုတဲ့ ပညာရှင်ကတော့ ဒီလို မတူကွဲပြားတဲ့ လိုအပ်ချက် Need တွေကို အဆင့် ငါး ဆင့် နဲ့ပိုင်းခြား လိုက်ပါတယ်။ ဒါတွေ ကတော့ အောက် ဆုံးက Basic Need သို့မဟုတ် Physiological Need ဖြစ်ပြီး သူ့အထက် မှာ အစဉ်လိုက် Safety Need, Social Need, Esteem Need, နဲ့Self actualization Need ဆိုပြီး ရှိနေကြပါတယ်။ ဒီ အဆင့် ငါးဆင့် လုံးဟာ အောက်ကနေအထက်အထိ ပိရမစ် ပုံစံ ဖော်ပြရေးဆွဲထားတာဖြစ်ပါတယ်။ ဆိုလိုတာက အောက် ခြေအဆင့်တွေ မှာ လူအတော်များများ ရှိနေပြီး အထက်ရောက်လေ လူနည်း သွားလေ ဆိုတဲ့ သဘောဖြစ်သလို အောက် ခြေတွေ ခိုင်မာမှ အထက်ကို ဆက်တက် လို့ရနိုင်တယ် ဆိုတဲ့အနေအထားလဲ ဖြစ်ပါတယ်။ ဒါဆို ထပ်ပြီး အသေးစိတ်လေ့လာကြည့်ရအောင်ပါ။ Need Theory ကိုလေ့လာတဲ့ အခါ လူ့သဘာ၀ လူရယ်လို့ဖြစ်လာတဲ့ အနေအထားနဲ့လုပ်ငန်းခွင် အနေအထားဆိုပြီး နှစ်ခု ခွဲကာလေ့ လာ သုံး သပ်ဖို့လိုအပ်ပါတယ်။
Basic Need or Physiological Need
လူရယ် လို့ဖြစ်လာပြီ ဆိုရင် အရေး တကြီး အခြေခံ အနေနဲ့လိုအပ်တဲ့ လိုအပ်ချက်ကတော့ စားဝတ်နေ မှု သုံးခု ဖြစ်ပါတယ်။ ဒီလိုအပ်ချက် Need ဟာ အူဝဲ ဆိုပြီး စအော် လိုက်တဲ့ ကလေး ဘဝကထဲက အခြေခံ လိုအပ်မှု အနေနဲ့တွဲလျက်ပါလာတာ ဖြစ်ပါတယ်။ ဒီ စားဝတ်နေ ရေး ဆိုတဲ့ အခြေခံ အနေအထား ကို တောင် ပြည့်စုံမှု မရှိဘူး ဆိုရင် သူဟာ အခြားသော safety လုံခြုံမှု၊တို့Social အသိုင်းအဝန်း တို့အပေါ် လိုအပ် မှု အနေနဲ့ဖြစ်လာဖို့မဆိုထားတဲ့ အလေး ထား ဂရုပြုမှုတောင် ဖြစ်ပေါ်လာမှာ မဟုတ်သေးပါဘူး။ ဥပမာ နေစရာ စားစရာမရှိလို့ လမ်းတကာ လှည့်လည် သွားလာနေရတဲ့ အိမ်ခြေရာမဲ့တစ်ဦး ဟာ သူ့ကို သူခိုးခိုး မှာ (Safety Need) တို့ပတ်ဝန်းကျင်(social) က ကဲ့ရဲ့မှာတို့ ကို လုံးလုံးစိတ်ပူမှာမဟုတ်ပါဘူး။ စစ်ဖြစ်မှာ လဲ မကြောက် ရောဂါတွေ ကူးမှာလဲ မကြောက်သလို သေမထူး နေမထူးဆိုတဲ့ စိတ်လဲဖြစ်ပေါ်နေဖို့များပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့မှာ အခြေခံ လိုအပ်ချက် (Basic Need) တွေကို တောင် မရရှိ နေလို့ဖြစ်ပါတယ်။ လူဆိုတာ အသွေးအသားနဲ့တည်ဆောက်ထားတာ ဖြစ်တဲ့ အတွက် Basic Need တွေ ထဲမှာ S*x ဆိုတဲ့ ကိစ္စကို လည်းထည့်သွင်း ထားပါတယ်။
Safety Need
Safety Need အဆင့်ကိုရောက်နေတဲ့ သူက တော့ basic need အခြေခံလိုအပ်ချက်တွေကို အတိုင်း အတာ တစ်ခု အထိ ပြည့်စုံ လုံလောက်သွားတဲ့ သူဖြစ်ပါတယ်။ Need အဆင့် တွေ အရ တစ်ဆင့်ကို လုံလောက်ပြည့်စုံသွားတော့မှ နောက် ထပ်တစ်ဆင့် လိုအပ်ချက်ကို တက်ပါတယ်။ ဘယ်လောက် ဆိုရင်လုံလောက်မယ်ဆိုတာကတော့ လူတစ်ဦးချင်းစီ အပေါ်မှာ မူတည်လေ့ရှိပါတယ်။ လူတစ်ယောက်ဟာ စားဖို့ ဝတ်ဖို့မပူရတော့ဘူး နေစရာအိမ်လေးလဲ ရှိ ဖြစ် (အငှားဖြစ်ဖြစ်) ဆိုရင်သာ မာန်အားဖြင့် Safety Need အဆင့်ကို တက်လာပါတယ်။ safety need ဆိုတာကတော့ သူ ရရှိထားတဲ့ basic need ပြည့်စုံမှုလေးတွေ ပျောက်ဆုံးမှာ၊ ကို မူတည်ပြီး ဖြစ်လာတာဖြစ်ပါတယ်။ ဒီတော့ သူခိုး ခိုးခံရမှာ ဓားပြတိုက်ခံရမှာ၊ ကိုယ့် နေရာမှာ စစ်ပွဲတွေ ဖြစ်မှာ ၊ရောဂါတွေ ဖြစ်မှာ ၊ကျန်းမာရေး မကောင်းမှာ စတာတွေကို စတင် စိုးရိမ် ပူပန် လာပြီး ဒါတွေ မဖြစ်အောင် သူ တတ်နိုင်သရွေ့စတင် အားထုတ် တဲ့ အဆင့်ကို ရောက် လာ ပါတယ်။ ဒီအဆင့်မှာတော့ လူ့သဘာ၀ အိမ်ထောင် သားမွေးပြုတာတွေ ရှိပေမယ့် အချစ် ဆိုပြီး ဖွဲ့ဖွဲ့နွဲ့နွဲ့တွေ ရိုဆန်တာတွေ တော့ ရှိမှာ မဟုတ်ပါဘူး။ basic need မှာ ကထဲ ကS*x ဟာ ပါလာတာ ဖြစ်တဲ့ အတွက် အိမ်ထောင်သားမွေးတွေ ရှိ နေတာဖြစ်ပေမယ့် အူမတောင့်မှ သီလ စောင့်နိုင် မယ့် ဆိုတဲ့ မြန်မာ စကားပုံလိုပါပဲ အူမ မတောင့် သေးပဲ ရုန်းကန်လုှပ်ရှားနေရ တဲ့ အချိန်တွေ များတော့ ရိုမန်တစ်တွေ ၊ လူမှုအသိုင်းအဝန်း ထဲဝင် ဆံ့ ဖို့တွေ ဟာ အားနည်း လျက်ရှိ ပါတယ်။ မရှိဘူးလို့တော့ ဆိုတာ မဟုတ်ပါဘူး။ အဓိက လိုအပ်ချက်အနေနဲ့ဖြစ်တည် မလာ သေးဘူး လို့ဆိုလိုချင်တာဖြစ်ပါတယ်။
Social Need
ဒုတိယ အဆင့်ဖြစ်တဲ့ safety need ကို လုံလောက် ပြည့်စုံ သွားတဲ့ သူတွေ ဟာ တတိယ အဆင့်ဖြစ်တဲ့ Social need အဆင့်ထဲကို စတင်ဝင်ရောက်လာပါတယ်။ ဒီနေရာမှာထပ်ပြီး ပြောချင်တာက အဆင့်တစ်ဆင့် ပြည့်စုံလုံလောက်သွားတယ် ဆိုရာမှာ စံသတ်မှတ်ချက်ရယ်လို့ မရှိပဲ လူတစ်ဦး စီရဲ့အပေါ်မှာသာ မူတည်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒီအဆင့်ကို ရောက်လာ ရင်တော့ သူကျင်လည်ရာ ပတ်ဝန်းကျင် မှာ ဒါမှမဟုတ် သူ လေးစား အားကျ တဲ့ အသိုင်းအဝန်းတစ်ခုခုမှာ သူဟာ အရေးပါ အရာရောက် တဲ့ သူအဖြစ်ကို စတင် ဖြစ်လို လာကြတော့တာပါပဲ။ ဥပမာ အားဖြင့် တစ်ချို့တွေက ပရဟိတ အသင်းအဖွဲ့တွေ မှာ လုပ်အားပေး တွေ လုပ်ကြတယ်… အသိုင်းအဝန်းက ချီးကျူးမယ့် အရာတွေ ကိုလုပ်လာကြတယ်။ အသိုင်း အဝန်း က အဝတ်အစား ကောင်းမှ အထင်ကြီးရင် အဝတ်အစားတွေ များများ ဝယ်မယ်. လက်ဝတ်ရတနာဝတ်မှ အထင်ကြီး ရင် လက်ဝတ်ရတနာ တွေ လိုချင်လာမယ် ဒီလို အနေအထားဖြစ် ပါတယ်။
အချို့ကျတော့ လဲ Social Need အဆင့်မှာ ပြင်ပ အသိုင်းအဝန်း ကြီး ရဲ့အရေးပေးမှုကို လိုအပ် တာမဟုတ်ပဲနဲ့မိသားစု ထဲမှာ အားကိုးခံရတဲ့ သူဖြစ်ချင်လာတာ၊ သူငယ်ချင်းတွေ ကြားထဲမှာ လေးစားခံရတာ၊ သူငယ်ချင်း relationship တွေ ပိုရလာချင်တာ၊ စတဲ့ အနေအထား မျိုးလဲ ဖြစ် နိုင်ပါတယ်။
Esteem Need
ဒီအဆင့်ကို ရောက်လာပြီ ဆိုရင်တော့ သူဟာ အသိုင်းအဝန်း ရဲ့လေးစား အားကျတာတွေကို ရိုးသွား လုံလောက်သွားပြီးတဲ့ နောက် သူ့အတွက်က ိုယ့်ကိုကိုယ် ကျေနပ်မှုပေးစေနိုင်တဲ့ အရာတွေကို သာ လုပ်ဆောင်တဲ့ အနေအထား မျိုးကို စတင်လာပါတယ်။ ကိုယ်ကိုကိုယ် ကျေနပ် စေမယ့် အရာတွေ ဆိုပေမယ့် များသောအားဖြင့် ကိုယ့်ရဲ ့လုပ်နိုင် ကိုင်နိုင် စွမ်း အရ ရရှိလာတဲ့ အောင်မြင်မှု achievement တွေကို ပို ပြီးလိုချင် လုပ်ချင်လာတဲ့ အနေအထား ဖြစ်ပါတယ်။ ဒီအဆင့် မှာ ကိုယ့်ကိုကိုယ် လဲ လုပ်ရင်ဖြစ်တယ် ဆိုတဲ့ ယုံကြည် မှုတွေအပြည့် ရှိနေသလို အလုပ်အသစ် တွေ Challenge အသစ် တွေကို မကြာမကြာ ရယူလုပ် ဆောင်ပြီး အောင်မြင်သွားတဲ့ achievement sense ကို ပျော် နေတဲ့ အဆင့်ဖြစ် ပါတယ်။ တစ်ချို့လုပ်ငန်းရှင်တွေက ငွေ ကြေး သက်သက် မဟုတ်ပဲ လုပ်ငန်းခွဲ တွေ အသစ် တွေ တစ်ခုပြီး တစ်ခု ထောင်လိုက် အောင်မြင်သွားရင် ကျေနပ် လိုက်နဲ့ ဟာ ဒီအဆင့် ရဲ့အနေအထား ဖြစ် ပါတယ်။

Self Actualization Need
ဒီအဆင့် ကတော့ မိမိကိုယ့် ကို ဘာဖြစ်ချင်တယ်ဆိုတာကို ကောင်းကောင်းနားလည် သွားပြီး အဲဒီ ရည်မှန်းချက် ကိုသာ ဦး တည် လုပ်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒီ အဆင့်မှာ ဦးတည်တာတွေ ကလဲ ပြသနာကြီးကြီးမားမားတွေကို ဖြေရှင်းတာ၊ အခြားသူတွေ မတွေ့ရှိသေးတာတွေကို ဖော်ထုတ် တာ၊ အခြားသူတွေ မလုပ်နိုင်ဘူး ဆိုတာတွေကို ရအောင် လုပ်တာ စတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ ကိုယ့် ဘဝတစ်လျှောက် ချိုး ခဲ့တဲ့ စံချိန်တွေကို ပြန် ချိုးတာမျိုးလဲဖြစ်သလို၊ တစ်ချို့ကျတော့ လဲ ကိုယ်တစ်သက်လုံး နေချင်တဲ့ ပုံစံမျိုး ကို လုံးလုံးလျားလျားနေလိုက်တာမျိုးလဲရှိပါတယ်။ ဥပမာ တစ်သက်လုံး စာရေးဆရာ ဖြစ်ချင်ပေမယ့် ရုန်းကန်နေရလို့အခြေအနေမပေးပေမယ့် အငြိမ်းစားယူလိုက် တဲ့နောက်မှာ စာတွေ ချည်းရေး ပြီး အေးအေးဆေးဆေး နေထိုင်သွားတယ် ဆိုတာမျိုး လဲဖြစ်နိုင်သလို ဘယ်သူ မှ ထိပ်ဆုံး အထိမတက်ဘူးသေးတဲ့ တောင် ကြီးကို ရအောင်တက်တာ… ဘယ်သူမှ မလုပ်ဖူး တဲ့ မဖြစ်နိုင်လောက်တဲ့ လုပ်ငန်းကြီး ကို စတင်လုပ်ဆောင်တာ စတာတွေ လဲ ဖြစ်နိုင်ပါတယ်။
အထက်က အချက်တွေ ကတော့ Maslow Need Theory ကို လူ့သဘာ၀ အရ အဆင့်ဆင့် သုံးသပ် ထားတာဖြစ်ပြီး လုပ်ငန်းခွင် အတွင်း လေ့လာ သုံးသပ်မှုတွေ နဲ့လက်တွေ့အသုံးချ နည်း တွေကိုတော့ နောက်ထပ် ပိုစ့် မှာ ဆက်ပြီးမျှေ၀ ပေးမှာ ဖြစ်ပါတယ်။ မြန် မြန်ရေး ဖို့အားရှိအောင် ဒီပိုစ့်ကိုလဲ Share ပေးကြပါဦးဗျား။
Kaung Hein Soe
Professional Management Trainer

03/02/2020

Address

Yangon
11181

Website

Alerts

Be the first to know and let us send you an email when The Art of Management posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share