05/09/2018
boost လုပ်တာပဲ သင်တန်းတတ်စရာလိုလို့လား ?
card တစ်ကတ် ရှိရင်ပြီးပြီမဟုတ်ဘူးလား ?
ဒီလိုမေးခွန်းတွေကို သင်တန်းစလုပ်မယ်လို့ စိတ်ကူးလိုက်ထဲက မျှော်လင့်ထားပြီးသားပါ။
ကိုယ့် Page ကို boost ဖို့အတွက် စနစ်တကျတတ်မြောက်ဖို့ရာ သင်တန်းတတ်ထားဖို့ လိုအပ်တယ်လို့ပဲ ဖြေချင်ပါတယ်။
စနစ် ကျကျ မကျကျ boost တာက boost တာပဲ ဘာများပိုထူးခြားသွားလို့လဲ ?
ဒါဆိုရင် ဒီမေးခွန်းတွေကို ပြန်မေးပါရစေ။
ငွေသုံးလိုက်သလောက် ရသင့်ရထိုက်တဲ့ ပမာဏထပ် Like အရေအတွက်သိသိသာသာလျော့နည်းနေတာမျိုးဖြစ်ဖူးလား ?
approve မရပဲ reject ထိဖူးလား ?
ဘာအကြောင်းပြချက်ကြောင့်မှန်းမသိ boost နေကျအကောင့်ပိတ်ခံရဖူးလား ?
page ထဲမှာ boost unavailable တွေချည်းပဲ တန်းစီပေါ်နေပြီလား ?
card ကိုပါ ပြန်သုံးလို့ မရတော့လို့ card အသစ်တွေလုပ်ရင်း ဘဏ်ကိုချောင်းပေါက်မတတ်ရောက်နေပြီလား ?
အပ်သမျှ boost service တိုင်းကပါ အကောင့်ပျက် ကတ်ပျက်လို့ boost ခိုင်းစရာလူမရှိဘဲ တိုင်ပတ်ဖူးပြီလား ?
ဟုတ်ကဲ့ အဲ့ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့အတွက် ဒီသင်တန်းကို လိုအပ်တာပါ။
ဒီသင်တန်းဟာ Facebook ရဲ့ feature တစ်မျိုးဖြစ်တဲ့ Business Manager အသုံးပြုနည်းကို သင်ပေးမှာပါ။
Business Manager ရဲ့အားသာချက်ကတော့ boost မရတော့တဲ့ အကောင့်ကိုပါ ပြန်လည်အသုံးပြုနိုင်ပြီး နောက်တစ်ကြိမ် အကောင့်ပျက်ခဲ့ရင်တောင် card မပျက်တဲ့အတွက် အလုပ်မရှုပ်တော့ပါဘူး။ အကောင့်ပျက်ခဲ့လို့ appeal တင်မယ်ဆိုရင်လည်း ရိုးရိုး personal account သုံးပြီး boost သူတွေထပ် အကောင့်ပြန်ရနိုင်ချေပိုများပါတယ်။ Page ရဲ့လုံခြုံရေးကိုလည်း ပိုကောင်းစေပါတယ်။
သင်တန်းကို ၉ ရက်နေ့ တနင်္ဂနွေနေ့မှာ ဖွင့်မှာပါ။ ပထမဆုံး လာအပ်တဲ့သူ ၃ ယောက်ကို ၃၀ ရာခိုင်နှုန်း လျှော့ပေးပါမယ်။ အသေးစိတ်ကို 09956395530 ကိုဆက်ပြီး စုံစမ်းနိုင်ပါတယ်။