SUN Business Network Myanmar

Directions Website Contact the business

SUN Business Network Myanmar The SUN Business Network in Myanmar is a unique platform for businesses to contribute to scaling up access to healthy food and improving nutrition in Myanmar.

⏳ လျှောက်ထားဖို့ ၂ ရက်ပဲ ကျန်ပါတော့တယ်!!SBN PowerBiz: AgriFood Nutri Challenge က ဘယ်သူတွေအတွက်လဲ?မြန်မာနိုင်ငံမှာ စိုက်ပ...
25/09/2026

⏳ လျှောက်ထားဖို့ ၂ ရက်ပဲ ကျန်ပါတော့တယ်!!

SBN PowerBiz: AgriFood Nutri Challenge က ဘယ်သူတွေအတွက်လဲ?

မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးထွက်ကုန်တွေကို အသုံးပြုပြီး အာဟာရပြည့်ဝတဲ့ ဒေသထုတ်စားသောက်ကုန်တွေကို ဖန်တီး၊ ထုတ်လုပ် နေတဲ့ လုပ်ငန်းရှင်တွေအတွက် ဖြစ်ပါတယ်။

သင့်ထုတ်ကုန်ရဲ့ လက်ရှိအဆင့်အလိုက် Track နှစ်ခုထဲက သင့်တော်တာကို ရွေးချယ်နိုင်ပါတယ်။

🟡 Track 1: Prototype & Product Reformulation
နမူနာထုတ်ကုန်ရှိပြီး ဆက်လက်ဖွံ့ဖြိုးလိုသူတွေ၊ ဒါမှမဟုတ် လက်ရှိထုတ်ကုန်ရဲ့ အာဟာရတန်ဖိုးကို ပိုကောင်းအောင် ပြန်လည်ပြုပြင်ဖော်စပ်လိုသူတွေအတွက် ဖြစ်ပါတယ်။

🟣 Track 2: Market-Ready & Growth
ထုတ်ကုန်ကို ဖွံ့ဖြိုးစမ်းသပ်ပြီး ဈေးကွက်ဝင်ဖို့ အဆင်သင့်ဖြစ်နေသူတွေ၊ ဒါမှမဟုတ် လက်ရှိရောင်းချနေပြီး ထုတ်လုပ်မှု၊ ဖြန့်ချိမှုနဲ့ ဈေးကွက်ရောက်ရှိမှုကို တိုးချဲ့လိုသူတွေအတွက် ဖြစ်ပါတယ်။

📅 လျှောက်လွှာပိတ်ရက်: စက်တင်ဘာလ ၂၇ ရက်၊ ၂၀၂၆
🔗လျှောက်ထားရန်: https://docs.google.com/forms/d/e/1FAIpQLSdDWXqCwC0fvnrKuCTB3_UdDEUdSfLkmNPJcfAoiOeb2uq0hw/viewform?usp=dialog
📞 မေးမြန်းရန်: 09 880 914 389

📣 SBN AgroFood Nutri Challenge အတွက် လျှောက်ထားဖို့ အချိန် တစ်ပတ်သာ ကျန်ပါတော့တယ် 📣စိုက်ပျိုးရေးထွက်ကုန်တွေကို အသုံးပြုပ...
21/09/2026

📣 SBN AgroFood Nutri Challenge အတွက် လျှောက်ထားဖို့ အချိန် တစ်ပတ်သာ ကျန်ပါတော့တယ် 📣

စိုက်ပျိုးရေးထွက်ကုန်တွေကို အသုံးပြုပြီး အာဟာရပြည့်ဝတဲ့ ဒေသထုတ်စားသောက်ကုန်ကို ဖန်တီးနေတယ်၊ ဒါမှမဟုတ် လက်ရှိထုတ်ကုန်ကို ပိုမိုတိုးချဲ့လိုတယ်ဆိုရင် SBN PowerBiz: AgroFood Nutri Challenge မှာ ပါဝင်လျှောက်ထားနိုင်ပါတယ်။

သင့်ထုတ်ကုန်ရဲ့ လက်ရှိအဆင့်အလိုက်

🟡 Track 1: Prototype and Product Reformulation
နမူနာထုတ်ကုန်ရှိပြီး ဆက်လက်ဖွံ့ဖြိုးလိုသူများ သို့မဟုတ် လက်ရှိထုတ်ကုန်ရဲ့ အာဟာရတန်ဖိုးကို ပိုကောင်းအောင် ပြုပြင်လိုသူများအတွက်

🟣 Track 2: Market-Ready and Growth
ထုတ်ကုန်ကို စမ်းသပ်ပြီး ဈေးကွက်ဝင်ဖို့အဆင်သင့်ဖြစ်နေသူများ သို့မဟုတ် လက်ရှိရောင်းချနေပြီး ထုတ်လုပ်မှု၊ ဖြန့်ချိမှုနဲ့ ဈေးကွက်ရောက်ရှိမှုကို တိုးချဲ့လိုသူများအတွက်

Track နှစ်ခုလုံးက ရွေးချယ်ခံရတဲ့ Finalist တွေဟာ Business Model နဲ့ Go-to-Market Masterclass၊ Pitching နဲ့ Pitch Deck Masterclass၊ ကျွမ်းကျင်သူတွေရဲ့ လမ်းညွှန်ပံ့ပိုးမှု ရရှိမှာဖြစ်ပြီး
Track 1 နဲ့ Track 2 မှာ ဆုရရှိတဲ့ ထုတ်ကုန် (၃)ခုအတွက် စုစုပေါင်း USD 15,000 ဆုကြေး ချီးမြှင့်သွားမှာဖြစ်ပါတယ်။

📅 လျှောက်လွှာပိတ်ရက် — စက်တင်ဘာလ ၂၇ ရက်၊ ၂၀၂၆
🔗 လျှောက်ထားရန် — https://forms.gle/JNpFHzycw5fYGPR5A
📞 မေးမြန်းရန် — 09 880 914 389

သင့်ထုတ်ကုန်ကို နောက်တစ်ဆင့်တက်ဖို့ ဒီအခွင့်အရေးကို လက်မလွတ်လိုက်ပါနဲ့။


💻 Online သတင်းအချက်အလက်မျှဝေခြင်း အစီအစဉ်| SBN PowerBiz: AgroFood Nutri Challengeစိုက်ပျိုးရေးသီးနှံတွေကို အဓိကကုန်ကြမ်း...
11/09/2026

💻 Online သတင်းအချက်အလက်မျှဝေခြင်း အစီအစဉ်| SBN PowerBiz: AgroFood Nutri Challenge

စိုက်ပျိုးရေးသီးနှံတွေကို အဓိကကုန်ကြမ်းအဖြစ် အသုံးပြုပြီး အာဟာရပြည့်ဝတဲ့ စားသောက်ကုန်တွေကို ဖန်တီး၊ ထုတ်လုပ်၊ တိုးချဲ့နေတဲ့ လုပ်ငန်းရှင်တို့အနေနဲ့ SBN PowerBiz: AgroFood Nutri Challenge ကို လျှောက်ထားဖို့ စိတ်ဝင်စားပေမဲ့

❓ဘယ် Track ကို ရွေးချယ်ရမလဲ မသေချာသေးဘူးလား။
❓လျှောက်ထားနိုင်မဲ့ သတ်မှတ်ချက်တွေကို ပိုမိုသိရှိလိုပါသလား။
❓လျှောက်လွှာတင်သွင်းပုံနဲ့ပတ်သက်ပြီး မေးမြန်းလိုတာတွေ ရှိပါသလား။

ဒါဆိုရင် စက်တင်ဘာလ ၁၇ ရက်နေ့မှာ ကျင်းပမယ့် Virtual Information Session ကို ပါဝင်တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

Information Session မှာ

🟡 Track 1:Prototype and Product Reformulation
(နမူနာထုတ်ကုန် စတင်ခြင်းနဲ့ အာဟာရတန်ဖိုး အဆင့်မြှင့်ခြင်း)

🟣 Track 2:Market-Ready and Growth
(ဈေးကွက်ဝင်ရန်အသင့်နှင့် လုပ်ငန်းတိုးချဲ့ခြင်း)
တို့ရဲ့ ရည်ရွယ်ချက်နဲ့ လျှောက်ထားနိုင်မဲ့ သတ်မှတ်ချက်တွေ၊ ရွေးချယ်မှုလုပ်ငန်းစဉ်၊ လျှောက်လွှာတင်သွင်းပုံနဲ့ ရွေးချယ်ခံရသူတွေရရှိမဲ့ အခွင့်အရေးတွေကို ရှင်းလင်းမျှဝေပေးသွားမှာဖြစ်ပါတယ်။

Session တွင် မိမိသိရှိလိုတဲ့အချက်တွေကိုလည်း တိုက်ရိုက်မေးမြန်းနိုင်မှာပါ။

📅 ရက်စွဲ: စက်တင်ဘာလ ၁၇ ရက်၊ ကြာသပတေးနေ့
🕒 အချိန်: နံနက် ၁၀:၀၀ နာရီ
💻 ကျင်းပမည့် Platform: Zoom
🔗စာရင်းပေးသွင်းရန်: https://shorturl.at/uc5nJ
📩 မေးမြန်းရန်: 09 880 914 389


NOURISH Myanmar Project Phase 2 အစီအစဉ်ကို မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ အောင်မြင်စွာ ကျင်းပခဲ့SUN Business Network (SBN...
16/07/2026

NOURISH Myanmar Project Phase 2 အစီအစဉ်ကို မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ အောင်မြင်စွာ ကျင်းပခဲ့

SUN Business Network (SBN) Myanmar နှင့် Myanmar Innovative Life Sciences (MILS) တို့မှ ပူးပေါင်းအကောင်အထည်‌ဖော်နေသည့် NOURISH Myanmar Project Phase 2 အတွက် မိတ်ဖက်အဖွဲ့များနှင့် လက်တွဲဆောင်ရွက်မှု အစီအစဉ်မူကြမ်း ရေးဆွဲခြင်းအား ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပြီး၊တောင်သူများအတွက် စျေးကွက်တိုက်ရိုက်ချိတ်ဆက်မှုအစီအစဉ်အား ဇွန်လ (၂၅၊၂၆) ရက်နေ့တို့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့မှာ အောင်မြင်စွာ ကျင်းပပြုလုပ်ပေးနိုင်ခဲ့ပါတယ်.

အဆိုပါ အစီအစဉ်တွင် ဒေသတွင်း ဈေးကွက်ချိတ်ဆက်မှု အားကောင်းလာစေရန်အတွက် ဈေးကွက်ဝယ်ယူသူများ (Buyers) နှင့် တောင်သူများအကြား တိုက်ရိုက်ချိတ်ဆက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး၊ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်ဝင်ရောက်နိုင်ရေးဆိုင်ရာ အခွင့်အလမ်းများကို အတူတကွ ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်.

ထို့အပြင် တောင်သူများအတွက် လိုအပ်သော Climate-Smart Agriculture (CSA Practice) များအပြင် CSA ကို အခြေခံ၍ မြေဆီလွှာကျန်းမာ‌ရေး၊ အသိပညာဖြန့်ဝေခြင်းနှင့် သရုပ်ပြခြင်း၊ အစားအစာ ဘေးကင်းရေးအတွက် စိုက်ပျိုးရေးတွင် ဓာတုပစ္စည်းများ စနစ်တကျ ကိုင်တွယ်အသုံးပြုခြင်းနှင့် ရိတ်သိမ်းချိန်လွန်စီမံခန့်ခွဲမှုနှင့် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များကို စနစ်တကျထုတ်ပိုးခြင်း နည်းပညာများ အစရှိသည်တို့ကို စိုက်ပျိုးရေးပညာရှင်များမှ မျှဝေပို့ချခဲ့ပြီး လက်တွေ့အသုံးချနိုင်မည့် နည်းလမ်းများကိုလည်း မျှဝေပံ့ပိုးပေးနိုင်ခဲ့ပါတယ်.

NOURISH Myanmar Project Phase 2 ကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလအထိ ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး၊ ကျွန်ုပ်တို့အနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ လယ်ယာစားနပ်ရိက္ခာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါတယ်.

ကျွန်ုပ်တို့မှ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လက်တွဲပူးပေါင်းဆောင်ရွက်လိုသော မိတ်ဖက်အဖွဲ့အစည်းများကိုလည်း အမြဲကြိုဆိုလျက်ရှိပါတယ်.

Contact us: [email protected]

SUN Business Network (SBN) Myanmar ကွန်ယက်အဖွဲ့ဝင်များမှ ဇွန်လအတွင်း World Food Safety Day အထိမ်းအမှတ်အနေဖြင့် Mekong In...
21/06/2026

SUN Business Network (SBN) Myanmar ကွန်ယက်အဖွဲ့ဝင်များမှ ဇွန်လအတွင်း World Food Safety Day အထိမ်းအမှတ်အနေဖြင့် Mekong Institute, Myanmar Innovative Life Sciences, UN Nutrition တို့နှင့် ပူးပေါင်းစီစဉ်သည့် Nutrition Sensitive Programming (NSP) နှင့် Myanmar Agrifood Systems Forum များတွင် ယခုလို ပါဝင် အားဖြည့်ခဲ့ကြပါတယ်

SBN Myanmar မှ Myanmar Food System Forum 2025 တွင် co-organizer အဖြစ် ပါဝင်ခဲ့ပြီး၊ Forum တွင် SBN Myanmar မှ အကောင်အထည်...
21/11/2025

SBN Myanmar မှ Myanmar Food System Forum 2025 တွင် co-organizer အဖြစ် ပါဝင်ခဲ့ပြီး၊ Forum တွင် SBN Myanmar မှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် “Nourishment Over Uncertainty: Resilient and Innovative Food Systems for Hope (NOURISH)” စီမံကိန်း ပရောဂျက်အားလည်း အောင်မြင်စွာ မိတ်ဆက်ခဲ့ပါတယ်.

It is our privilege to contribute as a co-organizer of the Myanmar Food System Forum 2025. During the event, the network officially launched its NOURISH intervention, ‘Nourishment Over Uncertainty: Resilient and Innovative Food Systems for Hope.’

[English below]SUN Business Network Myanmar ရဲ့ PowerBiz Bridging Businesses and Nutri-Link Up ပွဲအား စက်တင်ဘာလ (၁၈)ရက် ...
27/09/2025

[English below]

SUN Business Network Myanmar ရဲ့ PowerBiz Bridging Businesses and Nutri-Link Up ပွဲအား စက်တင်ဘာလ (၁၈)ရက် နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်.

ပွဲတွင် “Driving High Quality, Nutrient Rich Local Food Supply and Healthy Consumption Patterns through Behavior Change” ခေါင်းစဥ်ဖြင့် ကုန်ထုတ်လုပ်မှု နယ်ပယ်စုံမှ အတတ်ပညာရှင်များမှ panel discussion အား ဆွေးနွေးခဲ့ကြပြီး PowerBiz Business Pitch competition တွင် 🥇 A1 Family မှ Fortified Rice chip (အားဖြည့်ဆန် ကွတ်ကီး) ဖြင့် Winner ဆုကို လည်းကောင်း၊ 🥈 ကြာညိုသင်း Co., Ltd မှ ဖရုံ-နှမ်းနက်-ဒန့်သလွန်-နှံစားပြောင်းနှင့် ပြုလုပ်ထားသော မုန့်ကြွပ်ထုတ်ကုန်များဖြင့် 1st runner up ဆုကိုလည်းကောင်း၊ 🥉 ALIVE Bakery & Organic Food မှ တန်ဖိုးမြှင့်အာဟာရ ၁၂ မျိုးပါဝင်ထားသော Nutri-rice Rainbow Bar ဖြင့် 2nd runner up ဆုများကို အသီးသီး ဆွတ်ခူးရရှိခဲ့ကြပါတယ်.
ထို့အပြင် တက်ရောက်လာသော SME လုပ်ငန်းရှင်များနှင့် အစားအစာထုတ်လုပ်မှု ကွင်းဆက်တလျှောက်မှ လုပ်ငန်းဝန်ဆောင်မှုပေးသောအဖွဲ့များအကြား အားကောင်းသော ချိတ်ဆက်မှုများလည်း တည်ဆောက်နိုင်ခဲ့ကြပါတယ်.
SUN Business Network Myanmar မှ အတူလက်တွဲ ပူးပေါင်းကြသော မိတ်ဖက်အဖွဲ့အစည်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်.

SUN Business Network Myanmar successfully hosted the PowerBiz Bridging Businesses and Nutri Link-up event on 18 September at Rose Garden Hotel, Yangon.

The event featured a dynamic panel discussion on “Driving High Quality, Nutrient-Rich Local Food Supply and Healthy Consumption Patterns through Behavior Change,” with insights from experts across the food supply chain. A dedicated business matching session in the afternoon also fostered fruitful connections among SMEs and business service providers across food value chain sectors.

We’re very proud to announce the winners of the PowerBiz final pitch competition:
• 🥇 Winner: A1 Family – Fortified Rice Chips
• 🥈 1st Runner-Up: Kyar Nyo Thin – Pumpkin, Black Sesame, Moringa & Millet Rusk
• 🥉 2nd Runner-Up: ALIVE Bakery & Organic Food Nutri-rice Rainbow bar (packed with 12 natural super food)

Our sincere thanks to all participants, including SMEs, food industry leaders, business partners,development and humanitarian agencies, and service providers, for making this event a success.


အာဟာရ သိပ်သည်းပြည့်ဝသော စားသောက်ကုန်ထုတ် SME လုပ်ငန်းများအား စွမ်းဆောင်ရည်မြှင့်တင်ရာတွင် အားဖြည့် ပံ့ပိုးပေးရန် SUN Bus...
13/09/2025

အာဟာရ သိပ်သည်းပြည့်ဝသော စားသောက်ကုန်ထုတ် SME လုပ်ငန်းများအား စွမ်းဆောင်ရည်မြှင့်တင်ရာတွင် အားဖြည့် ပံ့ပိုးပေးရန် SUN Business Network Myanmar နှင့် foodpanda Myanmar တို့ လက်မှတ်ရေးထိုး

ရန်ကုန်၊ စက်တင်ဘာ ၉၊ ၂၀၂၅


Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when SUN Business Network Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SUN Business Network Myanmar:

Shortcuts

Share