04/06/2026
🚗 တောင်ဥက္ကလာပမြို့နယ်ရှိ 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 အတွက် ဝန်ထမ်းများခေါ်ယူခြင်း 🚴👩🏻💻👩🏻💻
Viber မှ CV form ပို့၍သော်၎င်း၊ ကိုယ်တိုင်လာရောက်လျှောက်ထား၍သော်၎င်း လျှောက်ထားနိုင်သည်။ အဆင်ပြေလျှင် interview တန်းဝင်ပြီး ၁ ပတ်အတွင်း အလုပ်ဆင်းရမည်
👩🏻💻 𝐎𝐟𝐟𝐢𝐜𝐞 𝐒𝐭𝐚𝐟𝐟 - မ (2)ဦး (နေစားငြိမ်းရ)
👮♂️ 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐃𝐫𝐢𝐯𝐞𝐫 - (2) ဦး
🏍️ 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐁𝐢𝐤𝐞𝐫 - (3) ဦး
🚚👨✈️ပစ္စည်းပို့ယာဉ်အကူ (2) ဦး
👮♂️ For 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐃𝐫𝐢𝐯𝐞𝐫
𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 မှာ အပ်နှံမယ့် ပစ္စည်းများကို လုံခြုံစိတ်ချစွာ ပို့ဆောင်ပေးရမည်။ ဒီအတွက် ယာဉ်အကူသီးသန့် ပါရှိမှာဖြစ်ပါတယ်။
◽ ပညာအရည်အချင်း: အကန့်အသတ်မရှိ (ကျွမ်းကျင်မှုနှင့် ရိုးသားကြိုးစားမှုကို အဓိကထားပါသည်။)
◽ အသက်: (၂၃) နှစ် မှ (၄၅) နှစ် အတွင်း
◽ သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ထားသူ ဖြစ်ရမည်။
◽ ယာဉ်မောင်းသက်တမ်း အနည်းဆုံး (၃) နှစ် ရှိရမည်။
◽ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း အပြည့်အစုံ ရှိရမည်။
◽ Customer များနှင့် လုပ်ဖော်ကိုင်ဖက်များအပေါ် ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံနိုင်သူ ဖြစ်ရမည်။
◽တောင်ဥက္ကလာမြို့နယ်မှာ အလုပ်ဆင်းနိုင်သူဖြစ်ရမည်။
◽ အလုပ်ချိန်အတွင်း အရက်သေစာ လုံးဝ (လုံးဝ) မသောက်စားရ။
💰 လစာ: အနိမ့်ဆုံး ၇ သိန်းကျပ် (Basic + way ကြေး + ရက်မှန်ကြေး + Bonus)
(ကျွမ်းကျင်မှု၊ ကြိုးစားမှုပေါ်မူတည်၍ ညှိနှိုင်းပေးမည့်အပြင် ကျွမ်းကျင်မှုအလိုက် တိုးမြှင့်ပေးမှာဖြစ်ပါတယ်)
————————————————————
🏍️ 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐁𝐢𝐤𝐞𝐫 - (3) ဦး
ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ကမာရွတ်၊ လှိုင်၊ မရမ်းကုန်း၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ သာကေတ၊ ဒေါပုံမြို့နယ်များအတွက် သက်ဆိုင်ရာ နယ်မြေအလိုက် ပစ္စည်းများကို Customer အိမ်အရောက် စနစ်တကျပို့ဆောင်ပေးရပါမည်။
✅ လိုအပ်တဲ့ အရည်အချင်းများ
◽ အသက် (၁၈) နှစ် မှ (၄၀) နှစ် အတွင်း ဖြစ်ရပါမည်။
◽ ပညာအရည်အချင်း အနည်းဆုံး ၁၀တန်းအဆင့် ရှိရပါမည်။
◽ မြန်မာ/ English (၂) မျိုးလုံး ဖတ်နိုင်၊ ရေးနိုင် သူဖြစ်ရပါမည်။
◽ ပစ္စည်းများ ပို့ဆောင်ခြင်း၊ Pick-up ယူခြင်း၊ ဘောင်ချာဖြတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရပါမည်။
◽ Customer များနှင့် ဆက်ဆံရေး ပြေပြစ်ပြီး သင်ယူလိုစိတ်ရှိသူ၊ တာဝန်ယူလိုစိတ်ရှိသူ ဖြစ်ရပါမည်။
💰 လစာ : အနိမ့်ဆုံး ၆ သိန်းမှ ၁၀ သိန်း
(အခြေခံလစာ + Way ကြေး + ရက်မှန်ကြေး+ စက်ဘီးပြင်စရိတ်+ ဖုန်းဘေလ် +bonus)
(မိမိ ပို့ဆောင်နိုင်မှုအပေါ် မူတည်ပြီး ဝင်ငွေ ပိုမိုရရှိနိုင်မည်။)
💥 ကိုယ်ပိုင်စက်ဘီး မရှိသူများအတွက် ရုံးမှတစ်ဆင့် စက်ဘီးဝယ်ယူနိုင်ရန် စီစဉ်ပေးပါမည် 💥
————————————————————
🚚👨✈️ပစ္စည်းပို့ယာဉ်အကူ
▫️ပညာအရည်အချင်း ၁၀ တန်းအဆင့်ရှိရမည်
▫️အသက် (၁၈) မှ (၃၅) နှစ်ကြားဖြစ်ရမည်။
▫️မြန်မာ/ English (၂) မျိုးလုံး ဖတ်နိုင်၊ ရေးနိုင် သူဖြစ်ရပါမည်
▫️ယာဉ်မောင်းနှင့်အတူ စတ်မှတ်ထားသော မြို့နယိအလိုက် ပစ္စည်းများပို့ဆောင်ခြင်း၊ ကောက်ယူခြင်း၊ ဘောင်ချာဖြတ်ခြင်းများလုပ်ဆောင်နိုင်ရမည်။
◽ Customer များ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရေး ပြေပြစ်ပြီး သင်ယူလိုစိတ်ရှိသူ၊ တာဝန်ယူလိုစိတ်ရှိသူ ဖြစ်ရပါမည်။
💰 လစာ: အနိမ့်ဆုံး ၅ သိန်းကျပ် (Basic + way ကြေး + ရက်မှန်ကြေး + ဖုန်းဘေလ် + Bonus)
(ကျွမ်းကျင်မှု၊ ကြိုးစားမှုပေါ်မူတည်၍ ညှိနှိုင်းပေးမည့်အပြင် ကျွမ်းကျင်မှုအလိုက် တိုးမြှင့်ပေးမှာဖြစ်ပါတယ်)
—————————————————————-
👩🏻💻 𝐎𝐟𝐟𝐢𝐜𝐞 𝐒𝐭𝐚𝐟𝐟
▫️ Customer service ပိုင်းလုပ်ကိုင်ဖူးသူဦးစားပေးမည်။
▫️အသက် (၁၈) မှ (၃၅) နှစ်ကြားဖြစ်ရမည်။
▫️ Customer များနှင့် လုပ်ဖော်ကိုင်ဖက်များအပေါ် ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံနိုင်သူ ဖြစ်ရမည်။
▫️ ကွန်ပျူတာအခြေခံလက်ကွက်သုံးတတ်ရမည်။
▫️ ပညာအရည်အချင်း အနည်းဆုံး ၁၀ တန်းအောင်
💰 လစာ: ၄၀၀၀၀၀ + (ရက်မှန်ကြေး + Bonus)
(ကျွမ်းကျင်မှု၊ ကြိုးစားမှုပေါ်မူတည်၍ ညှိနှိုင်းပေးမည့်အပြင် ကျွမ်းကျင်မှုအလိုက် တိုးမြှင့်ပေးမည်)
နေစားငြိမ်းလုပ်ချင်သူများလည်းစီစဉ်ပေးမည်
————————————————————
⏰ အလုပ်ချိန်နှင့်နေရာ
✨ အလုပ်ချိန်: နံနက် (8:30) မှ ညနေ (5:30) အထိ
✨ ဆင်းရက်/နားရက်: တစ်ပတ် (6) ရက်ဆင်း (1) ရက်နား
✨ ရုံးချုပ်တည်နေရာ: တောင်ဥက္ကလာပမြို့နယ်
📩 လျှောက်ထားရန်
စိတ်ပါဝင်စားပါက အောက်ပါ စာရွက်စာတမ်းများနှင့်အတူ လျှောက်ထားနိုင်ပါပြီ။
📌 CV Form
📌 မှတ်ပုံတင်
📌 သန်းခေါင်စာရင်း
📌 နေထိုင်ကြောင်းထောက်ခံစာ
📞 ဆက်သွယ်ရန် - 09 447 733 359 (Viber)
“ယုံကြည်စိတ်ချရသော ပို့ဆောင်မှုများအတွက် 𝐁𝐮𝐭𝐭𝐞𝐫𝐟𝐥𝐲 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐄𝐱𝐩𝐫𝐞𝐬𝐬 🦋”
#ယာဉ်အကူ