Classic Plants-Yangon

Classic Plants-Yangon Wholesale & Retail

ခရမ်းပြာသရက် သူများတွေလိုင်းပေါ်မှာရောင်းတာတွေ့တော့ ကိုယ်လဲရောင်းချင်သလိုလိုပဲတစ်လံုးဘယ်စျေးရှိလဲမသိဘူးအသီးကတော့ ကိုယ်တိ...
23/04/2025

ခရမ်းပြာသရက် သူများတွေလိုင်းပေါ်မှာရောင်းတာ
တွေ့တော့ ကိုယ်လဲရောင်းချင်သလိုလိုပဲ
တစ်လံုးဘယ်စျေးရှိလဲမသိဘူး
အသီးကတော့ ကိုယ်တိုင်စားဖူးတော့ အရသာ ချိုမွှေး
အစေ့သေး
အသီးက အမျှင်မပါ
တစ်လုံးဆိုတအိမ်လုံးစားပဲ အဲလောက်ထိကြီးတာ
ရှားပါးသရက်
စျေးကွက်မှာ ဝယ်လို့မရ

အသီးစုံသုပ်အိမ်ကထွက်တဲ့အသီးတွေဆိုတော့ အမြဲသုပ်စားဖြစ်တယ်
02/04/2025

အသီးစုံသုပ်
အိမ်ကထွက်တဲ့အသီးတွေဆိုတော့ အမြဲသုပ်စားဖြစ်တယ်

Aww သစ်ပင်တစ်ပင်ဖြစ်ဖို့ ဥယျဉ်မှူးက အရေးကြီးသလိုသစ်ပင်လေးတွေအသီးအပွင့်စုံလာရင်လဲ မခူးရက် မစားရက်ပဲ ထိုင်ကြည့်နေရတာကိုပဲ ...
24/07/2024

Aww သစ်ပင်တစ်ပင်ဖြစ်ဖို့ ဥယျဉ်မှူးက အရေးကြီးသလို
သစ်ပင်လေးတွေအသီးအပွင့်စုံလာရင်လဲ မခူးရက် မစားရက်ပဲ ထိုင်ကြည့်နေရတာကိုပဲ ကျေနပ်သူတွေပါ

မရိုက်ရ မနေနိုင်သော 🪴
20/03/2024

မရိုက်ရ မနေနိုင်သော 🪴

အိုးများဖြင့် သီးပင်၊စားပင် ဖြစ်ထွန်းအောင် စိုက်နည်း အခြေခံ (၅)ချက်ဒီနေ့တော့ အပင်စိုက်ရတာလဲ ဝါသနာပါတယ်။ စိုက်ပျိုးမြေနေရ...
16/12/2023

အိုးများဖြင့် သီးပင်၊စားပင် ဖြစ်ထွန်းအောင် စိုက်နည်း အခြေခံ (၅)ချက်
ဒီနေ့တော့ အပင်စိုက်ရတာလဲ ဝါသနာပါတယ်။ စိုက်ပျိုးမြေနေရာကလဲ အခက်အခဲရှိတဲ့သူတွေအတွက် အိုးနဲ့စိုက်နည်းလေးတွေကို ပြောပြပေးချင်ပါတယ်။
အပင်တိုင်းကို အိုးထဲထည့်စိုက်လို့ရသလားဆိုရင်တော့ "ဟုတ်ကဲ့" ရပါတယ်လို့ပဲ ဖြေရမှာပါ။ ပန်းပင်သေးသေးလေးကစလို့ ငှက်ပျောပင်၊ သရက်ပင်တွေအထိ အိုးတွေခွက်တွေထဲမှာစိုက်လို့ရပါတယ်။
ဒါဖြင့်ရင် ဘယ်လိုစိုက်ရမလဲ ဘယ်နေမှာထားရမလဲဆိုတာတွေ ပြောပြပေးသွားပါမယ်။
၁။ ဘယ်နေရာမှာထားမလဲ
ခေါင်မိုးထပ်မှာစိုက်မယ်ဆို တစ်နေလုံးနေရောင်ရမှာလား။ ဝရန်တာမှာထားမှာလား။ ဘယ်အချိန်တွေဆို အရိပ်ရသလဲ။ ဘယ်အချိန်ဆိုနေရောင် စရပြီလဲ.. စသည်ဖြင့် အပင်အိုးလေးတွေထားမယ့်နေရာရဲ့ နေရောင်ခြည်ရရှိမှုကို သိထားဖို့လိုပါမယ်။ ဒါမှသာ သင့်တော်တဲ့ အပင်အမျိုးအစားတွေရွေးချယ်နိုင်မှာပါ။
ဥပမာ - နေရောင်ခြည်ကြိုက်တဲ့ အပင်မျိုးဆို အနည်းဆုံး ၆ နာရီလောက် နေရောင်ရမှ အဆင်ပြေပါမယ်။ ဒီလိုအပင်မျိုးဆိုရင်တော့ တောင်အရပ်ကို မျက်နှာမူတဲ့နေရာတွေ၊ အနောက်အရပ်ကိုမျက်နှာမူတဲ့နေရာတွေမှာ ထားသင့်ပါတယ်။ နေ့လည် ၁၁ နာရီလောက်ဆို နေရောင်စရပြီဆိုတဲ့နေရာမျိုးပေါ့။ နေရောင်ကြိုက်အပင်တွေအတွက် မနက်နေ ရနိုင်ရင်တော့ အကောင်းဆုံးပါ။အရိပ်ကြိုက်တဲ့ အပင်တွေကိုတော့ မနက်ခင်းနေလေးပဲရပြီး နေလည်ပိုင်း၊ညနေပိုင်းအရိပ်ရတဲ့နေရာမျိုးလေးမှာ ရွေးချယ်ထားပေးရပါမယ်။
၂။ အိုးကောင်းကောင်းရွေးရမယ်
အပင်ထည့်စိုက်ဖို့ အိုး၊ ခွက်၊ စသည်ဖြင့် ရွေးချယ်တဲ့ အခါမှာတော့ ပလပ်စတစ်ကို‌ရွေးမလား၊ မြေအိုးကို‌ရွေးမလား ၊ကြွေအိုးလား၊ ဘိလပ်မြေနဲ့လုပ်မလား စသည်ဖြင့် ရွေးချယ်နိုင်ပါတယ်။ အိမ်အသုံးအဆောင်တွေထဲက စွန့်ပစ်ထည့်စရာတွေကို ပြန်လည်အသုံးပြုခြင်းကလည်း အမြင်တစ်မျိုးနဲ့ လှပစေမှာဖြစ်ပါတယ်။
အိုးအမျိုးအစားကို စိတ်ကြိုက်အသုံးပြုနိုင်ပေမယ့် လိုက်နာရမယ့် အချက်ကတော့
-အပင်အရွယ်အစားအလိုက် လုံလောက်တဲ့နေရာအနေအထားပေးနိုင်ရပါမယ်။ ကိုယ့်အခန်းလေးက တအားကြပ်နေရင် မနေတတ်သလို အပင်လေးတွေလည်း အခန်းကျဉ်းကျဉ်းလေးထဲမှာဆို မပျော်ဘူးပေါ့။
-ထည့်စရာ အိုး၊ ခွက်တွေမှာ ရေထွက်ပေါက်ပါရပါမယ်။ ရေထွက်ပေါက်ရဲ့ အပေါ်မှာ အုတ်ကျိုးခဲတွေလို မညီမညာ မျက်နှာပြင်ရှိတဲ့ အမာတွေလည်းတင်ပေးရပါမယ်။ ရေစီးဆင်းမှုကောင်းအောင် ဒီလိုလေးခံပြီးမှာသာမြေဆွေးထည့်သင့်ပါတယ်။ (အိမ်သုံး ပစ္စည်းအဟောင်းတွေကို ပြန်လည်အသုံးချတဲ့အခါ သတ္ထုတွေ၊ ဒန်တွေဖြစ်ရင်တော့ အပူစုပ်ယူနိုင်တဲ့ ပစ္စည်းတွေဖြစ်လို့ နေရောင်အောက်အမြဲထားမယ့် အပင်တွေအတွက် အဆင်မပြေနိုင်ပါဘူး။)
၃။ မြေဆွေးကို ရအောင်ရှာပါ
မြေကျယ်ကျယ်မရှိလို့ အိုးတွေနဲ့စိုက်တဲ့အခါ အိုးထဲထည့်ရမယ့် မြေကို မြေသားဖြစ်ပြီးရော ထည့်မရပါဘူး။ ဒါကအထူးသတိထားရမယ့် တစ်ချက်ပါ။ အိုးထဲကမြေသားအကုန်လုံးက အရည်အသွေးမြင့်တဲ့မြေသားတွေဖြစ်နေမှသာ မြေပမာဏနည်းနည်းနဲ့ စိုက်ပျိုးထားတဲ့အပင်က ကောင်းကောင်းရှင်သန်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် သဘာဝမြေဆွေးတွေ၊ စပ်မြေတွေအသုံးပြုရပါမယ်။ဒါမှသာ အာဟာရတွေကျွေးတဲ့အခါ အပင်က အပြည့်အဝစုပ်ယူနိုင်ပြီး အိုးထဲမှာ ကောင်းကောင်း ကြီးထွား၊ သီး၊ပွင့် နိုင်မှာဖြစ်ပါတယ်။ အိုးထဲထည့်မယ့်မြေက အင်မတန်အရေးကြီးတာမို့ သေချာလေးရွေးချယ်ပြီးထည့်ပါနော်။
၄။ ရေဘယ်လိုလောင်းရမလဲ
အိုးထဲမှာစိုက်ရင်မြေပြင်လို အစိုဓာတ်များများမရှိတဲ့အတွက် ခဏခဏရေ‌လောင်းပေးဖို့တော့လိုပါလိမ့်မယ်။ အိုးထဲကမြေတွေခြောက်နေလားဆိုတာ သတိထားကြည့်ပြီး ရေလောင်းပေးပါ။ နွေဘက်လို အပူချိန်မြင့်တဲ့ရက်တွေမှာ ပိုပြီး ဂရုစိုက်ပေးရမှာဖြစ်ပါတယ်။ မြေသားမကောင်းဘဲ ရေတွေအိုင်နေအောင်လောင်းမိရင်တော့ အပင်အမြစ်တွေပုပ်ပြီးသေတတ်တာကိုလည်း သတိပြုရပါမယ်။ပန်းအိုထဲကမြေသား၊ ထည့်စရာအိုးရဲ့ရေထွက်ပေါက်ပါမှုတွေက ရေလောင်းရတဲ့ အကြိမ်ရေကို တိုက်ရိုက်ဆက်စပ်နေပါလိမ့်မယ်။
၅။ အာဟာရကျွေးခြင်း
ထည့်စရာခွက်ထဲမှာစိုက်တာဖြစ်လို့ မြေပြင်လို အာဟာရရရှိနိုင်မှုက သဘာဝအတိုင်းမရနိုင်ပါဘူး။ ဥယျာဉ်မှုးကျွေးသလောက်ကိုပဲ စားရမှာဖြစ်လို့ မြေခံမှာ ဖြေးဖြေးချင်း စားလို့ရမယ့် ရိက္ခာတွေဖြစ်တဲ့ ဖော့စဖောရပ်၊ ပိုတက်ရှ်လိုမြေသြဇာတွေကို ထည့်ပေးရမှာဖြစ်ပါတယ်။ မြေသြဇာကို အရည်ပုံစံနဲ့လည်း အိုးထဲကိုဖြည့်ပေးသင့်ပါတယ်။
ဒီအချက်လေးတွေကတော့ အိုးနဲ့ အပင်စိုက်စစိုက်မယ့် ဥယျာဉ်မှူးတွေအတွက် မဖြစ်မနေသိထားရမယ့် အခြေခံအချက်လေးတွေပဲဖြစ်ပါတယ်။ အပင်အမျိုးအစားအလိုက် ပြုစုနည်းတွေ၊ အာဟာရကျွေးနည်းတွေကို ဆက်လက်လေ့လာပြီး ဂရုစိုက်မယ်ဆို ‌အိုးတွေနဲ့စိုက်တဲ့ ဥယျာဉ်လေးကို အောင်အောင်မြင်မြင်ရရှိနိုင်ပါမယ်။
သိမ့်ဇာ Credit

အပင်တွေအသီးတွေအကုန်လံုးက ကိုယ့်အိမ်ကအသီးနဲ့အပင်စစ်စစ်ကိုသာ တင်ခြင်းဖြစ်ပါသည်
16/09/2022

အပင်တွေအသီးတွေအကုန်လံုးက ကိုယ့်အိမ်ကအသီးနဲ့အပင်စစ်စစ်ကိုသာ တင်ခြင်းဖြစ်ပါသည်

အပွင့်တိုင်းအသီးတင်တဲ့အပင်
26/08/2022

အပွင့်တိုင်းအသီးတင်တဲ့အပင်

ပွင့်နေတာတအားလှတယ်
26/08/2022

ပွင့်နေတာတအားလှတယ်

လူတိုင်းမှာစိတ်ကူးကိုယ်စီရှိတယ်ပန်းပင် သီးပင် စားပင်တွေစိုက်ပီးခြံအကျယ်ကြီးထဲမှာ ပကာသနမပါတဲ့အိမ်ပိစိလေးဆောက်ပီးနေမယ်ပေါ့
26/05/2022

လူတိုင်းမှာစိတ်ကူးကိုယ်စီရှိတယ်
ပန်းပင် သီးပင် စားပင်တွေစိုက်ပီး
ခြံအကျယ်ကြီးထဲမှာ ပကာသနမပါတဲ့အိမ်ပိစိလေး
ဆောက်ပီးနေမယ်ပေါ့

Address

Yangon

Telephone

+959420027380

Website

Alerts

Be the first to know and let us send you an email when Classic Plants-Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share