HSU Construction Materials

HSU Construction Materials 🏗️ဆောက်လုပ်ရေးအတွက်
အရည်အသွေးမြင့် ပစ္စည်းအမျိုးမျိုး

Viber 🗨️ 09 254252708

15/08/2025

"သံချောင်းတွက်နည်း"
==============

သံချောင်း တွက်နည်း

သံချောင်း တစ်တန် တွင်ရှိသော ၁၂ မိတာ (၄၀ပေ)
အချောင်းရေ 25mm= 21 no 22mm = 27 no 20 mm = 33 = 18 mm = 41 no 16 mm = 53 no. 12 mm = 88 no 10 mm. = 135 no

Ties stirrups အတွက် သုံးတဲ့ 6.5 mm, 8 mm စတာတွေက coilနဲ့လာပါတယ်။ 8 mm = 0.395 kg / m, lton = 25.31,lviss = 13. 35 = 13'4''

6.5 mm = 0.26 kg/m, lton = 3834m, lviss = 20. 22 = 20' 3''

Dia (mm) kg/m
10 = o.616
13 = 1.042
16 = 1.579
20 = 2.466
22 = 2.984
25 = 3.854
28 = 4.834
32 = 6.313

သံချောင်း အလေးချိန် (ပေါက်) =2.67×(dia လက်မ) 2× အရှည်ပေ
မှတ်ချက် ။ ၁ လက်မ = ၂၅.၄ မီလီမီတာ

သံ ၁ တန် မှာ ရှိရမယ့် ချောင်းရေ က
10 မီလီ ၃ မူး (၃/၈) မှာ ပေ ၄၀ အရှည် = ၁၃၅ ချောင်း
၁၃ မီလီ ၅ မူး (၁/၂) မှာ ။ = ၈၈ ချောင်း
၁၆ မီလီ ၆ မူး (၅/၈) မှာ ။ = ၅၃ ချောင်း
၂၀ မီလီ ၃ မတ် (၃/၄) မှာ ။ = ၃၃ ချောင်း
၂၅ မီလီ ၁ ကျပ်လုံး (၁) မှာ ။ = ၂၁ ချောင်း

ဆရာများဝေဖန်နိုင်သည်။

နောက်တနည်း
*************
၁ တန်မှာရှိတဲ့
Rebar အရေအတွက်ကိုသိချင်ရင်
အလွယ်မှတ်နည်းပါ
အရမ်းလွယ်ပါတယ်

၁၃၅၇၉ ("မ" ဂဏန်းများ) ကို
သိချင်တဲ့/ လိုချင်တဲ့ Bar size နဲ့
2 ခါ စားပါ

ဥပမာ

For 20 mm
13579÷20÷20= 33 ချောင်း

For 25 mm
13579 ÷25÷25= 21 ချောင်း

For 10mm

13579÷10÷10=135 ချောင်း

ဒီလောက်ဆို ရှင်းလောက်ပါပီ

Credit

14/08/2025

ချစ်ခြင်းတွေနဲ့ ဆောက်တဲ့အိမ်က ခိုင်မာတယ်

နိုးးးး ပါ

အရည်အသွေးမြင့် သံချောင်း တွေနဲ့
ဆောက်မှ ပိုခိုင်မာပါတယ်" 😜

ဒါကြောင့်…
📦 HSU Construction Materials မှ အရည်အသွေးမြင့် Rebar တွေ
🚚 Project Site ထိ သယ်ပို့ပေးနေပါပြီ

☎️ 09 254252708

21/07/2021

🔩 သံချောင်း မရှိဘဲ... ကွန်ကရစ် ခိုင်မလား?

သင်သိလား❓
ကွန်ကရစ် (Concrete) က ဖိအား (Compression) ကို ကောင်းစွာ ခံနိုင်သော်လည်း
တင်းတိပ် (Tension) ကို မခံနိုင်ပါဘူး။

ဒါကြောင့်ပဲ...
🏗️ သံချောင်း (Rebar) ဟာ အိမ်၊ တံတား၊ အဆောက်အဦးတိုင်းမှာ မဖြစ်မနေ ထည့်သွင်းရတဲ့ အဓိကအစိတ်အပိုင်း ဖြစ်လာပါတယ်။

📌 သံချောင်းထဲမှာ သတိထားစရာများ

✅ Deformed Bar က Concrete နဲ့ ကောင်းမွန်တဲ့ချိတ်ဆက်မှု ပေးတယ်

✅ Standard Size များ ( #4 = 12mm, #5 = 16mm…)

✅ TMT Rebar (Thermo-Mechanically Treated) က ပူအပင်၊ တန်ခိုး နှစ်ခုလုံးခံနိုင်ပါတယ်

🛠️ အမှန်တကယ်ကောင်းတဲ့ ဆောက်လုပ်ရေးအတွက်
ကောင်းမွန်တဲ့ သံချောင်း ရွေးချယ်မှုက အခြေခံ။

📍 အရည်အသွေးမြင့် သံချောင်းများ
📦 Project Site ထိ ပို့ဆောင်ပေးမှု
📲 HSU Construction Materials မှာ ရနိုင်ပါပြီ။

☎️ 09 254252708
💬 Messenger မှာ မေးမြန်းနိုင်ပါတယ်။




#သံချောင်းဗဟုသုတ
#အိမ်ဆောက်မယ်ဆို

Send a message to learn more

28/05/2020

❓ မေးခွန်း

> 🔍 သံချောင်း (Rebar) မှာ “Deformed Bar” နဲ့ “Plain Bar” ဆိုတာ ဘာကို ခွဲခြားတာလဲ?

🅰️ Deformed Bar မှာ လိုင်း/အနုမြှုပ်များရှိပြီး Concrete နဲ့ ပိုကောင်းကောင်းချိတ်ဆက်နိုင်သည်။

🅱️ Plain Bar က မျက်နှာပြင်ပြောင်ပြီး Slip ဖြစ်လွယ်သည်။

✅ မည်သည့်အမျိုးအစားကို Floor slab နဲ့ Beam တွေအတွက် သုံးသင့်လဲ?

📩 အဖြေကို comment မှာထည့်ပြီး Page ကို Follow လုပ်ထားလိုက်တော့နော် — အဖြေမှန်နဲ့ သံချောင်းဗဟုသုတများ နောက်ထပ်ဖော်ပြပေးမယ်။




#သံချောင်းဗဟုသုတ
#အိမ်ဆောက်မယ်ဆို

24/05/2020

> 🎉 အားပေးနေတဲ့ လူကြီးမင်းတို့အား ကျေးဇူးအထူးတင်ရှိပါတယ်။

🧱 သံချောင်း၊ ဆောက်လုပ်ရေးပစ္စည်းအတွက် သင့်ရဲ့ ယုံကြည်မှုကို အမြဲတမ်းအလေးထားပါတယ်။

💬 Page လေးကို Like / Follow လုပ်ပေးတဲ့အတွက်… အမြဲတမ်း quality နဲ့ဝန်ဆောင်မှုကောင်းကောင်းပေးဖို့ ကျွန်ုပ်တို့၏တာဝန်ဖြစ်ပါတယ်။

🙏 ကျေးဇူးအထူးတင်ပါတယ်။

💖 Thank you once again!

22/05/2020

✨ သင့်အိမ်ဆောက်မှုနဲ့ တာဝန်ယူမှုအတွက်… အရည်အသွေးမြင့် Brand များ

🔸 Crown 52.5 – တည်ငြိမ်မှုအမြင့်ဆုံး
🔸 Apache – သံချောင်းနံပါတ်တော်
🔸 ရှမ်းရိုးမ – ပြည်တွင်းသုံးစွဲသူအကြိုက်ဆုံး
🔸 ဆင်နှစ်ကောင် – သံသားကြီး၊ ခိုင်ခံ့မှုမြင့်
🔸 ကြံနက် – စွမ်းအားအပြည့်!
🔸 Alpha – သံချောင်းသစ်တစ်မျိုး
🔸 SCG – ထိုင်းမှတင်သွင်းသော အရည်အသွေးသန်မာ

📞 Order မေးမြန်းချင်သူများအတွက်
Viber / ဖုန်း – 09 254252708

🧱 HSU Construction Material

✨အိမ်ဆောက်နည်းအခြေခံသဘောတရားများမြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။မြေကြီးပြန်လည်ဖို့သ...
18/05/2020

✨အိမ်ဆောက်နည်းအခြေခံသဘောတရားများ

မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။
မြေကြီးပြန်လည်ဖို့သည့်အခါ တစ်ကြိမ်လျှင် ၆လက်မ အလွှာလိုက်ဖို့ပြီး သိပ်သည်းအောင် ရေဖြန်းဒင်ဆောင့် လိုအပ်သည့်သိပ်သည်းမှု့အနေအထားရအောင် ဆောင်ရွက်ပေးရမည်။

အဆောက်အဦးအတွက် ပတ်တန်းရိုက်သည့်အခါ...
တောင့်တင်းခိုင်မာအောင်ရိုက်၍ ပတ်တန်းတိုင်အား
မြေအဝင် ၃ပေ ၄ပေ
ဝင်အောင်ရိုက်ထားသင့်ပါသည်။

အဆောက်အဦ ကျင်တွယ်ဖမ်းသည့်အခါ...
အဆောက်အဦးတစ်ခု၏ သုံးချိုးတစ်ချိုးတွင်ဖမ်းရမည်။

ကျင်တွယ်ဖမ်းနည်းကို အမျိုးမျိုးဖမ်းယူတတ်ကြသည်။
ဥပမာ...
(၃၊၄၊၅) (၆၊၈၊၁၀) (၁၅ ၊ ၂၀၊ ၂၅) တို့ဖြင့် အမျိုးမျိုးဖမ်းယူတတ်ကြသည်။

အုတ်မစီခင် အုတ်ကို နှစ်နာရီ ကြိုတင်၍ ရေစိမ်ထားရမည်။
(သို့မဟုတ်)ရေလောင်းပေးရမည်။

(၇)ပေအမြင့်ရှိသော ၊ (၇)ပေထက်ကျော်သော Slabဆိုလျှင်
အနည်းဆုံး(၁၀)ရက်ထားပြီးမှ ဖြုတ်ရပါမည်။

Slabလောင်းပြီး ( ၂ ) ရက်အတွင်း ကွန်ကရစ် အစိတ်အပိုင်းအပေါ် မည်သည့် ဝန်မျှမတင်ရ။

Slabအပြင်သို့ အဝဲထုတ်သည့်အခါ Slab၏ အဝဲထုတ်မည့်
အတွင်းခွင်ပေ၏ (၅) ဆ (၁) ဆ ထုတ်ခွင့်ရှိသည်။

လူတို့သောက်သုံးနိုင်သောရေသည် ကွန်ကရစ်လုပ်ငန်း၌သုံးရန်သင့်တော်သည်။
ငန်ပျပျ အရသာရှိသောရေသည် ကွန်ကရစ်လုပ်ငန်း၌ သုံးရန်မသင့်သောရေဖြစ်သည်။
သံကူကွန်ကရစ်များအတွက် ပင်လယ်ရေကို သုံးရန်မသင့်။
အက်ဆစ်အနည်းငယ်ပါဝင်သောသဘာဝရေသည်ကွန်ကရစ်လုပ်ငန်းများတွင်သုံးနိုင်သောရေဖြစ်၏။ရေ၌ဆာလဖိတ်ဓာတ် (၀.၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၄)ရာခိုင်နှုန်းကျဆင်းမည်။
ထို့အတူရေ၌ရိုးရိုးဆား(၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၃၀)ရာခိုင်နှုန်းကျဆင်းပေမည်။

အုတ်စီလုပ်ငန်းပြီးစီးသွားသည့်အခါ နေ့စဉ်တစ်နေ့လျှင်(၃)ကြိမ်
(၇)ရက်အထိ ရေဖြန်းပေးရပါသည်။

အုတ်စီနံရံ အမြင့်အားတစ်နေ့လျှင်(၃)ပေသာစီပြီးD.P.C(Damp Proof Course)
ကျောက်လောင်းထားခြင်းကပိုကောင်းပါသည်။

ဝါးငြမ်းများဆင်သောအခါ... အဆောက်အဦ အပြင်နံရံမှ (၃)ပေအကွာတွင်တိုင်ထောင်ခိုင်းပြီး ဝါးလုံးတစ်လုံးနှင့်တစ်လုံး (၂) ပေခွဲသာခြားခြင်းဖြင့် ငြမ်း၏ တောင့်တင်းခိုင်မာမှု့ကို ရစေပါသည်။

သံကိုဖြတ်တောက်သည့်အခါ... (၄၅) ဒီဂရီချိုးချင်သော သံချောင်း ကို မိမိလိုချင်သော ပေထက် ( ၂)လက်မပိုဖြတ်ရမည်။

(၉၀)ဒီဂရီချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက် (၉)လက်မပိုဖြတ်ရမည်။

(၁၃၅) ဒီဂရီ ချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက်(၁၄)လက်မ ပိုဖြတ်ပါ။

(မှတ်ချက်။R.C column သံနှင့် Beam သံတို့အတွက်ဖော်ပြခြင်းဖြစ်ပါသည်။)

တံခါးရွက်များကို အဆောက်အဦးတစ်ခုလုံး၊
အခြားလုပ်ငန်းများ
ပြီးစီးသည့်နေ့မှ တပ်ဆင်ရပါမည်။

အုတ်ရိုးနှင့်ထိတွေ့မည့် သစ်သားမျက်နှာပြင်အားလုံးကို ဆေးကတ္တရာဖြင့် သုတ်ထားရပါမည်။

အခန်း၏အမြင့်ကို မူတည်၍ တံခါး၏ အချိုးအစားကို တွက်ယူလိုလျှင် တံခါး၏ အမြင့်သည် အခန်းအမြင့်၏ ၁/၄+၄ပေ၆လက်မ ရှိရမည်။ တံခါး၏ အကျယ်သည် တံခါး၏ အမြင့်ထက် (၄)ပေလျော့နည်းရမည်။

လှေခါး Landing သည် ခြေနင်းအလျားထက်ပိုကျယ်ရမည်။

နံရံမချောမီ အုတ်နံရံကို ရေလောင်းပါ ။ အုတ်နံရံတွင် ကျောက်ထုပ်များရှိပါက spotရိုက်၍ ဗြုတ်ထအောင် ဘိလပ်မြေအရည်ဖျော်၍ကြိုတင်တစ်ရက် ရိုက်ထားပါက လေခိုခြင်းကင်းဝေးပါမည်။

နံရံချောပြီးသည့်နေမှစ၍ တစ်နေ့တွင်ခုနှစ်ရက်ရက်တိတိ နံရံကို ရေဖြန်းပေးရပါမည်။

ဆေးသုတ်သည့်အခါ သုတ်ဆေးကို တစ်ထပ်ထက်ပို၍ သုတ်မည်ဆိုပါက မူလသုတ်ဆေးကောင်းစွာခြောက်မှ နောက်တစ်ထပ်ကို သုတ်ရပါမည်။

သုတ်ဆေးကို အသုံးမပြုသေးပါက လေ လုံအောင် ပိတ်ထားရပါမည်။ ရောစပ်ပြီး မွှေထားသော သုတ်ဆေးတို့ကို တစ်ဝက်တစ်ပျက် အသုံးပြုပြီးဖြစ်လျှင် ပုံးထဲတွင် ကျန်ရှိနေသည့် သုတ်ဆေးအပေါ်မှ ရေဖြည့်ထားရပါမည်။

မြေကြီးကျင်းထဲသို့ concrete မလောင်းမီ Level ပေး၍ မျက်နှာ ပြင်ညီအောင် ညှိပေးရမည်။

Concrete လောင်းရာတွင်သုံးပေထက်မြင့်သောအမြင့်မှတိုက်ရိုက်လောင်းမချပဲ ၎င်းထက်နှိမ့်ချ၍လောင်းခြင်းကပိုမိုကောင်းပါသည်။ Concreteလောင်းချိန် Vi****or အသုံးပြုရာတွင် Rodတံကိုတည့်မတ်စွာထိုးရပါမည်။ Rod တံကိုပြန်ထုတ်သည့်အခါRod တံထိုးသည့်နေရာသို့ကွန်ကရစ်အစားဝင်နိုင်ရန်သတိပြုရမည်။

Rod တံထိုးထည့်ထားရမည့်အချိန်မှာတစ်နေရာလျှင်အနည်းဆုံး(၁၅)စက္ကန့်မှအများဆုံး(၂၅)စက္ကန့်ထက်မကျော်စေရ။
Rod တံကိုအချိန်ကြာကြာထိုးစိုက်ထားလျှင်ကွန်ကရစ်များတစ်နေရာထဲတွင်မာခြင်းဖြစ်တတ်သည်ကိုသတိပြုရမည်။

Rod တံကိုကိုင်တွယ်အသုံးပြုသူသည်အတွေ့အကြုံရှိပြီးကျွမ်းကျင်နားလည်သူဖြစ်ရမည်။ကွန်ကရစ်လောင်းပြီးသည့်အခါအမြဲတမ်းစိုစွတ်နေစေရန်ရေကိုအနည်းဆုံး တစ်နေ့သုံးကြိမ်လောင်းပေးသင့်ပါသည်။ရေကန်ငယ်ပြုလုပ်ပေးခြင်း၊စိုစွတ်သောအရာဝတ္ထုဖြင့်ကာရံဖုံးအုပ်ထားခြင်းတို့ဖြစ်ပါသည်။

သံချောင်းဆက်ရာတွင်... အချင်း၏လေးဆယ်ဆ (40D)အနည်းဆုံးရှိရပါမည်။
သံချောင်းများအသုံးပြုသည့်အခါသံချေးများ၊အမဲဆီများ၊မြေကြီးများ၊ဆီများကင်းစင်စေရန်လိုအပ်ပါသည်။ Concrete RC Column တိုင်လောင်းရာတွင်တစ်နေ့(12') အမြင့်ထိသာ လောင်းသင့်ပါသည်။

အမိုးသွပ်မိုးသည့်အခါတစ်ချပ်နှင့်တစ်ချပ်ထပ်သည့်သွပ်ကိုနှစ်တွန့်တိတိထပ်စေရမည်။ သွပ်ထိပ်ခြင်းဆက်သည့်အခါအနည်းဆုံး ခြောက်လက်မထပ်သင့်ပါသည်။

Concrete 1m^3လျှင် 35.32ft^3 ရှိပါသည်။

ရေကိုဂါလံတွက်သည့်အခါ...
အလျား အနံ အမြင့် 6.25နှင့်မြောက်လျှင့်ရေဂါလံရရှိပါမည်။

ရေကိုလီတာဖြင့်တွက်သည့်အခါအလျားအနံအမြင့်=ရလာတဲ့အဖြေကို4.54နှင့်မြှောက်ရပါမည်။

(8"8")ကြွေပြားတစ်ကျင်းလျှင်225ချပ်
(8"12")ကြွေပြားတစ်ကျင်းလျှင်150ချပ်
(12"12")ကြွေပြားတစ်ကျင်းလျှင်100ချပ်
(1 '2')ကြွေပြားတစ်ကျင်းလျှင်50ချပ်
(2 '2 ')ကြွေပြားတစ်ကျင်းလျှင်25ချပ်

သစ်တစ်တန်တွင်ရှိရမည့် အတိုင်းအတာများ
(12"1")=600'
(11"1")=655'
(10"1")=720'
(9"1")=800'
(8"1")=900'
(7"1")=1029'
(6"1")=1200'
(5"1")=1440'
(4"1")=1800'
(3"1")=2400'
(2"1")=3600'
(1"1")=7200'
(2"1-1/2")=7200 '
(3"1-1/2")=1600 '
(6"6")=200 '
( 3"3")=800 '
(3"2")=1200 '
(4"4")=450 '
(4"2")=900 '
(4"1-1/2")=1200 '
(5"5")=288 '
(5"3")=480 '
(5"2")=720 '
(6"2")=600 '
(6"1-1/2")=2400 '

1Ton တွင်ရှိသောသံချောင်းအရေအတွက်များ
တစ်ချောင်းလျှင်...
12mm=40ft
6.5mm=0.26kg/m
1ton=3834m
1 viss = 20.22=20'-3"

8mm=0.395kg/m
1ton=2531m
1 viss = 13.35=13'-4"

10mm=135 ချောင်း
12mm=88 ချောင်း
16mm=53 ချောင်း
18mm=41 ချောင်း
20mm=33 ချောင်း
22mm=27 ချောင်း
25mm=21 ချောင်း
1m=3.28ft
1 inch=25.4mm
1m^3=35.32ft^3
Water 1ft^3=62.4 lb
Water 1ft^3=624 Gal
Water 1 Gal=10lb
Water 1 Gal=4.54 Liter
1 Ton = 2240 Lb
1 Acre-ft=1234m^3
1 Acre=0.405 hectares
1 meter= 3.281 feet
1 km= 0.621 Mile
1 sq mile =2.59 sq km

တစ်ဧကလျှင် 208.71 ft ပတ်လည်ရှိသည်။
တစ်ဧက=43560 စတုရန်းပေ

ဘိလပ်မြေတစ်အိတ်လျှင် 50kg လေးပါသည်။
တစ်တန်လျှင် 1000 kg
ဘိလပ်မြေ 20 အိတ်လျှင် တစ်တန်ရှိပါသည်။

Sand(သဲ)
Sand coarse(သဲကြမ်း)
Sand fine(သဲ နု)
Gravel(ကျောက်စရစ်)
Cement(ဘိလပ်မြေ)
Water(ရေ)
Brick(အုတ်)
Brickwork (အုတ်စီခြင်း)
Plastering work(နံရံချောခြင်း)
Stair plastering work (လှေခါးချောခြင်း)
Bamboo( ဝါးလုံး)
Earth(soil)မြေတူး
Plywood(အထပ်သားပြား)
Dig earth(soil)မြေကြီးတူး
Earth (soil) compaction construction(မြေကြီးကြိတ်ခြင်း)
Earth(soil) leveling construction(မြေကြီးညှိခြင်း)
Water pump(ရေစုပ်စက်)
Backhoes(မြေတူး၊မြေကုတ်ကား)
Construction roller(မြေကြိတ်စက်)
Plate compactor(မြေရိုက်စက်)
Shrine room(ဘုရားခန်း)
Living room(ဧည့်ခန်း)
Single bed room (တစ်ယောက်အိပ်ခန်း)
Master bed room(မိသားစုအိပ်ခန်း)
Kitchen room(မီးဖိုခန်း)
Dining room(ထမင်းစားခန်း)
Bath room( ရေချိုးခန်း)
Toilet(အိမ်သာခန်း)
Common toilet(အများသုံးအိမ်သာခန်း)
Lounge room(sitting)အပန်းဖြေခန်း
Basement (cellar)မြေအောက်ခန်း
Study room(စာကြည့်ခန်း)
Roof (အမိုး)
Lighting rod(မိုးကြိုးလွှဲ)
Gutter(ရေတလျောက်)
Attic(ထပ်ခိုး)
Gable(မြင်းမိုရ်ပိတ်)
Water Tank(ရေလှောင်ကန်)
Ceiling(မျက်နှာကျက်)
Balcony(လသာဆောင်)
Verandah(ဝရံတာ)
Windows(ပြတင်းပေါက်များ)
Doors(တံ ခါးများ)
Ventilator(လေဝင်လေထွက်ပေါက်)
Portico(အိမ်ရှေ့ပေါ်တီကို)
Staircase/stairs(လှေခါးများ)
Gate(ဝင်းတံခါး)
Fence(ခြံစည်းရိုး)
Garden home(ဥယျာဉ်)
Letter box(အိမ်ရှေ့စာတိုက်ပုံး)
Door bell(အိမ်ရှေ့အချက်ပေးဘဲလ်)
Drain(ရေမြောင်း)





#ဆောက်လုပ်ရေးဗဟုသုတ

📞 Order မေးမြန်းချင်သူများအတွက်
Viber / ဖုန်း – 09 254252708

🧱 HSU Construction Material

📞 ဆောက်လုပ်ရေးအတွက် မလိုအပ်တဲ့အရာတစ်ခုမှ မရှိစေရန်...🏗️ HSU Construction Materials မှာ🔸 သံချောင်း (Rebar)🔸 အုတ်၊ဘိလပ်မြေ...
15/05/2020

📞 ဆောက်လုပ်ရေးအတွက် မလိုအပ်တဲ့အရာတစ်ခုမှ မရှိစေရန်...

🏗️ HSU Construction Materials မှာ
🔸 သံချောင်း (Rebar)
🔸 အုတ်၊ဘိလပ်မြေ
🔸 သဲ၊ကျောက်
🔸 ဆောက်လုပ်ရေး Tools များအပြည့်အစုံ
အားလုံးကို တစ်နေရာထဲမှာ အရည်အသွေးမြင့်နဲ့ ဝယ်ယူနိုင်ပါတယ်။

📍 ဈေးနှုန်းချိုသာ – ပစ္စည်းအသစ်အသစ်
📦 Delivery ဝန်ဆောင်မှုလည်း ရရှိနိုင်ပါတယ်!

📲 Order မှာဖို့ / ညှိနှိုင်းဖို့
ဆက်သွယ်ရန် 👉 09 254252708

📩 Messenger မှာလည်း တိုက်ရိုက်မက်ဆေ့ချ်ပို့နိုင်ပါတယ်။



#သံချောင်း
#ဘိလပ်မြေ
#တည်ဆောက်ရေးပစ္စည်း

12/05/2020

> 📣 We would like to extend our sincere gratitude to all our customers and supporters!

🏗️ Thank you for trusting HSU Construction Materials as your go-to supplier for quality rebar and construction essentials.

Your support motivates us to improve and serve you even better!

💬 For any inquiries, don’t hesitate to contact us via Messenger or Viber.

💖 Thank you once again!

Address

Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959420149577

Website

Alerts

Be the first to know and let us send you an email when HSU Construction Materials posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HSU Construction Materials:

Share