29/11/2020
သာမညဖလ အခါတော်နေ့
🏔🏔🏔🏔🏔🏔🏔🏔🏔🏔
ဓမ္မမိတ်ဆွေအပေါင်းတို့
တန်ဆောင်မုန်း လပြည့်နေ့ကို သာမညဖလအခါတော်နေ့ အဖြစ် သတ်မှတ်တာကတော့
အဇာတသတ်ဘုရင်ကြီးကို ရဟန်းပြုရခြင်းရဲ့
အကျိူး"သာမညဖလသုတ္တန်"ကိုဟောကြားတဲ့နေ့ဖြစ်လို့ပါပဲ။
တန်ဆောင်မုန်းလပြည့်နေ့
"သာမညဖလအခါတော်နေ့"ဆိုတာအဖကိုသတ်မိလို့,,အိပ်မရတဲ့
အကုသိုလ်ဝေဒနာနဲ့အစပျိူးခဲ့တာဖြစ်ပါတယ်။
ဂေါတမ ဘုရားရှင်လက်ထက်တော် အခါက တန်ဆောင်မုန်းလပြည့် ညမှာ အဇာတသတ်မင်းဟာ
မင်းသားမှုးမတ် ပေါင်းစုံလင်စွာဖြင့် ညီလာခံသဘင်ဆင်ယင်ကျင်းပနေပါတယ်။
ဆီးနှင်းမြူတိမ် သူရိန်မီးခိုး
ညစ်မျိုး ငါးဝ ကင်းစင်ပပြီး
ကြည်နူးသာယာလှပသောတန်ဆောင်မုန်းလပြည့်ညအခါမှာ
အဇာတသတ်မင်းတရားဟာ
အဖေကိုသတ်မိတဲ့အကုသိုလ်ကံကြောင့် အလွန် ကြည်နူးသာယာဖွယ်ကောင်းတဲ့ တန်ဆောင်မုန်း လပြည့်ည ရဲ့အလှအပကို မခံစားနိုင်ပဲအိပ်စက်မရအောင်ဖြစ်နေပါတယ်။
အဇာတသတ် မင်းသားလေးဟာ,,,ငယ်ရွယ်စဉ်
အခါမှာ ဒေဝဒတ်ကိုဆရာတင်မိပြီး,,အပေါင်း
အသင်းမှားတဲ့အတွက် ဖခင်ဘုရင်ကြီးကိုသတ်မိသည်အထိ ဆိုးသွမ်း ခဲ့ဘူးတာ သိပြီးသားဖြစ်မှာပါ။
ပဉ္စာနန္တိယကံကြီးထိုက်ပြီးတဲ့အချိန်ကစ လို့အိပ်မပျော်တဲ့ရောဂါဝေဒနာစွဲကပ်ခဲ့ပါတယ်။
အဲဒီဝေဒနာပျောက်ကင်းအောင်
မည်သည့်ဆေး
နှင့်မှကုစားမရဖြစ်နေခဲ့တာအမတ်တွေအကြံပေး
တဲ့အတိုင်းတိတ္ထိ ဆရာကြီး( ၆) ယောက် တို့ ထံသွား
ရောက်ခဲ့ပါတယ်။
အဇာတသတ်ဘုရင်က သူသိလို တဲ့ သာမညဖလ (ရဟန်း ပြုခြင်း အကျိုး )ကိုမေးတဲ့ အခါ မှာကျေနပ်လောက်တဲ့အဖြေကိုမရတဲ့အတွက်
ပြန်လာခဲ့ရပါတယ်။
နောက်တော့မှ,,
သမားတော်ကြီးဇီဝက,ကျေးဇူးကြောင့်ဘုရားရှင်ကို ဖူးတွေ့မေးမြန်းသိရှိပြီးမှ အိပ်စက်လို့ရသွားပါတော့
တယ်။
အဇာတသတ်မင်းတရား,,ဘုရားရှင်ကိုအဖူးအမျှော်သွားရောက်တဲ့အချိန်ဟာ,,တန်ဆောင်မုန်း
လပြည့်နေ့ ညချမ်းချိန်ခါကလေးပေါ့။
အဲဒီအချိန်မှာ မြတ်စွာဘုရားဟာ
ရာဇဂြိုလ် မြို့အနီး သမားတော်ကြီးဆရာဇီဝကလှူ ဒါန်းထားတဲ့သရက်
ဥယျာဉ်မှာ,,သီတင်းသုံးနေတဲ့အချိန်ဖြစ်နေပါသေး တယ်။
သရက်ဥယျာဉ် ထဲမှာပဲဘုရားရှင်ဟာ အဇာတသတ်မင်းကို
သာမညဖလ သုတ္တန်ဒေသနာတော်
ကိုဟောကြားတော်မူခဲ့ပါတယ်။
အလွန်သာယာလှပတဲ့ တောတောင်ရိပ်နဲ့လပြည့် ညမှာဟောကြားတဲ့တရားတော်ဟာ နောင်တ တစ်
ဖန်ပူပန်မှုတွေနဲ့ဆူပွက်လောင်မြိုက်တဲ့,နှလုံးသားကိုအေးချမ်းသာယာမှုကိုဆောင်ကျဉ်းပေးနိုင်ခဲ့တာပေါ့လေ..။
အဲဒီသာမညဖလသုတ္တန်ဟာ
ဒီဃနိကာယ်၊ သီလက္ခန္ဓ ဝဂ္ဂ ပါဠိတော်မှာ ပါရှိပါတယ်။
ရဟန်းသံဃာတော်တွေ အတွက် ကြေးမုံမှန်တစ်ချပ် သဖွယ်ဖြစ်ပြီးကိုယ်ကျင့်သီလ ရှိတယ် ၊မရှိဘူးဆိုတာကိုဤသုတ္တန် ဖြင့်ထင်ဟပ်စေနိုင်ပါတယ်။
ရဟန်းပြုခြင်း အကျိုးတွေကို ဟောကြားတဲ့ နေ့ဖြစ်တဲ့ အတွက်တန်ဆောင်မုန်း လပြည့်နေ့ကို သံဃာတော်များနေ့လို့ခေါ်ဆိုခဲ့တာကိုလည်းမှတ်သားထားကြရမှာဖြစ်ပါတယ်
သာမည ဖလ = ရဟန်းပြုခြင်း၏အကျိုးကျေးဇူး
တွေကတော့-
၁။ မင်းခစားဘဝနှင့် မင်းပြစ်
မင်းဒဏ်မှလွတ်ကင်းခြင်းအကျိုး။
၂။ အခွန်ထမ်းဆောင်မှု မှ လွတ်ကင်းခြင်းအကျိုး။
၃။ ပါတိမောက္ခ သံဝရသီလ နှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း အကျိုး။
၄။ ဒုစရိုက်ကို ရှောင်သဖြင့်
ဒုစရိုက် ဒုက္ခ မှကင်းလွတ်၍စူဠသီလ နှင့်ပြည့်စုံ ခြင်း အကျိုး။
၅။ ပွဲသဘင် အမျိုးမျိုး၊
ကစားပွဲ အမျိုးမျိုး ၊မကောင်း
သောစကားအမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့် ထိုဒုက္ခ
များမှကင်းလွတ်၍ မဇ္စျိမသီလနှင့်ပြည့်စုံခြင်းအကျိုး။
၆။ နက္ခတ်ဗေဒင် ၊ယတြာ လက္ခဏာ ဆေးကုခြင်းစသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝ ပါရိသုဒ္ဓိ
သီလနှင့်ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်းအကျိုး ။
၇။ ဣန္ဒြေ (၆)ပါး ၌ အကုသိုလ်မဖြစ်အောင်စောင့် စည်းနိုင်ခြင်း အကျိုး။(ဤ သည်တို့ကား အခြေခံ သီလများဖြစ်ပါတယ်)။
၈။ သတိ နှင့် ပြည့်စုံခြင်း အကျိုး။
၉။ သမ္ပဇဉ် (ဆင်ခြင်တုံ ) တရားနှင့်ပြည့်စုံခြင်းအကျိုး။
၁၀။ သန္တောသ ( ရောင့်ရဲခြင်း) အကျိုး။
အခြေခံသီလ ၊သတိ သမ္ပဇဉ် ၊
သန္တုဋ္ဌီတရားများနှင့်
ပြည့်စုံသော ရဟန်းသည် သမထ ဝိပဿနာ တရားကို ဆက်လက်အားထုတ်ပါက အေက်ပါအကျိုးများကို လက်တွေ့ခံစားရရှိနိုင်ပါသေးတယ်။
၁၁။ နီဝရဏတရား ငါးပါးမှ လွတ်ကင်းခြင်းအကျိုး
၁၂။ စျာန်တရား ရနိုင်ခြင်းအကျိုး
၁၃။ဝိဇ္ဇာရှစ်ပါးနှင့်ပြည့်စုံ၍မဂ်ဖိုလ်ရနိုင်ခြင်းအကျိုး။
အဇာတသတ်မင်းသားဟာ,,
သာမညဖလသုတ္တန် ကိုနာယူလိုက်ရတဲ့အချိန်ကစပြီး ဗုဒ္ဓသာသနာတော် ကိုသက်ဝင်ယုံကြည်လာပြီးပုထုဇဉ်များထဲမှာရတနာ
သုံးပါးကိုအကြည်ညို ဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။
သူရဲ့ အမှားကို နောင်တ ဖြစ်ပြီး သတိတရားရလာ
ခဲ့ပါတယ်။
ဗုဒ္ဓသာသနာတော် ကို အသက်ပေးပြီးကြည်ညိုလာတဲ့သူဖြစ်လာပါတယ်။
"မြတ်စွာဘုရား
တပည့်တော်သည် မိုက်၍ တွေဝေ၍ မလိမ္မာ၍ ဖြစ်သောအပြစ်သည် တပည့်တော်ကို လွှမ်းမိုးသွားခဲ့ပါပြီ"။
"တရားစောင့်သော ၊တရားသဖြင့်မင်းပြုသောခမည်းတော်ကို
မင်းစည်းစိမ်(အာဏာ)ဟူသောအကြောင်းကြောင့်တပည့်တော် သတ်မိခဲ့ပါ၏"။
"ထိုတပည့်တော်၏ အပြစ်ကို နောင်အခါစောင့်စည်းခြင်းငှာ အပြစ်ဟု မြတ်စွာဘုရားကလက်ခံ
တော်မူပါဘုရား" လို့ ဘုရားရှင်ထံပါးမှာလျှောက်ထားခဲ့ပါတယ်။
ထိုအခါ မြတ်စွာဘုရားက
"မင်းကြီး!!အကြင်သူသည်'အပြစ်ကို,,,အပြစ်ဟုအကြောင်းအားလျော်စွာ ကုစား၏။
နောင်အခါ
စောင့်စည်း၏။ထိုသူ၏ကုစားစောင့်စားခြင်းသည်
အရိယာ၏ဝိနည်းအဆုံးအမ၌ကြီးပွားခြင်းပင်တည်း"
ဟုပြန်လည်မိန့်တော်မူ ပြီးစိတ်သက်သာရာရစေခဲ့ပါတယ်။
နောက်တော့လည်းသူဟာ
ပထမသင်္ဂါယနာတင်ပွဲ
ကြီးဖြစ်မြောက်အောင်ဒါယကာအဖြစ်ခံယူ ကူညီခဲ့
ပါတယ်။
ဗုဒ္ဓသာသနာတော် ခုနှစ်ကိုလည်းအတိအကျသတ် မှတ်ပေးခဲ့ပါတယ်။
ပိဋကတ်တော်များကိုမပျက်မစီးရအောင်သံင်္ဂါယနာအဆက်ဆက်တင်၍ ယနေ့တိုင်အောင်
ထိန်းသိမ်းထားနိုင်တာတွေဓာတ်တော်များကို
ရှာဖွေပြီးစုဆောင်းထိန်းသိမ်းထားခဲ့လို့သာသီရိဓမ္မာသောကမင်းကြီးက,,,စေတီပေါင်းရှစ်
သောင်းလေးထောင်တည်ထား၍သာသနာပြု
နိုင်တာတွေဟာ အဇာတသတ်မင်းသားရဲ့ကျေးဇူးလို့နားလည်လက်ခံရမှာဖြစ်ပါတယ်။
အဇာတသတ်မင်းတရား,,,,
ဘုရားရှင်ကို အဖူး
အမျှော်သွားရောက်တဲ့အချိန်ဟာတန်ဆောင်မုန်း လပြည့်ညချမ်းချိန်ခါကလေးပေါ့။
နန်းတော်ကနေ ဘုရား ကျောင်းဆောင်ကို သွားတဲ့အခါ
နန်းမြို့တော် အရှေ့ဘက် တံခါးကထွက်ရလို့ အရှေ့ဘက်ရှိတောင်ရိပ်နဲ့သစ်ပင်အရိပ်များ က လူ
သွားလမ်းပေါ်ကျရောက်နေလို့မှောင်မဲနေတဲ့အချိန်ပေါ့။
ဒါကြောင့်,,,လိုက်ပါသူတွေ
အားလုံးဟာ မီးရှူးမီးးတိုင်တွေအလင်းရောင်တွေ ထွန်းညှိပြီးသွား
ရောက်ခဲ့တာက အစပြုလို့ တန်ဆောင်တိုင်မီးထွန်းပွဲတော်ဟာ ဘုရားရှင်ကိုပူဇော်ပွဲအလေ့အထအဖြစ် စတင်ဖြစ်တည်ခဲ့ရခြင်းဖြစ်ပါတယ်။
ကျေးဇူးတော်ရှင် မြတ်စွာဘုရား ဟောကြားခဲ့တဲ့ သာမညဖလ သုတ္တန်ကို နာကြားခဲ့လိုက်တဲ့
အဇာတသတ်မင်းဟာ တရားအဆုံးမှာ သောတာပန်တည်နိုင်တာပေါ့။
ဒါပေမဲ့ သူကျူးလွန်ခဲ့တဲ့အပြစ်ကံက မဂ်ဉာဏ် ဖိုလ် ဉာဏ် ကို တားမြစ်ထားခဲ့တာပေါ့လေ..။ဒါကို သင်္ခန်းစာယူရပါလိမ့်မယ်။
အဇာတသတ်မင်းဟာ
ဘဝမှာ မဂ်ဉာဏ် မရနိုင်တာကို သိပေမဲ့အားတော့မလျှော့ပါဘူး။ကျေးဇူးတော်ရှင်မြတ်
စွာဘုရားကို ကြည်ညိုပြီးသာသနာကို ကြိုးစားစောင့်ရှောက်ခဲ့ပါတယ်။
၁။ အိပ် မပျော်တဲ့ ရောဂါ ဝေဒနာ ငြိမ်းအေးသွားခဲ့ပါတယ်။
၂။ ရတနာသုံးပါးကို နှစ်နှစ် ကာကာ ယုံကြည် လာပါတယ်။
၃။ ပုထုဇဉ်တွေ ထဲမှာ ရတနာ သုံးပါးကိုအကြည်ညို ဆုံးပုဂ္ဂိုလ်အဖြစ်မှတ်တမ်းတင်ခံရပါတယ်။
၄။ အပြစ်ကြီးလေးသော မဟာ အဝီ စိ ငရဲမှာ မခံစားရတော့ပဲ အပြစ်ပေါ့တဲ့ လောဟ ကုမ္ဘီ ငရဲမှာသာ ခံရ ပါတော့တယ်။
၅။ နောင် အနာဂတ်ကာလမှာ
ဝိဇိတာဝီအမည်ဖြင့်
ပစ္စေကဗုဒ္ဓါ ဖြစ်ပြီး ကျွတ်တမ်းဝင် ရပါလိမ့်မယ်။
ပိုင့်လောဆရာတော်ကြီးရဲ့
လင်္ကာလေးကို
ပြောပြပါမည်။
ကိုယ် မိုက်- မိုက်မှန်းသိ
လူမိုက်ပညာရှိ။
ကိုယ်ဆိုး- ဆိုးမှန်းသိ
လူဆိုးပညာရှိ။
ဆိုးလျက်နဲ့ပင်
တော်သည်ထင်
ဆိုးမြဲဆိုးမည်ပင်။
အဇာတသတ်မင်းသားကို
နမူနာယူပြီးသံသရာမှာကိုးကွယ်ဆည်းကပ်သင့်တဲ့ ဆရာ မှားခဲ့လို့ရခဲ့တဲ့ဆိုးကျိုးတွေအပေါ်သင်္ခန်းစာယူ နိုင်ကြပါစေ။
ကိုးကားချက် ။သီတဂူဆရာတော်ကြီး၏သာမညဖလအခါတော်နေ့တရားတော်မှာပါရှိသည့်ဓမ္မစာစုများအားရေးသားတင်ပြခြင်းဖြစ်ပါသည်။
# # # credit
မင်္ဂလာညချမ်းအချိန်အခါသမယလေးမှာ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေကြောင်း Bar Lo Lo Online Shopping မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။