Mahar Zay Ya Theinkha

Mahar Zay Ya Theinkha Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mahar Zay Ya Theinkha, Business consultant, Yangon.

18/11/2025

လုပ်ငန်းရှင်စိတ်
(သို့မဟုတ်)
လုပ်ငန်းရှင်များမှာရှိထားရမယ့်
စိတ်ပိုင်းဆိုင်ရာခံယူချက်များ
.. အကြောင်းကို စိတ်၀င်စားဖွယ်လေ့လာနိုင်အောင် မဟာဇေယျသိင်္ခရဲ့ ဆရာဦးဝေယံမှ မျှဝေပေးထားပါတယ်ရှင်။ လေ့လာကြည့်ရှု့ပြီး လက်တွေ့အသုံးချအောင်မြင်နိုင်ကြပါစေရှင်။

ဆရာ့ရဲ့ စီးပွားရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာအကြောင်းအရာများမျှဝေပေးနေတဲ့ TikTok Account Link လေးကိုလည်းမျှဝေပေးထားလို့ သွားရောက်ကြည့်ရှု့လေ့လာနိုင်ပါတယ်ရှင်။

tiktok.com/

မဟာဇေယျသိင်္ခ (Business Solution)

28/08/2025

လုပ်ငန်းရှင်များအတွက် ...အလွန်အရေးကြီးတဲ့...

💰 "၀င်ငွေနဲ့ပါတ်သက်တဲ့ခံယူချက်"💵
.. ကိုလိုတိုရှင်းလေးနားထောင်ကြည့်ရအောင်ပါရှင့်။ မဟာဇေယျသိင်္ခ ရဲ့ ဆရာဦးဝေယံမှ ဝေမျှပေးထားပါတယ်ရှင့်။

မဟာဇေယျသိင်္ခ (Business Solutions)

💊လူသားတွေရဲ့ ကျန်းမာရေး ဟာ...အလွန်ပဲအရေးကြီးတဲ့ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ 👍ရန်ကုန်မြို့ရဲ့အချက်အချာကျတဲ့ ‌နေရာမှာတည်ရှိပြီ...
27/08/2025

💊လူသားတွေရဲ့ ကျန်းမာရေး ဟာ...
အလွန်ပဲအရေးကြီးတဲ့ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။
👍ရန်ကုန်မြို့ရဲ့အချက်အချာကျတဲ့ ‌နေရာမှာတည်ရှိပြီး နှလုံးနဲ့ကျောက်ကပ်ဝေဒနာရှင်များအတွက်အထူးအဆင့်မြင့်၀န်ဆောင်မှုပေးလျက်ရှိသောအဆင့်မြင့် ပုဂ္ဂလိက ဆေးရုံကြီးမှ ၀န်ထမ်းများအား
🏥 Personal Hygiene
🏥 Professional Communication Skill
🏥 Team Work
🏥 Customer Service
စတဲ့ သင်ခန်းစားများသင်ကြားပို့ချပေးခဲ့စဉ်က အမှတ်တရ ပုံရိပ်များဖြစ်ပါတယ်ရှင်။

မဟာဇေယျသိင်္ခ (Business Solution)

27/08/2025

လုပ်ငန်းရှင်များ...
"Toxic Employees များကို...
ဘယ်လို စီမံအုပ်ချုပ်ရမလဲ"
ဆိုတာကို ဒီ Video လေးမှာ လေ့လာကြည့်ဖို့ဖိတ်ခေါ်ပါရစေရှင့်။

မဟာဇေယျသိင်္ခ (Business Solution)

12/08/2025
08/08/2025

🎯ဦးစားပေးလုပ်ငန်းစီမံခန့်ခွဲခြင်း🎯
(သို့မဟုတ်)
📌 Priority Management 📌

"နေ့စဉ်နဲ့အမျှ
အချိန်လုပြီး
လုပ်ငန်းတွေဆောင်ရွက်နေကြရတဲ့
မိတ်ဆွေလုပ်ငန်းရှင်များအတွက်
Priority Management"

အကြောင်းကို
ဆရာဦးဝေယံ မှ ခုလိုမျှဝေထားပါတယ်။

🙏🙏🙏
မဟာဇေယျသိင်္ခ (Business Solution)

🪴General Trading Company ကြီးအတွက်Business System Setup Project အတွင်းManagement ၀န်ထမ်းများအားဆရာဦးဝေယံ (Founder & CEO)...
08/08/2025

🪴General Trading Company ကြီးအတွက်
Business System Setup Project အတွင်း
Management ၀န်ထမ်းများအား
ဆရာဦးဝေယံ (Founder & CEO) မှ
Corporate Training ဘာသာရပ်တစ်ခု ပို့ချပေးခဲ့စဉ်အမှတ်တရ.....။
🙏🙏🙏
မဟာဇေယျသိင်္ခ (Business Solution)

04/08/2025

❤️ချစ်ခင်လေးစားရတဲ့
လုပ်ငန်းရှင်မိတ်ဆွေများအတွက်...

☘️မိမိတို့လုပ်ငန်းတွေမှာ
အလုပ်တွေပိုမိုပြီးမြောက်အောင်...
ကုန်စည်နဲ့ ၀န်ဆောင်မှုတွေထုတ်လုပ်နိုင်မှုပိုမို.
တိုးတက်‌လာအောင်....

💡မဟာဇေယျသိင်္ခရဲ့
Founder နဲ့ CEO ဖြစ်သူ
စီးပွားရေးအကြံပေး ဆရာဦးဝေယံမှ အကြံပြု.
ပေးထားပါတယ်။

🙏မေတ္တာဖြင့်
မဟာဇေယျသိင်္ခ (Business Solution)

လုပ်ငန်းရှင်များအတွက်.....🎯လုပ်ငန်းရှင်များနှင့် Supplier Control 🎯☘️လုပ်ငန်းတိုင်းမှာ Customer နဲ့ Supplier ဆိုတာ အမြဲတ...
03/08/2025

လုပ်ငန်းရှင်များအတွက်.....
🎯လုပ်ငန်းရှင်များနှင့် Supplier Control 🎯

☘️လုပ်ငန်းတိုင်းမှာ Customer နဲ့ Supplier ဆိုတာ အမြဲတမ်းရှိနေမယ့် စွမ်းအင်နှစ်ခုဖြစ်ပါတယ်။ ကျွန်တော်ကတော့ သူတို့ အုပ်စု (၂) ခုလုံးကို စွမ်းအင် အဖြစ်သတ်မှတ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ Customer လို့ခေါ်တဲ့ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေနဲ့ ၀န်ဆောင်မှုတွေကို ၀ယ်ယူအသုံးပြုကြတဲ့ ၀ယ်ယူသူဖောက်သည်များဟာ လုပ်ငန်းရဲ့၀င်ငွေကိုပင်မထောက်ပံ့ပေးနေတာဖြစ်တဲ့အတွက် သူဟာလည်းအရေးကြီးတဲ့လုပ်ငန်းရဲ့ စွမ်းအင်တစ်ခုဖြစ်ပါတယ်။

နောက်တစ်ခုက ကျွန်တော်တို့ရောင်းချမည့် ထုတ်ကုန်များနဲ့ ၀န်ဆောင်မှုများအတွက်ကုန်ကြမ်း (သို့မဟုတ်) ထုတ်လုပ်ဖို့အထောက်အပံ့ပြုတဲ့သူများကတော့ Supplier များဖြစ်ပါတယ်။ သူတို့ဟာလည်းကျွန်တော်တို့အတွက် အရေးကြီးတဲ့
ကဏ္ဌကိုဖြည့်ဆည်းပေးနေကြတာကြောင့် သူတို့ဟာလည်း စွမ်းအင်တစ်ခုဖြစ်ပါတယ်။

🪴ဒီနေ့တော့ Supplier တွေနဲ့ပါတ်သက်ပြီးအရေးကြီးတဲ့ ကဏ္ဍတွေကို ဆွေးနွေးဝေမျှသွားပါ့မယ်။

အရင်ဆုံးကျွန်တော်တို့သိထားရမှာက ဘယ်သူတွေကကျွန်တော်တို့ရဲ့ Supplier တွေလဲ?

💥(၁) ကုန်ကြမ်းပေးသွင်းရောင်းချသူများ
ဥပမာ- အာလူးကြော်ရောင်းတဲ့သူတစ်‌ယောက်အတွက် အာလူးကုန်သည်ရယ်၊ ဆီဆိုင်ရယ်၊ Packaging အိတ်တို့ တံဆိပ်တို့ လုပ်ပေးတဲ့ သူတို့က ကုန်ကြမ်းပေးသွင်းသူတွေပေါ့။ သူတို့ကိုတော့ Public Sector Supplier များလို့ခေါ်လို့ရပါတယ်။ ဆိုလိုတာက ကိုယ့်ဘက်ကအခြေအနေ၊ သူ့ဘက်ကအခြေအနေ နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆောင်ရွက်နိုင်တယ်။ လိုတိုးပိုလျှော့ စီမံလို့ရတယ်။ အချိန်နဲ့ပါတ်သက်ပြီးလဲ ဆောင်ရွက်ရတာမြန်ဆန်တာများတယ်။ အဆင်မပြေတာတွေရှိရင်လည်း Complain လုပ်လို့ရတယ်။ စသည်ဖြင့်ပေါ့နော်။

💥(၂) နောက်တစ်ခုက EPC တို့၊ စည်ပင်သာယာတို့၊ အခွန်နဲ့ပါတ်သက်တဲ့ဌာန စသည်ဖြင့်ပေါ့- Government Sector Supplier များလို့ခေါ်လိုက်ကြပါစို့။ လျှပ်စစ်မီးမရှိလို့မှ လုပ်ငန်းတွေအဆင်မပြေတာ။ နောက်ဆုံးကုန်ထုတ်လုပ်ငန်းမဟုတ်ရင်တောင် ဘာပဲပြောပြောဒီခေတ်မှာ Computer တွေ၊ အခြားလျှပ်စစ်ပစ္စည်းတွေဟာ လုပ်ငန်းတိုင်းလိုတာပဲမဟုတ်လား။ လုပ်ငန်းလုပ်ရင် အခွန်ဆောင်ရမယ်။ ဆိုင်းဘုတ်ရှိရင် စည်ပင်ဆိုင်းဘုတ်ခွန်ဆောင်ရမယ်။ Logestic နဲ့နွယ်လာလို့ မီးရထား၊ စသည်ဖြင့်သုံးမယ်ဆိုလည်း ထည့်စဉ်းစားရတာပါပဲ။ GSS (Government Sector Supplier)များကတော့ သူ့သတ်မှတ်တဲ့အချိန်၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ဆောင်ရွက်ကြရတာဆိုတော့ PSS(Public Sector Supplier)များနဲ့လိုတော့ ညှိနှိုင်းဆောင်ရွက်ဖို့အခက်အခဲရှိပါတယ်။ ကိုယ်ကသာ သတ်မှတ်လုပ်ထုံးလုပ်နည်းများ၊ Time frame များအတွင်းမှာ အဆင်ပြေအောင်လိုက်ပြီးကြိုးစားဆောင်ရွက်ကြရတာဖြစ်ပါတယ်။

💥(၃) နောက်တစ်ခုက...Internal Supplier များလို့ခေါ်တဲ့ ကိုယ့်မှာရှိတဲ့ ၀န်ထမ်းများဖြစ်ပါတယ်။ သူတို့ဟာလည်း ကိုယ့်လုပ်ငန်းမှာလိုအပ်တဲ့ ကာယလုပ်အား၊ ဉာဏလုပ်အားများကို ပေးပို့ပေးနေတဲ့ အရေးကြီးတဲ့ Human resources Supplier များဖြစ်ပါတယ်။ (သူတို့ကိုပဲ Management သဘောတရားနဲ့ တနည်းအားဖြင့် Internal Customer များလို့ခေါ်ပြန်ပါသေးတယ်။ ဒါကြောင့်လည်း လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲခြင်း (Human Resources Management)ဆိုတဲ့ ကဏ္ဍဟာ လုပ်ငန်းတစ်ခုအတွက် အလွန်အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံလို Fully Automatic Production System (စက်များကိုအပြည့်အ၀အသုံးချ၍ ကုန်ထုတ်လုပ်ခြင်းစနစ်) ကိုအသုံးပြုနိုင်မှုနည်းသေးတဲ့အခြေအနေမှာ မဆိုထားနဲ့ တကယ့် ဖွံ့ဖြိုးပြီး-ဆက်လက်ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံများမှာတောင် ဒီကိစ္စကို အလွန်လိမ္မာပါးနပ်စွာ နဲ့ ဂရုတစိုက်စီမံခန့်ခွဲကြပါတယ်။ ဘယ်လောက်ပဲ Fully Automatic ဖြစ်နေပါစေ၊ ထွက်လာမယ့် Product များကိုသုံးစွဲမည့်သူများဟာ သက်ရှိလူသားများဖြစ်တာကြောင့် Supplier ကဏ္ဍမှာရှိနေတဲ့ လူ့စွမ်းအားအရင်းအမြစ်များကို ပစ်ပယ်လို့မရပါဘူး။ တချိန်ချိန်တော့ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လက်ရှိ ပစ္စုပ္ပန်ကာလအတွက်တော့ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စဖြစ်ပါတယ်။ သူတို့ကိုဘယ်လိုစနစ်တကျ Retain လုပ်မလဲ။ ဘယ်လို စီမံခန့်ခွဲမလဲ။ High Performance for Productivity ဖြစ်အောင်ဘယ်လို Management လုပ်မလဲ။ စတာတွေကို လုပ်ငန်းရဲ့ ရည်မှန်းချက်တွေနဲ့အညီ ထိမ်းညှိဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

💥(၄) ခုပြောမယ့်တစ်ခုကတော့ နဲနဲအငြင်းပွားစရာဖြစ်ချင်လည်းဖြစ်မယ်။ တချို့ကလည်း လက်ခံဖို့ခက်မယ်။ ခုခေတ်နဲ့ဆိုရင်တော့ မဖြစ်မနေထည့်စဉ်းစားရမယ့် ကဏ္ဍတစ်ခုပါပဲ။ ဒါကတော့ Technology Supplier (နည်းပညာ) ဖြစ်ပါတယ်။ ကျွန်တော်တို့လုပ်ငန်းတွေမှာ အရင်တုန်းက ကုန်ထုတ်၊ ၀န်ဆောင်မှု စတဲ့ကိစ္စတွေမှာသာအများအားဖြင့် နည်းပညာအသုံးပြုကြတာကိုသတိချပ်စေချင်ပါတယ်။ ခုနောက်ပိုင်းမှာ Marketing ပိုင်းမှာဆို (Digital Marketing)၊ Account ပိုင်း Financial Control ပိုင်းဆိုလည်း Accounting Software တွေ၊ အရောင်းပိုင်းဆိုလည်း Point of sales လို့ခေါ်တဲ့ POS software နည်းပညာတွေ၊ Logistics ပိုင်းမှာလည်း warehouse Management Software လိုမျိုး software တွေ၊ HR ပိုင်းမှာလည်း Software တွေ APP တွေအများကြီး။ ဆိုလိုတာက နည်းပညာပိုင်းကိုလည်း Supplier တစ်ခုအနေနဲ့ ထည့်သွင်းစဉ်းစားပြီး မိမိလုပ်ငန်းနဲ့ ဘယ်လိုအကျိုးရှိအောင် နေရာတကျသုံးမလဲ။ အမှန်တကယ် နေရာတကျသုံးနိုင်ရင် အမှန်တကယ်အကျိုးရှိမှာဖြစ်ပြီး မလိုအပ်ပဲသုံးပြန်ရင်လည်း ငွေကုန်၊ ၀န်ထုတ်၀န်ပိုးဖြစ်တာပဲအဖတ်တင်ကျန်ခဲ့တာမျိုးတွေလည်းအများကြီးတွေ့ရပါတယ်။ ဒါကြောင့် Technology ကိုလည်း စနစ်တကျ Control လုပ်နိုင်ဖို့လိုပါတယ်။

🧐အချုပ်အားဖြင့်အကြံပြုရသော်....

ကျွန်တော်တို့ကိုထောက်ပံ့ပေးမည့်သူတို့ရဲ့ကုန်ကြမ်းပစ္စည်းများနဲ့ ၀န်ဆောင်မှုများဟာ ကျွန်တော်တို့ရဲ့ Quality Control (အရည်အသွေးထိမ်းသိမ်းခြင်း)၊ Cash/ Financial Control (ငွေကြေး/ ဘဏ္ဍာရေးထိမ်းသိမ်းခြင်း)၊ Men power Control ပိုင်း (လူ့စွမ်းအားထိမ်းသိမ်းခြင်း)၊ Logistic Control ပိုင်း (၀ယ်ယူ/သယ်ဆောင်/ သိုလှောင်/ဖြန့်ဖြူး မှုတို့အားထိမ်းသိမ်းခြင်း)၊ လုပ်ငန်းရဲ့အဓိကကျတဲ့ Production Control (ထုတ်လုပ်မှု ထိမ်းသိမ်းခြင်း)၊ စတဲ့ ကဏ္ဍတွေကိုတိုက်ရိုက်သက်ရောက်မှုရှိစေနိုင်သလို အရောင်းပိုင်း(Sales)၊ Customer Relationship (ဖောက်သည်များနှင့်ဆက်ဆံထိတွေ့ခြင်း)၊ ဈေးကွက်စီမံခန့်ခွဲခြင်း (Marketing Management)၊ စတဲ့ကဏ္ဍတွေကိုသွယ်ဝိုက်သောနည်းအားဖြင့် ထိခိုက်သက်ရောက်စေနိုင်ပါတယ်။

အခုဖော်ပြခဲ့တဲ့ Supplier များဟာ လုပ်ငန်းတွေပေါ်မူတည်ပြီး ကွဲပြားမှုရှိနိုင်ပေမယ့် ယေဘုံယျအားဖြင့်တော့ တူညီကြပါလိမ့်မယ်။ ဒီ Supplier များကို ထိမ်းသိမ်းခြင်း၊ ထိတွေ့ဆက်ဆံခြင်း၊ စီမံခန့်ခွဲခြင်းတွေဟာ တစ်ခုနဲ့တစ်ခုကွဲပြားကြပြီး လုပ်ငန်းတွေပေါ်မူတည်ပြီး မဟာဗျူဟာဆန်ဆန် ဆောင်ရွက်နိုင်ဖို့လိုအပ်ပါတယ်။ အဲ့လိုလုပ်နိုင်တဲ့အ‌ပေါ်မူတည်ပြီး လုပ်ငန်းကို အကျိုးဖြစ်ထွန်းနိုင်ပြီး ဆုံးရှုံးမှုများမှရှောင်ရှားနိုင်မှာဖြစ်ကြောင်းမေတ္တာဖြင့်အကြံပြု မျှဝေလိုက်ရပါတယ်ခင်ဗျာ။

မေတ္တာဖြင့်
ထွဋ်ခေါင်
(ဆရာဦးဝေယံ၊ စီးပွားရေးအကြံပေး)
Founder & CEO
(မဟာဇေယျသိင်္ခ Business Solution)

မန္တလေးမြို့မှ ....🪴 Water Treatment Company ၏ 💧ထုတ်လုပ်မှုပိုင်း (Production)💧အုပ်ချုပ်မှုပိုင်း (Management)💧စာရင်းအင်...
03/08/2025

မန္တလေးမြို့မှ ....
🪴 Water Treatment Company ၏
💧ထုတ်လုပ်မှုပိုင်း (Production)
💧အုပ်ချုပ်မှုပိုင်း (Management)
💧စာရင်းအင်းနှင့် ဘဏ္ဍာရေးပိုင်း (Accounting & Financial)
💧၀န်ထမ်း‌ရေးရာပိုင်း (HR)
ကိစ္စရပ်များအတွက် လိုအပ်သော....
💊စနစ်များရေးဆွဲချမှတ်ပေးခြင်း၊
💊SOP များရေးဆွဲခြင်း၊
💊လုပ်ငန်းနှင့်ကိုက်ညီမည့် လုပ်ငန်းခွင်တွင်းသင်တန်းများပေးခြင်း၊ တို့အား....

မဟာဇေယျသိင်္ခမှ Founder & CEO ဆရာဦးဝေယံမှဦးဆောင်၍ ၀မ်းမြောက်ဂုဏ်ယူစွာဖြင့် ဆောင်
ရွက်ပေးခဲ့ခြင်းအမှတ်တရအဖြစ် မှတ်တမ်းတင်အပ်ပါသည်။

မဟာဇေယျသိင်္ခ (Business Solution)

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959420021771

Website

Alerts

Be the first to know and let us send you an email when Mahar Zay Ya Theinkha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share