09/10/2026
⚓ သင်္ဘောသားဘဝကို စတင်မယ့် လူငယ်တွေအတွက် 🌊
သင်္ဘောသားဘဝကို စတင်ဖို့ ဆုံးဖြတ်ထားတဲ့ လူငယ်တွေအနေနဲ့ မသိသေးတာတွေ၊ မလုပ်ဖူးသေးတာတွေကြောင့် စိုးရိမ်တာတွေ ရှိနိုင်ပါတယ်။
ဒါပေမယ့် အစမှာ မသိတာ၊ မတတ်သေးတာက ပုံမှန်ပါပဲ။
အရေးကြီးတာက သင်ယူချင်စိတ်၊ ကြိုးစားချင်စိတ်နဲ့ မလျှော့တဲ့စိတ်ဓာတ် ရှိဖို့ပါ။
🌱 ဒီနေ့ မသိသေးတဲ့အရာတွေကို မနက်ဖြန်မှာ သင်ယူနိုင်ပါတယ်။
ဒီနေ့ မကျွမ်းကျင်သေးတာတွေကိုလည်း အချိန်နဲ့အမျှ လေ့ကျင့်ရင်း တတ်မြောက်လာနိုင်ပါတယ်။
ပင်လယ်ပြင်ပေါ်က ဘဝဟာ လွယ်ကူတဲ့ဘဝတော့ မဟုတ်ပါဘူး။ အိမ်နဲ့ဝေးရတာ၊ တာဝန်ယူရတာ၊ အခက်အခဲတွေကို ရင်ဆိုင်ရတာတွေ ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီအတွေ့အကြုံတွေကပဲ ကိုယ့်ကို ပိုရင့်ကျက်ပြီး ပိုခိုင်မာလာစေမှာပါ။ ⚓
💪 အခုမှ စတင်မယ့် လူငယ်တွေအနေနဲ့ ကိုယ့်အိပ်မက်ကို ယုံကြည်ပြီး တစ်ဆင့်ချင်း ကြိုးစားသွားပါ။
ဒီနေ့ကစပြီး သင်ယူထားတဲ့ အရာလေးတိုင်းက မနက်ဖြန်မှာ ကိုယ့်အတွက် အားသာချက်တစ်ခု ဖြစ်လာမှာပါ။ 🌊
💬 သင်္ဘောစတက်ဖို့ ပြင်ဆင်နေတဲ့ လူငယ်တွေအနေနဲ့ သိချင်တာ၊ မေးချင်တာလေးတွေရှိရင် Comment မှာ မေးခဲ့ပါ။ နောက်လာမယ့် Post တွေမှာ တစ်ခုချင်းစီ မျှဝေပေးသွားပါမယ်။ ⚓
OFFICE ADDRESS
No. 223, 4th Floor, 40th Street (Middle Block),
Kyauktada Township, Yangon.
🕘 Office Hours
📞 01-242349
📱 09-5181532
#သင်္ဘောသား