Live Trading Ideas - LTI Unfiltered

Live Trading Ideas - LTI Unfiltered Live Trading Ideas...
especially for Gold, Some Forex and Bitcoin. I am here to share insights for help as much as possible from trader to trader.

09/04/2026

XAUUSD H4 (Gold) Market Potential | April 9th

FX/Gold Trading နဲ့ ပတ်သတ်လို့  ကျွန်တော်က Day Trading/Scalping ဆန်ဆန် အဓိကသွားတာဆိုတော့ စကားတွေအများကြီးပြောပြဖို့လည်း ...
24/03/2026

FX/Gold Trading နဲ့ ပတ်သတ်လို့ ကျွန်တော်က Day Trading/Scalping ဆန်ဆန် အဓိကသွားတာဆိုတော့ စကားတွေအများကြီးပြောပြဖို့လည်း မပြောချင်ဘူး၊
Signal ပေးလို့လည်းမရဘူး/အချိန်လည်းမရှိဘူးဆိုတော့....

တစ်ခုခုကူညီပေးချင်တာမျိုးလည်းရှိသလို တစ်ဖက်တစ်လမ်းကနေအထောက်အကူဖြစ်နိုင်မယ်လို့ သဘောထားနဲ့
YouTube မှာ Live လွှင့်ပြီးတော့ပဲ Trade ဖြစ်ပါမယ် ။

Gold နဲ့ BTC ကိုပဲ အဓိက Trade ပါတယ်

မကြာခဏ တစ်ပတ်ကို ၃/၄ ရက်လောက် Live လွှင့်ပေးဖြစ်ပါမယ် ခင်ဗျ။ Subscribe/Noti ယူပြီး စောင့်ကြည့်လို့ရပါတယ်။ အားလုံးကို ကျေးဇူးပါ။

Youtube.....
https://www.youtube.com/watch?v=RUUmhd5t0Xs

ကျွန်တော့ရဲ့ TG Channel ကိုလည်း join ထားနိုင်ပါတယ်
https://t.me/ltiGoldForexCrypto

20/03/2026

This Hidden Strategy Will Increase Your Day Trading Profits | (XAUUSD) 18th March

07/03/2026

This Strategy can make You Winner in 2026 | XAUUSD 5Min to 1Min

for more videos, Watch on YouTube .... https://www.youtube.com/

22/02/2026

Noob vs Pro : How to trade 1min buy ENT

Gold(xauusd) Market က ဒီနေ့ည 8နာရီ news ချိန် Non-Farm Data ကိုစောင့်ရင်းနဲ့ Range နေတာကို တွေ့ ရတယ်။ News ချိန်မှာတော့ ...
11/02/2026

Gold(xauusd) Market က ဒီနေ့ည 8နာရီ news ချိန် Non-Farm Data ကိုစောင့်ရင်းနဲ့ Range နေတာကို တွေ့ ရတယ်။ News ချိန်မှာတော့ အလှုပ်အခပ်ပြန်များနိုင်တဲ့ သဘောမျိုးလို့ ယူဆရတဲ့ အတွက် ဂရုစိုက်ဖို့ လိုပါလိမ့်မယ်။

လိုအပ်တဲ့ Keys Level တွေကတော့ ပုံပါမှာ ဆွဲပြပေးထားသလောက်ပါပဲ။ အရောင်းကြိုက်တဲ့သူတွေ အနေနဲ့ ဆိုရင် သတိထားရမှာကတော့ News ချိန်မှာ H1 Ranging အသေးကိုဖောက်တက်သွားပြီး အနည်းဆုံး 5100 လောက်ထိ တက်သွားနိုင်သေးတာ ဖြစ်လို့ မလောမိဖို့ လိုပါသေးတယ်။

Alert PostSDB Price Chart ဝယ်ဖို့စောင့်နေတဲ့သူတွေအတွက် sdb/usdt ဟာဆိုရင် ရေရှည်ငါးနှစ်ဆယ်နှစ် ရင်းနှီးမြှုတ်နှံဖို့အတွက်...
08/02/2026

Alert Post
SDB Price Chart

ဝယ်ဖို့စောင့်နေတဲ့သူတွေအတွက် sdb/usdt ဟာဆိုရင် ရေရှည်ငါးနှစ်ဆယ်နှစ် ရင်းနှီးမြှုတ်နှံဖို့အတွက်ဆိုရင်တော့ ဝယ်ထားလို့ကောင်းတဲ့ Zone အတွင်းကို ရောက်ရှိနေခဲ့ပါပြီ။

ကိုယ်ပိုင် Risk တွက်ချက်မှု လက်ခံနိုင်မှု ရှိပြီးသားသူများအတွက်သာ ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းနေပြီ ဖြစ်တဲ့အကြောင်းတင်ပြရုံပါ။ မဆိုင်တဲ့ အလွတ်တန်းသမားတွေအတွက် မရည်ရွယ်ပါဘူး ခင်ဗျာ။

07/02/2026

New Trader vs Pro :Trading Natures

ရေရှည်အတွက် Profit ရတဲ့ Trader ကောင်းတစ်ယောက်ဖြစ်ဖို ဒီအချက် (၅) ချက်ကိုသာ ဂရုစိုက်ပြင်ဆင်ဖို အကြံပြုချင်ပါတယ်။ ၁။ ပိုက်...
22/01/2026

ရေရှည်အတွက် Profit ရတဲ့ Trader ကောင်းတစ်ယောက်ဖြစ်ဖို ဒီအချက် (၅) ချက်ကိုသာ ဂရုစိုက်ပြင်ဆင်ဖို အကြံပြုချင်ပါတယ်။

၁။ ပိုက်ဆံထက် အလေ့အကျင့်ကောင်းကိုပဲ အာရုံစိုက်ပါ

"ပိုက်ဆံရဖို၊ အမြတ်ထုတ်ဖို" ကိုပဲ အမြဲတွေးနေရင် လောဘတက်ပြီး မလိုအပ်ဘဲ Trade တာတွေ၊ Risk Management မလုပ်တာတွေ ဖြစ်လာတတ်တယ်။ အဲဒါက အကျင့်ဆိုးတွေကို ဖြစ်စေပြီး နောက်ဆုံးမှာ ရထားတဲ့အမြတ်တွေပါ အကုန်ပြန်ပါသွားနိုင်တယ်။ ဒါကြောင့် ငွေရဖိုထက် Risk Management မှန်ဖိုနဲ့ စည်းကမ်းရှိဖို (Proper position sizing) ကိုပဲ နေ့တိုင်း အာရုံစိုက်ပါ။ အလေ့အကျင့်ကောင်းရင် စိုးရိမ်စိတ်တွေ လျော့သွားပြီး ပိုက်ဆံက နောက်ကနေ လိုက်လာပါလိမ့်မယ်။

၂။ ကိုယ့် Setup ကိုယ် အသေအချာသိပါစေ

Trader အသစ်အများစုက နေ့တိုင်း Setup အသစ်တွေ၊ Strategy အသစ်တွေ လိုက်ရှာနေတတ်ကြတယ်။ အဲဒီလိုလုပ်မယ့်အစား Strategy တစ်ခုတည်းကိုပဲ အာရုံစိုက်ပြီး အဲဒီအကွက်က ဘယ်လိုဈေးကွက်မျိုးမှာ အလုပ်လုပ်လဲ၊ ဘယ်အချိန်မှာ အလုပ်မလုပ်ဘူးလဲဆိုတာ သိအောင်လုပ်ပါ။ ဈေးကွက်က ပေးသမျှကို လိုက်ယူဖို မကြိုးစားပါနဲ့၊ ကိုယ်ယုံကြည်မှုအရှိဆုံး အကွက်မျိုးကိုပဲ စောင့်ပြီး Trade ပါ။

၃။ စိတ်လှုပ်ရှားမှုကို သိအောင်လုပ်ပြီး ထိန်းချုပ်ပါ

ရှုးသွားလို စိတ်တိုပြီး ပြန်ရလိုစိတ်နဲ့ Revenge Trade လုပ်တာမျိုးက အကောင့်ကို ပျက်စီးစေတဲ့ အဓိကအချက်ပဲ။ စိတ်ထဲမှာ မတည်မငြိမ်ဖြစ်လာပြီဆိုရင် ကွန်ပျူတာရှေ့ကနေ ထွက်သွားနိုင်တဲ့ စည်းကမ်း (Self-control) ရှိရမယ်။ အမှားတွေ၊ အရှုးတွေကို သင်ခန်းစာယူပြီး ကိုယ့်ကိုယ်ကိုယ် ပြင်နိုင်မှ တိုးတက်လာမှာပါ။

၄။ ဈေးကွက်အခြေအနေကို နားလည်အောင်လုပ်ပါ

ဈေးကွက်က အမြဲပြောင်းလဲနေတာ။ Strategy တိုင်းက အခြေအနေတိုင်းမှာ အလုပ်မလုပ်ဘူး။ ဒါကြောင့် သတင်းရှိတဲ့ရက်တွေ (ဥပမာ FOMC, CPI, NFP ရက်တွေ) မှာ ကိုယ့် Strategy က ဘယ်လိုဖြစ်တတ်လဲဆိုတာ Journal ရေးပြီး လေ့လာထားပါ။ ကိုယ့်အတွက် အခွင့်အရေး အသာဆုံး အခြေအနေမျိုးမှာပဲ Trade ဖို လိုပါတယ်။

၅။ ဒီခရီးလမ်းကို ပျော်အောင်ဖြတ်သန်းပြီး ကိုယ့်ကိုယ်ကိုယ် တာဝန်ယူပါ

Trading က ခက်ခဲတဲ့ လမ်းကြောင်းဖြစ်တဲ့အတွက် အရှုးအနိုင်တိုင်းအတွက် ကိုယ်တိုင်တာဝန်ယူရမယ်။ အရှုးဆိုတာ ဒီဂိမ်းရဲ့ အစိတ်အပိုင်းတစ်ခုပဲလို လက်ခံလိုက်ပါ (Best loser ဖြစ်အောင်လုပ်ပါ)။ နောက်ပြီး YouTube ကြည့်တာ၊ စာအုပ်ဖတ်တာထက် ဈေးကွက်ထဲက Price Action ကို ကိုယ်တိုင်စောင့်ကြည့်ပြီး အတွေ့အကြုံယူတာက အထိရောက်ဆုံး သင်ယူနည်းပဲ ဖြစ်ပါတယ်။

Zi Hou (Unfiltered Trader)
LTI - Gold, Forex & Crypto

12/01/2026

Starting with An Essential Rule

(အရင် post မှာတုန်းက တစ်ပတ်အတွင်းရောက်နိုင်တယ်လို့ပြောခဲ့တဲ့ နေရာတစ်ခုကို ရောက်ခဲ့ပြီးတဲ့နောက်) အခု XAUUSD(Gold) ရဲ့ H4 ...
25/07/2025

(အရင် post မှာတုန်းက တစ်ပတ်အတွင်းရောက်နိုင်တယ်လို့ပြောခဲ့တဲ့ နေရာတစ်ခုကို ရောက်ခဲ့ပြီးတဲ့နောက်)
အခု XAUUSD(Gold) ရဲ့ H4 Chart မှာတွေ့ရတဲ့ လက်ရှိအချိန် အခြေအနေပါ။

ပုံမှာ မြှားအသေးပြထားတဲဲ့နေရာ Trend Line တွေရှိတဲ့ Zone ကို အောက်ဆက်ဖောက်ပြီးဆင်းခဲ့မယ်ဆိုရင် Market ဟာ မြှားထပ်ပြထားတဲ့အတိုင်းပဲ Target အနေနဲ့ 3200 Zone လောက်အထိ သွားနိုင်တဲ့ အနေအထားကို တွေ့ရပါတယ်။

(အတွေ့အကြုံရှိသော Trader များ လေ့လာရန် အတွက်သာဖြစ်ပြီး Buy/Sell အကြံပေးခြင်း မဟုတ်ပါ)

XAUUSD (Gold) ဟာ H4 Chart မှာ လက်ရှိဖြစ်ပေါ်နေတဲ့ Market အနေအထားများအရ တစ်ပတ်အတွင်းမှာ အခုလို ပြထားသလို ဆက်လက်ဖြစ်နိုင်တ...
18/07/2025

XAUUSD (Gold) ဟာ H4 Chart မှာ လက်ရှိဖြစ်ပေါ်နေတဲ့ Market အနေအထားများအရ တစ်ပတ်အတွင်းမှာ အခုလို ပြထားသလို ဆက်လက်ဖြစ်နိုင်တာကိုတွေ့ရပါတယ်။

(အတွေ့အကြုံရှိသော Trader များ လေ့လာရန် အတွက်သာဖြစ်ပြီး Buy/Sell အကြံပေးခြင်း မဟုတ်ပါ)

Address

Yangon
11061

Website

https://alllinks.cc/u/allinonecollectionsbylti

Alerts

Be the first to know and let us send you an email when Live Trading Ideas - LTI Unfiltered posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share