BHUMI geological services

BHUMI geological services Earth science knowledge shearing and services

04/05/2022
04/05/2022

မုတ္တမကမ်းလွန်ထုံးကျောက်ရေနံဓာတ်ငွေ့သိုက်များ

မုတ္တမကမ်းလွန်ကိုပြန်လေ့လာတဲ့အခါ ထုံးကျောက် ရေနံဓာတ်ငွေ့သိုက်တွေ အောက်ခံမီးသင့်အနည်ကျ ကျောက်တွေအပေါ်မှာ အလွှာလိုက်အုပ်တင်နေတာ ကို တွေ့နိုင်ပါတယ်။ Carbonate Build-up လို့ခေါ်တယ်။ ဒီထဲမှာ ရေနံဓာတ်ငွေ့တွေခိုအောင်း နေတယ်။
ဥပမာ- ရတနာ၊စိန်၊ (M-5-M-6) အောင်သင်္ခ (M-3) မှာတွေ့ရ တယ်။ မိုင်အိုစင်းသက်တမ်း ထုံးကျောက်တွေပါ။
ရတနာထုံးကျောက်ဆိုရင် ပွနှုန်းလည်းကောင်း၊ အပေါ်က ထိပ်အုပ်ကျောက်ရဲ့ ခိုင်ခန့်ကျစ်လစ်မှု ကြောင့် ခိုအောင်းနေတဲ့ ရေနံဓာတ်ငွေ့ကို ထွက် မသွားအောင် ကောင်းကောင်းထိန်းထား နိုင်တယ်။ ထိုက်သင့်တဲ့ အထူလည်းရှိတော့ စီးပွားဖြစ် ဓာတ်ငွေ့သိုက်အရွယ်အစားကို ရစေတယ်။
ဘူမိဗေဒအနေအထားကလည်း ထောက်ပံ့ပေးထား ပြန်တော့ ဓာတ်ငွေ့သိုက်ရဲ့ အထွက်နှုန်းကို ကျမသွား အောင် ရူပဗေဒသဘောတရားအရ Edge Water Drive အောက်ခြေဘေးက ရေနဲ့တွန်းပေးထား ပြန်တယ်။ ဒီအခြေအနေမျိုးက အလွန်တန်ဖိုး ကြီးတဲ့ သဘာဝဖြစ်တည်မှုပါပဲ။
ဒါကြောင့် ရတနာဓာတ်ငွေ့သိုက်က ရေရှည်ထုတ်နိုင် ပြီး ခန့်မှန်းတွက်ချက်ထားတဲ့ ဖိအား၊ ဓာတ်ငွေ့သိုက် ပမာဏတွေကို ပြောင်းလဲမှုမရှိစေပဲ အထောက်အပံ့ ဖြစ်စေပါတယ်။

ရတနာဓာတ်ငွေ့သိုက် ပမာဏကို 5.7 Tcf ထုတ်နိုင် မယ်လို့ ခန့်မှန်းခဲ့တယ်။ တကယ်လည်း ခန့်မှန်းတဲ့ အတိုင်း ထုတ်နိုင်နေဆဲပါပဲ။ စိန်ဓာတ်ငွေ့သိုက်လည်း အလားတူပဲ။ ရေနံဓာတ်ငွေ့သိုက်တစ်ခုရဲ့ ထုတ်လုပ် နိုင်စွမ်းက သူဖြစ်တည်နေတဲ့ ရူပဗေဒသဘောတရား တွေနဲ့ တတ်ရိုက်ဆက်စပ်နေတာကို သတိပြုနိုင်ပါ တယ်။

M-6 နဲ့ ကပ်နေတဲ့ M-3 လုပ်ကွက်အတွင်းမှာလည်း အလားတူ ထုံးကျောက် ဓာတ်ငွေ့သိုက်တွေ့ရပါတယ်။ သူကတော့ အလွန်ပါးပြီး အောက်ခံမီးတောင်အနည် ကျကျောက်(Volcano Clastic Basement) နဲ့ကပ်ပြီး တည်ရှိနေတယ်။ မိုင်အိုစင်းသက်တမ်းမှာ ကျတဲ့အနည်တွေ ဖြစ်ပေမဲ့ ဘူမိဗေဒအခြေအနေ မပေးဘူး။ ဓာတ်ငွေ့ရဲ့ အရည်အသွေးကလည်း ထိစပ်နေတဲ့မီးတောင်ရဲ့အငွေ့အသက်တွေဝင်နေလို့ H2S ပါဝင်မှုရှိနေ တယ်။ ပေတိမ်တိမ်မှာ ဖြစ်နေတဲ့ အတွက် ဖိအားနည်းတယ်။ ဒီအချက်တွေက ဓာတ်ငွေ့သိုက်တစ်ခုရဲ့ အရည် အသွေးကိုကျဆင်း စေတဲ့ အချက်တွေပါပဲ။

M-3 လုပ်ကွက်အတွင်းမှာ ရှာဖွေရေးတွင်းများစွာ တူးခဲ့ပြီး သဘာဝဓာတ်ငွေ့ရှိကြောင်း အတည်ပြုခဲ့ ပြီးပါပြီ။ သို့သော်လက်ရှိအခြေအနေမှာ စီးပွားဖြစ် ထုတ်လုပ်နိုင်စေမဲ့နည်းလမ်းကို စဉ်းစားကြရပါတယ်။ စိန်ခေါ်မှု များတဲ့ အနေအထားပါ။ ထုတ်နိုင်မယ့် ဓာတ်ငွေ့ပမာဏ 0.5 Tcf ခန့် ရှိပါတယ်။
လုပ်ကွက် M-6 ထဲက သူနဲ့ဆက်စပ်နေတဲ့ ထုံးကျောက်ဓာတ်ငွေ့သိုက်ကိုထပ်လေ့လာစမ်းသပ်ပြီး ပူးတွဲထုတ်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။ မြစ်ဝကျွန်း ပေါ် ကုန်းတွင်းမှာလည်း ဆက်စပ်နေတဲ့ အလားတူ ထုံးကျောက် အနည်တွေရှိနေတာကြောင့် ပူးတွဲ လေ့လာကြရမှာပါ။

အနောက်ဘက်ကမ်းလွန်အောက်ပိုင်း မုတ္တမကမ်း လွန်ရဲ့ အဖျား လုပ်ကွက် M-2 နဲ့ M-9, စတဲ့ နေရာတွေမှာ လည်း ထုံးကျောက်တွေထဲ မှာ သဘာဝဓာတ်ငွေ့တွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။
M-2 မှာ ပက်ထရိုဗီယက်နမ်တူး သွားခဲ့တာပါ။ အခြေအနေအရ ရှာဖွေရေးတွေပြီးအောင် မလုပ် နိုင်ခဲ့ပါဘူး။ M-8 နဲ့ M-11 မှာလည်း ထုံးကျောက် ခိုအောင်းလွှာတွေရှိနေပါတယ်။ ဒါကြောင့် မုတ္တမ ကမ်းလွန်ရဲ့ ရေနံခိုအောင်းဖြစ်တည်မှု စနစ်ကို ဆန်းစစ်ပြီး ထုံးကျောက်အလားအလာတွေကို ထပ်လေ့လာကြရမှာပါ။ တနသာင်္ရီကမ်းရိုးတန်း အရှေ့ဘက်ကုန်းမြင့် ဆင်ခြေ လျောတွေမှာလည်း ထုံးကျောက်တွေ တင်နေတာတွေ့ရပေမဲ့ ရေနံခိုအောင်းမှုကိုတော့ မတွေ့ခဲ့ရပါဘူး။

အခုတွေ့ခဲ့ရတာတွေက မိုင်အိုစင်းသက်တမ်း အတွင်းက ထုံးကျောက်လွှာတွေထဲက သဘာဝ ဓာတ်ငွေ့ ခို အောင်းမှုအခြေအနေတွေပါ။ ကုန်းပိုင်းမှာလည်း ထုံးကျောက်တွေထဲမှာ အလား အလာကောင်းတွေ ရှိနေတာ သိထားပြီးပါ။ တကယ်တော့ ရှေ့လုပ်ခဲ့ကြတာတွေက ပြီးပြည့်စုံမှု မရှိသေးပါဘူး။ ငွေကြေးအခက်အခဲ၊ တူးဖော်မှု အခက်အခဲ၊ အချိန်ကာလကန့်သတ်ချက် စတာ တွေကြောင့် ရပ်ခဲ့ရတာတွေရှိခဲ့ပါတယ်။ ကိုယ်တိုင်ပြန်ပြီး Interpretation လုပ်ရင် အယူဆသစ်တွေထွက်လာနိုင်ပါတယ်။

ဒီအချက်အလက်တွေက ရေနံရှာဖွေရေးဘူမိဗေဒ ပညာရှင်တွေအတွက် စဉ်းစားစရာ စိတ်ဝင်စားဖွယ် စိန်ခေါ်မှု တစ်ရပ်ပါ။ တိုင်းတာထားတဲ့ ဘူမိရူပဗေဒ အချက်အလက်တွေကို အချိန်ယူပြီးလေ့လာ ဆန်း စစ်ကြရင်အထောက်အကူဖြစ်စေမယ့် အဖြေ တစ်ခုရနိုင်လာမယ်လို့ မျှော်လင့်မိပါတယ်။

Knowledge Sharing

17/01/2022
09/10/2021
27/09/2021

Landsat 9, a NASA satellite built to monitor the Earth’s land surface, successfully launched at 2:12 p.m. EDT Monday from Vandenberg Space Force Base in California.

24/09/2021

Interested in learning about NASA Earth science datasets, services, and tools? Check out the Earthdata webinars on our YouTube channel at: www.youtube.com/c/NASAEarthdata. Here you will find over 120 data discovery and data access webinars, data tutorials, and more!

Additional learning resources can be found on the Earthdata website: https://earthdata.nasa.gov/learn

26/08/2021
12/08/2021
23/07/2021

GIS မှာသုံးဖို့ အတွက် မြန်မာတနိုင်ငံလုံးစာ
Latest OSM Spatial Data တွေကို
Shapefile အနေနဲ့ တကြိမ်တည်း
တိုက်ရိုက် download ရယူနိုင်ပါတယ်။
ဘာ account မှ ဝင်စရာမလို https://download.geofabrik.de/asia/myanmar.html ကိုသွားပါ။ Commonly used format အောက်မှာ
myanmar-latest-free.shp.zip ကို နှိပ်လိုက်ရင်ရပါပြီ။
File size 297 MB ရှိပါတယ်။
ဒီအောက်က link မှာလဲ download ယူနည်းကို
မြန်မာလို ရှင်းပြထားပါတယ်။
https://youtu.be/iswZ35fcgb4

Credit - Geomap

Geology Knowledge များ ပိုမို​လေ့လာလိုပါက
အောက်က လင့်ကိုနိုပ်ပြီး Group ထဲ ဝင်ခဲ့ပါ။
https://www.facebook.com/groups/316730329500072/?ref=share

Address

Yangon

Telephone

+959458468972

Website

Alerts

Be the first to know and let us send you an email when BHUMI geological services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share