Career Coaching by Phyoe

Career Coaching by Phyoe Providing the best advice to help you to kick your career into higher gear and to tackle your current career obstacles.

Thanks to those of you who joined my webinar on Job Search Secrets. I hope you find it useful. :) Comment below with any...
28/06/2020

Thanks to those of you who joined my webinar on Job Search Secrets. I hope you find it useful. :) Comment below with any other career topics you would like to cover.

17/06/2020

What is your dream career? 🧐
သင်ရည်မှန်းထားတဲ့ သင့်အိမ်မက်ထဲက career ကဘာလဲ?

15/06/2020

ဒီမှာမိုးတွေအရမ်းရွာပြီး internet လုံဝမကောင်းလို့ ပြီးခဲ့တဲ့အပတ်က video မတင်လိုက်လို့ ဒီနေ့မှာ အရင်videoတွေထဲက ရှယ်မယ်လို့ပြောထားတဲ့ interview etiquette ကိုဒီ video လေးမှာ ပြောပေးထားပါတယ်နော်။
Interview မှာ ဘာလိုကျင့်ဝတ်တွေကိုလိုက်နာသင့်တယ်ဆိုကိုရှယ်ပေးထားပါတယ်။
ဒီ video လေးမှာရှယ်ထားပေးတဲ့ Tips တွေကအသုံးဝင်တယ် ဆိုရင် မိမိရဲ့သူငယ်ချင်းအသိတွေပါအကျိုးရှိသွားအောင် video လေးကို share ပေးလိုက်ပါနော်။ sharing is caring. 😊
Career Coaching by Phyoe
Phyoe Hayman Kyaw
MBA in Human Resources Management

05/06/2020

ဒီနေ့တော့ How to answer the most common interview questions လေးတွေကို ဘယ်လိုဖြေရမလဲဆိုတဲ့ tips လေးကို Part 3 အနေနဲ့

1. Why are leaving your current job?
2. Where do you see yourself in 5 years?

ဆိုတဲ့အချက်လေးရှယ်ပေးထားပါတယ်နော်။

နောက် video တွေမှာလဲ Interview Etiquette နဲ့ Interview သွားရင် ဘာတွေကိုယူသွားရမလဲဆိုတဲ့ interview ဖြေဆိုရမှာ အသုံးဝင်မဲ့ tips လေးတွေ ရှယ်ပေးသွားမှာဖြစ်တဲ့အတွက် page လေးကို like လုပ်ထားပေးပါနော်။

ရှယ်ထားပေးတဲ့Tips တွေက အားလုံးအတွက်အသုံးဝင်ပါစေလို့ မျှော်လင့်ပါတယ်။

Career Coaching by Phyoe
Phyoe Hayman Kyaw
MBA in Human Resources Management

03/06/2020

ဒီနေ့တော့ How to answer the most common interview questions လေးတွကို ဘယ်လိုဖြေရမလဲဆိုတဲ့ tips လေးကို Part 2 အနေနဲ့
1. What is your strength?
2. What is your weakness?
ဒီ video လေးမှာ ပြောပြထားပေးပါတယ်။

နောက် Part 3 Video မှာတော့
1. Why are leaving your current job?
2. Where do you see yourself in 5 years?
ဆိုတဲ့မေးခွန်းတွေကိုဖြေတဲ့အခါမှာ အသုံးဝင်မဲ့ tips လေးတွေ ရှယ်ပေးသွားမှာဖြစ်တဲ့အတွက် page လေးကို like လုပ်ထားပေးပါ။

ရှယ်ထားပေးတဲ့Tips တွေက အားလုံးအတွက်အသုံးဝင်ပါစေလို့ မျှော်လင့်ပါတယ်။

Career Coaching by Phyoe
Phyoe Hayman Kyaw
MBA in Human Resource Management

01/06/2020

ဒီနေ့တော့ how to answer the most common interview questions လေးတွကို ဘယ်လိုဖြေရမလဲဆိုတဲ့ tips လေးတွေရှယ်သွားပေးချင်ပါတယ်။

1. Tell me about your self.
2. Why should we hire you?
အဲမေးခွန်း ၂ မျိုးကို Part 1 အနေနဲ့ ဒီ video လေးမှာ ပြောပြထားပေးပါတယ်။

နောက်video တွေမှာ
1. What is your strength?
2. What is your weakness?
ဆိုတဲ့မေးခွန်းတွေကိုဖြေတဲ့အခါမှာ အသုံးဝင်မဲ့ tips လေးတွေ ရှယ်ပေးသွားမှာဖြစ်တဲ့အတွက် page လေးကို like လုပ်ထားပေးပါ။

ရှယ်ထားပေးတဲ့Tips တွေက အားလုံးအတွက်အသုံးဝင်ပါစေလို့ မျှော်လင့်ပါတယ်။
Career Coaching by Phyoe
Phyoe Hayman Kyaw
MBA in Human Resource Management

26/05/2020

ဖြိုးဒီနေ့ video လေးနဲ့ How to prepare for your interview ဆိုတဲ့ topic လေးရှယ်ပေးပါမယ်နော်။ ဒီရက်ပိုင်းအတွင်းအလုပ်များနေတာရယ် ဒီ video ကိုအခေါက်ခေါက်အခါခါရိုက်နေရနဲ့ ဘာမှမရှယ်ပေးမိဘူးဆိုတော့ကာ ဒီ video လေးမှာ
အပိုင်း၃ ပိုင်းကိုရှယ်ထားပေးပါတယ်။

👉 Analyze JD
👉 Research the company
👉 Interview dress code

အဲအချက်လေးတွေရှယ်ပေးထားပါတယ်နော်။
နောက်ကျန်တဲ့အပိုင်းတွေဖြစ်တဲ့

👉 How to answer interview questions
👉 What to bring to interview
👉 Interview Etiquette

လေးတွေကိုရှယ်ပေးသွားမှာမို့ page လေးကို like လုပ်ထားပေးပါရှင်။

Cover letter service လာအပ်သွားတဲ့ clients များကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်နော်။

ဒီလို career advice လေးတွေကို သီးသန့်ဆွေးနွေးချင်တယ်ဆိုရင်တော့ ၃၀ မိနစ် free section လေးရှိပါတယ်နော်။ chatbox မှာ အသေးစိတ်ဆွေးနွေးလို့ရပါတယ်ရှင့်။

Career Coaching by Phyoe
Phyoe Hayman Kyaw
MBA in Human Resources Management

ကျန်တဲ့ cover letter tips လေး ၃ ချက်ကို ဆက်ရှယ်ပါမယ်ရှင့်။ ➡️ Highlight the qualifications and skills that make you perf...
20/05/2020

ကျန်တဲ့ cover letter tips လေး ၃ ချက်ကို ဆက်ရှယ်ပါမယ်ရှင့်။

➡️ Highlight the qualifications and skills that make you perfect for the job and the company in the body section
ဒီနေရာမှာ ကိုယ့်ရဲ့ အတွေ့အကြုံတွေ ကိုယ်ပိုင်ဆိုင်ထားတဲ့ skills တွေဟာ အခုကိုယ်လျှောက်တဲ့ position နဲ့ ကိုက်ညီပါတယ်ဆိုတာမျိုးရေးသင့်ပါတယ်လို့အကြံပြုပါရစေ။ ဒါကိုတော့ opening line ပြီးရင် နောက်တစ်လိုင်းမှာ body letter အဖြစ်နဲ့ရေးရမှာဖြစ်ပါတယ်။ ဒီနေရာမှာ သတိပြုသင့်တာကိုယ့် cv form က ကိုယ်ရေးခဲ့တဲ့ဟာတွေကိုပဲ repeat ပြန်မလုပ်မိစေဖို့ပါ။ ကိုယ့်cv မှာဖော်ပြခဲ့တဲ့ key အချက်အလက်တွေကို extend လုပ်ပြီး sentence အပြည့်ရေးပြရမှာဖြစ်ပါတယ်။
ပြီးတော့ ကိုယ့်လျှောက်တဲ့ job post မှာ ဖော်ပြထားတဲ့ JD ကို reference ယူပြီး ကိုယ်ရဲ့ experiences ကို highlight ရေးပြနိုင်ပါတယ်။
​ကိုယ်ဘာတွေထူးထူးခြားခြားအလုပ်မှာအောင်မြင်ခဲ့ဖူးလဲ။ team အလိုက်လုပ်ဖူးတဲ့ project ရှိခဲ့လား။ အလုပ်မှာ ကိုယ်အကြံပေးလိုက်လို့ အဆင်ပြေသွားတာမျိုးတွေပါ ထည့်ရေးလို့ရပါတယ်။ နောက်အချက်က ကိုယ့်ဘယ်လို contributeလုပ်နိုင်ပါတယ်ဆိုတာကို short to the point ရေးပေးဖို့ပါ။
သတိထားသင့်တဲ့အချက်က ဒီနေရာမှာ ကိုယ့် education ကို အလွန်အမင်းဖော်ပြတတ်ကြတာပါ။ education က cv မှာဖော်ပြထားပြီးဖြစ်လို့ higher education က ကိုယ် contribute လုပ်ရမှာ ဘယ်လိုအထောက်အပြုပါတယ်ဆိုတဲ့ပုံစံမျိုးလောက်ပဲဖော်ပြ ပေးပါ။ တချို့ cover letter တွေဒီနေရာမှာeducation အကြောင်းရေးထားတာနဲ့တင် တစ်ပိုဒ်လုံးပြည့်သွားတာမျိုးတွေ့ဖူးပါတယ်။ ဒီနေရာကို recruiter တွေက education ထက် experiences and skills ကိုပိုစိတ်ဝင်စားပါတယ်။ နောက်တစ်ခုက အရမ်း formal ဆန်တာကလဲ robot ဆန်စေသလို ကိုယ်ကိုယ်တိုင်ကိုယ့်အ​ကြောင်းရေးထားတယ်လို့ recruiter တွေကိုမခံစားရစေပါဘူး။ဆိုတော့ကာ over formal မဖြစ်စေပါနဲ့လို့ personally အကြံပေးပါရစေ။ cover letter ဟာအရှည်ကြီးရေးထားရင်လဲ boring ဖြစ်စရာကောင်းပါတယ်နော်။250 300 words ဟာဖတ်တဲ့သူအဖို့ရောရေးရတဲ့သူအဖို့ပါအသင့်တော်ဆုံးလို့ထင်ပါတယ်။

➡️ Write a closing line to persuade for interview
ဒီအပိုင်းကိုတော့ short and sweet ဖြစ်အောင်ရေးသင့်တယ်လို့အကြံပေးပါရစေ။ ဥပမာ- I look forward to hearing from you. Recruiter တစ်ယောက်အနေနဲ့ အဲလိုစာကြောင်းအခေါက်တစ်သိန်းလောက်မြင်ဖူးပြီးဖြစ်လို့အရမ်းရှေးရိုးဆန်ပြီး ဆွဲဆောင်မှုမရှိပါဘူး။ ပြီးတော့ closing ဆိုတာ recruiter တွေကိုဆွဲဆောင်ဖို့ နောက်ဆုံးအခွင့်အရေးဆိုတာမမေ့ပါနဲ့။
ဥပမာ- I welcome the opportunity to speak with you about how I can contribute.
ဒါမှမဟုတ် I am passionate about ABC company’s mission and would love to bring my good communication skill to this position. good communication နေရာမှာ ကိုယ့်confident အဖြစ်ဆုံးskill ကိုထည့်လဲရပါတယ်နော်။

➡️ Add your signature and contact details.
ဒီနေရာမှာတော့ အပေါ်ကစာတွေပြီးသွားရင် ကိုယ့်နာမည်အပြည့်အစုံအပြင်ကို ဆက်သွယ်လို့ရမဲ့ phone number ရယ် email ရယ်ကိုပါတခါတည်းထည့်ပေးလိုက်တာပိုကောင်းပါတယ်လို့ အကြံပေးပါရစေ။
ဥပမာ-
Sincerely,
Phyu Phyu
09-123456789
[email protected]
အဲလိုမျိုးလေးရေးလို့ရပါတယ်။

Bonus tips အနေနဲ့အကြံပေးချင်တာက အစအဆုံးကို မပို့ခင်သေချာပြန်ဖတ်ပြီးစစ်ပါ။ letter လိုရေးရတာမို့ ကိုယ်ရေးထားတာတွေက ဖတ်ရသူတွေအတွက် smooth ဖြစ်နေသင့်ပါတယ်။ Repeat လုပ်ထားတာမရှိသင့်ပါဘူးနော်။ spelling တွေ Grammer တွေကိုသေချာပြန်စစ်ဖို့အကြံပေးလိုက်ပါရစေ။

cover letter ကိုဒီလိုမျိုးသေချာလေးရေးချင်ပေမဲ့ မရေးတတ်ပါဘူး company အကြီးတွေမှာလဲ join ချင်ပါတယ်ဆိုတဲ့ဘသူတွေအတွက် cover letter service လေးရှိပါတယ်ရှင့်။ page ရဲ့ chat box မှာ service အသေးစိတ်ကိုမေးလို့ရပါတယ်နော်။ 😊

မနေ့ပြောခဲ့သလို ကိုယ့် cover letter ကို structure လုပ်ပြီးပြီဆိုရင် အသေးစိတ်အချက်အလက်တွေဘယ်လိုဖြည့်ရမလဲဆိုတဲ့ Tips တွေဒီ...
19/05/2020

မနေ့ပြောခဲ့သလို ကိုယ့် cover letter ကို structure လုပ်ပြီးပြီဆိုရင် အသေးစိတ်အချက်အလက်တွေဘယ်လိုဖြည့်ရမလဲဆိုတဲ့ Tips တွေဒီနေ့ရှယ်ပေးပါမယ်။

➡️ Contact Details of the company your apply for.

ဒီနေရာမှာ ကိုယ်အလုပ်လျှောက်မဲ့ company ရဲ့လိပ်စာကိုရေးရမှာဖြစ်ပါတယ်။အဲဒါမလို့ ကိုယ်လျှောက်တဲ့အလုပ်တစ်ခုချင်းစီအတွက် cover letter သပ်သပ်စီရေးဖို့ အကြံပေးရခြင်းဖြစ်ပါတယ်။ လူတွေကစာဖတ်ရင် ကိုယ့် company နာမည်လေးပါတာပိုပြီး impress ဖြစ်ပါတယ်နော်။ first impression ပိုကောင်းပါတယ်။ company တည်နေရာကိုဘယ်လိုမှစုံစမ်းမရဘူးဆိုရင်တော့ ချန်ခဲ့ရမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့
Hiring Manager
Title
Company Name
Address
အဲလိုအစီအစဉ်အတိုင်းရေးဖို့အကြံပြုပါတယ်နော်။ Cover Letter ရဲ့ အစမှာ ရေးရမှာဖြစ်ပါတယ်။
Mr. Smith
HR Manager
ABC Company
The Address
အဲလိုရေးလိုက်တာဟာ cv တွေအများကြီးထဲက ကိုယ့် cv ကိုပိုပြီးတော့ attention ရစေပါတယ်။ HR နာမည်ကိုစုံစမ်းလို့မရရင်တော့ HR Manager ဆိုပီး လိပ်မူလို့ရပါတယ်နော်။

➡️ Use an appropriate salutation.

​ဒီနေရာမှာတော့ရှေးရိုးအရမ်းဆန်ပီးရိုးအီနေတဲ့ To Whom it May Concerned တို့ Dear Sir or Madam ဆိုတာကြီးကိုတတ်နိုင်သမျှရှောင်ပါလို့ personally အကြံပေးချင်ပါတယ်။ company က recruiter တွေရဲ့နာမည်ကို အသိတွေကနေတစ်ဆင့် LindedIn or facebook တို့ကနေဖြစ်ဖြစ်ရှာဖွေတီးခေါက်ကြည့်ပြီး Mr or Ms ဆိုပြီး နာမည်ကိုရေးတာဟာ ပိုပြီးတော့ attractive ဖြစ်ပါတယ်။ လုံးဝရှာမရရင်တော့ HR Manager ဒါမှမဟုတ် ကိုယ့်လျှောက်တဲ့ Department Head role ကိုရေးလို့ရပါတယ်။ ဥပမာ- Dear IT Hiring Manager, Dear Marketing Hiring Manager စသဖြင့်ရေးဖို့ Tips လေးပေးလိုက်ပါတယ်။

➡️ Start the opening line with your passions.

ဒီ opening line ကလဲအရေးကြီးပါတယ်နော် ဒီနေရာမှာ boring ဖြစ်နေရင် အောက်ကိုတောင်တက်ဖတ်ကြမယ်မထင်ပါဘူးနော်။ ဒီနေရာမှာ နောက်ထပ် personally အကြံပေးချင်တာက I am ဘယ်သူဖြစ်ပါတယ်နဲ့ မစပါနဲ့ cv ပါ ပြူးနေအောင်နာမည်ကြီးကပါနေပြီးသားပါနေယ်။ ပြီးတော့ I am writing this letter to apply စသဖြင့်လဲမစပါနဲ့ အရမ်းကို ရှေးရိုးဆန်နေပါတယ်နော်။ ဒီနေရာကို ကိုယ့်ကို မှတ်မှတ်သားသားဖြစ်သွားအောင်စမိတ်ဆက်ရမှာဖြစ်ပါတယ်နော်။ ဒီအလုပ်လျှောက်တာကြုံလို့လျှောက်လိုက်တာမျိုးမဖြစ်အောင် အလုပ်နဲ့ passion အပြည့်နဲ့လျှောက်တာမျိုးဖြစ်အောင်ရေးသင့်ပါတယ်။ ကြုံလို့လျှောက်ဦးတော့ recruiter တွေမသိပါစေနဲ့နော်။ ဒါမှမဟုတ် ဒီcompany နဲ့ပတ်သက်တဲ့အချက်အလက်က ကိုယ်နဲ့ဆက်နွယ်လာတာကနဲ့ပတ်သက်ပြီးအလုပ်လျှောက်ဖြစ်တဲ့အကြောင်း စသဖြင့် ကွန့်ပီး ကိုယ်ရေးတတ်ရင်ရေးတတ်သလို attention ရအောင်ရေးလို့ရပါတယ်။ ဥပမာအားဖြင့်

I am excited to apply for Marketing Manager position at ABC Company. Although I am happily employed as a Marketing Manager for The Company, the job post from ABC Company stopped me in my tracks, I have been a fan of ABC Company since it entered the industrial and have always been impressed by the way ABC Company treats its customer and employees.

အဲလိုမျိုး ကိုယ့်ဒီ company နဲ့ပတ်သက်ပြီးဘယ်လောက် passion ရှိတယ် ဒီ company မှာ join ချင်လွန်းလို့ အမြဲမပြတ် keep an eye လုပ်နေတာမျိုးဖော်ပြတာက အရမ်း creative ဖြစ်ပြီး recruiter တွေရဲ့ attention ကို ကောင်းကောင်း draw လုပ်နိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် company အကြီးကြီးတွေမှာလျှောက်တဲ့ အခါ position တစ်နေရာအတွက် ရာနဲ့ချီ cv တွေကြားမှာ ကိုယ့် cv က recruiter တွေအတွက် မှတ်မှတ်ရရဖြစ်စေမှာပါ။

cover letter ကိုဒီလိုမျိုးသေချာလေးရေးချင်ပေမဲ့ မရေးတတ်ပါဘူး company အကြီးတွေမှာလဲ join ချင်ပါတယ်ဆိုတဲ့သူတွေအတွက် cover letter service လေးရှိပါတယ်ရှင့်။ page ရဲ့ chat box မှာ service အသေးစိတ်ကိုမေးလို့ရပါတယ်နော်။ 😊

စာလဲရှည်သွားပြီမို့ နောက်ရက်ကျရင် ကျန်တဲ့အပိုင်းတွေရဲ့ အသေးစိတ်ကို ထပ်ရှယ်ပေးမှာမို့ Please Stay Tune💕

Hope you all had a good weekend!  ဖြိုး စနေ တနင်္ဂနွေ က နားနေတာနဲ့ ဘာမှမရှယ်မိလိုက်ဘူး ဆိုတော့ကာ..... ဒီနေ့တော့ ခေါင်းစဉ...
18/05/2020

Hope you all had a good weekend!

ဖြိုး စနေ တနင်္ဂနွေ က နားနေတာနဲ့ ဘာမှမရှယ်မိလိုက်ဘူး ဆိုတော့ကာ.....

ဒီနေ့တော့ ခေါင်းစဉ်အသစ်လေးအဖြစ်နဲ့ cover letter ရေးနည်းလေးရှယ်ပေးသွားမှာဖြစ်ပါတယ်။

cover letter ဆိုတာတချို့တွေတွေးကြမယ် လိုလို့လာပေါ့ recruiter တွေကရောဖတ်ကြမှာလားပေါ့ cv form ပြည့်ပြည့်စုံစုံတွဲပို့ထားပဲပေါ့။ ဟုတ်ပါတယ် ဖတ်ကြပါတယ် email ပို့ရင်ပိုပြီးတောင် အသုံးဝင်ပါသေးတယ်နော်။ cv မှာ လူတွေတော်တော်များများဖော်ပြချင်ကြတဲ့ team player တို့ hardwork ဆိုတာတွေကို cover letter ထဲ မှာ ကိုယ်ရခဲ့တဲ့ achievement တွေ team အလိုက်အောင်မြင်ခဲ့တဲ့ အချက်အလက်တွေကို short to the point bullet နဲ့ရှင်းပြနိုင်ပါတယ်။ cv မှာမပါတဲ့ ကိုယ်ဟာ opening position နဲ့ fit ဘယ်လိုဖြစ် ပါတယ်ဆိုတာ recruiter တွေကို လှလှပပ convince လုပ်နိုင်ပါတယ်။ cv formဟာ ကိုယ်လုပ်တဲ့ past experiences တွေကိုရှင်းပြပြီးcover letter ဟာ ကိုယ်ဘာတွေ company ကို contribute လုပ်မဲ့ what I can do ကိုပြောပြတာလို့ အလွယ်ပြောလို့ရပါတယ်။

ကဲ... ဒီလိုအရေးကြီးပီး လိုသလိုသုံးရတဲ့ cover letter ကို ဘယ်လို tips တွေသုံးပြီးရေးလို့ရသလဲဆိုတာကို အောက်မှာ တစ်ချက်ချင်းအသေးစိတ်ရှင်းပြပေးပါမယ်ရှင်။

👉 Structure your cover letter

ကိုယ့်ရဲ့ cover letter ကို အောက်ပါအတိုင်း generally အပိုင်း ၆ ပိုင်းခွဲပြီးမှ detail အချက်အလက်တွေလိုက်ဖြည့်ပါ။ နောက်တစ်ချက်က write a tailored cover letter for every job you apply for ပါ။ cover letter တစ်ခုထဲ create လုပ်ပြီး တွေ့သမျှအလုပ်အကုန်မလျှောက်ဖို့အကြံပေးပါရစေ။ cv writing tips ထဲမှာလဲ တစ်ခါအကြံပေးဖူးပါတယ်နော်။ ဖြိုးစာတွေဖတ်တဲ့သူဆိုသိလောက်ရောပေါ့ 😊

➡️ Contact Details of the company your apply for.
➡️ Use an appropriate salutation.
➡️ Start the opening line with your passions.
➡️ Highlight the qualifications and skills that make you perfect for the job and the company in the body section
➡️ Write a closing line to persuade for interview
➡️ Add your signature and contact details.

ထုံးစံအတိုင်းပဲတစ်ခုချင်းစီရဲ့ အသေးစိတ်အချက်အလက်ကို နောက်ပိုစ့်တွေမှာဖော်ပြပေးသွားမှာမို့ please stay tune💕

ဒီနေ့တော့ ကျန်နေတဲ့ အချက်လေးငါးချက်ကိုပေါင်းပီးပြောပြပေးသွားပါမယ်။ 📘 Notice Periodပြီးခဲ့တဲ့ပို့စ်မှာပြောခဲ့သလို ဒီနေရာမ...
15/05/2020

ဒီနေ့တော့ ကျန်နေတဲ့ အချက်လေးငါးချက်ကိုပေါင်းပီးပြောပြပေးသွားပါမယ်။

📘 Notice Period
ပြီးခဲ့တဲ့ပို့စ်မှာပြောခဲ့သလို ဒီနေရာမှာ ကိုယ်အလုပ်ရခဲ့သည် ရှိသော် ဘယ်လောက်ကြာပြီးမှ ဝင်နိုင်မလဲဆိုတာကိုဖော်ပြပေးရမှာပါ။ ကိုယ်ကအခုမှအလုပ်စရှာနေတယ် လက်ရှိလဲအလုပ်မလုပ်သေးဘူးဆိုရင် immediate လို့ထည့်လို့ရပါတယ်။ တစ်လဆို One Month Notice, Three Months Notice စသည်ဖြင့်ထည့်ပေးရမှာဖြစ်ပါတယ်။ ဒါဆို recruiter အနေနဲ့ ဘယ်တော့လောက် ဒီ candidate ဟာ အလုပ်ဝင်နိုင်မလဲဆိုတာတန်းသိနိုင်ပါတယ်။ဆိုတော့ မကိုက်ညီရင်မကိုက်ညီသလို ကိုက်ညီရင်ကိုက်ညီသလို ရွေးချယ်သွားမှာဖြစ်ပါတယ်။ အချက်အလက်ပိုပြည့်စုံတဲ့ CV တစ်စောင်အဖြစ် သတ်မှတ်ခံရနိုင်ပါသေးတယ်။

📘Expected Salary
ဒါလဲစောစောကပြောသလိုပါပဲ ဒီအချက်အလက်ပါရင် recruiter တခါတည်းမြင်ပီး ညှိလို့ရပါတယ်။ ကိုယ့်ဘက်ကကျတော့ ဒီလောက်မှမရရင်မလုပ်ဘူးဆိုတာမျိုးမရှိရင် Negotiable လို့ထည့်ပေးလို့ရပါတယ်။ ဖြ်ိုးရဲ့ personal အမြင်အရကတော့ ထည့်စေချင်ပါတယ် နှစ်ဦးနှစ်ဖက်အချိန်မကုန်အောင်လို့ပါ။ ဖြစ်ဖူးကြမယ်ထင်တယ်။ ကိုယ်က interview ရလို့သွားလိုက်တယ် ဟိုရောက်မှ ပေးနိုင်တဲ့လစာက ကိုယ်မှန်းထားတာထက်အဆမတန်နည်းနေလို့ ညှိလို့လဲမရလို့ second interview ကို အားနာနာနဲ့ငြင်းလိုက်ရတာမျိုးတွေလေ။ ကိုယ့်သာဒီနေရာမှသေချာထည့်ထားရင် recruiter ဟာ သတ်မှတ်ထားတဲ့ range အတွင်းဆိုခေါ်ကိုခေါ်မှာပါ။ ဒါဆို နှစ်ဦးနှစ်ဖက်အချိန်ကုန်တာမျိုးတွေမဖြစ်တော့ပါဘူး။ အခုမှ စအလုပ်လုပ်မယ် ဘယ်လောက်ရရ အတွေ့အကြုံရချင်တာပါဆိုတဲ့သူတွေကတော့ Negotiable ကပိုအဆင်ပြေပါလိမ့်မယ်နော်။

📘 References
ဒါကကျတော့ ကိုယ်လျှောက်တဲ့ Company ရဲ့ HR practice နဲ့ပိုဆိုင်ပါတယ်။ တချို့ company တွေဆို လုံးဝ reference မလိုက်ပါဘူး။ တချို့ company ကျတော့လဲ reference ကို အရင် ၁၀ နှစ်ထိလိုက်ကြတယ်။ တချို့ Org အကြီးတွေဆို reference ကျရင် ခန့်ကိုမခန့်တာပါ။ ဆိုတော့ ထည့်လို့သင့်သလို မထည့်ပဲလဲရပါတယ်။ တကယ်လို့ ကိုယ့်ကိုခန့်တဲ့ company က တကယ်ကိုreference လိုက်တဲ့ company ဆိုတော့ HR ကဆက်သွယ်ပြီးမေးမှပြောလဲရပါတယ်။ optional ပါ။ CV မှာလုံးဝမဖော်ပြချင်ဘူးဆိုရင်တော့ References will be provided upon request ဆိုပီးထည့်ထားလို့ပါတယ်။ ဖြိုးကတော့ဒါမျိုးပဲထည့်ဖို့ personally အကြံပေးပါရစေ။

📘Interest
ဒီနေရာမှာက ကိုယ့်အကြောင်းကို Interest လှတာလေးတွေဖြည့်ပီးပြလို့ရသလို ကောင်းကောင်းမွန်မွန်မထည့်ရင် recruiter တွေရဲ့ စဉ်းစားစရာအချက်တစ်ချက်ဖြစ်သွားနိုင်ပါတယ်။ Reading တို့ Travelling တို့ စသည်ဖြစ့်ထည့်လို့ရပါတယ်။ ဒါလဲပဲ optional ပါ။

📘 Other Skills
ဒီမှာကကျတော့ ကိုယ့်ဖော်ပြထားတဲ့ skill တွေရယ် processional profile မှာမပါတဲ့ အခြားသော skills တွေရှိရင်ထည့်နိူင်ပါတယ်။ ဥပမာ- Strong Knowledge in IT, Photographing စသည်ဖြင့်ထည့်နိုင်တယ်။ ဒီလိုအချက်အလက်တွေဟာ recruiter တွေကိုဆွဲဆောင်နိုင်တဲ့နည်းတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။

Bonus Tip အနေနဲ့ပြောပြပေးချင်တာကတော့ CV မှာ ထည့်မဲ့ ကိုယ့် Photo မှာ ဖြစ်နိုင်ရင် Quality ကောင်းကောင်းနဲ့ Professional Post နဲ့ရိုက်ထားတာကိုပဲထည့်ပါ။ ဖြိုးတွေ့ဖူးတဲ့ တချို့ cv တွေမှာ Selfie ပုံတွေတင်ထားတာအရမ်းကို မလေးစားရာကျပါတယ်နော်။ Unprofessional ဖြစ်ပါတယ်။ First impression လဲကျပါတယ်။ ကိုယ့်မှာphoto ကောင်းကောင်းမရှိရင် ကိုယ့်ဖုန်းနဲ့ပဲ professional post နဲ့ဓါတ်ပုံရိုက်ပီးထည့်ပါနော်။ Selfie ပုံကိုလုံးဝမထည့်ပါနဲ့လို့ အကြံပေးပါရစေ။

အားလုံးပဲ အရင်ပိုစ့်တွေနဲ့ အခုပိုစ့်မှာရှယ်ထားပေးတာတွေက တစ်နည်းမဟုတ်တစ်နည်းအသူံးဝင်မယ်လို့မျှော်လင့်ပါတယ်။

CV တွေထပ်လာအပ်ကြလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ နောက်အပတ်မှာအားလုံးအပြီးပို့ပေးပါမယ်နော်။

နောက်ပို့စ်တွေမှာလဲ cover letter ရေးနည်းတွေ၊ interview ဖြေတဲ့အခါ အသုံးဝင်မဲ့ Tips တွေကို သိသလောက်ရှယ်ပေးသွားဦးမှာမလို့ Stay Tune ပါနော်။

Address

Gems Condo, Thazin Street, Hlaing Township
Yangon

Telephone

+959784339671

Website

Alerts

Be the first to know and let us send you an email when Career Coaching by Phyoe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Career Coaching by Phyoe:

Share