Khit Zone Movies

Khit Zone Movies Htay Ko Lin

Creator | Blogger

Sharing my daily life, thoughts and experiences.

 #မေတ္တာမပျက်သောစေတနာအမှား   တစ်ခါတစ်ရံမှာ ကျွန်တော်တို့တတွေက တစ်ဖက်လူကိုကောင်းစားစေချင်တဲ့ဆန္ဒနဲ့ ကိုယ်ထင်တာကို ပြောတတ်...
11/06/2026

#မေတ္တာမပျက်သောစေတနာအမှား

တစ်ခါတစ်ရံမှာ ကျွန်တော်တို့တတွေက တစ်ဖက်လူကိုကောင်းစားစေချင်တဲ့ဆန္ဒနဲ့ ကိုယ်ထင်တာကို ပြောတတ်၊ လုပ်တတ်ကြပါတယ်။ အဲ့လိုကိုယ်ရဲ့လုပ်ရက်တွေက ကိုယ်ဘက်ကစေတနာမေတ္တာတွေနဲ့ ဖြူစင်စွာလုပ်ပေးတာမှန်ပေမဲ့ တစ်ဖက်လူရဲ့အခြေအနေကိုကောင်းကောင်းနားမလည်တော့ အနာနဲ့ဆေးနဲ့လွဲသလိုမျိုးဖြစ်ပြီး စေတနာတွေကဝေသနာတွေအဖြစ်ပြောင်းလဲကာ ကူညီတာလို့မမြင်ဘဲ ရန်လိုတဲ့အထိပါဆက်ဆံခံရတတ်ပါတယ်။ ဒါကြောင့် ကိုယ့်အတွက်ဘယ်လောက်ပဲကောင်းတဲ့အရာဖြစ်ပါစေ ကိုယ့်အတွက်ကောင်းလို့အသုံးဝင်တိုင်း သူအတွက်လဲကောင်းမှာဘဲဆိုတဲ့စိတ်နဲ့ စေတနာတွေမပိုမိခင် ကိုယ်ပေးမည့်အရာက သူနှင့်သင့်တော်၏ ၊ မတော်၏ကိုအရင်ဆုံး စဥ်းစားချင့်ချိန်ကြည့်သင့်ပါတယ်🌹

🌹အားလုံးပဲကျန်းမာချမ်းသာကြပါစေခင်ဗျာ🌹

 #ပြောသမျှတိုင်းသာခေါင်းညိမ့်နေလျှင်......   တစ်ခါတစ်လေမှာ မဖြစ်သင့်မှန်းသိလျက်နဲ့ ခေါင်းညိမ့်လိုက်ရတဲ့အခါတွေရှိတယ်။ မလိ...
10/06/2026

#ပြောသမျှတိုင်းသာခေါင်းညိမ့်နေလျှင်......

တစ်ခါတစ်လေမှာ မဖြစ်သင့်မှန်းသိလျက်နဲ့ ခေါင်းညိမ့်လိုက်ရတဲ့အခါတွေရှိတယ်။ မလိုက်လျောချင်ပါဘဲ အားနာလို့ဆိုတဲ့စိတ်နဲ့ လိုက်လျောပေးမိတဲ့အချိန်တွေရှိတယ်။ တစ်ခါတစ်ရံဆို အားနာတဲ့စိတ်ကအနိုင်ယူပြီး မလိုက်လျောသင့်၊မဖြစ်သင့်၊ မပေးသင့်ပါဘဲ မရှိအရှိရှာပြီး ခေါင်းညိမ့်ကာဖြည့်ဆည်းပေးမိလိုက်တဲ့အခိုက်အတန့်တွေတောင်ရှိတတ်ပါသေးတယ်။ တကယ်တော့ အဲ့ဒီအားနာတဲ့စိတ်တစ်ခုတည်းနဲ့ ခေါင်းညိမ့်နေခြင်းကမကောင်းတဲ့အရာတစ်ခုပါ။ ပြောသင့်တာပြောရဲရသလို တစ်ဖက်လူရဲ့ တောင်းဆိုခြင်းကိုဖြစ်စေ ဦးနှောက်နဲ့အသေချာဆန်းစစ်ပြီးမှ ခေါင်းညိမ့်သင့်ရင်ခေါင်းညိမ့်ရသလို ခေါင်းခါသင့်ရင်လည်းခေါင်းခါသင့်ပါတယ်။ သူများပြောသမျှတိုင်းသာ အရာရာကိုအသိဥာဏ်မဲ့တဲ့ပုတ်သင်ညိုတစ်ကောင်လိုခေါင်းညိမ့်နေခြင်းထက် ခေါင်းခါသင့်ရင်ပြတ်သားစွာခေါင်းခါလိုက်ခြင်းက မလိုလားအပ်တဲ့အန္တရာယ်နှင့် လူတစ်ချို့ရဲ့ မာယာပိုက်ကွန်ထဲကလွတ်မြောက်သွံားတတ်ပါတယ်။

ဟုတ်ကဲ့ အားလုံးပဲကျန်းမာချမ်းသာကြပါစေခင်ဗျာ🌹

အားလုံးပဲ Good Morningနော်အစစရာရာအဆင်ပြေကြပါစေခင်ဗျာ တစ်နေ့တာလုပ်ငန်းဆောင်တာများကို အခက်ခဲမရှိ ချော့ချော့မွေ့မွေ့ကျော်ဖြ...
07/06/2026

အားလုံးပဲ Good Morningနော်
အစစရာရာအဆင်ပြေကြပါစေခင်ဗျာ တစ်နေ့တာလုပ်ငန်းဆောင်တာများကို အခက်ခဲမရှိ ချော့ချော့မွေ့မွေ့ကျော်ဖြတ်နိုင်ကြပါစေခင်ဗျာ

အပန်းမကြီးလို့ မာနမကြီးတတ်ရင် Commentလေးတစ်ကြောင်းဆီလောက်ချန်ထားပေးခဲ့ပါလားခင်ဗျာ အာလုံးကိုခင်ချင်ပါတယ်ခင်ဗျ🌹🌹




" #သင်ယူသွားတာတစ်ဖက်လူဆီကငွေချည်းဆိုပေမဲ့ အဲ့ဒီထဲမှာ တစ်ဖက်လူရဲ့ယုံကြည်မှုတွေရောပါတယ်ဆိုတာကိုတော့ မမေ့ပါနဲ့ဒီစကားလုံးက လ...
06/06/2026

" #သင်ယူသွားတာတစ်ဖက်လူဆီကငွေချည်းဆိုပေမဲ့ အဲ့ဒီထဲမှာ တစ်ဖက်လူရဲ့ယုံကြည်မှုတွေရောပါတယ်ဆိုတာကိုတော့ မမေ့ပါနဲ့

ဒီစကားလုံးက လူတိုင်းနဲ့စိမ်းကြမယ်မထင်ပါဘူး ဘာလို့လဲဆိုကိုယ်နေထိုင်မှုပတ်ဝန်းကျင်မှာ ချေးငှားဆက်ဆံခြင်းက မကင်းနိုင်တဲ့ အရေးပါနေသည့်ဆက်ဆံရေးမျိုးဆိုလည်း မမှားနိုင်လို့ပါပဲ

သို့ပေမဲ့ယျေဘုရအားဖြင့်တော့ ချေးငှားလိုက်ခြင်းက Positiveဘက်ထက် Negative ဘက်ကိုပိုဦးတည်နေတာများနိုင်ပါတယ်

လူအယောက်တစ်ရာကိုချေးငှားလိုက်လို့ 25%လောက်တောင် (+)ဖြစ်နေဖို့မနည်းမသေချာတဲ့အရာပါ
လူတိုင်းဟာပုထုစဥ်လူသားတွေဖြစ်လို့ ကိုယ့်အပူနဲ့ကိုယ်ရှိကြပါတယ် ကြောင်လည်းကြောင်ခြေရာဆိုသလို ကျားကြီးတော့ခြေရာကြီးတတ်ပါတယ် ဒါကြောင့်လည်းလောကမှာ လူတစ်ခုပူမှုရယ်က ဆယ်ကုဋေဆိုတဲ့ ဆိုရိုးစကားရှိခဲ့တာပဲမဟုတ်လား ကဲ ဒါကတော့ထားပါ စောနကပြောပြတဲ့ 25%တောင်မသေချာချင်ဘူးဆိုတာက ဒီလိုရှိပါတယ် လူအများစုက ကိုယ့်အပူကိုပဲအပူလို့ထင်တတ်ကြတာပါ အခက်ခဲဖြစ်လာလို့ အကူညီလိုအပ်လာလျှင်သာ မျက်နှာငယ်နိုင်သမျှငယ်ပြီး သနားအောင်ပြောဆိုတတ်ကြကာအကူညီတောင်းတတ်ကြပေမဲ့ ယူပြီးသွားရင်တော့ တတ်နိုင်သလောက် ‌ပေးနိုင်အောင်ဆိုပြီး မကြိုးစားချင်ကြဘူး သူတို့အပူကိုပဲအပူလို့ထင်တတ်ကြတာများပါတယ် နှစ်ဦးနှစ်ဖက်မျှတ‌အောင်တွေးမပေးတတ်ကြဘူး သိုပေမဲ့လူတိုင်းတော့မဆိုလိုပါဘူး နောက်ပြီး သူတို့သုံးလို့ပိုမှပေးချင်သူတစ်ချို့တောင်ရှိပါသေးတယ် ဒီထက်ဆိုးတာကတော့တစ်ချို့ဆို ရှိလျက်နဲ့ညစ်တဲ့သူမျိုးတောင်ရှိနေသေးတာပါပဲ

တစ်ဖက်လူက ယုံကြည်လို့ပေးလိုက်တဲ့ ယုံကြည်မူတွေ၊ တစ်ဖက်လူက ဖြစ်ပေါ်လာတဲ့ဂရုဏာသက်ခြင်းတွေကိုတောင် အသိမှတ်မပြုလစ်လျူရှုတတ်ကြတာပါ ‌ဘယ်သူသေသေ ငါမသေရင်ပြီးရော့ဆိုတာမျိုးလုပ်တတ်ကြတဲ့အထိ တစ်ကိုယ်ကောင်းဆန်တတ်ကြပါသေးတယ်။
ဒါကြောင့် ကိုယ်ချွေးနဲစာနဲ့မျက်နှာငယ်လိုလျှင် တစ်ပါးသူကိုသာချေးဌားလိုက်ပါ

100%မဟုတ်ရင်တောင် 75%လောက်ထိ မျက်နှာငယ်လေးနဲ့ ပြန်ရဖို့အရေး ကိုယ့်ပစ္စည်းနဲ့ကိုယ် ရင်ခုန်စွာနဲ့ ဘယ်နေ့ပြန်ရမလဲဆိုပြီးမျှော့်လင့်နေရပါလိမ့်မယ်မိတ်ဆွေ🌹

လူအချင်းချင်းလှည့်ပတ်ခြင်းကင်းဝေးကြပါစေ🙏





06/06/2026

Good Morning အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာ
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး တစ်နေ့တာအတွက်လုပ်ငန်းဆောင်တာများအဆင်ပြေချောမွေ့ကြပါစေခင်ဗျာ🌹





 #အလိုက်တသိနဲ့သူ့နေရာမှငါသာဆိုတဲ့ကိုယ်ချင်းစာစိတ်လေးရှိတဲ့သူတွေနဲ့ ဆုံလာတဲ့အခါ တန်ဖိုးထားလိုက်ပါ ဘဝမှာဆုံတွေ့ရမည့် လူအတေ...
05/06/2026

#အလိုက်တသိနဲ့သူ့နေရာမှငါသာဆိုတဲ့ကိုယ်ချင်းစာစိတ်လေးရှိတဲ့သူတွေနဲ့ ဆုံလာတဲ့အခါ တန်ဖိုးထားလိုက်ပါ ဘဝမှာဆုံတွေ့ရမည့် လူအတော်များများက ငါ့အတွက်သာဆိုတဲ့လူတွေများနိုင်တယ်🥰

#သင့်တန်ဖိုးကို

04/06/2026

#လူတစ်ယောက်ရဲ့ အကြောင်းကိုကောင်းကောင်းသိချင်ရင် ရှိသမျှအခွင့်အရေးအကုန်ပေးကြည့်လိုက်ပါ။

ပေးသမျှအခွင့်အရေးအကုန်အသုံးချနေပြီဆိုရင်တော့ သေချာပါတယ် အဲ့တာမင်းအတွက်အကျိုးပြုမည်မဟုတ်တဲ့ အခွင့်အရေးသမားသပ်သပ်ပဲဖြစ်ပါလိမ့်မယ်။💫





အကြင်နာချိုမြိန်မျက်ဝန်းဟာ တစ်ချိန်မှာနာကျင်စေတတ်မှန်း ဘဝမှာမသင်ကြားဖူးခဲ့တော့ ..............
30/05/2026

အကြင်နာချိုမြိန်မျက်ဝန်းဟာ တစ်ချိန်မှာနာကျင်စေတတ်မှန်း ဘဝမှာမသင်ကြားဖူးခဲ့တော့ ..............




Address

Yangon

Telephone

+959765149789

Website

Alerts

Be the first to know and let us send you an email when Khit Zone Movies posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share