Ibet 789 Online Official Agent

Ibet 789 Online Official Agent Beauty Store

တာစတီဂန်ကို အသင်းခေါင်းဆောင်အဖြစ်မှ ဖယ်ရှားကာ အရူဂျိုကို ယာယီအသင်းခေါင်းဆောင်အဖြစ် ဘာစီလိုနာ ခန့်အပ်လာ==================...
08/08/2025

တာစတီဂန်ကို အသင်းခေါင်းဆောင်အဖြစ်မှ ဖယ်ရှားကာ အရူဂျိုကို ယာယီအသင်းခေါင်းဆောင်အဖြစ် ဘာစီလိုနာ ခန့်အပ်လာ
====================
ဘာစီလိုနာဟာ ဂျာမနီလက်ရွေးစင်ဂိုးသမားမာ့ခ်အင်ဒရေတာစတီဂန်ကို စည်းကမ်းချိုးဖောက်မှုအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးနောက် အသင်းခေါင်းဆောင်အဖြစ်မှ ဖယ်ရှားလာပါတယ်။
အသက် ၃၃ နှစ်ရှိ ဂိုးသမားဟာ ဇူလိုင်လနှောင်းပိုင်းတုန်းက ကျောဒဏ်ရာခွဲစိတ်ကုသမှု ပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ ကျောဒဏ်ရာအား ခွဲစိတ်ကုသမှုနှင့်ပတ်သက်ပြီး ဆေးဘက်ဆိုင်ရာအချက်အလက်များအား ဘာစီလိုနာအား မျှဝေရန် ပျက်ကွက်ခဲ့ပါတယ်။
ဘာစီလိုနာဟာ ဘဏ္ဍာရေးပြဿနာကြောင့် အသုံးစရိတ်ကန့်သတ်ခံထားရပြီး တာစတီဂန် အနားယူမှုအပေါ် မူတည်ကာ ကစားသမားသစ်မှတ်ပုံတင်ရေး လုပ်ဆောင်ရပါမယ်။
တာစတီဂန်က ၎င်းမှာ ကျောဒဏ်ရာခွဲစိတ်ကုသမှုကြောင့် သုံးလကြာ အနားယူရမည်ဖြစ်ကြောင်း ဆိုထားပါတယ်။ လာလီဂါဥပဒေအရ ကစားသမားတစ်ဦးအား အနည်းဆုံး ၄ လအထိ အနားယူမှသာလျှင် ကလပ်အနေဖြင့် ကစားသမားသစ်မှတ်ပုံတင်ရေး လုပ်ဆောင်နိုင်ပါမယ်။
ဘာစီလိုနာဟာ ယခုနွေရာသီတွင် အက်စ်ပန်ညိုမှ ဂိုးသမားဂျိုအန်ဂါစီယာနှင့် ယူနိုက်တက်တိုက်စစ်မှူးမားကပ်စ်ရက်ဖို့ဒ်တို့အား ခေါ်ယူထားပါတယ်။
ယခုအခါ ဘာစီလိုနာဟာ တာစတီဂန်ကို အသင်းခေါင်းဆောင်အဖြစ်မှ ဖယ်ရှားကာ ဒုတိယအသင်းခေါင်းဆောင်အရူဂျိုအား ယာယီအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်လာပါတယ်။
တာစတီဂန်ဟာ ၂၀၁၄ ခုနှစ်တွင် မိုချင်ဂလက်ဘတ်မှ ပြောင်းလာပြီးနောက် ဘာစီလိုနာအတွက် ပွဲပေါင်းလေးရာကျော်ကစားထားပြီး ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ လာလီဂါဖလား ၆ ကြိမ် ဆွတ်ခူးထားပါတယ်။

၂၀၂၅ အမျိုးသမီးယူရိုပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်အသင်းဟာ အီတလီအသင်းကို အချိန်ပိုမှာ ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပ...
23/07/2025

၂၀၂၅ အမျိုးသမီးယူရိုပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်အသင်းဟာ အီတလီအသင်းကို အချိန်ပိုမှာ ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်နိုင်ခဲ့ပါတယ်။အင်္ဂလန်အသင်းဟာ ဒီပွဲမှာ မိနစ် ၉၀ ပြည့်တဲ့အထိ အီတလီအသင်းကို အရေးနိမ့်နေခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ ချေပဂိုးသွင်းယူနိုင်ခဲ့တာကြောင့် အချိန်ပိုဆက်ပြီးယှဉ်ပြိုင်ခဲ့ရတာပါ။အချိန်ပိုမှာတော့ ကယ်လီက အဖိုးတန်အနိုင်ဂိုးသွင်းယူပေးခဲ့လို့ အင်္ဂလန်အသင်းဟာ ယူရိုချန်ပီယံဆုကာကွယ်ဖို့ ဗိုလ်လုပွဲတက်နိုင်ခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးအတွက် ကျောနံပါတ်အသစ်နဲ့ ပွဲထွက်ကစားသွားခဲ့တဲ့ ပါလ်မားဒီမနက်ကစားခဲ့တဲ့ ချယ်ဆီးအသင်းနဲ့ LA အသင်းတို့ရဲ့ ကလပ်ကမ္ဘာ့ဖ...
17/06/2025

ချယ်ဆီးအတွက် ကျောနံပါတ်အသစ်နဲ့ ပွဲထွက်ကစားသွားခဲ့တဲ့ ပါလ်မား

ဒီမနက်ကစားခဲ့တဲ့ ချယ်ဆီးအသင်းနဲ့ LA အသင်းတို့ရဲ့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်မှာ ချယ်ဆီးရဲ့ ကစားသမားဖြစ်တဲ့ ကိုးလ် ပါလ်မား အနေနဲ့ ကျောနံပါတ် (၁၀) ကို စတင်ဝတ်ဆင်ကစားသွားခဲ့ပါတယ်။ မန်စီးတီးကနေ ပြောင်းရွှေ့လာခဲ့ပြီးတဲ့အချိန်ကစပြီး အခုချိန်ထိ ချယ်ဆီးရဲ့ အဓိကတိုက်စစ်ကစားသမားတစ်ယောက်ဖြစ်ခဲ့တဲ့ ပါလ်မားကတော့ ပြီးခဲ့တဲ့ ရာသီအထိ ကျောနံပါတ် (၂၀) ကို ဝတ်ဆင်ကစားခဲ့တာပဲဖြစ်ပါတယ်။ (မူဒရစ်က နံပါတ် (၁၀) ယူထားလို့ပါ။)

သူ့ခြေစွမ်းက ချယ်ဆီးအတွက် အဓိကကျနေသလို သူမပါရင် တိုက်စစ်အတွက် လိုအပ်ချက်တစ်ခုတောင်ဖြစ်နေခဲ့တဲ့ မရှိမဖြစ်ကစားသမားတစ်ယောက်အတွက်တော့ ကျောနံပါတ် (၁၀) က ထိုက်တန်တယ်လို့မြင်ပါတယ်။

ဒီမနက်ပွဲစဉ်မှာလည်း (၈၄) မိနစ်ထိပါဝင်ကစားသွားခဲ့ပြီး ခြေစွမ်းလည်းပြသွားခဲ့လို့ ကျောနံပါတ်အသစ်နဲ့ အဖွင့်လှခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဖလိုရီယန်ဝါ့ဇ်ကို ပေါင် ၁၁၆ သန်းဖြင့် ခေါ်ယူရန် လီဗာပူး သဘောတူညီမှုရရှိ==================လီဗာပူးဟာ လေဗာကူဆင်မှ ဂျာမနီအလယ...
14/06/2025

ဖလိုရီယန်ဝါ့ဇ်ကို ပေါင် ၁၁၆ သန်းဖြင့် ခေါ်ယူရန် လီဗာပူး သဘောတူညီမှုရရှိ
==================
လီဗာပူးဟာ လေဗာကူဆင်မှ ဂျာမနီအလယ်တန်းတိုက်စစ်သမားဖလိုရီယန်ဝါ့ဇ်ကို ပေါင် ၁၁၆ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိလာပြီ ဖြစ်ပါတယ်။
လီဗာပူးဟာ ဖလိုရီယန်ဝါ့ဇ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ အပြင် အောင်မြင်မှုနှင့် စွမ်းဆောင်မှုအပေါ် မူတည်ပြီး နောက်ထပ် ပေါင် ၁၆ သန်းပေးရမဲ့အချက်ဖြင့် သဘောတူညီမှု ရရှိလာတာလည်း ဖြစ်ပါတယ်။
လီဗာပူးဟာ ထပ်ဆောင်းငွေများကို ထိပ်တန်းအဆင့်အောင်မြင်မှု ရရှိမှသာလျှင် ပေးရမှာ ဖြစ်လို့ ဖလိုရီယန်ဝါ့ဇ်ရဲ့ အပြောင်းအရွှေ့မှာ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်လာဖို့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်အဖြစ် ချဲလ်ဆီးရဲ့ ၂၀၂၃ ခုနှစ်တုန်းက မွိုက်စ်ကိုင်စီဒိုအား ပေါင် ၁၁၅ သန်းဖြင့် ခေါ်ယူမှုက ရပ်တည်နေပါတယ်။မန်စီးတီးနှင့် ဘိုင်ယန်မြူးနစ်တို့လည်း ဖလိုရီယန်ဝါ့ဇ်ကို ခေါ်ယူရေး စိတ်ဝင်စားခဲ့ကြပေမဲ့လည်း လေဗာကူဆင်ဘက်က တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး အလွန်မြင့်မားနေမှုကြောင့် နောက်ဆုတ်သွားခဲ့ကြတာပါ။
ဝါ့ဇ်ဟာ အသက် ၁၇ နှစ်အရွယ်တွင် လေဗာကူဆင်အတွက် ပထမဆုံးပွဲ ကစားခွင့် ရရှိပြီးနောက် ၁၉၇ ပွဲကစားထားရာမှာ ၅၇ ဂိုးသွင်းပေးထားပါတယ်။
သူဟာ ၂၀၂၄ ခုနှစ်တုန်းက လေဗာကူဆင်ကို ကလပ်သမိုင်းတွင် ပထမဆုံးဘွန်ဒက်စ်လီဂါဖလား ရရှိအောင် ကူညီသလို ဂျာမနီအတွက် ၃၁ ပွဲကစားထားရာမှာ ၇ ဂိုးသွင်းပေးထားပါတယ်။

စမူဆာအကိတ်ကြီး😁
25/05/2025

စမူဆာအကိတ်ကြီး😁

အာမိုရင်ဟာ လက်ရှိအချိန်ထိ ယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ် ၂၅ ပွဲကိုင်တွယ်ထားရာမှာ ၆ ပွဲနိုင်၊၆ ပွဲသရေနဲ့ ၁၃ ပွဲရှုံးနိ...
12/05/2025

အာမိုရင်ဟာ လက်ရှိအချိန်ထိ ယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ် ၂၅ ပွဲကိုင်တွယ်ထားရာမှာ ၆ ပွဲနိုင်၊၆ ပွဲသရေနဲ့ ၁၃ ပွဲရှုံးနိမ့်ထားပါတယ်။အာမိုရင်က သူဟာ ယူနိုက်တက်အသင်းကို ပြောင်းလဲမှုတွေမပြုလုပ်ပေးနိုင်ရင် ထွက်ခွာနိုင်တယ်လို့ ဝန်ခံထားပါတယ်။

11/05/2025

မန်ယူက ရှူံးလိုက်
သူ့ရဲ့ အပြုံးတွေ အောက်မှာရှူံးလိုက်
သူ့ရဲ့ အပြောတွေ အောက်မှာရှုံးလိုက်နဲ့...ဟူး🥺

မင်္ဂလာပါရှင့်
10/05/2025

မင်္ဂလာပါရှင့်

PSG က ဂိုးသမားကောင်းလို့ နိုင်သွားတာပါလို့ ဆိုလိုက်တဲ့ နည်းစနစ်ဆရာ အာတီတာ********************************မနက်က ပြင်သစ်မြ...
08/05/2025

PSG က ဂိုးသမားကောင်းလို့ နိုင်သွားတာပါလို့ ဆိုလိုက်တဲ့ နည်းစနစ်ဆရာ အာတီတာ
********************************
မနက်က ပြင်သစ်မြေမျာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ PSG နဲ့ အာဆင်နယ်တို့ရဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာတော့ PSG က ၂ ဂိုး ၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြီး ဖိုင်နယ်ကို ထိုက်ထိုက်တန်တန်တက်လှမ်းသွားခဲ့ပါပြီ။ ပထမအကျော့ အာဆယ်အိမ်ကွင်းမှာလည်း ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့လို့ နှစ်ကျော့ပေါင်း ၃ ဂိုး ၁ ဂိုးနဲ့ တက်သွားခဲ့တာပါ။

ပွဲပြီးမှာတော့ အာဆင်နယ်နည်းပြ မီခေးအာတီတာကတော့ “ဒီပြိုင်ပွဲမှာ ဘယ်အသင်းကမှ ပိုကောင်းတယ်ဆိုတာ မရှိပါဘူး။ တိုက်စစ်မှူးတွေနဲ့ ဂိုးသမားကြားက ပြိုင်ပွဲတစ်ခုပါပဲ။ သူတို့ရဲ့ ဂိုးသမားက နှစ်ပွဲစလုံးမှာ အကောင်းဆုံးဖြစ်ခဲ့လို့ အနိုင်ရသွားခဲ့တာပါ။” ဒါဟာ မှန်ကန်တဲ့အချက်အလက်တစ်ခုဖြစ်သလို လျှောက်လဲချက်ကောင်းတစ်ခု ဖြစ်ပေမယ့် တကယ်တမ်းမှာတော့ အာဆင်နယ်ပရိသတ်တွေအတွက်တော့ အားမရစရာကိစ္စတစ်ခုပါပဲ။ ဒီရာသီမှာလည်း အရင်နှစ်တွေကလို ဖလားလက်မဲ့နဲ့ ဖြတ်သန်းသွားရမှာဆိုတာ ကမ္ဘာပေါ်မှာ ဒုတိယလစာအများဆုံးနဲ့ (၆) နှစ်တာ အချိန်ပေးပြီး ခန့်အပ်ထားတဲ့ နည်းပြတစ်ယောက်အတွက်တော့ လုံလောက်တဲ့ ဆင်ခြေတော့မဟုတ်နေပါဘူး။

■ လီကန်အင်းကို ခေါ်ယူရန် အာဆင်နယ် စိတ်ဝင်စားအာဆင်နယ်အသင်းသည် PSG အသင်းမှ တောင်ကိုရီးယားတိုက်စစ်ကစားသမား လီကန်အင်းအားခေါ်...
08/05/2025

■ လီကန်အင်းကို ခေါ်ယူရန် အာဆင်နယ် စိတ်ဝင်စား

အာဆင်နယ်အသင်းသည် PSG အသင်းမှ တောင်ကိုရီးယားတိုက်စစ်ကစားသမား လီကန်အင်းအားခေါ်ယူရန် စိတ်ဝင်စားနေကြောင်းသိရသည်။

လီကန်အင်း (၂၄ နှစ်)သည် ယခုရာသီတွင် PSG အသင်း၌ ပုံမှန်ပွဲထွက် ခွင့်ရရန် ရုန်းကန်နေပြီး အရန်ကစားသမားအဖြစ်သာ ပါဝင်ကစားခွင့်ရနေကြောင်း သိရသည်။

ထို့ကြောင့် PSG အသင်းသည် လာမည့်နွေတွင် ၎င်းကို ရောင်းထုတ်ရန်စီစဉ်နေပြီး ယခုအခါ အာဆင်နယ်အသင်းက စိတ်ဝင်စားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

PSG အသင်းသည် လီကန်အင်းအတွက် ပေါင်သန်း (၂၀)ဝန်းကျင်ဖြင့် ကမ်းလှမ်းမှုများကိုပင် လက်ခံဖွယ်ရှိနေကြောင်း သိရသည်။

ပြင်သစ်လီဂူး-၁ နဲ့ ပြင်သစ်စူပါဖလားရရှိထားတဲ့ ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်ဖလားဗိုလ်လုပွဲနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေမှာ နို...
08/05/2025

ပြင်သစ်လီဂူး-၁ နဲ့ ပြင်သစ်စူပါဖလားရရှိထားတဲ့ ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်ဖလားဗိုလ်လုပွဲနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေမှာ နိုင်ပွဲရယူနိုင်ခဲ့ရင် တစ်ရာသီအတွင်း ဆုဖလား ၄ လုံးကိုင်မြှောက်နိုင်မယ့် စံချိန်မှတ်တမ်းကောင်းကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Address

Yangon

Alerts

Be the first to know and let us send you an email when Ibet 789 Online Official Agent posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share