The Moon

The Moon Business Supply Service Online Shop (clothing,Beauty,Shopping)

06/07/2024

ကာလဝမ်းရောဂါအကြောင်း
••••••••••••••••••••••••••••

ကာလဝမ်းရောဂါကို Cholera လို့ခေါ်ပါတယ်။ မကုသဘဲဒီတိုင်းထားရင် နာရီပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်ပါတယ်။ ကာလဝမ်းရောဂါဟာ ရေအရင်းအမြစ်သန့်စင်မှုမရှိခြင်းနဲ့ အခြေခံသန့်ရှင်းမှုမရှိတဲ့အတွက်ဖြစ်ရတာပါ။

အပျော့စားဖြစ်ရင် Oral Rehydration Salt လို့ခေါ်တဲ့ဓာတ်ဆားရည်သောက်ပြီး သက်သာနိုင်ပါတယ်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင်တော့ ပိုးသတ်ဆေးနဲ့ IV Fluids (အကြောဆေးသွင်းကုသမှု)တွေပါလိုအပ်နိုင်ပါတယ်။

🔷ကာလဝမ်းရောဂါဖြစ်ရတဲ့အကြောင်းအရင်း

မသန့်တဲ့အစားအစာနဲ့ မသန့်တဲ့ရေ (ရောဂါပိုးရှိတဲ့အစာနဲ့ရေ)ကို စားသောက်မိလို့ ဖြစ်ရတာပါ။ ရောဂါပိုးကို V.Cholerae လို့ခေါ်ပါတယ်။ ရောဂါပိုးကူးစက်ပြီး ၁၂နာရီမှ ၅ရက်အတွင်း ရောဂါလက္ခဏာပြသပါတယ်။

🔷ရောဂါလက္ခဏာများ

အစောပိုင်းလက္ခဏာများမှာ

▪️ဝမ်းအရည်များသွားခြင်း
▪️ဝမ်းအရောင်မှာ ဆန်ဆေးရည်ကဲ့သို့ အဖြူရောင်များဖြစ်နေခြင်း
▪️အော့အန်ခြင်း
▪️ခြေထောက်ကြွက်တက်ခြင်းတို့ပါဝင်ပါတယ်။

🔺မကုသဘဲနေရင် ရောဂါပြင်းထန်လာပြီး ရေဓာတ်ဆုံးရှုံးမှုတွေဖြစ်လာပါလိမ့်မယ်။ ကျောက်ကပ်ပျက်စီးခြင်း၊ မေ့မျောခြင်း၊ သွေးလန့်ခြင်းနဲ့ အသက်ဆုံးရှုံးခြင်းအထိ နောက်ဆက်တွဲဖြစ်နိုင်ပါတယ်။

🔷ကာကွယ်ခြင်း

မဖြစ်ခင်ကြိုတင်ကာကွယ်ဖို့အလွန်အရေးကြီးပါတယ်။ ကာလဝမ်းရောဂါဖြစ်ပွားတဲ့အချိန်တွေဟာ အခုလိုမိုးတွင်းကာလတွေမှာဖြစ်တတ်ပါတယ်။

◾ရေသန့်ကိုသာသောက်ပါ။
ရေသန့်မရှိပါက ကလိုရင်းဆေးခတ်ထားသောရေကိုသောက်ပါ။
Aquatabs -ရေသန့်စင်ဆေးပြားခတ်ပြီးလည်းသောက်သုံးနိုင်ပါတယ်။
အကယ်၍ အထက်ပါအရာများ လက်လှမ်းမမီဘူးဆိုရင် ကြိုချက်ပြီးသောက်ပါ။ ရေဆူပွက်လာတဲ့အထိကြိုပါ တစ်မိနစ်ခန့်ဆူပွက်အောင်ထားပါ။ ကြိုချက်ပြီးသားရေကို ပြန်သိမ်းရင်တော့ သိမ်းတဲ့ဘူးကသန့်ရှင်းမှဖြစ်မှာပါ။

◾လက်ဆေးပါ။

လက်ကို ရေ၊ဆပ်ပြာနဲ့ မကြာခဏဆေးကြောပေးပါ။အထူးသဖြင့် အစားမစားခင်၊ အိမ်သာတက်ပြီးနဲ့ အစားအစာတွေမကိုင်တွယ်ခင် လက်ဆေးပေးပါ။ ကလေးလေးတွေကို Diaper လဲခြင်း၊ အောက်ပိုင်းအညစ်အကြေးသန့်ရှင်းခြင်းတို့ပြုလုပ်ပြီးရင်လည်း လက်ဆေးဖို့မမေ့ပါနဲ့။

◾ရေ၊ဆပ်ပြာမရှိရင် Alcohol 60% ပါဝင်တဲ့ လက်သန့်ဆေးရည်သုံးလို့ရပါတယ်။

◾ယင်လုံအိမ်သာအသုံးပြုပါ။

◾အစားအစာတွေကို ချက်ပြုတ်ပြီးမှစားပါ။ အသားငါးအစိမ်းစားတာတွေရှောင်ပါ။ ကျက်အောင်ချက်စားပါ။ ယင်လုံအောင် ဖုံးအုပ်ထားပါ။

🔷ဖြစ်ခဲ့ရင်ဘာလုပ်ကြမလဲ?

ရောဂါစဖြစ်ပြီဆိုတာနဲ့ ဓာတ်ဆားရည်သောက်ပါ။ ကလေးသူငယ်တွေ၊ ရောဂါအခံရှိတဲ့လူကြီးတွေကို မပေါ့လျော့စေချင်ပါဘူး။

🔺ဓာတ်ဆားရည်မှာ အမှတ်မှားကြတာက ဝမ်းလျှောရင်သောက်တဲ့ဓာတ်ဆားနဲ့ ချွေးထွက်များရင်သောက်တဲ့ဓာတ်ဆားမှားကြတာပါပဲ။ ဝမ်းပျက်တဲ့အခါ ချွေးထွက်များရင်သောက်တဲ့ဓာတ်ဆားသောက်လို့မရပါဘူး။

ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် WHO Formula နဲ့ထုတ်ထားတဲ့ဓာတ်ဆားထုပ်တွေကိုသောက်ရမှာပါ။

ကျွန်မသိသလောက် လက်ရှိဈေးကွက်ထဲမှာဝယ်လို့ရတဲ့ WHO Formula ဓာတ်ဆားတွေက BPI ဓာတ်ဆား၊ Relyte ဓာတ်ဆား၊ Peditral ဓာတ်ဆား၊ Pharolit ဓာတ်ဆားတွေဖြစ်ပါတယ်။ ဒီတံဆိပ်တွေကို ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် သောက်လို့ရပါတယ်။ BPI ၊ Relyte၊ Peditral စတာတွေက ရေသန့် သို့မဟုတ် ကြိုချက်ပြီးအအေးခံထားသောရေ 1000ml နဲ့ဖျော်စပ်ရတာဖြစ်ပြီး Pharolit ဓာတ်ဆားကတော့ ကလေးတွေမှာအသုံးများပြီး ရေ 200ml နဲ့ဖျော်စပ်ရတာဖြစ်ပါတယ်။

မိမိဝယ်လာတဲ့ဓာတ်ဆားထုပ်ကို ရေဘယ်လောက်နဲ့ဖျော်ရမလဲမသိရင် ဆေးဆိုင်မှာသေချာမေးခဲ့ပါ။ ဘယ်လောက်ရေပမာဏနဲ့ဖျော်စပ်ရလဲဆိုတာကိုပါ။ တိတိကျကျဖျော်စပ်မှသာ ကုသမှု အကျိုးရလဒ်ရှိမှာပါ။ ဈေးကွက်ထဲမှာတော့ အထက်ပါဓာတ်ဆားထုပ်တွေသာအများဆုံးရှိတဲ့အတွက် ကျွန်မပြောတဲ့ info လေးကအသုံးဝင်မှာပါ။

နောက်တစ်ခုက Probiotics ကိစ္စပါ။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင် နံပါတ် ၁ က ဓာတ်ဆားရည်ဖြစ်ပါတယ်။ ဓာတ်ဆားရည်မသောက်ဘဲ Probiotics တမျိုးတည်းသောက်လို့မရပါဘူး။ ဓာတ်ဆားရည်ကသာ အသက်ကယ်နိုင်မှာပါ။

🔷ဓာတ်ဆားရည်ပြုလုပ်နည်း

ဓာတ်ဆားထုပ်ဝယ်ယူလို့မရတဲ့နေရာတွေအတွက်ဖြစ်ပါတယ်။

◾ကြိုချက်ထားသောရေတစ်လီတာ(1000ml)ထဲကို ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်၊ သကြား လက်ဖက်ရည်ဇွန်း ခြောက်ဇွန်းထည့်ပါ။ ဖျော်ပါ။ ၂၄နာရီအတွင်းကုန်အောင်သောက်ပါ။ (ကိုးကား -WHO)

🔺ဝမ်းအရည်တွေတစ်နေ့ကို သုံးကြိမ်ထက်ပိုပြီးသွားတာကို ကုသမှုမခံယူဘူးဆိုရင်၊ လုံလောက်တဲ့အရည်ပမာဏပြန်ပြီးမဖြည့်တင်းဘူးဆိုရင် ရေဓာတ်ဆုံးရှုံးခြင်းဖြစ်စေနိုင်ပါတယ်။

◾ရောဂါမပြင်းထန်ဘူးဆိုရင်တော့ အဓိကကဓာတ်ဆားရည်သောက်ပြီး ရေဓာတ်ပြည့်ဝအောင်ပြုလုပ်ဖို့ပါ။ ဆိုဒါမပါသော လတ်ဆတ်တဲ့အသီးအနှံဖျော်ရည်၊ ကြက်ပြုတ်ရည်သောက်လို့ရပါတယ်။ ရေများများသောက်ရပါမယ်။ ဓာတ်ဆားရည်ဟာ ဝမ်းလျှောလို့ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ဓာတ်ဆားတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့အတွက် သေချာသောက်ပေးရပါမယ်။ အစားစားပြီးတဲ့အခါမှာ ဓာတ်ဆား(သို့မဟုတ်)အရည်ကိုကြားထဲမှာ သောက်ပေးရပါမယ်။ မကြာခဏလည်းတစ်ငုံချင်းသောက်ပေးရပါမယ်။ ဝမ်းလျှောနေစဉ်မှာ ပင်လယ်စာ၊ နို့နဲ့နို့ထွက်ပစ္စည်း အစားအစာတွေ ခေတ္တရှောင်ပေးပါ။

🔷အရေးကြီးတဲ့လက္ခဏာတွေကတော့

◾ကိုယ်အပူချိန် 101'F ထက်များခြင်း၊ နှစ်ဆယ့်လေးနာရီကျော်အောင်ကိုယ်ပူခြင်း

◾နှစ်ရက်ကျော်အောင်ဝမ်းလျှောခြင်း

◾ပျို့ခြင်း၊ အစားစားမရအောင်အန်ခြင်း

◾ဗိုက်ထဲမှရစ်ပြီးနာခြင်း

◾ရေဓာတ်ဆုံးရှုံးခြင်း (ခြေဖျား၊လက်ဖျားအေးစက်ခြင်း၊သွေးပေါင်ကျခြင်း၊ ရေအလွန်ငတ်ခြင်း၊ မူးဝေသတိလစ်ခြင်း)

ဒီလိုလက္ခဏာတွေဖြစ်နေမယ်ဆိုရင်တော့ မပေါ့ဆဘဲ ဆရာဝန်နဲ့အမြန်ဆုံးပြသသင့်ပါတယ်လို့ရေးသားလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

5.7.24 ; 11:30PM

Edited 🔺 လတ်တလောပျံ့နှံ့နေသော ဝမ်းပျက်ဝမ်းလျှောသတင်းတွေကြောင့် Panic မဖြစ်စေချင်ပါဘူး။ ကာလဝမ်းရောဂါပိုးဟုတ်မဟုတ်လည်း ဘယ်သူမှအတည်မပြုသေးပါဘူး။ အခုဆောင်းပါးကို Educational Purpose အရသာ ဖတ်ရှုစေချင်ပါတယ်။ အခု မိုးရာသီမှာ Gastroenteritis လို့ခေါ်တဲ့ ရိုးရိုးဝမ်းပျက်ဝမ်းလျှောလည်း အဖြစ်များပါတယ်။ ဘယ်လိုဝမ်းပျက်ဝမ်းလျှောဖြစ်ဖြစ် ဒီနည်းလမ်းတွေအတိုင်း ကာကွယ်၊ သတိပြုလို့ရပါတယ်ရှင်။

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်

#ဝမ်းလျှောခြင်း
#ကာလဝမ်းရောဂါ

𝐙𝐨𝐨𝐦 𝐏𝐫𝐨 ဝယ်သုံးလိုက်ပေမဲ့ ခဏလေးနဲ့ 𝐏𝐫𝐨 ကုန်သွားပြီး အာမခံချက်လည်း မရှိလို့ အဆင်မပြေဖြစ်နေရပါသလား ? 🤔𝐖𝐚𝐫𝐫𝐚𝐧𝐭𝐲 ပါရှိပြီးသ...
09/06/2024

𝐙𝐨𝐨𝐦 𝐏𝐫𝐨 ဝယ်သုံးလိုက်ပေမဲ့ ခဏလေးနဲ့ 𝐏𝐫𝐨 ကုန်သွားပြီး အာမခံချက်လည်း မရှိလို့ အဆင်မပြေဖြစ်နေရပါသလား ? 🤔

𝐖𝐚𝐫𝐫𝐚𝐧𝐭𝐲 ပါရှိပြီးသား စိတ်ချရတဲ့ 𝐙𝐨𝐨𝐦 𝐏𝐫𝐨 𝐚𝐜𝐜𝐨𝐮𝐧𝐭 ကိုမှ အသုံးပြုချင်သူတွေအတွက် 𝗧𝗵𝗲 𝗠𝗼𝗼𝗻 ရဲ့ 𝐙𝐨𝐨𝐦 𝐏𝐫𝐨 𝐋𝐢𝐜𝐞𝐧𝐬𝐞𝐝 𝐚𝐜𝐜 လေးတွေကို ဝယ်ယူအသုံးပြုနိုင်ပါပြီ။

𝗧𝗵𝗲 𝗠𝗼𝗼𝗻 မှာရရှိနိုင်တဲ့ 𝐙𝐨𝐨𝐦 𝐏𝐫𝐨 𝐋𝐢𝐜𝐞𝐧𝐬𝐞𝐝 𝐀𝐜𝐜 တွေဟာဆိုရင် -
🌐 𝐒𝐦𝐚𝐥𝐥 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐎𝐰𝐧𝐞𝐫 တွေ
🌐 𝐅𝐫𝐞𝐞𝐥𝐚𝐧𝐜𝐞𝐫 တွေ၊ 𝐓𝐞𝐚𝐜𝐡𝐞𝐫 တွေ၊
🌐 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐥𝐚𝐬𝐬𝐞𝐬, 𝐰𝐨𝐫𝐤𝐬𝐡𝐨𝐩𝐬, 𝐨𝐫 𝐬𝐞𝐦𝐢𝐧𝐚𝐫𝐬 တွေအတွက် 𝐇𝐨𝐬𝐭 လုပ်ရသူတွေ၊
🌐 𝐎𝐧𝐥𝐢𝐧𝐞 𝐌𝐞𝐞𝐭𝐢𝐧𝐠 အမြဲလုပ်ရသူတွေ အတွက် အထူးသင့်တော်တဲ့အပြင်၊

⚡နာရီ 𝟑𝟎 အထိ 𝐌𝐞𝐞𝐭𝐢𝐧𝐠 ကြာချိန် ပြုလုပ်နိုင်ခြင်း၊

⚡𝐆𝐫𝐨𝐮𝐩 𝐃𝐢𝐬𝐜𝐮𝐬𝐬𝐢𝐨𝐧 များအတွက် 𝐠𝐫𝐨𝐮𝐩 အလိုက် 𝐌𝐞𝐞𝐭𝐢𝐧𝐠 အသေးစားများ ခွဲထုတ်နိုင်သော 𝐁𝐫𝐞𝐚𝐤𝐨𝐮𝐭 𝐑𝐨𝐨𝐦 များပါရှိခြင်း၊

⚡𝐂𝐥𝐨𝐮𝐝 𝐑𝐞𝐜𝐨𝐫𝐝𝐢𝐧𝐠 5𝐆𝐁 ပါရှိခြင်း၊

⚡𝐌𝐞𝐞𝐭𝐢𝐧𝐠 အား 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 𝐒𝐭𝐫𝐞𝐚𝐦𝐢𝐧𝐠 ပြုလုပ်နိုင်ခြင်း စတဲ့အချက်တွေအပြင် တခြားသော အားသာချက်များစွာ ပါရှိပါတယ်။

ဒီလို 𝐙𝐨𝐨𝐦 𝐏𝐫𝐨 𝐋𝐢𝐜𝐞𝐧𝐬𝐞𝐝 𝐀𝐜𝐜𝐨𝐮𝐧𝐭 မျိုးကိုမှ မတော်တဆ 𝐩𝐫𝐞𝐦𝐢𝐮𝐦 ပြုတ်သွားတာမျိုးဖြစ်လာခဲ့ရင်လည်း ချက်ချင်းပြန်ချိတ်ပေးတာမို့ 𝗧𝗵𝗲 𝗠𝗼𝗼𝗻 နဲ့သာဆိုရင် 𝐙𝐨𝐨𝐦 𝐏𝐫𝐨 𝐋𝐢𝐜𝐞𝐧𝐬𝐞𝐝 𝐀𝐜𝐜𝐨𝐮𝐧𝐭 အတွက် စိတ်ချရပြီပေါ့ !!

အခုလို စိတ်ချရတဲ့ 𝐙𝐨𝐨𝐦 𝐏𝐫𝐨 𝐋𝐢𝐜𝐞𝐧𝐬𝐞𝐝 𝐀𝐜𝐜𝐨𝐮𝐧𝐭 တွေအပြင် 𝐍𝐞𝐭𝐟𝐥𝐢𝐱 နဲ့ 𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐕𝐏𝐍 တွေကိုလည်း 𝗧𝗵𝗲 𝗠𝗼𝗼𝗻 မှာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်နော်။

🎉 ဒါကြောင့် 𝐙𝐨𝐨𝐦 𝐏𝐫𝐨, 𝐍𝐞𝐭𝐟𝐥𝐢𝐱 နဲ့ 𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐕𝐏𝐍 တွေ လိုအပ်လာပြီဆိုရင် အာမခံချက်ပါဝင်ပြီး ဝန်ဆောင်မှု၊ ကောင်းမွန်စွာနဲ့ စိတ်ချရတဲ့ 𝗧𝗵𝗲 𝗠𝗼𝗼𝗻 ကိုသာလှမ်းခဲ့လိုက်ပါ။

ဝယ်ယူဖို့အတွက် အသေးစိတ်သိရှိလိုပါက 𝐕𝐛- 𝟎𝟗 𝟗𝟓𝟎 𝟔𝟗𝟖 𝟏𝟖𝟎 သို့မဟုတ် 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှတစ်ဆင့်လည်း မေးမြန်းဝယ်ယူနိုင်ပါတယ်။

#𝐓𝐡𝐞𝐌𝐨𝐨𝐧
#𝐙𝐨𝐨𝐦𝐏𝐫𝐨 #𝐙𝐨𝐨𝐦𝐋𝐢𝐜𝐞𝐧𝐬𝐞
#𝐍𝐞𝐭𝐟𝐥𝐢𝐱 #𝐕𝐏𝐍

လိုင်းမကောင်းလွန်းလို့ အဝိုင်းလည်နေတဲ့အခက်အခဲကို 𝗧𝗵𝗲 𝗠𝗼𝗼𝗻 နဲ့အတူ ဖယ်ရှားလိုက်ပါ။ 𝙉𝙚𝙩𝙛𝙡𝙞𝙭, 𝙕𝙤𝙤𝙢 𝙋𝙧𝙤 အစရှိတဲ့ 𝗣𝗿𝗲𝗺𝗶𝘂𝗺 𝗦𝗼𝗳𝘁...
23/05/2024

လိုင်းမကောင်းလွန်းလို့ အဝိုင်းလည်နေတဲ့
အခက်အခဲကို 𝗧𝗵𝗲 𝗠𝗼𝗼𝗻 နဲ့အတူ ဖယ်ရှားလိုက်ပါ။

𝙉𝙚𝙩𝙛𝙡𝙞𝙭, 𝙕𝙤𝙤𝙢 𝙋𝙧𝙤 အစရှိတဲ့ 𝗣𝗿𝗲𝗺𝗶𝘂𝗺 𝗦𝗼𝗳𝘁𝘄𝗮𝗿𝗲
တွေအပြင် 𝙀𝙭𝙥𝙧𝙚𝙨𝙨 𝙑𝙋𝙉, 𝙄𝙋 𝙑𝙖𝙣𝙞𝙨𝙝, 𝙏𝙪𝙣𝙣𝙚𝙡 𝘽𝙚𝙖𝙧 အစရှိတဲ့ 𝗣𝗿𝗲𝗺𝗶𝘂𝗺 𝗩𝗣𝗡 တွေကို -
📲 စျေးနှုန်းသက်သာစွာ၊
📲 ဝန်ဆောင်မှုကောင်းမွန်စွာ၊
📲 𝗪𝗮𝗿𝗿𝗮𝗻𝘁𝘆 အာမခံချက် အပြည့်နဲ့ ရရှိနိုင်ပါပြီ။

ဒါကြောင့် သင့်ရဲ့ ကျောင်း၊ အလုပ်ခွင်၊ စီးပွားရေး၊ လူမှုရေး၊ အချစ်ရေး အခြေအနေတိုင်းအတွက် Online ပေါ်မှာ ရှေ့ဆုံးက နေရာယူထားနိုင်ဖို့ 𝗧𝗵𝗲 𝗠𝗼𝗼𝗻 page ကို အခုပဲ 𝐋𝐢𝐤𝐞 & 𝐅𝐨𝐥𝐥𝐨𝐰 ပြုလုပ်ထားလိုက်ပါနော်။ ✅✅✅





🙋- Business Meeting ခနခန ထိုင်ရသူတွေ- Online Class ဆရာတွေ၊- Online Seminar ခနခန လုပ်ရတဲ့ organization တွေ- Online Consul...
14/05/2024

🙋
- Business Meeting ခနခန ထိုင်ရသူတွေ
- Online Class ဆရာတွေ၊
- Online Seminar ခနခန လုပ်ရတဲ့ organization တွေ
- Online Consultation လုပ်နေသူတွေ အတွက်

🔹 အမိုက်စား feature တွေနဲ့ပြည့်နေတဲ့ zoom premium account ဝယ်ယူလိုတယ်ဆိုရင်တော့ ~

“ The Moon-Premium Service “ မှာ လာရောက်ဝယ်ယူလို့ရပြီဲဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ 🎉🎉🎉

🔹 Premium Account ဝယ်ယူပြီးလို့ Premium ပြုတ်ကျသွားတာဖြစ်ဖြစ်၊ တခြား error တစ်ခုခုတက်တာဖြစ်ဖြစ် warranty နဲ့တကွ အဆင်ပြေအောင်ပြန်လည် ပြင်ဆင်ပေးတာမို့ မဝယ်ခင်ရော ဝယ်ပြီးရော စိတ်ချမ်းသာရစေဖို့ “ The Moon - Premium Service “ က အာမခံပါတယ်နော် 🤩

Giveaway ပေါက်တဲ့သူ ၃ ဦးကတော့ (၁) Aye Pa Pa Htet(၂) Htun Yadanar Bo(၃) Hayman Oo တို့ဖြစ်ပါတယ်ရှင် ☺️ Congratulations ပါ...
12/05/2024

Giveaway ပေါက်တဲ့သူ ၃ ဦးကတော့

(၁) Aye Pa Pa Htet
(၂) Htun Yadanar Bo
(၃) Hayman Oo တို့ဖြစ်ပါတယ်ရှင် ☺️

Congratulations ပါနော်♥️♥️♥️

Page ရဲ့messenger လေးကိုဆက်သွယ်ပေးကြပါရှင့်

ကံစမ်းပေးသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင့် 🙏🏻🙏🏻

Giveaway ‼️1️⃣ Giveaway မှာပါဝင်ဖို့ဆိုရင်တော့ ခု post ကို like ပေးပြီး public နဲ့ share ပေးရပါမယ်👉🏻2️⃣ share ထားတာကို s...
10/05/2024

Giveaway ‼️

1️⃣ Giveaway မှာပါဝင်ဖို့ဆိုရင်တော့ ခု post ကို like ပေးပြီး public နဲ့ share ပေးရပါမယ်👉🏻

2️⃣ share ထားတာကို screenshot ရိုက်ပြီး comment မှာ မန့်ပေးရုံပါပဲနော်

🔹 Giveaway winner ကိုတော့ (12th May,2024) မှာ comment picker နဲ့ (3) ယောက်တိတိ ရွေးချယ်သွားမှာဖြစ်ပြီးတစ်ယောက်ချင်းစီတိုင်းကို Kpay (5,000) ကျပ် ပေးအပ်သွားမှာ ဖြစ်ပါတယ်ရှင် 🤩


Zoom Meeting တွေကို အကြာကြီးသုံးမရလို့ စိတ်ညစ်နေရပြီလား ? Zoom မှာ နာရီပေါင်းများစွာ စာသင်ရတယ်၊ Meeting ထိုင်ရတယ်၊ ကိုယ်...
02/05/2024

Zoom Meeting တွေကို အကြာကြီးသုံးမရလို့
စိတ်ညစ်နေရပြီလား ?

Zoom မှာ နာရီပေါင်းများစွာ စာသင်ရတယ်၊ Meeting ထိုင်ရတယ်၊ ကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေအတွက် လူတွေအများကြီးနဲ့ Zoom Platform မှာ ထိတွေ့ရတဲ့အခါ ကန့်သတ်ချက်တွေကြောင့် ခဏခဏ စိတ်ရှုပ်နေရရင် မဖြစ်သေးပါဘူး။ 💢

ဒါဆိုရင်တော့ ကိုယ့်အတွက် မရှိမဖြစ်လိုအပ်တဲ့ Zoom ကို Zoom Pro License Acc အဖြစ် ပြောင်းလဲအသုံးပြုဖို့ မမေ့ပါနဲ့။

🥳 The Moon မှာ ရောင်းချပေးနေတဲ့ Zoom Pro License Acc ကို အသုံးပြုခြင်းအားဖြင့် ရိုးရိုး acc မှာ မရနိုင်တဲ့ Limited Feature တွေကို အကန့်အသတ်မဲ့ အသုံးပြုနိုင်မှာပါနော်။

🖥️ Zoom Pro License Account တွေဟာဆိုရင် Meeting ကြာချိန်၊ လူဦးရေကနေ စတင်လို့ video quality, လိုင်းဆွဲအား, data security တွေအထိ သိသိသာသာကို ထူးခြားကောင်းမွန်စေလို့ ဝယ်ယူအသုံးပြုတဲ့အခါ နောင်တမရစေဖို့ အာမခံနိုင်ပါတယ်။

◾️ Online Class မှာ စာသင်ရတဲ့ ဆရာ၊ ဆရာမတွေ အတွက်ပဲဖြစ်ဖြစ်၊
◾️ Business Meeting အမြဲလုပ်ရတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက်ပဲဖြစ်ဖြစ်၊
ပိုပြီး အဆင်ပြေလွယ်ကူစွာနဲ့ Zoom Platform ကို အသုံးပြုနိုင်ဖို့ -

🎉 The Moon မှာ Zoom Pro License Account တွေကို အခုပဲဝယ်ယူလိုက်ပါ။

Zoom Pro License
~~~~~~~~~~~~~~~~~~
- 100 participants
- 15000 MMK(One Month)
- 90000 MMK(Six Months+ Extra One Month)

🔔Acc လေးတွေအတွက် Warranty ပါရှိပြီး premium ပြုတ်တာမျိုးဖြစ်လာခဲ့ရင် ပြန်ချိတ်ပေးတာမို့ The Moon နဲ့သာဆိုရင် Zoom Pro Licensed Account အတွက် စိတ်ချရပြီပေါ့ !!

အခုပဲ ဝယ်ယူနိုင်ပါပြီနော်။


01/05/2024

🙋ရိုးရိုး Zoom အကောင့်တွေ အသုံးပြုခြင်းမှာ ဒီလို ဆိုးကျိုးတွေရှိတယ်ဆိုတာ သိပြီးကြပြီလား ?

🔰Zoom ကို အမြဲတမ်းသုံးဖြစ်နေပေမဲ့ Licensed မတင်ထားတဲ့ ရိုးရိုး acc ကိုပဲ သင်က သုံးဖြစ်တယ်ဆိုရင် ဒီလို ဆိုးကျိုးလေးတွေရှိတတ်တယ်ဆိုတာကို သိထားမှဖြစ်မယ်နော် !!

🖥️ Feature များကန့်သတ်ထားခြင်း

🎯ရိုးရိုး Zoom acc တွေဟာ Meeting join လို့ရတဲ့ လူဦးရေကို ကန့်သတ်ထားခြင်း၊ Meeting ကြာချိန်ကို ကန့်သတ်ထားခြင်းစသဖြင့် Feature တော်တော်များများမှာ ကန့်သတ်ချက်တွေရှိပါတယ်။ ဒါကြောင့် Zoom ကို Online Teacher တွေအတွက်ပဲဖြစ်ဖြစ်၊ စာသင်ဖို့ပဲဖြစ်ဖြစ်၊ business အတွက်ပဲဖြစ်ဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုမယ်ဆိုရင် ဒီအချက်ကတော့ စိတ်ညစ်စရာပါပဲ။

🖥️ Security အားနည်းခြင်း

🎯ရိုးရိုး Zoom account တွေဟာ လုံခြုံရေးအားနည်းတာကြောင့် acc hack ခံရတာမျိုး၊ လုံခြုံရေး ချိုးဖောက်ခံရတာမျိုးတွေ ဖြစ်တတ်ပါတယ်။

🖥️ Performance မကောင်းခြင်း

🎯Video Quality လျော့ကျခြင်း၊ လိုင်းမကောင်းဘဲ Lag ခြင်း၊ အသံသေချာမကြားရခြင်း စတဲ့ ပြဿနာတော်တော်များများဟာ Zoom ရိုးရိုး account တွေမှာ ကြုံရလေ့ရှိပါတယ်။

🖥️ Image ကျဆင်းစေခြင်း

🎯သင့်ရဲ့အလုပ်အကိုင်၊ အဖွဲ့အစည်းကို ကိုယ်စားပြုပြီး Zoom အသုံးပြုရာမှာလည်း Quality Tools တွေကို အသုံးမပြုထားတဲ့ unlicensed account တွေကြောင့် သင့်အဖွဲ့အစည်းနဲ့ သင့်ရဲ့ image ကို ကျဆင်းစေနိုင်ပါတယ်။

🔰ဒီအချက်လေးတွေကို သိထားပြီဆိုရင် Licensed တင်ထားတဲ့ Zoom အကောင့်ကို အသုံးပြုခြင်းက ရိုးရိုး Zoom account ကို အသုံးပြုနေခြင်းထက်ပိုပြီး အကျိုးကျေးဇူးတွေ အများကြီးရှိတယ်ဆိုတာ သိသွားကြမယ်လို့ မျှော်လင့်ပါတယ်နော်။

🔰ရိုးရိုး account နဲ့ ကွဲပြားခြားနားပြီး ပိုမို ကောင်းမွန် စိတ်ချရတဲ့ Zoom Licensed account လေးတွေကို The Moon မှာ ဝယ်ယူရရှိနိုင်တာမို့ စိတ်ဝင်စားတယ်ဆိုရင် page လေးထဲကို ဝင်ရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါရစေ။

🍀🍀🍀The Moon က မျှဝေပေးခဲ့တဲ့ ဒီစာလေးကို နှစ်သက်ရင် Like & Share ပြုလုပ်ခဲ့ဖို့လည်း မမေ့ပါနဲ့ဦးနော်။ 🤗

✨✨✨✨ကောင်းသောနေ့လေးဖြစ်ပါစေ။🥰


🙋‍♂️ဈေးလည်းမှန်တယ်/ after sale serviceလဲ ကောင်းပီး စိတ်ချရတဲ့ Zoom License Service မျိုးကိုရှာနေပါသလား?🔰လူကြီးမင်းတို့ အ...
29/04/2024

🙋‍♂️ဈေးလည်းမှန်တယ်/ after sale serviceလဲ ကောင်းပီး စိတ်ချရတဲ့ Zoom License Service မျိုးကိုရှာနေပါသလား?
🔰လူကြီးမင်းတို့ အတွက်
အခုဝယ်-အခုရ ရှယ်တန် ရှယ်မြန်တဲ့ Zoom License တွေရောင်းချပေးနေသော ကျွန်တော်တို့ The Moon Premium Service ရှိနေပါပီခင်ဗျာ။
🔰ဝယ်ယူထားသော သက်တမ်းအလိုက် warranty ပါရှိမှာဖြစ်ပြီး Premium ပြုတ်တာမျိုးဖြစ်လာခဲ့ရင်တောင် ပြန်လုပ်ပေးမှာဖြစ်တာမလို့ လုံးဝ ယုံကြည်စိတ်ချစွာဝယ်ယူအားပေးနိုင်ပါပြီခင်ဗျာ
🔰Zoom Premium Account လေးတွေကို ဝယ်ယူအားပေးချင်တယ်ဆိုရင်တော့ Page ChatBox ကနေဝယ်ယူအားပေးလို့ရနိုင်ပါပြီခင်ဗျာ 🤗❤️
“ပစ္စည်းမှန်စျေးတန်တာ The Moon Premium Service ပါ”
👌

Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when The Moon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share