13/10/2026
လုပ်ငန်းစတင်ခါစအချိန်တွေမှာတော့ စာအုပ်တွေထဲမှာလက်ရေးနဲ့ စာရင်းရေးသွင်းတာ ဒါမှမဟုတ် ရိုးရိုး Spreadsheet လေးတွေနဲ့ မှတ်သားတာကအဆင်ပြေနိုင်ပါသေးတယ်။ ဒါပေမဲ့လုပ်ငန်းချဲ့ထွင်လာတာနဲ့အမျှ နေ့စဉ် Transaction တွေရာနဲ့ချီ များပြားလာမယ်၊ ဆိုင်ခွဲ/လုပ်ငန်းခွဲတွေ တိုးချဲ့လာမယ်၊ စာရင်းလိုက်ရမယ့် Customer နဲ့ Supplier ဦးရေတွေ တစ်နေ့တခြား တိုးလာတဲ့အခါမှာတော့ Manual စနစ်တစ်ခုတည်းနဲ့ စီမံခန့်ခွဲဖို့ မလွယ်ကူတော့ပါဘူး။
လက်ရေးစာရင်းတွေနဲ့ စာအုပ်တွေကြားထဲမှာ စာရင်းပျောက်တာ၊ စာရင်းတိုက်ဆိုင်စစ်ဆေးရ ခက်ခဲတာတွေအပြင် လကုန်တိုင်း Monthly Report ထွက်ဖို့ ရက်ပေါင်းများစွာ အချိန်ယူနေရပြီဆိုရင် Manual စနစ်က လုပ်ငန်းရဲ့ ကြီးထွားနှုန်းကို အမီမလိုက်နိုင်တော့ဘူးလို့ပြောလို့ရပါတယ်။ အချိန်မီမထွက်နိုင်တဲ့ စာရင်းအချက်အလက်တွေကြောင့် အရေးကြီးတဲ့ စီးပွားရေးဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာမှာလည်း နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်လာစေနိုင်ပါတယ်။
ဒါကြောင့် လုပ်ငန်းတွေအနေနဲ့ ခေတ်နဲ့အညီ Computerized Accounting System ကိုမဖြစ်မနေ ကူးပြောင်းအသုံးပြုဖို့ လိုအပ်လာတာ ဖြစ်ပါတယ်။
ကွန်ပျူတာအခြေပြု စာရင်းကိုင်စနစ်တစ်ခုကို ပြောင်းလဲအသုံးပြုလိုက်တဲ့အခါ နေ့စဉ် ငွေဝင်ငွေထွက်၊ အဝယ်စာရင်း၊ အရောင်းစာရင်းနဲ့ ကုန်ပစ္စည်းလက်ကျန် (Inventory) တွေကို တစ်နေရာတည်းကနေ စနစ်တကျ အချိန်နဲ့တစ်ပြေးညီ မှတ်သားထိန်းသိမ်းနိုင်သွားပါတယ်။ လကုန်တိုင်း ခေါင်းခဲစရာမလိုဘဲ တိကျတဲ့ Financial Reports တွေကို Click အနည်းငယ်နှိပ်ရုံနဲ့ အလွယ်တကူ ထုတ်ယူနိုင်တာကြောင့် စာရင်းစစ်ဆေးရတာ ပိုမြန်ဆန်လာသလို၊ လုပ်ငန်းတိုးချဲ့ဖို့ အရေးကြီးတဲ့ Business Decisions တွေကိုလည်း အချက်အလက်တိကျစွာနဲ့ အချိန်မီ ထိရောက်စွာ ချမှတ်နိုင်မှာပါ။
စာအုပ်တွေထဲက ရှုပ်ထွေးလှတဲ့ စာရင်းဇယားတွေအစား စနစ်ကျမြန်ဆန်တဲ့ နည်းပညာကို အသုံးချပြီး ကိုယ့်ရဲ့လုပ်ငန်းကို Manual စနစ်ကနေ Computerized Accounting System သို့ ပြောင်းလဲလိုက်ပါ