Lo Ta Ya Online Shop

Lo Ta Ya Online Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lo Ta Ya Online Shop, Consulting Agency, No. 123, Tha Main Ba Yan Road, Tarmwe, Yangon.

ဒါမျိုးကတော့ လက်အန်သေချင် သေပါစေ လက်ကြီးပြုတ်ရင် ပြုတ် ပါစေ ကွာ 😁😁😁😂
19/06/2020

ဒါမျိုးကတော့ လက်အန်သေချင် သေပါစေ လက်ကြီးပြုတ်ရင် ပြုတ် ပါစေ ကွာ 😁😁😁😂

တစ်နေ့တစ်မိနစ်ပွေ့ဖက်ပါ----------------------------မင်္ဂလာဆောင်ပြီးစ သူတို့ဇနီးမောင်နှံရဲ့ဘဝက လူတိုင်းအားကျဖို့ကောင်းအောင်...
19/06/2020

တစ်နေ့တစ်မိနစ်ပွေ့ဖက်ပါ
----------------------------
မင်္ဂလာဆောင်ပြီးစ သူတို့ဇနီးမောင်နှံရဲ့ဘဝက လူတိုင်းအားကျဖို့ကောင်းအောင် ပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေခဲ့တယ်။ သားတစ်ယောက်မွေးခဲ့ပေမယ့် တစ်သားမွေးတစ်သွေးလှဆိုသလို သူမ လှပနေခဲ့တယ်။ ခန္ဓာကိုယ်အချိုးအစားကို အပျိုလေးတစ်ယောက်လို သူမ ထိန်းသိမ်းထားနိုင်ခဲ့တယ်။ လင်ယောက်ျားနဲ့တွဲသွားသည့်တိုင် ပုရိသတို့ရဲ့ အကြည့်စက်ကွင်းမှာ သူမ,မလွတ်ခဲ့ဘူး။ အိမ်သူသက်ထားရဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့အလှကြောင့် အပေါင်းအသင်းတွေကြားမှာ သူ လက်မထောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် လင်နဲ့မယား၊ လျှာနဲ့သွား ဆိုသလို အိမ်ထောင်သက်ရင့်လာတာနဲ့အမျှ သူတို့မှာ ကတောက်ကဆတ်တွေရှိလာခဲ့တယ်။ နေ့လယ်အလုပ်မှာ သူ ပင်ပန်းခဲ့တယ်။ ညမှာ သူမ ကလေးပြုစုစောင့်ရှောက်ရတယ်။ သူတို့ဇနီးမောင်နှံနှစ်ယောက်ကြားက ကြင်နာယုယမှုတွေ တစ်နေ့ထက်တစ်နေ့ လျှော့နည်းလာခဲ့တယ်။ သူတို့ရဲ့ဆက်ဆံမှုက တစ်ခါတလေမှာ ရေခဲမှတ်ထိတောင် အေးစက်သွားခဲ့တယ်။

တစ်နေ့ သူ့ကို သူမ တစ်ခုတောင်းဆိုခဲ့တယ်။

"ကျွန်မတလေးတစားနဲ့ တစ်ခုလောက် တောင်းဆိုချင်ပါတယ်"

"ဘာတောင်းဆိုမှာလဲ" သူ စိတ်မရှည်စွာ မေးတယ်။

"ကျွန်မကို တစ်နေ့တစ်မိနစ်လောက် ပွေ့ဖက်ပါ"
"လိုအပ်လို့လား..." သူမကို သူတစ်ချက်ကြည့်ပြီး ခနဲတဲ့တဲ့မေးတယ်။

"လိုအပ်လို့ ကျွန်မတောင်းဆိုတာပါ။ ရှင်က ကျွန်မကို မယုံသင်္ကာနဲ့ ပြန်မေးတဲ့အတွက် ပိုလို့ လိုအပ်ပါတယ်"

"အကြင်နာတွေကို ရင်ထဲမှာပဲ ထားတယ်.. ထုတ်ဖော် ပြောပြစရာမလိုပါဘူး"

"တကယ်လို့ အရင်တုန်းက ချစ်တာကိုရှင်ထုတ်ဖော်မပြောခဲ့ရင် ကျွန်မတို့ ယူဖြစ်ကြမယ်မထင်ဘူး"

"အရင်ကအရင်လေ အခုဆိုရင် ပိုတည်ငြိမ်သွားပြီ မဟုတ်လား"

"ထုတ်မပြောတိုင်း ပိုတည်ငြိမ်သွားမှာမဟုတ်သလို ထုတ်ပြောတိုင်းလည်း ဟန်ဆောင်တာတွေ မဟုတ်ပါဘူး"

နှစ်ယောက်သား သူတစ်ခွန်း ငါတစ်ခွန်းနဲ့ စကားများကြတော့တယ်။
နောက်ဆုံးတော့ စစ်အေး မီးငြိမ်းအောင် သူပဲ အရင်အလျှော့ပေးလိုက်ပါတယ်။ အနားနားသွားပြီး သူမကို တစ်မိနစ်ကြာ သူဖက်ထားလိုက်ပါတယ်။

"အဓိပ္ပာယ်မဲ့တဲ့ မိန်းမပဲ" သူမကိုပွေ့ဖက်ပြီး သူရယ်ကျဲကျဲ ပြောတယ်။

"အချစ်နဲ့ပတ်သက်လာရင် မိန်းကလေးတွေက အဓိပ္ပာယ်မဲ့တတ်ကြတာပဲ"

အဲဒီနောက် နေ့တိုင်း သူမကို တစ်မိနစ်ပွေ့ဖက်ဖို့ သူအချိန်ပေးခဲ့ရတယ်။

နေ့တိုင်း တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်ချိန်မှာ သူတို့ ဘာမှမပြောဘဲ နုတ်ဆိတ်နေခဲ့ကြပေမယ့် သူတို့ရဲ့ဆက်ဆံရေးက တဖြည်းဖြည်း သဟဇာတ ဖြစ်လာခဲ့တယ်။ ဒီလိုနုတ်ဆိတ်ခြင်းက မပွေ့ဖက်ခင် နုတ်ဆိတ်ခြင်းနဲ့
စိတ်ခံစားချက်ရော၊ အဓိပ္ပာယ်ပါ ကွဲပြားခဲ့ပါတယ်။

ဒီလိုနဲ့တစ်နေ့မှာ သူမ ခရီးဝေးသွားဖို့ ကြုံလာခဲ့တယ်။ ရထားမထွက်ခင် သူ့ကို သူမက...

"ကျွန်မကိုပွေ့ဖက်ရမယ့်တာဝန်တစ်ခု ခဏလောက်တော့ ရှင်ကင်းလွှတ်သွားတာပေါ့နော်"

"ဟင့်အင်း.. ငါ မင်းကိုဖက်ချင်နေမှာ" သူရယ်ရင်းပြောတယ်။

တကယ်ပဲ နောက်တစ်ရက်မှာ သူ့ဆီကဖုန်းကို သူမ လက်ခံရခဲ့ပါတယ်။ ဖုန်းပြောရင်း သူမရဲ့မျက်လုံးအိမ်မှာ မျက်ရည်တွေ ပြည့်လျှံနေခဲ့တယ်။

တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြင်နာခဲ့သူနှစ်ဦးရဲ့ဒေါသတွေ အချင်းချင်း ပွတ်တိုက်မိကြပြီးဆိုရင် အိမ်ထောင်ရေးက တောသူမတစ်ယောက်လို ဆွဲဆောင်မှု နည်းသွားတတ်ပါတယ်။

လူတွေက အိမ်ထောင်သက်ရှည်လာတာနဲ့အမျှ အကြင်နာ၊ အယုယတွေ လျှော့နည်းလာတတ်သလို၊ တစ်ယောက်အပေါ်တစ်ယောက် ယုယမှုတွေမလိုတော့ဘူးလို့လည်း ထင်မြင်လာတတ်ကြတယ်။ မယူခင် နှစ်ရှည်လကြာ အရူးအမူးချစ်ကြိုက်ခဲ့တဲ့ အချစ်နဲ့ခံစားချက်ကို တဖြည်းဖြည်း မေ့လျှော့ခဲ့လိုက်ကြတယ်။ ချစ်စ၊ ကြင်နာစကရှိခဲ့ဖူးတဲ့ ရင်ခုန်သံကို တစ်နေ့တခြား ပျက်စီးအောင် ဖျက်ဆီးပစ်လိုက်ကြတယ်။

တကယ်လို့ အချစ်ကို တစ်နေ့ထက်တစ်နေ့ပိုတိုးပွားအောင် လုပ်ဆောင်နိုင်ခဲ့ရင် ကျွန်မတို့ရဲ့စိတ်နှလုံးထဲမှာရှိတဲ့အချစ်က ဘယ်တော့မှ အေးစက်ကုန်ဆုံး ပျက်စီးသွားမှာ မဟုတ်ပါဘူး။

"ချစ်တယ်" "ကျေးဇူးတင်ပါတယ်" ဒါမှမဟုတ် နွေးထွေးတဲ့ အပြုအမူလေး တစ်ခုတည်းတင် ကိုယ်ချစ်တဲ့သူရဲ့နှလုံးသားကို ပျော်ရွှင်ကြည်နူးစေနိုင်သလို အဓိပ္ပာယ်အများကြီး သက်ရောက်အောင်လည်း ပေးနိုင်စွမ်းပါတယ်။

ချစ်တတ်သူများအားလုံး အချစ်ခရီးလမ်းမှာ ပျော်ရွှင်သင်ယူမှုတွေနဲ့
အမြဲပြည့်နှက်နေပါစေ....

မူရင်းလင့် -- http://cmpc.health999.net/goodword/good_071.htm

နိုင်းနိုင်းစနေ (Thursday, April 09, 2009)

22/04/2020
ကြောက်စရာကြီး 😭😭2020 သင်္ကြန်စာ ထွက်ပေါ်လာပါပြီ အရမ်းကောင်းပါတယ် ဖတ်ဖြစ်အောင်ဖတ်လိုက်ပါဤနှစ်တွင် သိကြားမင်းသည် ဘီလူးကိုစီး၍...
30/03/2020

ကြောက်စရာကြီး 😭😭

2020 သင်္ကြန်စာ ထွက်ပေါ်လာပါပြီ

အရမ်းကောင်းပါတယ်
ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ

ဤနှစ်တွင် သိကြားမင်းသည်
ဘီလူးကိုစီး၍ လက်ယာဘက်တွင်
သံလျက်ကိုင်လျှက် လက်ဝဲဘက်တွင်
ရေဖလားကိုင်ကာ လူ့ပြည်သို့ ဆင်းအံ့။

နှစ်စဉ် အဖော်အဖြစ်လိုက်ပါလာတတ်သော
မာဒလိနတ်သားသည် ဤနှစ်တွင် လူ့ပြည်သို့အစောကြီးရောက်နေအံ့။

ထို့ကြောင့်
သင်္ကြန်ရက်အတွင်း
မိုးရွာလျှင် ရေပါအံ့။

ငလျင်လှုပ်လျှင်မြေတုန်အံ့။

မုန်တိုင်းတိုက်လျှင်
အခြေမခိုင်သော သစ်ပင်များ ကျိုးကျအံ့။

တနင်္ဂနွေသားသမီးများအနေဖြင့်
သင်္ကြန်ရက်အတွင်းရေကစားထွက်လျှင် အဝတ်အစားများ စိုအံ့။

တနင်္လာသားသမီးများ
ခိုးရာနောက် လိုက်လျှင် အိမ်ထောင်ကျအံ့။

အင်္ဂါသားသမီးများ
ဆေးလိပ်သောက်လျှင် ပါးစပ်မှ
မီးခိုးငွေ့ထွက်အံ့။

ဗုဒ္ဓဟူးသားသမီးများ
အရက်သောက်လျှင် မူးအံ့။

ကြာသပတေးသားသမီးများ
ကွမ်းစားလျင် ပါးစပ်ရဲအံ့။

သောကြာသားသမီးများ
ဆိုင်ကယ်စီးလျှင် ဆီကုန်အံ့။

စေနသားသမီးများ အနေဖြင့်
အစာစားပြီးလျှင် ဗိုက်ပြည့်တတ်အံ့။

၇ ရက်သားသမီးအနေဖြင့်
ဤနှစ်တွင် ကန်ကောင်းစေချင်လျှင်
ဤ ယတြာအတိုင်းပြုလုပ်ပါ။

ဘိလပ်မြေ
အုတ်
သဲ တို့အားဝယ်၍
ပန်းရံဆရာတစ်ယောက် ငှားလိုက်ပါ။

ပြီးနောက်
မကောင်းသောကန်အား
ပြန်လည်ပြုပြင်ပါ။

ကန်ကောင်းပြီဆိုသောအခါ
ရေထည့်ကြည့်ပါ။

ရေမယိုလျှင် ကန်ကောင်းနေသည်မှာ
သေချာပါသည်။

ရီရလျှင် ပြုံးနေပြီး
ကြိုက်နှစ်သက်ပါက ( Ha ha)ပေးသွား😁

အမျိုးသမီးပြီးတယ်ဆိုတာ*********************အမျိုးသမီး ၁ ယောက်နဲ့ ၁ ယောက်မတူပါဘူး။ တစ်ချို့က ပုံမှန်လိင်ဆက်ဆံရုံနဲ့ပဲ ပြီ...
29/03/2020

အမျိုးသမီးပြီးတယ်ဆိုတာ
*********************
အမျိုးသမီး ၁ ယောက်နဲ့ ၁ ယောက်မတူပါဘူး။ တစ်ချို့က ပုံမှန်လိင်ဆက်ဆံရုံနဲ့ပဲ ပြီးမြောက်ဖို့ ပိုလွယ်ကူဆိုပေမဲ့ တချို့ကတော့ပြီးမြောက်ဖို့အတွက်ဆိုရင် အမျိုးသမီးအင်္ဂါမှာရှိတဲ့ အစေ့ကလေးကို နှိုးဆွပေးရပါတယ်။မိန်းကလေးတွေပြီးမြောက်ဖို့ဆိုတာနည်းလမ်းတွေအများကြီးရှိတဲ့အပြင်အဲ့တာတွေကမှားတယ် လို့လဲပြောလို့မရပါဘူး။ တစ်ချို့အမျိုးသမီးတွေက အချိန်အတိုအတွင်းမှာ တစ်ခါပြီး တစ်ခါ ပြီးမြောက်နိုင်ပါတယ်။အဲဒါကို အဆက်မပြတ်ပြီးမြောက်ခြင်း (Multiple Or**sm) လို့ခေါ်ပါတယ်။ Multiple Or**sm လိုချင်တဲ့ အမျိုးသမီးတွေအတွက်ဆိုရင် အမျိုးသားတွေက နိုးဆွပေးမူကြောင့် ဖြစ်ပေါ်လာတဲ့ ပထမဦးဆုံး ပြီးမြောက်ခြင်းကို ထိန်းထားနိုင်မှ သူမဟာ တစ်ခါပြီး နောက်တစ်ခါ အချိန်တိုလေးအတွင်းမှာ အဆက်မပြတ် ပြီးမြောက်နိုင်မှာပေါ့။
ပြီးတော့အမျိုးသမီးတွေပြီးမြောက်တဲ့အခါမှာအမျိုးသားတွေလိုအရည်ထွက်လေ့မရှိပါဘူး။တစ်ခါတစ်လေဆိုရင်ပြီး မြောက်သွားတဲ့အခါမှာဘယ်လိုအချက်မှတောင်မပြပါဘူး။ဒီနေရာမှာအပြောအဆိုလဲအရမ်းအရေးကြီးတယ်နော်။ အမျိုးသမီးအများစုက ဘဒိုတို့နဲ့ relax ဖြစ်နေမယ်၊ safe ဖြစ်နေမယ် လို့ခံစားရပြီဆိုရင် ပြီးမြောက်ဖို့ လွယ်ကူနိုင်ပါတယ်။ လိင်မဆက်ဆံခင် ကိုယ်လက်နှီးနှောနေချိန်မှာ သူမ relax ဖြစ်အောင် ကူညီပေးပါ။ နောက်ပြီး လက်နဲ့ သူ့ခန္ဓာကိုယ်ကိုပါ သက်တောင့်သက်သာဖြစ်အောင် သူမကိုပြုလုပ်ပေးပါ။ .

တကယ်က corona virusမြန်မာကို မဝင်တာ မဟုတ်ဘူးတရုတ်မှာ စဖြစ်ကတည်းက မြန်မာပြည်ရောက်လာတာပဲ..ကလေးကအစ လူကြီးအဆုံးVirus က အဆုတ်ထ...
27/03/2020

တကယ်က corona virus
မြန်မာကို မဝင်တာ မဟုတ်ဘူး
တရုတ်မှာ စဖြစ်ကတည်းက
မြန်မာပြည်ရောက်လာတာပဲ..
ကလေးကအစ လူကြီးအဆုံး
Virus က အဆုတ်ထဲ တန်းတိုးပလိုက်တာ
ဒါပေမယ့် corona virus အတွက်မှားသွားတယ်.
မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပဲ
Corona virus အသက်ရှူကြပ်ပြီး
နေရာမှာတင် ပွဲချင်းပြီးသွားတာပဲ. 😝😝
ကြူးမီးငှား... တရုတ်ပိုးဆိုတော့
တရုတ်လို အော်ပြီး ဂစ်သွားတာ.. 😆

ဖြစ်စဉ်က ဒီလို.....
ပိုးက မြန်မာပြည်က လူတွေရဲ့ အဆုတ်ထဲ အလွယ်တကူပဲ ဝင်သွားတာ...
ဝင်သွားတုန်းကတော့ အကောင်းပဲ
အထဲရောက်မှ အဆုတ်ကို ရှာတာ...
အဆုတ်မတွေ့ရဘူး... ဟင်... 😮
ဘယ်လိုဖြစ်လဲပေါ့...
ဒီလူမျိုးက အဆုတ်မရှိပဲ အသက်ရှင်
နေကြတာလားပေါ့ ...
အဲ... ဒုက္ခနဲ့ လလနဲ့ တော့ တွေ့ပြီပေါ့ 😅😅
တကယ်က မဟုတ်ဘူး...
မြန်မာလူမျိုးကိုက ဖြတ်ထိုးဥာဏ် ကောင်းတာ
ဒီလိုဖြစ်လာမယ်ဆိုတာ သိလို့
တနေ့တနေ့ လမ်းဘေးက ဖုန်တွေ သဲတွေ
အလကား ရတိုင်း ဘုန်းပေါလအော ရှူထားတာ
နဲတာမှ မဟုတ်တာ.... 😎😎 ငှင်းငှင်း
အဆုတ်တခုလုံး ဖုန်တွေ ချေးတွေ ချည်းပဲလေ..
ပုံဖျက်ထားတာပေါ့... 😆😆
တချို့ဆို အဆုတ်အနီရောင်ကနေ မဲတောင်
နေပြီ.... corona ကို မျက်စိလှည့်ထားတာ
ပြောပါတယ်...
အဲကလိုနဲ့.... မြန်မာတွေ အဆုတ်ထဲ
ရောက်သွားကတည်းက သူ့ခမျာ
မစားရ မသောက်ရနဲ့ တနေ့တခြား
သူ့ကိုပါ ဖုန်တွေ အထပ်ထပ်အုပ်ပြီး....
Corona ခမျာ... အဆုတ်ယောင်ရောဂါ.
ပြန်ရပြီး.... အထဲမှာတင်
သေသွားရရှာပါရောလား.. 😂😂

ဒီသတင်းကို ကြားသွားတဲ့
ရောဂါကူးဆက်နိုင်ငံတွေက
မြန်မာပြည်က ကျန်းမာရေးဝန်ကြီးကို
ဖုန်းနဲ့ ခခယယ ဆက်ပြီး မေးကြရပါရော
ဘယ်လို ဆေးမျိုးနဲ့ ကုတာလဲ...
ဘယ်လို ဖော်စပ်တာလဲ
ငါတို့လဲ ဘယ်လိုလုပ်ရင် ပိုးကို
နှိမ်နင်းနိုင်မလဲ မေးတဲ့ အခါ....

မြန်မာ့ ကျန်းမာရေးဝန်ကြီးရဲ့
အားနဲ့ မာန်နဲ့ ပြန်ပြောလိုက်တဲ့ အဖြေကတော့

"ဖုန်ရှူလိုက် ဟျောင်"... 😝😝😝😝

NT-LA

25/03/2020

ဝူဟန် ဗိုင်းရပ်စ်ပိုး
ကြိုတင် ကာကွယ်နည်း
________________

တရုတ်နိုင်ငံ Wuhan မြို့က ရေထွက်ပစ္စည်းတွေကနေ ဒီ Virus ဗိုင်းရပ်စ် ပိုးမွှားရတယ်လို့ ကောက်ချက်ချထားပါတယ်။

ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံတွေမှာပါ လူပေါင်းများစွာ ကူးစက်မှုခံနေရပါတယ်။

ရောဂါကူးစက်ခံရသူမှတဆင့် အခြားသူကိုပါ ကူးစက်ခံရနိုင်ကြောင်းတွေ့ရှိထားပါတယ်။

ရောဂါက Virus ပိုး အသစ်ဖြစ်တာကြောင့် ကာကွယ်ဆေး မရှိသေးပါဘူး။

ဒီပိုးကို အဓိကတိုက်ထုတ်ပေးနိုင်တာကတော့ ကိုယ်ခံအားပဲ ဖြစ်ပါတယ်။ သေဆုံးသူတွေဟာ ကိုယ်ခံအားနည်းသူများဖြစ်​ပြီး ရောဂါအခံတခုခု ဥပမာ- နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ စသည့်ရောဂါအခံများရှိနေသူတွေဖြစ်ကြပါတယ်။

ဒါကြောင့် အရေးကြီးဆုံးက ကိုယ်ခံအားကောင်းအောင်နေပါ။

ကာကွယ်နည်း
-----------------

မျက်နှာဖုံး Mask အမြဲတပ်ပါ၊ လည်ချောင်းမခြောက်နေပါ‌စေနဲ့၊ ရေများများသောက်ပါ၊ ရေဆာမခံပါနဲ့၊ ဒီရောဂါပိုးဟာ လည်ချောင်းခြောက်နေမှသာ ကိုယ်ထဲကိုပျံ့နှံ့လွယ်တာပါ၊

ရေဆာချိန်သောက်ပါ၊ ခနလေးတောင် ရေဆာမခံရ၊ တစ်ခါသောက်ရင် ရေကျက်‌အေး 50-80 CC သောက်ပါ၊ ကလေးဆို 30-50 CC သောက်ပါ၊ အနားမှာ သောက်ရန်အမြဲ အဆင်သင့်ဆောင်ထားပါ၊ အများကြီး သောက်စရာမလိုပါ၊ လည်ချောင်းမခြောက်ရုံလေးဆိုရပြီ။

ဆီကြော် စားခြင်းများကို ရှောင်ပါ။ လက်မဆေးဘဲ မိမိမျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိမိခြင်းမှ ရှောင်ပါ။ လက်ကို ဆပ်ပြာဖြင့်စင်ကြယ်စွာ ဆေးကြောပါ။

ရောဂါလက္ခဏာ
---------------

- ကိုယ်ပူခြင်း
- ချောင်းဆိုး နှာစေးခြင်း
- ချမ်းတုန်ခြင်း
- ခေါင်းကိုက်ခြင်း
- လည်ချောင်းနာခြင်း
- အသက်ရှူခက်ခြင်း တို့ ဖြစ်ပါတယ်။
---------------------------
(Healthcare Myanmar
မှ ကူးယူဖော်ပြသည်။)

"ဆေးအညွှန်း"=========မင်္ဂလာဦးည..လူငယ်ဇနီးမောင်နှံ အသစ်စက်စက် နှစ်ယောက် ဆေးခန်းသို့ ရောက်လာသည်။ဆရာဝန်-ကဲ..ဘာဖြစ်တာလည်း ပြော...
23/03/2020

"ဆေးအညွှန်း"
=========
မင်္ဂလာဦးည..

လူငယ်ဇနီးမောင်နှံ အသစ်စက်စက် နှစ်ယောက် ဆေးခန်းသို့ ရောက်လာသည်။

ဆရာဝန်-ကဲ..ဘာဖြစ်တာလည်း ပြော

ယောက်ကျား-ဆရာ!ကျနော့ အမျိုးသမီး ညက ကိုယ်ဝန်တားဆေး အလုံး(၂၀)သောက်မိလို့ အဲ့တာ အန္တရာယ်များဖြစ်နိုင်မလားလို့

ဆရာဝန်-ဟေ!ဘာလို့ တားဆေး အလုံး(၂၀)တောင် သောက်ရတာလဲ

ယောက်ကျား-ဆေးဗူးပေါ်မှာ ဆေးညွှန်းက
(1 time - 1 tablet) တကြိမ်လျှင် တလုံးလို့ ရေးထားလို့ပါ ဆရာ

ငမ့် 😝😝😂

Credit

ကိုရိုနာဗိုင်းရပ် ကူးစက်ခံရရင်  ရက်စွဲအလိုက် ဒီလိုတွေခံစားရလိမ့်မယ်👉( 1 - 3 ) ရက်ရိုးရိုးတုပ်ကွေး အဖျားနဲ့တူတယ်။  အဖ်ားေ...
22/03/2020

ကိုရိုနာဗိုင်းရပ် ကူးစက်ခံရရင် ရက်စွဲအလိုက် ဒီလိုတွေခံစားရလိမ့်မယ်

👉( 1 - 3 ) ရက်
ရိုးရိုးတုပ်ကွေး အဖျားနဲ့တူတယ်။
အဖျားငွေ့ငွေ့လေးရှိမယ် ။ ခေါင်းနည်းနည်းကိုက်မယ်။ လည်ချောင်းနာမယ်။ အစားအသောက်မပျက်ဘူး ။ စားနိုင်သောက်နိုင်တယ် ။

👉( 4 ) ရက်‌မြောက်နေ့
အဖျားငွေ့ငွေ့လေးပဲ ရှိနေဦးမယ်။
လည်ချောင်းနည်းနည်းပိုနာလာမယ် ။ အစားအသောက်ပျက်လာမယ် ။ ခေါင်းတွေကိုက်လာမယ် ။ ဝမ်းလျှောတာတွေ ဖြစ်လာတတ်ပါတယ် ။

👉 ( 5 ) ရက်မြောက်နေ့
လည်ပင်းတွေ အရမ်းနာလာမယ် ။
အစားအသောက်စားရင်တောင် လည်ပင်းနာလာမယ် ။ ရေသောက်ရင်တောင် လည်ပင်း နာလာမယ် ။ စကားပြောရင်လည်း လည်ပင်းတွေ နာလာမယ် ။ ခြေထောက်တွေပိုပြီး ကိုက်ခဲလာတယ် ။ လူက ညောင်းပြီးတော့ အားနည်းလာမယ် ။

👉 ( 6 ) ရက်မြောက်နေ့
အဖျားက ငွေ့ငွေ့လေးပဲရှိနေဦးမယ် ။
လည်ချောင်းတွေ အရမ်းနာလာပြီး ချောင်း‌ခြောက်တွေ ဆိုးလာမယ် ။ အသက်ရှူရတာခက်ခဲပြီး မောလာမယ် ။ ခြေလက်တွေ ပိုပြီး ကိုက်ခဲလာမယ် ။

👉 ( 7 ) ရက်မြောက်နေ့
အဖျားက 100 ကျော်လာမယ် ။
ချောင်းတွေ အရမ်းဆိုးလာမယ် ။ သလိပ်တွေ ထွက်လာမယ် ။

👉 ( 8 ) ရက်မြောက်နေ့
လူက လုံးဝ အားမရှိတော့သလိုဖြစ်ပြီးတော့ အရမ်းနုံးလာမယ် ။ အရမ်းမောလာမယ် ။ ရင်ဘတ်တွေ အရမ်းအောင့်လာမယ် ။ ခံစားရတဲ့ဝေဒနာတွေ ပိုဆိုးလာမယ် ။ ခြေဆစ်လက်ဆစ်တွေ အရမ်းကိုက်ပြီး လည်ပင်းကလည်း အရမ်းနာလာမယ်

🚑🚑🚑

အရေးပေါ် အခြေအနေမှာတော့
ရင်ဘတ်တွေ အရမ်းအောင့်ပြီး မောလာမယ် ။
မျက်နာတွေပြာလာမယ် ။ မျက်လုံးတွေပြာလာမယ် ။
ဒါဆိုရင်တော့ ဆေးရုံအရေးပေါ် သွားဖို့ လိုပါပြီ ။

#အတိုချုပ်ပြောရရင်

လူတစ်ယောက်ဟာ
ဖျားမယ် / ချောင်းဆိုးမယ် / မောလာမယ် ဆိုရင်တော့
မဖြစ်မနေ ဆရာဝန်ပြဖို့ လိုပါတယ်

👉80%က သူ့ကိုယ်ခံအားစနစ်နဲ့ ခုခံပျောက်ကင်းပြီးတော့
👉20%က ရောဂါ ပြင်းထန်တတ်ကြပါတယ်

#ဒေါက်တာဇင်မင်းထွန်း

ကိုးကား _
စင်္ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်

ဟုတ်တယ် တစ်ရက်ကြိုဝယ်ထားတာ  အူးလေးတို့ ခုံလာမဦးနက် ဒါဗြဲ
21/03/2020

ဟုတ်တယ် တစ်ရက်ကြိုဝယ်ထားတာ အူးလေးတို့ ခုံလာမဦးနက် ဒါဗြဲ

ဒီနေ့ အကြိက်ဆုံးပုံ 😊
21/03/2020

ဒီနေ့ အကြိက်ဆုံးပုံ 😊

Address

No. 123, Tha Main Ba Yan Road, Tarmwe
Yangon

Telephone

+959779002200

Website

Alerts

Be the first to know and let us send you an email when Lo Ta Ya Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share