07/06/2026
🏆𝐂𝐇𝐀𝐌𝐏𝐈𝐎𝐍 မှန်မကွဲကို ယုံကြည်စွာ ဝယ်ယူအားပေးကြတဲ့ ချစ်လှစွာသော 𝐃𝐞𝐚𝐥𝐞𝐫 ကြီးများကို ဂုဏ်ပြုသောအားဖြင့် အပန်းဖြေရင်း အမြင်အသစ်၊ ခံစားမှုအသစ်တွေ ပေးစွမ်းနိုင်ဖို တရုတ်နိုင်ငံရဲ့ နာမည်အကြီးဆုံးလည်ပတ်စရာ မြိုကြီး (၃) မြိုဆီကို (၇)ညအိပ် (၈)ရက် လည်ပတ်ဖို ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ 🛫
🫶 ယဉ်ကျေးမှုအမွေအနှစ်တွေ ပေါကြွယ်ဝပြီး သဘာဝအလှတရားတွေ စုံလင်လှတဲ့ ချုံချင်း (𝐂𝐡𝐨𝐧𝐠𝐪𝐢𝐧𝐠)၊ ဝူလုံ (𝐖𝐮𝐥𝐨𝐧𝐠) နဲ့ ကျန်းကျားကျဲ့ (𝐙𝐡𝐚𝐧𝐠𝐣𝐢𝐚𝐣𝐢𝐞) မြိုကြီးတွေဆီ ခရီးနှင်ကြတဲ့အခါ ဘယ်လိုရင်သပ်ရှုမောဖွယ် နေရာတွေကို လည်ပတ်ကြမလဲဆိုတော့... 🤔
🏔 𝐙𝐡𝐚𝐧𝐠𝐣𝐢𝐚𝐣𝐢𝐞 (ကျန်းကျားကျဲ့)
- လှေကားထစ်ပေါင်း ၉၉၉ ထစ်ကိုကျော်ဖြတ်ပြီး တိမ်တိုက်တွေထဲမှာ အမှတ်တရဓာတ်ပုံတွေ ရိုက်ကူးဖို တရုတ်နိုင်ငံယဉ်ကျေးမှုအရ နတ်ပြည်ရဲ့တံခါးပေါက်လို ခေါ်ဆိုတဲ့ 𝐓𝐢𝐚𝐧𝐦𝐞𝐧 𝐂𝐚𝐯𝐞🤳🏔
- ကဗျာဖွဲလိုမမီအောင် မီးရောင်စုံနဲ့အတူ ခြယ်သထားပြီး ညရဲ့အလှကို တောက်ပစေမယ့် 𝟕𝟐 𝐒𝐭𝐫𝐚𝐧𝐠𝐞 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠✨🌃
- သာမညမဟုတ်တဲ့ သဘာဝရဲ့အလှတွေနဲ့ ပြည့်နှက်နေပြီး 𝐔𝐍𝐄𝐒𝐂𝐎 ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာတစ်ခုဖြစ်တဲ့ 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐅𝐨𝐫𝐞𝐬𝐭 𝐏𝐚𝐫𝐤🏞🦋
- ကမ္ဘာ့အမြင့်ဆုံး ဓာတ်လှေကားကြီးကိုစီးပြီး ကမ္ဘာကျော် 𝐀𝐯𝐚𝐭𝐚𝐫 ရုပ်ရှင်ထဲကအတိုင်း ကမ္ဘာဦးအလှတရားတွေကို ခံစားကြည့်ရှုနိုင်မယ့် 𝐀𝐯𝐚𝐭𝐚𝐫 𝐌𝐨𝐮𝐧𝐭𝐚𝐢𝐧🧗♂️🗿
- တစ်ယောက်လက်ကို တစ်ယောက်တွဲထားရင်းတောင်မှ ပြုတ်ကျပြီလားလို ထင်မှတ်ရတဲ့အထိ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ 𝐆𝐫𝐚𝐧𝐝 𝐂𝐚𝐧𝐲𝐨𝐧 𝐆𝐥𝐚𝐬𝐬 𝐁𝐫𝐢𝐝𝐠𝐞🫂📸
- အမှန်တကယ် မှန်တံတားပေါ်ကို ရောက်နေသလိုမျိုးခံစားရစေမယ့် 𝟑𝐃 𝐕𝐑 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞👀
𝐂𝐡𝐨𝐧𝐠𝐪𝐢𝐧𝐠 (ချုံချင်း)
- အွန်လိုင်းပေါ်မှာ နာမည်ကြီးပြီးသားဖြစ်တဲ့ အဆောက်အဦးတွေကြား ဖြတ်သန်းပြေးဆွဲနေတဲ့ 𝐋𝐢𝐳𝐢𝐛𝐚 𝐒𝐭𝐚𝐭𝐢𝐨𝐧🚄📸
- ချစ်လှစွာသော 𝐃𝐞𝐚𝐥𝐞𝐫 ကြီးများအတွက် 𝐁𝐫𝐚𝐧𝐝 ဆို အလန်းတွေမှ ဝယ်ယူနိုင်မယ့် 𝐋𝐮𝐱𝐮𝐫𝐲 𝐁𝐫𝐚𝐧𝐝 များရှိရာ 𝐉𝐢𝐞𝐟𝐚𝐧𝐠𝐛𝐞𝐢 𝐀𝐫𝐞𝐚🏪🤓
- 𝐒𝐭𝐫𝐞𝐞𝐭 𝐅𝐨𝐨𝐝၊ ညဈေးတန်းတွေနဲ့ မြိုပြမီးရောင်စုံကို မြစ်ကမ်းနံဘေးမှာ ခံစားနိုင်မယ့် နာမည်ကြီးနေရာတစ်ခုဖြစ်တဲ့ 𝐇𝐨𝐧𝐠𝐲𝐚𝐝𝐨𝐧𝐠🚤🌉
𝐖𝐮𝐥𝐨𝐧𝐠 (ဝူလုံ)
- 𝐓𝐫𝐚𝐧𝐬𝐟𝐨𝐫𝐦𝐞𝐫𝐬 ရုပ်ရှင်ကားကြီးရိုက်ကူးခဲ့တဲ့ နေရာအဖြစ် နာမည်ကျော်ကြားလှတဲ့
သဘာဝကျောက်တံတားကြီးများရှိရာ 𝐓𝐢𝐚𝐧𝐬𝐡𝐞𝐧𝐠 𝐓𝐡𝐫𝐞𝐞 𝐁𝐫𝐢𝐝𝐠𝐞𝐬🤖🤩
- တရုတ်ပြည်ရဲ့ ဆွစ်ဇာလန်လို တင်စားရလောက်အောင် နှင်းတွေနဲ့ လှပတဲ့ လမ်းကလေးမှာ 𝐌𝐢𝐧𝐢 𝐓𝐫𝐚𝐢𝐧 လေးစီးရင်း ဓာတ်ပုံလှလှလေးတွေရိုက်ကူးနိုင်မယ့် 𝐅𝐚𝐢𝐫𝐲 𝐌𝐨𝐮𝐧𝐭𝐚𝐢𝐧 🏔🤳
😉ကဲ...လည်ပတ်မယ့် နေရာလေးတွေလည်း အစုံသိရပြီးပြီဆိုတော့ ဒီခရီးစဉ်မှာ ပါဝင်ဖိုအတွက် 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 ကာလလေးကတော့...👇.
📆၁.၈.၂၀၂၆ မှ 📆၁.၄.၂၀၂၇ အထိ (၈)လတာ ဖြစ်ပြီး
💸 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 ကာလအတွင်း ကျပ်သိန်းပေါင်း (၅၀၀) ကျပ်အထိ ဝယ်ယူအားပေးတဲ့ 𝐃𝐞𝐚𝐥𝐞𝐫 များအားလုံး 𝐂𝐡𝐢𝐧𝐚 ခရီးစဥ်ကြီးမှာပါဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။🥰
ကဲ…ဒီလိုမျိုး အံ့သြဖွယ်ရာ သဘာဝအလှတရားတွေရှိရာ တရုတ်နိုင်ငံရဲ့ အထင်ကရနေရာတွေကို 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧 နဲ့အတူ အလည်ထွက်ဖို ပရိုမိုးရှင်းကာလလေး မကုန်ခင် အခုပဲ လာရောက်ဝယ်ယူလိုက်တော့နော်။
#အကြမ်းခံအရမ်းတန်𝐜𝐡𝐚𝐦𝐩𝐢𝐨𝐧မှန်မကွဲ
#𝐜𝐡𝐚𝐦𝐩𝐢𝐨𝐧မှန်မကွဲ
#ရင်ခုန်ပျော်ရွှင်championခရီးစဉ်