29/08/2026
ပတ္တယားသည် ကမ္ဘာကျော်ကမ်းခြေ အပန်းဖြေ မြို့တစ်မြို့ ဖြစ်သော်လည်း ဒေသတွင်း လူပြန်ပေးဆွဲမှုများနှင့် ကျားဖြန့် အွန်လိုင်း လိမ်လည်မှုများ၏ အဓိက ဗဟိုချက်လားး
ပတ္တယားမှာ အမေရိကန် စစ်သင်္ဘောကြီး ရောက်လာတဲ့ နောက်ကွယ်က အကြောင်းအရင်းကအနားယူဖို့ပဲလား၊ ဒါမှမဟုတ် တခြားလျှို့ဝှက်
စစ်ဆင်ရေးတွေ ရှိနေသလား?
အမေရိကန် စစ်ရေယာဉ် USS Abraham Lincoln နဲ့အတူ တပ်ဖွဲ့ဝင် ၅,၀၀၀ နီးပါးဟာ ထိုင်းနိုင်ငံ၊ လမ်ချဘန်ဆိပ်ကမ်း (ပတ္တယားအနီး) ကို ၅ ရက်ကြာ အနားယူဖို့သက်သက် ရောက်ရှိလာတာဖြစ်တယ်လို့ တရားဝင် သတင်းတွေက ဆိုပါတယ်။
ဒါပေမဲ့ နယ်စပ်က လူပြန်ပေးဆွဲမှုနဲ့ ကျားဖြန့်အန္တရာယ်များလက်ရှိ မြန်မာနဲ့ ကမ္ဘောဒီးယား နယ်စပ်တွေမှာ လူကုန်ကူးမှု၊ အဓမ္မလုပ်အားခိုင်းစေမှုနဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်း ကျားဖြန့်စက်ရုံကြီးတွေ သောင်းကျန်းနေတာ အားလုံးအသိပါပဲ။ အမေရိကန် တရားရေးဌာနကလည်း ဒီလို အပြည်ပြည်ဆိုင်ရာ ဒုစရိုက်ဂိုဏ်းတွေကို နှိမ်နင်းဖို့ Scam Center Strike Force ကို အထူးဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒီလို အချိန်မျိုးမှာ အမေရိကန်ရဲ့ အကြီးစား စစ်သင်္ဘောကြီး စက်ရှိန်မြှင့် ရောက်ရှိလာတာဟာ ဒေသတွင်း ဒုစရိုက်ဂိုဏ်းကြီးတွေကို သတိပေးလိုက်တဲ့ စစ်ရေးအရ အင်အားပြမှုတစ်ခု ဖြစ်နိုင်ပါတယ်။
ဒီနေ့ခေတ် ကျားဖြန့်ဂိုဏ်းတွေဟာ သာမန် ဖုန်းဆက်လိမ်တာမျိုး မဟုတ်တော့ဘဲ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စက်မှုဇုန်အဆင့် လည်ပတ်နေတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘက်ကလည်း နယ်စပ် မီးနဲ့ အင်တာနက် လိုင်းတွေကို ဖြတ်တောက်ပြီး နှိမ်နင်းမှုတွေ လုပ်ဆောင်နေချိန်မှာ အမေရိကန်ရဲ့ အဆင့်မြင့် စက်ပစ္စည်းတွေ ပါဝင်တဲ့ စစ်ရေယာဉ်အုပ်စု ရောက်ရှိလာတာဟာ သတင်းအချက်အလက် မျှဝေရေးနဲ့ အထူးဖိအားပေးဖို့ ဖြစ်နိုင်ပါတယ်။
ထရင့်ရဲ့ ဗျူဟာကတော့ "အင်အားသုံး၍ ငြိမ်းချမ်းရေးယူခြင်းပဲဖြစ်ပါတယ်။ တိုက်ရိုက် စစ်ပွဲကြီးတွေ မတိုက်ဘဲ အဆင့်မြင့် စစ်ဘက်နည်းပညာနဲ့ စိစစ်ထောက်လှမ်းရေး အင်အားကို ပြသပြီး ထိန်းချုပ်တာ ဖြစ်ပါတယ်။ ဒီလို စစ်သင်္ဘောကြီး ဒေသတွင်း ရောက်ရှိလာတာဟာ ဒုစရိုက်ဂိုဏ်းတွေနဲ့ နောက်ကွယ်က အင်အားစုတွေကို ထိရောက်တဲ့ သတိပေးချက်တစ်ခု ပေးလိုက်တာပါပဲ။
⚠️ပတ္တယားကမ်းခြေမှာ စစ်သားတွေ အနားယူနေကြလိမ့်မယ် ဆိုပေမဲ့၊ နောက်ကွယ်မှာတော့ အဆင့်မြင့် ထောက်လှမ်းရေး နည်းပညာတွေနဲ့ စစ်ရေးအင်အားတွေက နယ်စပ်ဒေသ လှုပ်ရှားမှုတွေကို မျက်ခြည်မပြတ် စောင့်ကြည့်နေမှာ သေချာပါတယ်။
ဒီ "ရိုးရိုး အနားယူတဲ့ ခရီး" ဆိုတာရဲ့ နောက်ကွယ်မှာ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။