02/03/2021
တောင်သူဦးကြီးများအားလုံး မင်္ဂလာပါ ခင်ဗျာ 🙏
ဒီနေ့ကတော့ တောင်သူလယ်သမားနေ့ ဖြစ်ပါတယ်ခင်ဗျာ။ တောင်သူလယ်သမားတွေက နိုင်ငံရဲ့ ကျေးဇူးရှင်တွေပါပဲ။ တောင်သူလယ်သမားတွေသာမရှိရင် ကျွန်တော်တို့အားလုံး အစာမရှိတဲ့နေ့တွေကို ဖြတ်သန်းရမှာပါ။ စိုက်ပျိုးခြင်းရဲ့အရေးပါမှုနဲ့ ရွှံ့ကနေပိုက်ဆံအဖြစ်ပြောင်းနိုင်တဲ့ မှော်ပညာကိုတော့ ကျွန်တော်တို့မမေ့ပါဘူး။ နေ့တိုင်းနေ့တိုင်း အစာစားနေရတယ်ဆိုတာက တောင်သူလယ်သမားတွေကြောင့်ပါပဲ။ အဲ့ကျေးဇူးကိုတော့ ကျွန်တော်တို့ ဘယ်တော့မှ မေ့သွားမှာမဟုတ်ပါဘူးခင်ဗျာ 🙏