K Hein Zar

K Hein Zar Your Insurance Partner! သင်ရဲ့အာမခံတိုင်ပင်ဖော်။ Insurance Consultant & Agent helping people and business to safe Wealth and Life!

Fraud claim
13/08/2026

Fraud claim

13/08/2026

CGI ဆိုတဲ့ချေးငွေလေ အရင်တုန်းကလဲ ဟော့ဖြစ်ဖူးတယ်..။ အတွေ့အကြုံအရတော့ သူတို့ချေးပေးချင်တဲ့သူပဲရကြပြီး အာမခံနဲ့တော့ စည်းဝင် ဘောင်ဝင် ရှားပါတယ်။
===

12/08/2026

ဘာမှမဆိုင်တဲ့ သူနှစ်ယောက်ကျ ပူးတွဲအာမခံထားလို့ရပြီး beneficiary ကျ Insurable interest ရှိမှ လွဲလို့ရတဲ့ ထူးထူးဆန်းဆန်းအာမခံသဘောတရားတွေ ကျင့်သုံးကြတဲ့ကုမ္ပဏီတွေလဲရှိတယ်။
===

12/08/2026

ကျွန်တော်လဲ ကားအာမခံဆို အမြတ်မယ်ဆိုပြီး ထားချင်တဲ့သူတွေ ❌ NO ပါနော်။
===

11/08/2026

မိုးရွားတုန်း ရေခံပါ၊

စကားပုံတစ်ခုရှိတယ်၊ အခွင့်အရေးရတုန်း အမိအရဖမ်းဆုပ်ဖို့ ပြောချင်တဲ့သဘော၊

ခုမဟုတ်တော့ဘူး မိုးမရွာခင် အာမခံရှာပါ၊

မိုးရွာရင် ရေကြီးမယ် ပစ္စည်းတွေပျက်စီးမယ်၊

ဘဘာဝဘေးက ဘာနဲ့မှလဲ တားဆီးလို့မရနိုင်ဘူး၊

အန္တရာယ်ဖြစ်လာမှ အာမခံထားချင်လို့တော့ မရဘူး၊

မဖြစ်ခင်ကြိုတင်ကာကွယ်မှ တော်ရာကျမယ်။
===

11/08/2026

အာခံမှာ Market မှာ လည်း

Insurance Coach, Advisor, Consutlant ဆိုပြီးခွဲလို့ရတယ်

Coach ကတော့ Insurance ရောင်းရဖို့နည်းလမ်းပေါင်းစုံကြိုးစား အဆက်သွယ်ပေါင်းစုံနဲ့ကြိုးစား နောက်ဆုံးအာမခံထားသူပါ အေးဂျင့်လုပ်ခိုင်းတာပဲ၊
သူတို့အတွက်က အလုပ်ရဖို့က အဓိက အာမခံပညာကနောက်မှ။

Advisor ဆိုသူက ဟိုဟာ လုပ်ပါလား ဒီဟာလုပ်ပါလားနဲ့ Insurance plan ပေါင်းစုံကိုင်းပြီးပြောတာပဲ၊
သူတို့ကလဲ အာမခံပညာလေးနဲ့ဆွဲဆောင်တယ်၊ ထဲထဲဝင်ဝင်တော့ မလေ့လာဘူး။

လျော်ကြေးငြင်းခံရတာ၊ ထင်သလိုပြန်ထုတ်လို့မရတဲ့အခါ Consultant ကို ရှာတော့တာပဲ၊။
===

11/08/2026

အမြင်ကျယ်ဖို့

၁။ စာကောင်းပေကောင်းနေစဥ်ဖတ်ဖို့လိုတယ်။

၂။ တခြားနိုင်ငံနဲ့လူမျိုးတွေဆီ ခရီးသွားကြည့်ဖို့လိုတယ်။

၃။ အသစ်ဖြစ်ပေါ်နေတဲ့ နည်းပညာနဲ့
သတင်းတွေကိုလေ့လာနေဖို့လိုတယ်။

၄။ အင်္ဂလိပ်အပါဝင် ဘာသာစကားနှစ်ခုလောက်တော့
ကောင်းကောင်းတတ်ဖို့လိုတယ်။​

၅။ ကိုယ့်အထင်အမြင်တိုင်း
အမှန်မဟုတ်ဘူးဆိုတဲ့
open-minded ဖြစ်ဖို့ လိုတယ်။

၆။ အာမခံပေါ်လစီတိုင်းက လူတိုင်းအတွက်မဟုတ်ဘူးဆိုတာ သိဖို့လိုတယ်။
===

11/08/2026

Death claim တွေ ကျန်းမာရေး လျော်ကြေးရတာတွေ လိုင်းပေါ်တင်ပြီးကြော်ငြာနေတာ ခင်များကို သေရင်သေ မသေရင် နေမကောင်းဖြစ်ပါစေလို့ပြောပြီး ပရိုမိုးရှင်းဆင်နေသလိုပဲ။ 🤭
===

10/08/2026

ဘယ်မှာရင်းနှီးမြုပ်နှံရမလဲ။

၁။ ကိုယ့်ကိုကိုယ်မှာ ဉာဏ်ပညာနဲ့ မိတ်ဆွေအပေါင်းအသင်း အချတ်အဆက်၊

၂။ ကိုယ့်အသက်မွေးဝမ်းကြောင်းအလုပ်အတွက် ဘွဲ့တွေ လက်မှတ်တွေ ကျွမ်းကျင်မှုတွေ၊

၃။ ကိုယ့်ရဲ့လုပ်ငန်းအတွက် Investment ငွေကြေး၊

၄။ နောက်ဆုံး ခြေချော် လက်ချော်ဖြစ်ခဲ့ရင် ပြန်လည်ထူထောင်နိုင်မယ့် အစီစဉ်၊
===
အိပ်နေရင်တောင် အကာကွယ်ပေးတဲ့ အာမခံစီစဉ်ပါ။

10/08/2026

ဘယ်မှာရင်းနှီးမြုပ်နှံရမလဲ။

၁။ ကိုယ့်ကိုကိုယ်မှာ ဉာဏ်ပညာနဲ့ မိတ်ဆွေအပေါင်းအသင်း အချတ်အဆက်၊

၂။ ကိုယ့်အသက်မွေးဝမ်းကြောင်းအလုပ်အတွက် ဘွဲ့တွေ လက်မှတ်တွေ ကျွမ်းကျင်မှုတွေ၊

၃။ ကိုယ့်ရဲ့လုပ်ငန်းအတွက် Investment ငွေကြေး၊

၄။ နောက်ဆုံး ခြေချော် လက်ချော်ဖြစ်ခဲ့ရင် ပြန်လည်ထူထောင်နိုင်မယ့် အစီစဉ်၊
===

Address

Yangon

Website

Alerts

Be the first to know and let us send you an email when K Hein Zar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to K Hein Zar:

Shortcuts

Share