04/06/2026
ခုချိန် Chubb က အေးဂျင့်တွေကို တော်တော်သနားမိတယ်ဗျ၊
သူတို့ မေးတာလဲမဖြေနိုင် လုပ်တာလဲမဖြစ် သက်ဆိုင်ရာကလဲ ဘောလီဘောပုတ်နဲ့ တော်တော်အငြိုငြင်ခံရ စိတ်ဆင်းရဲနေရပါတယ်၊
ဘာတဲ့.. ငါ့ပိုက်ဆံဘယ်တော့ပြန်ရမှာလဲ မေးခွန်းလို့ စျေးထဲတောင် မသွားရဲဘူးတဲ့။
ချာပလာကုမ္ပဏီ လစ်ပြေးတုန်းကသာ
“ခင်များတို့ ဒီလိုမပြောနဲ့၊ ဒီလောက်မလွယ်ဘူး” ကျွန်တော်ပြောတာကို ဝိုင်းကလော်တုပ်ကြလို့သာ အဆင်းဘီးတပ်ပေးလိုက်ရတာ…
တကယ်တော့ ဒီမားကတ်ကြီးပျက်မှာကို ကျွန်တော်က ပိုလို့တောင်မဖြစ်ချင်ဘူး၊ ၂၀၁၄ က လုပ်လာတာလေ။
ဘုရားဟော ကာလာမသုတ်မှာ နိုင်ငံခြားသားမယုံရဘူးလို့ မပါပေမယ့် ဒီကောင်တွေက အဓိက တရားခံ။
ကိုယ့်လူမျိုးအချင်းချင်း လည့်စားသွားတဲ့သူတွေကတော့ အာမခံလောကမှာမရှိအောင် social punishment လုပ်ရမှာ။