This is Insurance by HeinZa

Directions Contact the business

This is Insurance by HeinZa ဒါကိုပဲ အာမခံလို့ ခေါ်တယ်။ Insurance Consultant & Agent helping people and business to safe Wealth and Life!

19/10/2026

စိန်တွေ ရွှေတွေ ကားတွေလိုပဲ အာမခံလဲ လိုင်းပေါ်မှာတင်မရောင်းရဆို တော်တော်လေး မျက်စိနှောက် သက်သာမှာပဲနော်။

ဘာရယ်တော့ မဟုတ်ပါဘူး.. 😁

တွေးမိတွေးရာလေးပါ။

18/10/2026

Types of Life Insurance Policies
********************************
Part (2)
4. Investment- Linked
*Investment နှင့် protection ပေါင်းထားတဲ့ အသက်အာမခံတစ်မျိုးဖြစ်ပါသည် ဝင်ငွေလည်းကောင်းပြီး အကျိုးအမြတ်လည်းတိုးပွားချင်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။
Product ကောင်းသလို လောင်းကစားလည်းဆန်ဆန် ဖြစ်တော့အန္တရာယ်လည်းများပါတယ်.. ရင်နှီးမြှပ်နှံမှုအတွက် ရည်ရွယ်ပြီး သတ်မှတ်ထားတဲ့ ငွေအမောင့်ကို သွင်းရပါတယ်..Stock share တွေ Bonds တွေ မှာ ရင်နှီးမြှပ်နှံမှုထားသလိုပဲ အချိူ့ဆိုလျှင် ဘယ်မှာ invest လုပ်ထားလဲ ဆိုတာတောင် သိခွင့်ရှိပါတယ်..
*အမြတ်လည်းရှိသလို အရှုံးလည်း ရှိတတ်ပါတယ်။
5,Life- Annuity Plan
*ပင်စင်နဲ့ တူပါတယ်… ဘဝနေဝင်ချိန်မှာ အေးဆေးအနားယူချင်တဲ့သူတွေအတွက် သင့်တော်ပါတယ်.. တစ်သက်လုံးအလုပ် လုပ်လာပြီး အနားယူမည့်အချိန်မှာ ကိုယ့်ကိုပြန်လည်ထောက်ပံ့ပေးတဲ့ အသက်အာမခံအမျိုးအစားဖြစ်ပါတယ်..
*မသေမချင်းထောက်ပံ့ပေးတဲ့အမျိုးအစားဖြစ်ပါတယ်.. ကိုယ်အလုပ်လုပ်နေတုန်းမှာ သေချာတွက်ချက်ထားသည့်ပေးချေမှု (Periodic payment) နဲ့ လစဉ်၊ ၁ နှစ် ပေးလို့ရပါတယ်။ တချို့နိုင်ငံတွေမှာ ဒီပေါ်လစီဝယ်ထားရင် income tax reduce လုပ်ခွင့်ပေးထားပါတယ်။ အရမ်းကောင်းပါတယ် လို့ ပြောချင်ပါတယ်.. ကိုယ်ယူမည့် အကာကွယ်ပေါ်မူတည်ပြီး annunity plan အမျိုးမျိုးရှိပါတယ်..
of paying premium (e.g single, annual etc) အပေါ်မှာပြောခဲ့သလိုပဲ လစဉ်ပေးလား? နှစ်စဉ်ပေးလား?
of lives covered (e.g single, joint life etc) ကိုယ့်တစ်ယောက်တည်းအတွက် cover ယူမလား? ဇနီးမယား သို့ အခြားသူနဲ့ ပူးတွဲယူမလား?
payout (e.g life annuity, guaranteed minimum etc) ကိုယ်က ငွေကို ဘယ်လိုသွင်းချင်တာလဲ? # Expression of payout benefit (e.g units, currencies) ဘယ်လိုမျိုးပြန်ရနိုင်တာလဲ သတ်မှတ်ပမာဏလား?
benefit begins (e.g immediate or deferred) အကျိုးခံစားခွင့်ကို ချက်ချင်းယူမလား? သတ်မှတ်ကာလတစ်ခုထိစောင့်ဆိုင်းပြီးယူမလား? ဆိုပြီးရှိပါတယ်.. ပုဂ္ဂလိကမှာလုပ်နေတဲ့သူတွေအပြင် အများစုအတွက်လည်းအဆင်ပြေတဲ့အတွက် မြန်မာပြည်မှာ လုပ်ကိုင်နိုင်ဖို့မျှော်လင့်ပါတယ် (ခုထိတော့ မရှိသေးပါ)
#ပြန်လည်မျှဝေလျက်..🙏
Universal တို့ , Permanent Health Insurance တို့ Key man တို့ Group life တို့မျှော်…

Part-1
https://www.facebook.com/10000073.../posts/3663725363661982/

17/10/2026

ယုံကြည်မှုမရှိရင် အောင်မြင်မှု မတည်ဆောက်နိုင်ပါ။
လူတွေက စကားကိုမယုံကြည်ခင် အကျင့်ကို ဦးစွာကြည့်တတ်ကြတယ်။
အေးဂျင့်အနေနဲ့ တစ်ခါတစ်လေ Competitor မကောင်းကြောင်းပြောတာကို ရှောင်ရတယ်။
ကိုယ်ကလဲ ဘယ်အချိန်မှာမဆို transparency နဲ့ လုပ်ဆောင်နိုင်ဖို့ လိုတယ်။ Ethics ဆိုတာ “စည်းကမ်းအတွက်” မဟုတ်ပါ။ Trust တည်ဆောက်ဖို့အတွက်ဆိုတာနားလည်ပါ။
အာမခံလုပ်ငန်းဟာ ရေရှည်လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက်
ယုံကြည်မှုတစ်ခု ဖောက်ဖျက်သွားတာနဲ့ reputational cost ပြန်ရဖို့ မလွယ်ပါ။
ဒါကြောင့် သင့်အတွက် ethics ဟာ protection ဖြစ်တယ်။
အောင်မြင်တဲ့အေးဂျင့်တစ်ယောက်ဆိုတာ
“သိပ်တော်တဲ့သူ” မဟုတ်ပါ။
“ယုံကြည်နိုင်သူ” ဖြစ်တဲ့သူပါ။
===

14/10/2026

အာမခံဟာရောင်းခြင်းမဟုတ်၊ ယုံကြည်မှု တည်ဆောက်ခြင်းပါ။
(not just selling, but building trust)

အာမခံလုပ်ငန်းကို လူအများက “ရောင်းခိုင်းတဲ့လုပ်ငန်း” လို့သာမြင်ကြတတ်တယ်။
စကားလုံးအနေနဲ့ “sales” ဆိုတဲ့စကားလုံးက သူတို့အတွက် စိတ်ပင်ပန်းမှုနဲ့ ငြိထိုင်သွားစေတတ်တယ်။

ဒါပေမဲ့ စစ်မှန်တဲ့အာမခံလုပ်ငန်းဟာ “ရောင်းတာ” မဟုတ်ပါ။အပြန်အလှန် ယုံကြည်မှု တည်ဆောက်တာပါ။သင်အနေနဲ့ client တစ်ဦးကို တန်ဖိုးရှိတဲ့ အာမခံအစီအစဉ်တစ်ခုနဲ့ မိတ်ဆက်ပေးတဲ့အခါ —သင်က သူ့အနာဂတ်အတွက် ပြန်လည်အကူအညီပေးနေသူဖြစ်နေတယ်။
သူ့အနာဂတ်မှာ ဖြစ်နိုင်တဲ့ အန္တရာယ်တစ်ခုကို ကြိုတင်ကာကွယ်ဖို့ သတိပေးနေတယ်။

အဲ့တာက “ရောင်းချခြင်း” လို့ခေါ်မရဘူး။
အဲ့တာက “အပြန်အလှန် တန်ဖိုးဖလှယ်ခြင်း” ဖြစ်တယ်။
လူတစ်ဦးအနေနဲ့ “ယုံကြည်ရတဲ့သူ” ဖြစ်ဖို့ သက်တမ်းကြာတဲ့ အချိန်၊ စကားသံတစ်သွယ်တည်း မလုံလောက်ပါ။အကျင့်စည်းကမ်း၊ စကားမှန်မှု၊ သက်သေအထောက်အထားတွေကပဲ ယုံကြည်မှုကို တည်ဆောက်ပေးတတ်တယ်။

အာမခံလုပ်ငန်းကို အောင်မြင်စေချင်ရင်
နည်းပညာသိပညာက မလုံလောက်ပါ။
လူ့သဘောနဲ့ ယုံကြည်မှု ကို အခြေခံဖို့ လိုပါတယ်။
နာရီနဲ့ပေါက်ပြီးရောင်းတဲ့ လုပ်ငန်းတစ်ခု မဟုတ်ပါ။
နှစ်ပေါင်းများစွာ တည်ဆောက်ရတဲ့ အပြန်အလှန် ယုံကြည်မှု စနစ်တစ်ခုပါ။

အဲ့ဒါကြောင့်ပဲ —
အာမခံဟာ “Product” မဟုတ်ပါ။
Profession ဖြစ်ပါတယ်။
ယုံကြည်မှုအပေါ်မှာ တည်ဆောက်ထားတဲ့ လုပ်ငန်းတစ်ခုပါ။
===

14/10/2026

ဘယ်အာမခံပဲ ဝယ်ဝယ်။

တစ်နှစ်တစ်ခါလောက်တော့ Review လုပ်သင့်ပါတယ်။

Coverage အသစ်တွေ ထပ်တိုးလာတာရှိလား၊ ဖြုတ်ထားလား။

Product အသစ်တွေ ထပ်ထွက်လား။

Rating အပြောင်းအလဲ၊ Interest အပြောင်းအလဲ၊ T & C အပြောင်းအလဲတွေရှိလား၊

နားလည်တဲ့သူနဲ့တိုင်ပင်ပြီး Review လုပ်သင့်ပါတယ်။
===

10/10/2026

ချာပလာထွက်ပြေးတုန်းက မစိုးရိမ်ပါနဲ့ ပြောတဲ့သူတွေ .... ခုမေးပေးဉီး

09/10/2026

Address

Yangon

Website

Alerts

Be the first to know and let us send you an email when This is Insurance by HeinZa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to This is Insurance by HeinZa:

Shortcuts

Share