WP soccer

Directions Contact the business

WP soccer Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from WP soccer, Botahtaung Pagoda Road, Yangon.

11/10/2026

11.10.26

ဟူးစီးတီး

10/10/2026

10.10.26

ချယ်ဆီး

19/09/2026

၂ မောင်း
Bologna ဂိုးပေါ်
Udinese ဂိုးအောက်

19/09/2026

Spur ဂိုးပေါ်

19/09/2026

Page လေး run ဖြစ်အောင် Admin ဆော့ဖြစ်တဲ့ ပွဲလေးတွေ တင်ပေးပါမယ်။ အကြိုက်တူရင် လိုက်ဆော့ကြည့်ပေါ့။

📝 အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂျက်ဂရီးလစ်ရှ်ကို မန်စီးတီးက ဗြိတိန်စံချိန်တင်ဈေးနဲ့ ခေါ်ယူ 📝✍  မန်စီးတီးအသင်းဟာ အက်စတွန...
06/08/2021

📝 အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂျက်ဂရီးလစ်ရှ်ကို မန်စီးတီးက ဗြိတိန်စံချိန်တင်ဈေးနဲ့ ခေါ်ယူ 📝

✍ မန်စီးတီးအသင်းဟာ အက်စတွန်ဗီလာအသင်းခေါင်းဆောင် ဂျက် ဂရီးလစ်ရှ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၀၀)ထက်မနည်းတဲ့ တန်ကြေးနဲ့ (၆)နှစ် စာချုပ်ချုပ်ဆိုခေါ်ယူလိုက်ပြီဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။

✍ ဂရီးလစ်ရှ်ကို ဂွာဒီယိုလာက နှစ်ရှည်စောင့်ကြည့်ခဲ့ပြီးတဲ့နောက်မှာ ဈေးကွက်အနေအထားအရ အသင်းရဲ့လူစာရင်းထဲကို အချိန်မီဖြည့်သွင်းလိုက်တာမျိုးဖြစ်တယ်လို့လည်း အားကစားမီဒီယာတွေက ခန့်မှန်းကြပါတယ်။ မန်စီးတီးအနေနဲ့ အက်စတွန်ဗီလာအသင်းကို ပေါင်သန်း(၁၀၀)နဲ့ ကမ်းလှမ်းခဲ့တယ်ဆိုတဲ့ သတင်းတွေ အတိအကျထွက်လာခဲ့သည့်တိုင် အမှန်တကယ်စာချုပ်ချုပ်ဆိုတဲ့အချိန်မှာ တန်ကြေးဘယ်လောက်ဆိုတာကို ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။ အသက်(၂၅)နှစ်အရွယ် အက်စတွန်ဗီလာအသင်းခေါင်းဆောင်ဟာ မန်စီးတီးအသင်းရဲ့ကွင်းလယ်ကနေ တိုက်စစ်လမ်းကြောင်းကို အားဖြည့်ပေးနိုင်မယ့် ကစားသမားမျိုးဖြစ်တယ်လို့ တွက်ဆပြီး ကွင်းလယ်တိုက်စစ်ကစားသမား ဒီဘရိုင်းနဲ့တွဲဖက်ပေးဖို့အတွက် ဂွာဒီယိုလာက စီစဉ်လိုက်တာလည်း ဖြစ်ပါတယ်။ ဗြိတိန်စံတော်ချိန် သြဂုတ်လ(၅)ရက် ညနေပိုင်းမှာတော့ ဂရီးလစ်ရှ်ကို (၆)နှစ်စာချုပ်နဲ့ ချုပ်ဆိုထားလိုက်ပြီဖြစ်တယ်လို့ အတိအလင်းထွက်လာခဲ့သလို စာချုပ်တန်ကြေးဟာ မန်ယူအသင်းက ပေါ့ဘာကို ခေါ်ယူခဲ့စဉ် ဗြိတိန်စံချိန်တင်ဈေး ပေါင်(၈၉)သန်းထက် ပိုများခဲ့တာလည်း ဖြစ်ပါတယ်။ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့နိုင်ခဲ့ပြီဖြစ်လို့ အရမ်းကို ပျော်ရွှင်နေရပါတယ်။ မန်စီးတီးအသင်းဟာ နိုင်ငံတွင်းမှာတော့ အကောင်းဆုံးအသင်းတစ်သင်းဖြစ်လာနေပါပြီ။ အကောင်းဆုံးမန်နေဂျာတစ်ဦးနဲ့အတူ အသင်းရဲ့ရည်မှန်းချက်တွေကို ဖြည့်ဆည်းပေးမယ့်အစိတ်အပိုင်းတစ်ခုအဖြစ် ရှိခွင့်ရတာကို ဝမ်းသာပါတယ် လို့ ဂျက်ဂရီးလစ်ရှ်က ပြောပါတယ်။ မန်စီးတီးအသင်းမှာတော့ ဂရီးလစ်ရှ်က ကျောနံပါတ်(၁၀)ကို ဝတ်ဆင်ကစားမှာဖြစ်ပြီး အသင်းရဲ့တိုက်စစ်လမ်းကြောင်းမှာ ဒီဘရိုင်းနဲ့အတူ ဦးဆောင်သွားရမယ့်ကစားသမား ဖြစ်လာမှာပါ။

✍ အက်စတွန်ဗီလာအသင်းမှာ ပွဲပေါင်း(၂၁၃)ပွဲ ကစားပေးခဲ့ပြီး သွင်းဂိုး(၃၂)ဂိုး၊ ထောက်ပံ့မှု(၄၃)ကြိမ် လုပ်ဆောင်ပေးထားတဲ့ ဂရီးလစ်ရှ်ဟာ ဒေးဗစ်ဘက်ခမ်းနောက်ပိုင်း အင်္ဂလိပ်ကစားသမားတွေထဲမှာ ဘောလုံးကို ဉာဏ်သုံးပြီး ကျော့ကျော့လေးကစားတတ်တဲ့ ကွင်းလယ်ကစားသမားတစ်ဦးအဖြစ် ထင်ရှားလာသူတစ်ဦးလည်း ဖြစ်ပါတယ်။

Crd Neo Politics

💪 စီးရီးအေအမှတ်ပေးဇယား ဦးဆောင်နေသူ အေစီမီလန်အသင်းရဲ့ အသက် (၃၉)နှစ်အရွယ် တိုက်စစ်မှူးကြီး ဇလာတန် အီ​ဗရာဟီမို​ဗစ် ဟာ ဆွီဒ...
02/11/2020

💪 စီးရီးအေအမှတ်ပေးဇယား ဦးဆောင်နေသူ အေစီမီလန်အသင်းရဲ့ အသက် (၃၉)နှစ်အရွယ် တိုက်စစ်မှူးကြီး ဇလာတန် အီ​ဗရာဟီမို​ဗစ် ဟာ ဆွီဒင်နိုင်ငံအတွက် ပြန်စကားဖို့ အရိပ်အမြွက် ဖွင့်ဟခဲ့ပါတယ်... သူဟာ ယခုရာသီ စီးရီးအေမှာ ဂိုးအများဆုံး (၇ဂိုး) သွင်းထားသူလဲ ဖြစ်ပါတယ်...

❌ ဂျူဗင်တပ် တိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်ဒိုဟာ ကိုရိုနာဗိုင်းရပ်စ် ထပ်မံစစ်ဆေးခဲ့ရာမှာ ရောဂါပိုး ဆက်လက်တွေ့ရှိခဲ့တာက...
22/10/2020

❌ ဂျူဗင်တပ် တိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်ဒိုဟာ ကိုရိုနာဗိုင်းရပ်စ် ထပ်မံစစ်ဆေးခဲ့ရာမှာ ရောဂါပိုး ဆက်လက်တွေ့ရှိခဲ့တာကြောင့် လာမဲ့အပတ် ဗုဒ္ဓဟူးနေ့မှာကစားမဲ့ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ပွဲကို လွဲချော်ရမှာဖြစ်တယ်လို့ စပိန်သတင်းဌာန Marca က ဖော်ပြသွားပါတယ် 😩

📝 လာမည့်နွေရာသီတွင် ဘာပေအား ပေါင်(၉၁)သန်းဖြင့် PSG အသင်း လက်လွှတ်ရဖွယ်ရှိနေကြောင်း L'Equipe ဖော်ပြ✍ PSG အသင်းသည် လာမည့်န...
22/10/2020

📝 လာမည့်နွေရာသီတွင် ဘာပေအား ပေါင်(၉၁)သန်းဖြင့် PSG အသင်း လက်လွှတ်ရဖွယ်ရှိနေကြောင်း L'Equipe ဖော်ပြ

✍ PSG အသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် အသင်းတိုက်စစ်ကစားသမား ဘာပေကို ပေါင် (၉၁)သန်းဖြင့် လက်လွှတ်ရဖွယ်ရှိနေကြောင်း ပြင်သစ်သတင်းစာ L'Equipe က ဖော်ပြခဲ့သည်။

✍ အသက် (၂၁)နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်ကစားသမား ဘာပေသည် PSG အသင်းနှင့် လက်ရှိချုပ်ဆိုထားသည့် စာချုပ်မှာ ၂၀၂၂ ခုနှစ်၊ ဇွန် (၃၀)ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

✍ PSG အသင်းသည် ဘာပေအား စာချုပ်သက်တမ်းတိုးရန် ကြိုးပမ်းနေသော်လည်း ကစားသမားဘက်က ငြင်းပယ်ထားကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြနေကြသည်။

✍ PSG အသင်းအနေဖြင့် ဘာပေအား စာချုပ်သက်တမ်းမတိုးနိုင်ပါက ၂၀၂၂ ခုနှစ် နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်ရမည်ဖြစ်သည်။

✍ PSG အသင်းသည် ဘာပေကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်မည်မဟုတ်ဘဲ လာမည့် ၂၀၂၁ နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ရောင်းချဖွယ်ရှိနေသည်။

✍ သို့သော် PSG အသင်းအနေဖြင့် ဘာပေကို စာချုပ်သက်တမ်းမတိုးနိုင်ပါက ၎င်း၏ပြောင်းရွှေ့ကြေးမှာ ပေါင် (၉၁)သန်းသို့ လျှော့ကျသွားမည်ဖြစ်ကြောင်း ပြင်သစ်အားကစားသတင်းစာ L'Equipe က ဖော်ပြခဲ့သည်။

✍ PSG အသင်းသည် ဘာပေအား ၂၀၁၇ ခုနှစ်တွင် တစ်ရာသီအငှားဖြင့် ကနဦးခေါ်ယူခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ပေါင်သန်း (၁၆၀)ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

✍ ဘာပေသည် PSG အသင်းတွင် ခြေစွမ်းပြကစားနေသော်လည်း ဥရောပထိပ်သီးကလပ်အသင်းများဖြစ်သည့် ရီးယဲလ်၊ လီဗာပူးလ်တို့ကို ပြောင်းရွှေ့ကစားလိုနေကြောင်း သိရသည်။

✍ စပိန်အားကစားသတင်းစာ AS ကမူ ဘာပေသည် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေကြောင်း ဖော်ပြခဲ့သည်။

✍ ရီးယဲလ်အသင်းသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ် ခေါ်ယူခဲ့ခြင်းမရှိဘဲ လာမည့် ၂၀၂၁ နွေရာသီအပြောင်းအရွှေ့တွင်မှ ထိပ်တန်းကစားသမားများကို ခေါ်ယူဖွယ်ရှိနေသည်ဟု Marca သတင်းစာ ဖော်ပြခဲ့သည်။

✍ စပိန်မီဒီယာများ၏ ဖော်ပြမှုအရ ရီးယဲလ်အသင်းသည် ၂၀၂၁ နွေရာသီအပြောင်းအရွှေ့ကာလတွင် PSG တိုက်စစ်မှူး ဘာပေကို ဦးစားပေးခေါ်ယူသွားမည်ဖြစ်ပြီး အဆင်မပြေပါက ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းကို အစားထိုးခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

Eleven Sports

📝 Photo News✍ ဘာစီလိုနာ (၅-၁) ဖယ်ရန်ဖယ်ရော့စ် ပွဲစဥ်မှာ ပယ်နယ်တီမှတစ်ဆင့် အဖွင့်ဂိုးသွင်းယူခဲ့သည့် ဘာစီလိုနာအသင်းခေါင်းဆ...
21/10/2020

📝 Photo News

✍ ဘာစီလိုနာ (၅-၁) ဖယ်ရန်ဖယ်ရော့စ် ပွဲစဥ်မှာ ပယ်နယ်တီမှတစ်ဆင့် အဖွင့်ဂိုးသွင်းယူခဲ့သည့် ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် (၁၆)ရာသီဆက်တိုက် ဂိုးသွင်းနိုင်သော ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Address

Botahtaung Pagoda Road
Yangon
11161

Opening Hours

Monday 10:00 - 00:00
Tuesday 10:00 - 00:00
Wednesday 10:00 - 00:00
Thursday 10:00 - 00:00
Friday 10:00 - 00:00
Saturday 10:00 - 02:00
Sunday 10:00 - 02:00

Website

Alerts

Be the first to know and let us send you an email when WP soccer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to WP soccer:

Shortcuts

Share