We Will Bring Your Happiness

We Will Bring Your Happiness Hi Guys! Welcome To My Page 🙋

19/07/2024

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်
ဝါဆိုလပြည့် စနေနေ့(၂၀.၇.၂၀၂၄)ရက်နေ့တွင် ကျရောက်‌သော ဝါဆိုလပြည့် (ဓမွစကြာနေ့) အခါသမယအချိန်တွင် မြန်မာနိုင်ငံသူ/သားများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဘေးအန္တရာယ်ကင်းဝေးကြပါစေ
မြန်မာပြည်ကြီးလည်းအမြန်ဆုံးအေးချမ်းပါစေ🙏🏻

Jo Jo - Video Song / Movie Name : Aranmanai 4
15/07/2024

Jo Jo - Video Song / Movie Name : Aranmanai 4

25/06/2024

#ရှောင်ယန်2DSeason5Episode102

25/06/2024

#ရှောင်ယန်2DSeason5Episode101

31/07/2022

"ဘဝကို​ပြောင်းလဲ​စေမည့် ရက်​ပေါင်း ၃၀ Challenge"

Day(1)- ပုံမှန်​ထက် ၁နာရီ​ စော​ထခြင်း။
Day(2)- အိမ်ပြန်လမ်းကို ​ပြောင်းလဲခြင်း။
Day(3)- ၁၀မိနစ်ခန့် တရားထိုင်ခြင်း။
Day(4)- လေးစားထိုက်သူများ၏ အကြံ​ပေးစာအုပ်များကိုဖတ်ခြင်း။
Day(5)- လတ်ဆတ်​သောအသီးအရွက်နှင့် သစ်သီးများကိုစားသုံးခြင်း။
Day(6)- သစ်ပင်သစ်​တောနှင့် ပန်းခြံများတွင် လမ်း​လျှောက်ခြင်း။
Day(7)- နာရီကိုမကြည့်ပဲ အချိန်ကုန်ဆုံးခြင်း။
Day(8)- စိတ်ပါအားရ ပြုံးရယ်ခြင်း။
Day(9)- မိမိခန္ဓာကိုယ်ကို​ ကျေးဇူးတင်ခြင်းဖြင့်နှိပ်နယ်အနားယူ​ပေးခြင်း။
Day(10)- အနှစ်သက်ဆုံးအရာများကို လုပ်​ဆောင်ခြင်း။
Day(11)- ပိုက်ဆံသုံးစွဲရသည့်အချိန်တိုင်း ​ကျေးဇူးရှိမှုကို နှလုံးသွင်းခြင်း။
Day(12)- ရိုးသားစွာ​ နေထိုင်ခြင်း။
Day(13)- စဥ်းစားခြင်းထက် လက်​​တွေ့အ​ကောင်အထည်​ဖော် လုပ်​ဆောင်ခြင်း။
Day(14)- မိမိ၏အားသာချက်များကို ​​ရေးချခြင်း။
Day(15)- အချိန်မဖြုန်း​တီးစေမည့်နည်းလမ်းများကို ​တွေး​တောရှာ​ဖွေခြင်း။
Day(16)- တွေ့ချင်သည့်လူများကို List လုပ်ထားခြင်း။
Day(17)- မိမိ​လေးစားအားကျ အတုယူရသည့်ပုဂ္ဂိုလ်ကဲ့သို့ ပြုမူလုပ်​​ဆောင်ခြင်း။
Day(18)- လက်ရှိ ပြဿနာအခက်အခဲများကိုစားရင်းပြုစုထားခြင်း။
Day(19)- မိမိ၏ပင်ကိုယ်ဗီဇများကို သိ​အောင်စမ်းစစ်ခြင်း။
Day(20)- ​လက်ရှိပစ္စပ္ပန်တွင်​ အ​ပျော်ဆုံးဖြစ်​အောင်​နေထိုင်ခြင်း။
Day(21)- မိမိကို​ပျော်ရွှင်​စေမည့် နည်းလမ်းများကို ကိုယ်တိုင်ရှာ​ဖွေစု​ဆောင်းထားခြင်း။
Day(22)- မိမိကိုယ်ပိုင်အချိန်များ သီးသန့်ထားရှိခြင်း။
Day(23)- လက်​ဆောင်​ပေးခြင်း။
Day(24)- ပုံမှန်ထပ် စကားမပွား​အောင်​နေခြင်း။
Day(25)- ပန်းတိုင်, ရည်မှန်းချက်များကို ချ​ရေးပြီး အကြိမ်ကြိမ်​လေ့လာ​နေခြင်း။
Day(26)- မိမိ၏ အ​ကောင်းဆုံးဓါတ်ပုံကို ရိုက်ယူထားခြင်း။
Day(27)- အနီးအနားမှလူများကို ​ဖေးမကူညီ​ပေးခြင်း။
Day(28)- မဆိုင်းမတွ ဆုံးဖြတ်ချက်ချခြင်း။
Day(29)- မိမိဘ​ဝရဲ့​နောက်ဆုံး​နေ့ဟုမှတ်ယူ​ကာ​ နေ့တစ်​နေ့၏တာဝန်များကို ပြီး​မြောက်ကုန်ဆုံး​စေခြင်း။
Day(30)- သင်ယူရရှိခဲ့ရ​သောအချက်အလက်များကို မှတ်စု​လုပ်ထားခြင်း။

31/08/2021

Congratu what the hell ကအသက် 😅💓

30/08/2021

ဒါလေးတွေသုံးခဲ့ရတဲ့ ကလေးဘဝလေးကို လွမ်းတယ် 💞😥

ဗုဒ္ဓကို ကျွန်တော် အရမ်းလေးစားတယ်။ဘာကြောင့်လဲဆိုတော့.....ဗုဒ္ဓဟာ ဒီကမ္ဘာကြီးကိုသူပိုင်တယ်လို့ မကြွားခဲ့ပါဘူး။သူ့ကိုကိုးက...
18/08/2021

ဗုဒ္ဓကို ကျွန်တော် အရမ်းလေးစားတယ်။
ဘာကြောင့်လဲဆိုတော့.....

ဗုဒ္ဓဟာ ဒီကမ္ဘာကြီးကို
သူပိုင်တယ်လို့ မကြွားခဲ့ပါဘူး။

သူ့ကိုကိုးကွယ်ရင်......
ဆုလာဒ်တွေပေးမယ်လို့ မစည်းရုံးခဲ့ပါဘူး။

သူ့ကိုမရှိခိုးရင်၊ မကိုးကွယ်ရင်....
ငရဲကိုပို့ပစ်မယ်လို့ မခြိမ်းခြောက်ခဲ့ပါဘူး။
သူ့ကိုရှိခိုးခြင်းထက်
စရဏပိုင်း ကောင်းမွန်ခြင်းဟာ.....
ပိုမြတ်တယ်လို့ ပြတ်ပြတ်သားသား
ပြောကြားခဲ့သူပါ။

"သူပြောတဲ့စကားတိုင်းကိုလည်း
အလွယ်တကူ မျက်စိမှိတ်မယုံလိုက်ပါနဲ့ "လို့
ရဲရဲတောက် ပြောကြားခဲ့သူပါ။
သူဟောကြားခဲ့တဲ့ ဒီအမှန်တရားတွေဟာ
သူပိုင်တာ မဟုတ်ပါဘူး။
သဘာဝအမှန်တရားတွေသာဖြစ်တယ်လို့
ပေါ်ပေါ်တင်ပေါ်ပြောကြားခဲ့သူပါ။

သူရရှိခဲ့တဲ့ ဘုရားအဖြစ်ကိုလည်း
သူတစ်ယောက်တည်း
မောင်ပိုင်စီးထားတာမျိုးမဟုတ်ဘဲ

"ဘုရားဖြစ်ချင်ရင် .........
လူသားတိုင်း ကြိုးစားလို့ရတယ် "ဆိုတဲ့
လမ်းကြောင်းတစ်ခုကို
စိတ်သဘောထား ကြီးမြတ်စွာနဲ့ ချပြခဲ့သူပါ။
လွပ်လပ်စွာ တွေးခေါ်ခွင့်၊
လွတ်လပ်စွာ ပြောဆိုနေထိုင်ခွင့်၊
လွတ်လပ်စွာ ယုံကြည်ခွင့် ဆိုတဲ့
ဒီမိုကရေစီ သဘောတရားတွေကို
ပြောကြားခဲ့တဲ့ ပထမဆုံးသော..
ဘာသာရေးခေါင်းဆောင် တစ်ယောက်ပါ။

"ကိုယ်ကောင်းတာလုပ်ရင်
ကောင်းကျိုးခံစားရမယ်........။
မကောင်းတာလုပ်ရင်
မကောင်းကျိုးခံစားရမယ်......။"

*မိမိရဲ့ကောင်းခြင်း၊ ဆိုးခြင်း ရလဒ်တွေဟာ
မိမိရဲ့အတိတ်၊ ပစ္စုပ္ပန်ကာလတွေရဲ့
လုပ်ရပ်ကြောင့်ဖြစ်တယ်။
မည်သူတစ်ဦး တစ်ယောက်ကမှ
ဖန်တီး စီရင်နေတာ မဟုတ်ဘူးလို့
အကြောင်းတရားကြောင့်
အကျိုးတရားဖြစ်ရခြင်းကို
ပြောကြားခဲ့တဲ့ တစ်ဦးတည်းသော
ဘာသာရေးခေါင်းဆောင်တစ်ယောက်ပါ။

သူ့ရဲ့တစ်သက်တာ ကာလပတ်လုံးမှာ
သူတားမြစ်ခဲ့တဲ့ တရားတွေကို
သူကိုယ်တိုင်လည်း လုံခြုံခဲ့ပါတယ်။
အဲဒါကြောင့် ကျွန်တော်ဟာ
ဗုဒ္ဓကို အရမ်းလေးစားပါတယ်။
အရမ်းကြည်ညိုပါတယ်။ သူဟောကြားခဲ့တဲ့
ငြိမ်းချမ်းတရားတော်တွေဟာ
အခုချိန်ထိ မှန်ကန်နေတုန်းပါပဲ။
လိုက်နာကျင့်သုံးနေတုန်းပါပဲ။

ဒီနေ့ကမ္ဘာကြီး ငြိမ်းချမ်းအောင်
ဗုဒ္ဓတရားတော်တွေထဲမှာ
နည်းလမ်းတွေ ရှိနေပါတယ်။
ဗုဒ္ဓ ကျင်ကြံခဲ့တဲ့
ဝိပဿနာတရားတွေဟာလည်း
ဗုဒ္ဓချမှတ်ပေးခဲ့တဲ့
နည်းလမ်းတွေအတိုင်း
လက်တွေ့ကျင့်ကြံကြည့်ရင်......

စိတ်ရဲ့ငြိမ်းချမ်းခြင်းကို
အမှန်တကယ် ရှာတွေ့နိုင်တယ်ဆိုတာ
ဘာသာခြားတွေတောင်
လက်ခံနေကြပါတယ်။
ဝိပဿနာတရားစခန်းတွေမှာ
ဖန်ဆင်းရှင်ဝါဒကို ယုံကြည်တဲ့
ဘာသာခြားတွေ အများကြီး
လာရောက် ကျင့်ကြံအားထုတ်နေကြတာ
အများကြီးရှိပါတယ်။

ဗုဒ္ဓဟာ ကြွားဝါမှုတွ ၊
စည်းရုံးမှုတွ၊ ခြိမ်းခြောက်မှုတွေ ၊
ချုပ်ချယ်မှုတွ မလုပ်ခဲ့ပါပဲနဲ့၊
သူ့စကားကိုယုံကြည်စွာ
လိုက်နာနေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ
ယနေ့အထိ အများကြီးရှိနေဆဲဖြစ်တာကို
ကျွန်တော်အင်မတန်မှကို ဂုဏ်ယူမိပါတယ်။

အခု...ဗုဒ္ဓမရှိတော့တာ
နှစ်ပေါင်း(၂၅၀၀)ကျော်သွားပါပြီ။
အင်အားအကြီးဆုံး ဘာသာကြီး(၄)ခုထဲမှာ
အခုချိန်ထိ ပါဝင်နေတာကို
အံ့သြချီးကျူးလို့ မဆုံးနိုင်ဘူး။
ဗုဒ္ဓရဲ့ သွန်သင်ဆုံးမမှုတွေက
စာအုပ်တွေ များများဖတ်ပြီး
ဆင်ခြင်သုံးသပ်ကြည့်လေ
ပိုပြီးမှန်တယ်ဆိုတာ သိလာပါတယ်။

ဒါကြောင့် ကျွန်တော်ဟာ
ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်ရတာ
ဂုဏ်ယူပါတယ်။ ဗုဒ္ဓဘာသာဝင်
အသိုင်းအဝိုင်းကြားမှာ
မွေးဖွားလာရတာကိုလည်း
အလွန်ကျေနပ်မိပါတော့တယ်။

(ကျွန်တော် ဒီလိုတွေရေးလိုက်တာဟာ သူများဘာသာကို ထိခိုက်စေလိုသော ဆန္ဒမရှိပါဘူး။ဗုဒ္ဓ ဘာသာဝင်တစ်ဦးရဲ့ရင်တွင်းခံစားချက်သက်သက်သာဖြစ်ပါတယ်)
🌷🌷🌷
Crd #

16/08/2021

Time City အကြောင်းလူအများမသိသေးတဲ့ လျှိဝှက်နက်နဲတဲ့ အုတ်ဂူ၂လုံးနဲ့ ခုတ်မရတဲ့ညောင်ပင် အကြောင်းကို ရင်ထိတ် ဖွယ်ရာ ပြောပြလာတဲ့...........

video

Address

Yangon
11031

Telephone

+959887700985

Website

Alerts

Be the first to know and let us send you an email when We Will Bring Your Happiness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share