02/11/2025
လေးစားရပါသော Unilink WiFi အသုံးပြုသူလူကြီးမင်းများရှင်။
1.11.2025 (၄) နာရီဝန်းကျင်အချိန်မှ စ၍ အဓိကပင်မဆက်ကြောင်းလိုင်းများပြတ်တောက်နေပါသဖြင့် သုံးစွဲသူ Customer များထံတွင် လိုင်းနှေးခြင်း၊ မီးစိမ်းပြီးလိုင်းအသုံးပြုမရခြင်း၊ Bandwidth မပြည့်ခြင်းများဖြစ်ပေါ်နေပါသဖြင့် UNILINK Service Team မှစစ်ဆေးနေပြီး ဖြေရှင်းဆောင်ရွက်နေပါသဖြင့် လိုင်းများပြင်ဆင်ပြီးပါကပြန်လည်အသိပေးအကြောင်းကြားသွားပါမည်။ Hotline ဖုန်းများအဝင်ကောလ်များနေပါသဖြင့် ဖုန်းဆက်သွယ်လို့မရပါက Unilink Myanmar page Messenger တွင်မေးမြန်းနိုင်ပါတယ်ရှင်။ စာအဝင်တွေများနေသည့်အတွက် အစဉ်လိုက်ဖြေကြားပေးသွားမည်ဖြစ်ပါသဖြင့် ခေတ္တစောင့်ဆိုင်းပေးကျပါရန်တောင်းပန်အပ်ပါတယ်ရှင်။
အင်တာနက်ပုံမှန်အတိုင်း ပြန်လည်အသုံးပြုလို့ရပါက UNILINK MYANMAR page မှတစ်ဆင့် အသိပေးအကြောင်းကြားပေးသွားပါမယ်ရှင်။
UNILINK Customer များ အဆင်မပြေမှူများဖြစ်ပေါ်သွားရတဲ့အတွက်လည်း UNILINK MYANMAR မိသားစုမှ အနူးအညွတ် တောင်းပန်အပ်ပါတယ်ရှင်။