K Accounting & Consultancy Services

Call Directions Website Contact the business

K Accounting & Consultancy Services Accounting Services (စာရင်းအင်းဆိုင်ရာ၀န်ဆောင်မှုပေးခြင်းလုပ်ငန်း)

၂၀၂၅-၂၀၂၆ ဝင်‌ငွေနှစ်အခွန်စာရင်းတွေမှာ ပုံသေပိုင်ပစ္စည်း (asset) တွေကို တန်ဖိုးလျော့ (depreciation) ဘယ်လိုတွက်ကြမလဲ ။အခွ...
04/09/2026

၂၀၂၅-၂၀၂၆ ဝင်‌ငွေနှစ်အခွန်စာရင်းတွေမှာ ပုံသေပိုင်ပစ္စည်း (asset) တွေကို တန်ဖိုးလျော့ (depreciation) ဘယ်လိုတွက်ကြမလဲ ။

အခွန်ထမ်း လုပ်ငန်းရှင်များအတွက် တန်ဖိုးလျော့ သက်သာခွင့်နှင့် စရိတ် ခုနှိမ်ခြင်းဆိုင်ရာ အသိပေးချက် 📌

💯​လုပ်ငန်းသုံး ပိုင်ဆိုင်ပစ္စည်းများ၏ တန်ဖိုးလျော့ သက်သာခွင့်

(Depreciation) နှင့် အကောင်အထည်မပြနိုင်သော ဒြပ်မဲ့ပစ္စည်း (Intangible Assets) စရိတ် ခုနှိမ်မှုဆိုင်ရာ အရေးကြီး စည်းမျဉ်းများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

💯​တန်ဖိုးလျော့ သက်သာခွင့် (Depreciation) ဆိုင်ရာ အဓိကအချက်များ
​တွက်ချက်သည့် နည်းလမ်း
အမိန့်အမှတ် ၁၉/၂၀၁၆ နှင့် ၆၂/၂၀၂၀ တို့အရ သတ်မှတ်ထားသော တန်ဖိုးလျော့ ရာခိုင်နှုန်းများအတိုင်း Straight Line Depreciation Method ဖြင့်သာ တွက်ချက်ရမည်။

💯​ဇယားတွင် မပါဝင်သည့် ပစ္စည်းများ
ဇယားတွင် သီးခြားဖော်ပြမထားသော ပိုင်ဆိုင်ပစ္စည်းများအတွက် မူလတန်ဖိုး၏ ၅% ဖြင့် တန်ဖိုးလျော့ တွက်ချက်ရမည်။ (သက်တမ်းအရ နှုန်းထား အတိုး/အလျော့ လိုအပ်ပါက အထောက်အထားဖြင့် ညွှန်ကြားရေးမှူးချုပ်ထံ လျှောက်ထားနိုင်ပါသည်။)

💯​ခံစားခွင့် ပမာဏ ကန့်သတ်ချက်
မည်သည့်ပစ္စည်းမဆို ခွင့်ပြုသည့် တန်ဖိုးလျော့ စုစုပေါင်းသည် မူလဝယ်ယူ/ကုန်ကျခဲ့သော စုစုပေါင်းတန်ဖိုးထက် မပိုရပါ။
​တစ်နှစ်လုံး မသုံးစွဲသည့် ပစ္စည်းနှင့် လွှဲပြောင်းမှု
နှစ်အတွင်း အခြားသူထံ လွှဲပြောင်းခြင်းမရှိပါက တစ်နှစ်စာ အပြည့် ခံစားခွင့်ရှိသည်။ လွှဲပြောင်းသည့်နှစ်တွင်မူ နောက်ဆုံး လက်ဝယ်ပိုင်ဆိုင် အသုံးပြုသူက တန်ဖိုးလျော့ အပြည့် ခံစားခွင့်ရှိမည်။

💯​အဆောက်အအုံနှင့် မြေ ခွဲခြားမှု
ဝယ်ယူ/ရောင်းချရာတွင် မြေပါဝင်ပါက အဆောက်အအုံတန်ဖိုးအတွက် သင့်တော်သည့် ပမာဏကို သီးခြားခွဲထုတ် တွက်ချက်ရမည်။
​ဒြပ်မဲ့ပစ္စည်းများ (Intangible Assets) စရိတ် ခုနှိမ်ခြင်း
​ကန့်သတ်သက်တမ်းရှိ ဒြပ်မဲ့ပစ္စည်းများ
အကန့်အသတ် သက်တမ်းရှိပြီး အခွန်စည်းကြပ်ထိုက်သော ဝင်ငွေရရှိရန် အသုံးပြုသည့် ဒြပ်မဲ့ပစ္စည်းများကို ၎င်းတို့၏ သက်တမ်းအတိုင်း Straight-line method တစ်ခုတည်းဖြင့်သာ စရိတ် အရစ်ကျ ခုနှိမ်ခွင့်ရှိသည်။

💯​မရေရာသော သက်တမ်းရှိ ဒြပ်မဲ့ပစ္စည်းများ
သက်တမ်း မရေရာသော ဒြပ်မဲ့ပစ္စည်းများ၏ ကုန်ကျစရိတ်ကို အခွန်တွက်ချက်ရာတွင် စရိတ် အရစ်ကျ ခုနှိမ်ခွင့် မရှိပါ။

​💡 သတိပြုရန် - အခွန်ကြေညာလွှာ တင်သွင်းရာတွင် ပိုင်ဆိုင်ပစ္စည်း တစ်ခုချင်းစီ၏ နှစ်အလိုက် တန်ဖိုးလျော့ ခံစားထားရှိမှု အသေးစိတ်ဇယား (IRD Form) ဖြင့် ပူးတွဲတင်ပြရမည် ဖြစ်ပါသည်။
​

 #ကုန်သွယ်လုပ်ငန်းခွန်  #ယခင်_ပုံစံ‌‌ေဟာင်း_ကသခ၃၁  #ယခု_ကသခ၅_၁ဆိုင်ရာသိကောင်းစရာများ  #ကုန်သွယ်လုပ်ငန်းခွန်ကျသင့်ခြင်းနှ...
02/09/2026

#ကုန်သွယ်လုပ်ငန်းခွန် #ယခင်_ပုံစံ‌‌ေဟာင်း_ကသခ၃၁ #ယခု_ကသခ၅_၁ဆိုင်ရာသိကောင်းစရာများ

#ကုန်သွယ်လုပ်ငန်းခွန်ကျသင့်ခြင်းနှင့်ခုနှိမ်ခြင်းသိကောင်းစရာများ
ဖိုင်များအောက်ဆုံးမှာထည့်ထားပေးပါတယ်ရှင့်
🎯 #လုပ်ငန်းရှင်များသိထားသင့်တဲ့ကုန်သွယ်လုပ်ငန်းခွန် (Commercial Tax)
အပြောင်းအလဲနဲ့ အခွန်ခုနှိမ်ခွင့် သိကောင်းစရာ
လုပ်ငန်းလည်ပတ်နေတဲ့ လူကြီးမင်းတို့အနေနဲ့ မိမိတို့ပေးဆောင်ထားတဲ့ ကုန်သွယ်လုပ်ငန်းခွန်တွေကို ပြန်လည်ခုနှိမ်ပေးဆောင်ခွင့် (Commercial Tax Set-off) ရှိတယ်ဆိုတာ သိပြီးပြီလား 🤔
☘️ ၁။ ယခင် 'ကသခ ၃၁' ကနေ အခု ဘာတွေ ပြောင်းလဲသွားတာလဲ။
ယခင်က လုပ်ငန်းရှင်တွေ အသုံးပြုခဲ့ကြတဲ့ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ခဲ့ကြောင်း သက်သေခံလက်မှတ် (ကသခ ၃၁) ပုံစံဟောင်းနေရာမှာ အခုအခါ လုပ်ငန်းအမျိုးအစားအလိုက် ပုံစံအသစ်တွေနဲ့ အစားထိုးလဲလှယ် အသုံးပြုရမှာဖြစ်ပါတယ်။
* #ပြည်တွင်းဝယ်ယူခြင်း/ #ဝန်ဆောင်မှုရယူခြင်းအတွက်က
➡️ ပတခ(ကသခ)-၀၅-၀၁ ပုံစံ
(ဒီပုံစံက လုံခြုံမှုအဆင့်အတန်းပါလို့ သက်ဆိုင်ရာအခွန်ရုံးမှာပဲ ထုတ်ယူရပါမယ် ။
#ထုတ်ယူတဲ့အခါမှာအခွန်ရုံးမှတ်တမ်းနံပါတ်စဉ်ပါစာရွက်အလွတ်ပဲထုတ်ပေးမှာဖြစ်ပြီး စာပုံစံကို မိမိတို့ကိုယ်တိုင် printသွင်းရမှာဖြစ်ပါတယ်)
ဖိုင်များအောက်ဆုံးမှာထည့်ထားပေးပါတယ်ရှင့်
‌
* #ပြည်ပမှ_ကိုယ်တိုင်ဝယ်ယူတင်သွင်းခြင်းအတွက်က
➡️ပတခ(ကသခ)-၀၅-၀၂ ပုံစံ
ဖိုင်များအောက်ဆုံးမှာထည့်ထားပေးပါတယ်ရှင့်
☘️၂။ နှစ်တစ်နှစ်အတွင်း အခွန်စည်းကြပ်ထိုက်တဲ့ ရောင်းရငွေ/ဝန်ဆောင်မှုရငွေ ကျပ်သိန်း ၅၀၀ ထက်ကျော်လွန်ပြီး နှစ်အလိုက် လုပ်ငန်းမှတ်ပုံတင်လက်မှတ် ပတခ(ကသခ)-၀၁-၀၂ ရှိထားတဲ့ အောက်ပါလုပ်ငန်းရှင်တွေပဲ အသုံးပြုနိုင်ပါတယ်-
📌ကုန်စည်ထုတ်လုပ်သူများ (မိမိထုတ်လုပ်မှုအတွက် ပြည်တွင်း/ပြည်ပ ကုန်ကြမ်းဝယ်ယူစဉ် ပေးခဲ့ရတဲ့ အခွန်)
📌ကုန်သွယ်မှုဆောင်ရွက်သူများ (ကုန်စည်တင်သွင်း/ဝယ်ယူရောင်းချစဉ် ပေးခဲ့ရတဲ့ အခွန်)
📌ဝန်ဆောင်မှုဆောင်ရွက်သူများ (ဟိုတယ်၊ ခရီးသွားစတဲ့ မိမိလုပ်ငန်းအတွက် ပစ္စည်းဝယ်ယူစဉ် သို့မဟုတ် ဝန်ဆောင်မှုရယူစဉ် ပေးခဲ့ရတဲ့ အခွန်)
☘️ ၃။ ဘာအတွက်ကြောင့် အခွန်ကို "ခုနှိမ်" ကြတာလဲ
အခွန်ခုနှိမ်ခွင့် (Set-off) ရဲ့ အဓိကရည်ရွယ်ချက်ကတော့ "အခွန်တစ်ကြိမ်တည်းသာ ကျသင့်စေဖို့" ဖြစ်ပါတယ်။
အဆင့်ဆင့် ကုန်သွယ်/ထုတ်လုပ်တဲ့အခါ အခွန်တွေ ထပ်ခါထပ်ခါ ဆင့်မနေစေဘဲ မိမိလုပ်ငန်းအလို့ငှာ တကယ်ပေးဆောင်ခဲ့ရတဲ့ အခွန်တွေကို ပြန်လည်ခုနှိမ်ပေးပြီး ကျန်ရှိတဲ့ အသားတင်အခွန်ကိုပဲ အစိုးရထံ ပေးသွင်းရမှာ ဖြစ်လို့ လုပ်ငန်းရဲ့ ကုန်ကျစရိတ်ကို သက်သာစေပါတယ်။
💼 လုပ်ငန်းရှင်ကြီးများအနေနဲ့ သုံးလတစ်ကြိမ် ကြေညာလွှာတင်သွင်းတဲ့အခါ အဆိုပါ သက်သေခံလက်မှတ်ပုံစံအသစ်တွေ ဖြစ်တဲ့ ၀၅-၀၁၊ ၀၅-၀၂ နဲ့ အခွန်ခုနှိမ်ပြီးကြောင်းတင်ပြလွှာ ၀၅-၀၃ တို့ကို ပူးတွဲတင်ပြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
မိမိတို့လုပ်ငန်း အခွန်အခကိစ္စတွေမှာ နစ်နာမှုမရှိစေဖို့ ဝယ်ယူ/ဝန်ဆောင်မှုရယူတိုင်း အခွန်ပေးဆောင်ခဲ့ကြောင်း သက်သေခံလက်မှတ် မူရင်းတွေကို စနစ်တကျ တောင်းခံသိမ်းဆည်းထားကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ခမျာ 🤝
✨(အသေးစိတ်သိရှိလိုပါက ပြည်တွင်းအခွန်များဦးစီးဌာနရဲ့
Website www.ird.gov.mm မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်)

#ပုံစံများဒေါင်းလုတ်ဆွဲရန်
📌ပတခ(ကသခ)-၀၅-၀၁ ပုံစံ
https://www.ird.gov.mm/.../6757e5327baf6-IRD(CT)-05-01.pdf
📌ပတခ(ကသခ)-၀၅-၀၂ ပုံစံ
https://www.ird.gov.mm/.../6757e540ca254-IRD(CT)-05-02.pdf
📌ပတခ(ကသခ)-၀၅-၀၃ ပုံစံ
https://www.ird.gov.mm/.../674843ff8cbf3-IRD(CT)-05-03.pdf
📌ကုန်သွယ်လုပ်ငန်းခွန်ကျသင့်ခြင်းနှင့်ခုနှိမ်ခြင်းသိကောင်းစရာများ
https://www.ird.gov.mm/.../6854d3377e01b.Commercial%20Tax
#ကသခ၃၁ #ပတခ၀၅၀၁ #လုပ်ငန်းရှင်များသိကောင်းစရာ

📢 အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ (Tax Administration Law - TAL, 2019) ကို ဘာကြောင့် သိထားသင့်သလဲ? #စာ၏အောက်ဆုံးတွင်do...
02/09/2026

📢 အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ (Tax Administration Law - TAL, 2019) ကို ဘာကြောင့် သိထားသင့်သလဲ?
#စာ၏အောက်ဆုံးတွင်downlaoadable ိုင်ပါရှိပါတယ်

Tax Administration Law (TAL, 2019) ကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၂၀/၂၀၁၉) အဖြစ် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်သက်ရောက်မဲ့ဥပဒေလည်းဖြစ်ပါတယ်ရှင့်။
အများစုက "အခွန်ဥပဒေဆိုတာ အခွန်ပေးဆောင်ရမယ့် တာဝန်တွေပဲ ပါတယ်" လို့ ထင်တတ်ကြပါတယ်။
ဒါပေမယ့် Tax Administration Law (TAL) ကတော့ အခွန်ထမ်းရဲ့ အခွင့်အရေး၊ တာဝန်၊ အခွန်စီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့ အခွန်ဦးစီးဌာန (IRD) ရဲ့ လုပ်ပိုင်ခွင့်များကို သတ်မှတ်ထားတဲ့ အခြေခံဥပဒေ ဖြစ်ပါတယ်။
💡 အားလုံးသိထားသင့်တဲ့အချက်
အခွန်ကြေညာလွှာတင်ရန် သို့မဟုတ် အခွန်ပေးဆောင်ရန် သတ်မှတ်ရက်ကို တိုးမြှင့်ခွင့် လျှောက်ထားနိုင်ခြင်း၊ ပြန်လည်သုံးသပ်ခွင့် (Review) နှင့် အယူခံဝင်ခွင့် (Appeal) စတဲ့ အခွန်ထမ်းရဲ့ အခွင့်အရေးတွေလည်း ဒီဥပဒေထဲမှာ ပါဝင်ပါတယ်။
✅ ဒီဥပဒေရဲ့ ရည်ရွယ်ချက်
✔️ အခွန်ထမ်းရဲ့ အခွင့်အရေးနဲ့ တာဝန်ကို ရှင်းလင်းစွာ သတ်မှတ်ပေးရန်
✔️ Self-Assessment System (ကိုယ်တိုင်အခွန်တွက်ချက်တင်ပြစနစ်) ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်

📖 ဒီဥပဒေမှာ ဘာတွေပါလဲ?
📘 အခန်း (၁) – (၂)
အခွန်ထမ်းမှတ်ပုံတင်ခြင်း (Taxpayer Registration)
အခွန်ကင်းရှင်းကြောင်းလက်မှတ် (Tax Clearance Certificate)
Public Rulings နှင့် Advance Rulings
🔵 အခန်း (၃) – (၄)
IRD ၏ လုပ်ပိုင်ခွင့်များ
အခွန်ထမ်းအချက်အလက်များကို လျှို့ဝှက်ထိန်းသိမ်းခြင်း
စာရင်းနှင့် အထောက်အထားများကို (၇) နှစ် ထိန်းသိမ်းထားရန်
🟢 အခန်း (၅) – (၆)
အခွန်စည်းကြပ်ခြင်း (Assessment)
ပြန်လည်သုံးသပ်ခွင့် (Administrative Review)
အယူခံဝင်ခွင့် (Appeal)
📌 အရေးကြီးတဲ့အချက်
အခွန်ထမ်းသည် ပုဒ်မ ၃၄(ဂ) အရ ညွှန်ကြားရေးမှူးချုပ်၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက အခွန်အယူခံခုံအဖွဲ့ (Tax Appeal Tribunal) သို့ ရက်ပေါင်း (၉၀) အတွင်း အယူခံဝင်နိုင်ပါတယ်။
🟡 အခန်း (၇) – (၉)
အခွန်ပေးဆောင်ရမည့် တာဝန်များ
အခွန်ပေးဆောင်ရမည့် ရက်များ
အခွန်နောက်ကျပေးဆောင်ပါက ကျသင့်မည့် အခွန်အတိုး (Interest)
အခွန်အကြွေးကောက်ခံခြင်း
🔴 အခန်း (၁၀) – (၁၁)
ဒဏ်ကြေး (Administrative Penalties)
ပြစ်မှုနှင့် ပြစ်ဒဏ်များ (Offences & Criminal Penalties)
🟣 အခန်း (၁၂)
အထွေထွေပြဋ္ဌာန်းချက်များ (General Provisions)

💡 ဘာကြောင့် ဒီဥပဒေကို သိထားသင့်သလဲ?
✅ မလိုအပ်တဲ့ ဒဏ်ကြေးနဲ့ အခွန်အတိုးတွေကို ရှောင်ရှားနိုင်မယ်။
✅ ကိုယ့်ရဲ့ ဥပဒေအရ အခွင့်အရေးကို သိရှိပြီး ကာကွယ်နိုင်မယ်။
✅ မကျေနပ်တဲ့ စည်းကြပ်မှုတွေရှိရင် ပြန်လည်သုံးသပ်ခွင့်နဲ့ အယူခံဝင်ခွင့်ကို ဥပဒေနဲ့အညီ အသုံးပြုနိုင်မယ်။
✅ လုပ်ငန်းကို ဥပဒေနဲ့အညီ ယုံကြည်စိတ်ချစွာ လည်ပတ်နိုင်မယ်။
📚 အခွန်ဥပဒေကို သိထားတာဟာ အခွန်ပေးဆောင်ဖို့အတွက်သာ မဟုတ်ဘဲ ကိုယ့်ရဲ့အခွင့်အရေးကို ကာကွယ်ပြီး လုပ်ငန်းကို ဥပဒေနဲ့အညီ စနစ်တကျ လည်ပတ်နိုင်ဖို့လည်း အရေးကြီးပါတယ်ရှင့်။်

📌downloadable pdf file link
https://www.ird.gov.mm/.../laws/673ac30979f47-TAL%20Law.pdf

See less

အသေးစိတ်လေ့လာရန်   များးအောက်ဆုံးတွင်ပါရှိပါသည်။ 🚗 VAVS (Vehicle Automatic Valuation System) အသုံးပြုလမ်းညွှန်မော်တော်ယာ...
02/09/2026

အသေးစိတ်လေ့လာရန် များးအောက်ဆုံးတွင်ပါရှိပါသည်။
🚗 VAVS (Vehicle Automatic Valuation System) အသုံးပြုလမ်းညွှန်
မော်တော်ယာဉ် ဝယ်ယူ၊ ရောင်းချခြင်းနှင့် အမည်ပြောင်းခြင်း အတွက် အခွန်စိစစ်ခြင်းကို Online မှ အလွယ်တကူ ဆောင်ရွက်နိုင်ရန် ပြည်တွင်းအခွန်များဦးစီးဌာန (IRD) က Vehicle Automatic Valuation System (VAVS) ကို အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

📌 VAVS စနစ်ရဲ့ အဓိကလုပ်ဆောင်ချက်များ
✅ ယာဉ်အချက်အလက်များကို ဖြည့်သွင်းပြီး အခွန်ကို အလိုအလျောက် တွက်ချက်ပေးခြင်း
✅ အခွန်ကို Online မှ တိုက်ရိုက်ပေးဆောင်နိုင်ခြင်း
✅ Mobile Banking၊ Mobile Pay၊ MMQR နှင့် MPU Card များဖြင့် ငွေပေးချေနိုင်ခြင်း

👤 အသုံးပြုသူအမျိုးအစား (၃) မျိုး
1️⃣ တစ်ကြိမ်တစ်ခါအကောင့် (Guest User)
✔️ Register ပြုလုပ်ရန် မလိုပါ။
✔️ ဖုန်းနံပါတ်ဖြင့်သာ Login ဝင်နိုင်ပါသည်။
✔️ မော်တော်ယာဉ် ဝယ်/ရောင်း အခွန်စိစစ်မှုကို လုပ်ဆောင်နိုင်ပါသည်။
✔️ အခွန်စိစစ်မှုအကြိမ်ရေ ကန့်သတ်ထားပြီး အများဆုံး ယာဉ် (၅) စီးအထိ မှတ်တမ်းကိုသာ ကြည့်ရှုနိုင်ပါသည်။

2️⃣ ပိုင်ရှင်အသုံးပြုသူ (Owner Account)
✔️ Register ပြုလုပ်ရန် လိုအပ်ပါသည်။
✔️ ယာဉ်ပိုင်ရှင်ကိုယ်တိုင် Login ဝင်၍ အခွန်စိစစ်နိုင်ပါသည်။
✔️ မိမိဆောင်ရွက်ခဲ့သော အခွန်မှတ်တမ်းများကို ပြန်လည်ကြည့်ရှုနိုင်ပါသည်။
✔️ ဝန်ဆောင်မှုများကို ဆက်လက်အသုံးပြုရန် ပိုမိုအဆင်ပြေပါသည်။

3️⃣ ကိုယ်စားလှယ် (Agent Account)
✔️ Register ပြုလုပ်ရန် လိုအပ်ပါသည်။
✔️ ယာဉ်ပိုင်ရှင်ကိုယ်စား အခွန်စိစစ်ခြင်းများကို ဆောင်ရွက်နိုင်ပါသည်။
✔️ မိမိဆောင်ရွက်ခဲ့သော ဝန်ဆောင်မှုမှတ်တမ်းများကို ပြန်လည်ကြည့်ရှုနိုင်ပါသည်။

📝 VAVS အသုံးပြုရန် အဆင့်များ
1️⃣ VAVS Website သို့ ဝင်ရောက်ပါ။
2️⃣ မိမိနှင့်သက်ဆိုင်သော Guest / Owner / Agent အမျိုးအစားကို ရွေးချယ်ပါ။
3️⃣ Login သို့မဟုတ် Register ပြုလုပ်ပါ။
4️⃣ ယာဉ်မှတ်ပုံတင်အချက်အလက်များကို ဖြည့်သွင်းပါ။
5️⃣ စနစ်မှ ယာဉ်တန်ဖိုးနှင့် ကျသင့်အခွန်ကို အလိုအလျောက် တွက်ချက်ပေးပါမည်။
6️⃣ Digital Payment ဖြင့် အခွန်ကို Online မှ ပေးဆောင်နိုင်ပါသည်။

🌐 VAVS အသုံးပြုရန် LINK https://vavs.ird.gov.mm/
Vehicle Automatic Valuation System (VAVS)
💡 မော်တော်ယာဉ် ဝယ်ယူ၊ ရောင်းချခြင်း သို့မဟုတ် အမည်ပြောင်းခြင်း ပြုလုပ်မည့်သူများအတွက် VAVS စနစ်ကို အသုံးပြုခြင်းဖြင့် အခွန်စိစစ်မှုနှင့် ငွေပေးချေမှုများကို Online မှ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ပါတယ်။



1️⃣ တစ်ကြိမ်တစ်ခါအကောင့် pdf file link (Guest User)
https://vavs.ird.gov.mm/b24fbb281693-41e46084/27262d9f2f37-414d72c4
2️⃣ ပိုင်ရှင်အသုံးပြုသူ pdf file link (Owner Account)
https://vavs.ird.gov.mm/b24fbb281693-41e46084/5024e24e548c-30702c7d

3️⃣ ကိုယ်စားလှယ် pdf file link (Agent Account)
https://vavs.ird.gov.mm/b24fbb281693-41e46084/e2146f58bcbb-1bd196eb

#ကားအခွန် #ကားရောင်း #ကား၀ယ် #ကားခွန် #ကား

19/12/2020

OAS အခွန်ထမ်းများအတွက် နှစ်ချုပ်၀င်‌ငွေကြေညာလွှာ update ပုံစံထွက်ပါပြီ။

2019-2020 ၀င်ငွေနှစ်အတွက် နှစ်ချုပ်ကြေညာလွှာများ 5.01.2021 အမှီတင်သွင်းရန် လုပ်ဆောင်နေဆဲ အခွန်ထမ်းများသိရှိပါစေရန် ။

ပတခ(ဝင)-၁ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၂၂(က) အရ ပေးပို့ရမည့် ဝင်ငွေကြေညာလွှာ
https://www.ird.gov.mm/sites/default/files/wanaga_1(16Dec2020).pdf

✨အခြားကြေညာလွှာ ပုံစံများ
https://www.facebook.com/105040491356382/posts/174506127743151/

www.ird.gov.mm

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှအပ ကျန်အခွန်ထမ်းများ  ၂၀၁၉-၂၀၂၀ ၀င်ငွေနှစ်(၁.၁၀.၂၀၁၉ မှ ၃၀.၀၉.၂၀၂၀) ၏  နှစ်ချုပ်ကြေည...
08/12/2020

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှအပ ကျန်အခွန်ထမ်းများ ၂၀၁၉-၂၀၂၀ ၀င်ငွေနှစ်(၁.၁၀.၂၀၁၉ မှ ၃၀.၀၉.၂၀၂၀) ၏ နှစ်ချုပ်ကြေညာလွှာများကို #နောက်ဆုံးရက်(၅.၀၁.၂၀၂၁) ရက်အမှီ တင်သွင်းပေးကြပါရန်။(
( #ဒဏ်ကြေးများသိရှိစေရန်-စာပါအောက်တွင်ဖတ်ရှုပါရန်)

📣(ပြည်တွင်းအခွန်များဉီးစီးဌာန ၊ အခွန်ထမ်းဝန်ဆောင်မှုဗဟိုဌာနမှ ကြေညာလွှာတင်သွင်းခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ ဖိတ်ကြားလွှာ -ပုံတွင်ဖတ်ရှုပါရန်)

📣 (အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ကာလအတွင်း ကြေညာလွှာကို အချိန်မီတင်သွင်းရန် အခက်အခဲရှိပါက အခွန်ကြေညာလွှာတင်သွင်းရမည့် သတ်မှတ်ရက်ကို တိုးမြှင့်ပေးရန် သက်ဆိုင်ရာအခွန်ရုံးသို့ ကြိုတင် လျှောက်ထားမှု ပုံစံ များ-ပုံတွင်း လင့်ခ်ပါ၀င်ပါသည်-၃၀.၁၂.၂၀၂၀ အမှီတင်သွင်းပေးရန် နှငိ့ မိမိအခွန်ထမ်းရာသက်ဆိုင်ရာရုံးများသို့ အတည်ပြု မေးမြန်းပီးမှ ဆောင်ရွက်ပါရန်)

📣☢️ #ဒဏ်ကြေးငွေ။ အခွန်ကြေညာလွှာများကို အချိန်မီတင်သွင်းရန် ပျက်ကွက်ပါက အောက်ပါဒဏ်ကြေးငွေနှစ်ရပ်အနက်မှ များရာဒဏ်ကြေးငွေကို ပေးဆောင်ရမည်ဖြစ်ပါသည်-

(က) ပေးဆောင်ရမည့် အခွန်ပမာဏ၏ ၅ ရာခိုင်နှုန်းအပြင် တင်သွင်းရန် သတ်မှတ်ထားသည့်နေ့မှ ညွှန်ကြားရေးမှူးချုပ်က စည်းကြပ်မှုပြုလုပ်သည့် အချိန်ကာလအထိ ကြေညာလွှာတင်သွင်းရန် ဆက်လက်ပျက်ကွက်နေသည့် #တစ်လချင်းစီအတွက် သို့မဟုတ် #တစ်လ၏ #အစိတ်အပိုင်းအတွက် ပေးဆောင်ရမည့် အခွန်ပမာဏ၏ ၁ ရာခိုင်နှုန်း၊
(ခ) #ငွေကျပ်တစ်သိန်း။

❣️ #ကြေညာလွှာလင့်ခ်များ ❣️

🥰၂၀၁၉-၂၀၂၀ ၀င်ငွေနှစ်အတွက် နှစ်ချုပ်ကြေညာလွှာများ(OAS ,SAS)
https://www.facebook.com/105040491356382/posts/153558179837946/

🥰နှစ်အလိုက်ကြေညာလွှာများ
https://www.facebook.com/105040491356382/posts/118075720052859/

🥰ကသခ ၃၁ ၊ ကသခ ၃၃ ‌ဒေါင်းလုတ်လင့်ခ်
https://www.facebook.com/105040491356382/posts/106968611163570/

၂၀၁၉-၂၀၂၀ ၀င်ငွေနှစ်(၁.၁၀.၂၀၁၉ မှ ၃၀.၀၉.၂၀၂၀) ၏  နှစ်ချုပ်ကြေညာလွှာများကိုနောက်ဆုံးရက်အမှီ  တင်သွင်းပေးကြပါရန်။https://w...
19/11/2020

၂၀၁၉-၂၀၂၀ ၀င်ငွေနှစ်(၁.၁၀.၂၀၁၉ မှ ၃၀.၀၉.၂၀၂၀) ၏ နှစ်ချုပ်ကြေညာလွှာများကိုနောက်ဆုံးရက်အမှီ တင်သွင်းပေးကြပါရန်။
https://www.ird.gov.mm/sites/default/files/Announcement_Filing_Returns(19112020).pdf

(ဖြည့်သွင်းရန်ကြေညာလွှာ PDF များနှင့် ကသခ ၃၂၊ ၃၃ များ download link ပါပါသည်)။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှအပ ကျန်အခွန်ထမ်းများအတွက် နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာနှင့် ဝင်ငွေကြေညာလွှာတို့ကို တင်သွင်းရမည့် နောက်ဆုံးရက်ဖြစ်ပါသည်
Date :
👉👉👉05-01-2021👈👈👈

https://www.ird.gov.mm/my/tax-calendar


❣️၂၀၁၉/၂၀၂၀ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပုဂ္ဂိုလ်စုဝင်ငွေခွန်ကြေညာလွှာ
https://www.ird.gov.mm/sites/default/files/2019-2020AssociationsITReturn(Myan)-17112020.pdf
❣️၂၀၁၉/၂၀၂၀ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပုဂ္ဂိုလ်စုဝင်ငွေခွန်ကြေညာလွှာ(Fillable PDF)
https://www.ird.gov.mm/sites/default/files/2019_2020_Associations_IncomeTax_2Dec_3PM.pdf

❣️၂၀၁၉/၂၀၂၀ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ(Fillable PDF)
https://www.ird.gov.mm/sites/default/files/2019-2020_Annual_CommercialTax_5Nov2020_11AM.pdf

❣️၂၀၁၉/၂၀၂၀ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန် ကြေညာလွှာ
https://www.ird.gov.mm/sites/default/files/2019-2020%20AnnualCTReturn(Myan)-28102020.pdf

❣️၂၀၁၉/၂၀၂၀ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အထူးကုန်စည်ခွန်ကြေညာလွှာ (Fillable PDF Form)
https://www.ird.gov.mm/sites/default/files/1920_SGT_23Jan2020_3.29PM.pdf

❣️၂၀၁၉/၂၀၂၀ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန် ကြေညာလွှာ
https://www.ird.gov.mm/sites/default/files/2019-2020%20Specific%20Goods%20Tax%20Return%20with%20Instructions%20-%20Myanmar%20-%2001032020.pdf

❣️၂၀၁၉/၂၀၂၀ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စုပေါင်းတင်သွင်းသည့် အခြေပစ္စည်းမှမြတ်စွန်းငွေကြေညာလွှာ(Fillable PDF)
https://www.ird.gov.mm/sites/default/files/2019-2020_Consolidated_CapitalGains_5Nov2020_11AM.pdf


ပတခ(ဝင)-၁ ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၇(က)၊ သို့မဟုတ် ၁၇(ခ) အရ ပေးပို့ရမည့် ဝင်ငွေကြေညာလွှာ
https://www.ird.gov.mm/sites/default/files/Wanga%201_1.pdf

ပတခ(ကသခ)-၁၁ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ(က)အရ ပေးပို့ရမည့် နှစ်ချုပ်ကုန်ရောင်းကြေညာလွှာ
https://www.ird.gov.mm/sites/default/files/kathakha-11_1.pdf

ပတခ(ကသခ)-၁၂ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ(က)အရ ပေးပို့ရမည့် နှစ်ချုပ်ကုန်သွယ်မှု သို့မဟုတ် ဝန်ဆောင်မှုကြေညာလွှာ
https://www.ird.gov.mm/sites/default/files/kathakha-12_1.pdf

#ကသခ ၃၂၊ ကသခ ၃၃၊ ကသခ ၃၃(အဆကျ) PDF Download Link
https://www.facebook.com/105040491356382/posts/106968611163570/

Ref; www.ird.gov.mm

😇၂၀၁၉-၂၀၂၀ ၀င်ငွေ နှစ်( ၂၀၂၀-၂၀၂၁ စည်းကြပ်နှစ်)အတွက်အကျိုးသက်ရောက်ရောက်သော  Convid -19 Economic Relief Plan (CERP) အတွက်...
07/11/2020

😇၂၀၁၉-၂၀၂၀ ၀င်ငွေ နှစ်( ၂၀၂၀-၂၀၂၁ စည်းကြပ်နှစ်)အတွက်အကျိုးသက်ရောက်ရောက်သော Convid -19 Economic Relief Plan (CERP) အတွက်လုပ်ထုံးလုပ်နည်း များနှင့်
ကုန်သွယ်လုပ်ငန်းခွန်ဆိုင်ရာ သိမှတ်စရာ အမိနိ့ကြော်ငြာစာများ၏ PDF download link များ တင်ပေးလိုက်ပါတယ်ရှင့်

❣️၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ
https://www.ird.gov.mm/sites/default/files/2020_UTL(V-030920)_1.pdf

❣️အမိန့်ကြော်ငြာစာအမှတ်၊ ၆၅/၂၀၂၀ (ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဆိုင်ရာ အမိန့်နှင့်စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်းများ)
https://www.ird.gov.mm/my/blog/announcement/%E1%80%A1%E1%80%99%E1%80%AD%E1%80%94%E1%80%B7%E1%80%BA%E1%80%80%E1%80%BC%E1%80%B1%E1%80%AC%E1%80%BA%E1%80%84%E1%80%BC%E1%80%AC%E1%80%85%E1%80%AC%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA%E1%81%8A-%E1%81%86%E1%81%85%E1%81%82%E1%81%80%E1%81%82%E1%81%80-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%81%8F-%E1%80%A1%E1%80%81%E1%80%BD%E1%80%94%E1%80%BA%E1%80%A1%E1%80%80%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%A5%E1%80%95%E1%80%92%E1%80%B1%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%AC

❣️အမိန့်ကြော်ငြာစာအမှတ် ၅၆/၂၀၂၀(ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်းများကို ပြင်ဆင်သည့် စည်းမျဉ်းများ)
https://www.ird.gov.mm/sites/default/files/CT%2042(d).pdf

❣️အမိန့်ကြော်ငြာစာအမှတ်၊ ၂၄/၂၀၂၀-ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့်ကုန်စည်အမျိုးအစားများနှင့်စပ်လျဉ်း၍အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုခြင်း
https://www.ird.gov.mm/sites/default/files/Notification-24-2020_1.pdf

❣️အမိန့်ကြော်ငြာစာ အမှတ်၊ ၂၃/၂၀၂၀(ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့်ဝန်ဆောင်မှုအမျိုးအစားများနှင့်စပ်လျဉ်း၍အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုချက်
https://www.ird.gov.mm/sites/default/files/23-2020.pdf

❣️အမိန့်ကြော်ငြာစာအမှတ်၊ ၁၀၃/၂၀၂၀
(export အပေါ် ၂% ကောက်ခံခြင်းအားတိုးမြှင့်ကင်းလွတ်မှု)
https://www.ird.gov.mm/sites/default/files/23-2020.pdf
၊

💫၂၀၂၀ အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ အကျိုးသက်ရောက်မည့် ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ မှ ကုန်သွယ်ခွန်၊ လစာ၀င်...
20/10/2020

💫၂၀၂၀ အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ အကျိုးသက်ရောက်မည့် ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ မှ ကုန်သွယ်ခွန်၊ လစာ၀င်ငွေခွန် ၊၀င်ငွေခွန် များနှင့်ပတ်သက်၍ ဖော်ပြထားမှုတချို့ ။(အောက်တွင် နှစ်အချို့၏ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ များနှင့် ၂၀၁၉ အောက်တိုဘာ၁ ရက်နေ့မှစ၍ ဥပဒေသက်ရောက်သော အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ (TAL) PDF download ဆွဲရန် link ပါပါသည်။)

💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞

❣️၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ

https://www.ird.gov.mm/sites/default/files/2020_UTL(V-030920)_1.pdf

❣️၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ
https://www.ird.gov.mm/sites/default/files/2019_UTL.pdf

❣️၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ
https://www.ird.gov.mm/sites/default/files/32-%20tax%20law2018-2019.pdf

❣️ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ (၂၀၁၈ ခုနှစ်)
https://www.ird.gov.mm/sites/default/files/Union%20Taxation%20Law(2018).pdf

❣️အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ
https://www.ird.gov.mm/sites/default/files/Tax_Administration_Law_0.pdf

Ref; from : www.ird.gov.mm🙆

Address

Yangon

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:30

Telephone

+959263138232

Alerts

Be the first to know and let us send you an email when K Accounting & Consultancy Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to K Accounting & Consultancy Services:

Shortcuts

Share